Atos 21

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ငါတို့သည်လည်း သူတို့အား နှုတ်ဆက်ထွက်ခွာခဲ့ပြီးနောက် ကော့စကျွန်းသို့ တိုက်ရိုက်သင်္ဘောလွှင့်ကြရာ နောက်တစ်နေ့တွင် ရိုဒေကျွန်းသို့ရောက်၍ ထိုမှတစ်ဖန် ပတ္တရာကျွန်းသို့ရောက်ကြ၏။-
1 Depois de nos separarmos dele, embarcamos e fomos em direção a Cós, e no dia seguinte a Rodes e dali a Pátara.
2 ထို့နောက် ငါတို့သည် ဖွေနိစိယပြည်သို့သွားမည့် သင်္ဘောတစ်စီးကို တွေ့ကြသဖြင့် ထိုသင်္ဘောကိုစီး၍ ခရီးဆက်ကြ၏။-
2 Encontramos aí um navio que ia partir para a Fenícia. Entramos e seguimos viagem.
3 ငါတို့သည် စိပရုကျွန်းကို လှမ်းမြင်ရသောအခါ ထိုကျွန်း၏ တောင်ဘက်မှဖြတ်၍ ဆီးရိယပြည်သို့ သင်္ဘောလွှင့်ရာ တီရာမြို့တွင် ဆိုက်ကပ်လေ၏။ အကြောင်းမူကား ထိုအရပ်၌ သင်္ဘောသည် ၎င်း၏ကုန်များကို ချရမည်ဖြစ်သော ကြောင့်တည်း။-
3 Quando estávamos à vista de Chipre, deixando-a à esquerda, continuamos rumo à Síria e aportamos em Tiro, onde o navio devia ser descarregado.
4 ငါတို့သည်လည်း တပည့်တော်များနှင့် တွေ့ဆုံကြသဖြင့် ထိုအရပ်တွင် ခုနစ်ရက်ကြာနေထိုင်ကြ၏။ ထိုသူတို့သည်လည်း ပေါလုအား ဂျေရုဆလင်မြို့သို့ ခရီးမဆက်ရန် ဝိညာဉ်တော်အားဖြင့် ပြောကြားကြ၏။-
4 Como achássemos uns discípulos, detivemo-nos com eles por sete dias. Eles, sob a inspiração do Espírito, aconselhavam Paulo que não subisse a Jerusalém.
5 ဤသို့ဖြင့် ထိုအရပ်တွင် နေရမည့်ရက်များ ကုန်ဆုံးသောအခါ ငါတို့သည် ထွက်ခွာ၍ ခရီးဆက်ခဲ့ကြ၏။ ထိုသူအပေါင်း တို့သည်လည်း မိမိတို့၏ သားမယားနှင့်အတူ မြို့ပြင်သို့ရောက်သည်အထိ ငါတို့ကို လိုက်ပို့ကြ၏။ ပင်လယ်ကမ်းနားအနီးသို့ ငါတို့ရောက်ကြသောအခါ ဒူးထောက်၍ ဆုတောင်းကြပြီးမှ အချင်းချင်းနှုတ်ဆက်ခဲ့ကြ၏။-
5 Mas, passados que foram esses dias, partimos e seguimos a nossa viagem. Todos eles com suas mulheres e filhos acompanharam-nos até fora da cidade. Ajoelhados na praia, fizemos a nossa oração.
6 ထို့နောက် ငါတို့သည် သင်္ဘောပေါ်သို့တက်ကြ ၍ သူတို့သည်လည်း အိမ်သို့ပြန်သွားကြ၏။
6 Despedimo-nos então e embarcamos, enquanto eles voltaram para suas casas.
7 တီရာမြို့မှစတင်သော ငါတို့၏ပင်လယ်ခရီးစဉ် ပြီးဆုံးသောအခါ ငါတို့သည် ပတိုလေမိမြို့သို့ ရောက်သဖြင့် ထိုမြို့မှ ညီအစ်ကိုများကို နှုတ်ဆက်၍ သူတို့နှင့်အတူ တစ်ရက်နေထိုင်ခဲ့ကြ၏။-
7 Navegando, fomos de Tiro a Ptolemaida, onde saudamos os irmãos, passando um dia com eles.
8 နောက်တစ်နေ့တွင် ငါတို့သည် ထွက်ခွာခဲ့ကြရာ ဆီဇားရိယမြို့သို့ ရောက်လေ၏။ ငါတို့သည်လည်း အမှုတော်ဆောင် ခုနစ်ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော ဧဝံဂေလိတရားဟောသူ ဖိလိပု၏အိမ်သို့ဝင်၍ သူနှင့်အတူနေထိုင်ခဲ့ကြ၏။-
8 Partindo no dia seguinte, chegamos a Cesaréia e, entrando na casa de Filipe, o Evangelista, que era um dos sete {diáconos}, ficamos com ele.
9 သူ၌ ပရောဖက်ဉာဏ်ဖြင့် ဟောကြားနိုင်သော သမီးကညာလေးယောက်ရှိလေ၏။-
9 Tinha quatro filhas virgens que profetizavam.
10 ငါတို့သည် ထိုအိမ်၌ ရက်အတန်ကြာ နေထိုင်လျက်ရှိစဉ် အာဂါဘုအမည်ရှိသော ပရောဖက်တစ်ဦးသည် ဂျူဒေးယပြည်မှ ရောက်လာခဲ့၏။-
10 Já estávamos aí fazia alguns dias, quando chegou da Judéia um profeta, chamado Ágabo.
11 သူသည် ငါတို့ထံသို့ လာပြီးလျှင် ပေါလု၏ခါးပန်းကိုယူကာ မိမိ၏ခြေနှင့် လက်တို့ကို ချည်နှောင်လျက် ဝိညာဉ်တော်မြတ်က ဤသို့မိန့်တော်မူ၏။ ဂျေရုဆလင်မြို့၌ ဂျူးလူမျိုးတို့သည် ဤခါးပန်းရှင်ကို ယခုကဲ့သို့ ချည်နှောင်ကြ၍ လူမျိုးခြားတို့၏ လက်သို့အပ်နှံကြလိမ့်မည်ဟု ဆိုလေ၏။-
11 Veio ter conosco, tomou o cinto de Paulo e, amarrando-se com ele pés e mãos, disse: Isto diz o Espírito Santo: assim os judeus em Jerusalém ligarão o homem a quem pertence este cinto e o entregarão às mãos dos pagãos.
12 ဤစကားကို ငါတို့ ကြားကြသောအခါ ငါတို့နှင့် ထိုအရပ်၌ရှိသော သူတို့သည် ပေါလုကို ဂျေရုဆလင်မြို့သို့ မသွားရန် တောင်းပန်ကြ၏။-
12 A estas palavras, nós e os fiéis que eram daquele lugar, rogamos-lhe que não subisse a Jerusalém.
13 ထိုအခါ ပေါလုက သင်တို့သည် အဘယ်ကြောင့်ငိုကြွေးလျက် ငါ၏စိတ်နှလုံးကို ပူဆွေးဝမ်းနည်း စေကြသနည်း။ ငါသည် ယေဇူးသခင်၏ နာမတော်အတွက် ဂျေရုဆလင်မြို့တွင် ဖမ်းဆီးအကျဉ်းချခံရုံသာမက အသက်အသေခံရန်ပင် အဆင့်သင့် ရှိ၏ဟု ပြန်ပြောလေ၏။-
13 Paulo, porém, respondeu: Por que chorais e me magoais o coração? Pois eu estou pronto não só a ser preso, mas também a morrer em Jerusalém pelo nome do Senhor Jesus.
14 ဤသို့ဖြင့် သူ့အား ဖျောင်းဖျ၍ မရသောကြောင့် ငါတို့သည်လည်း ထာ၀ရဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်ပါစေ ဟုဆိုကာ လက်လျှော့လိုက်ကြ၏။
14 Como não pudéssemos persuadi-lo, desistimos, dizendo: Faça-se a vontade do Senhor!
15 ထိုနေ့ရက်များလွန်လျှင် ငါတို့သည် အဆင်သင့်ပြင်ဆင်လျက် ဂျေရုဆလင်မြို့သို့ တက်ကြ၏။-
15 Depois desses dias, terminados os preparativos, subimos a Jerusalém.
16 ဆီဇားရိယမြို့မှ တပည့်တော်အချို့သည်လည်း ငါတို့နှင့်အတူ လိုက်ပါလာကြပြီး ပထမဆုံးသော တပည့်တော်တို့တွင် တစ်ဦးအပါအဝင်ဖြစ်သော စိပရုကျွန်းသား မနာစန်၏ နေအိမ်တွင် တည်းခိုရန် ငါတို့ကိုခေါ်ဆောင်သွားကြ၏။
16 Foram também conosco alguns dos discípulos de Cesaréia, que nos levaram à casa de Menason de Chipre, um antigo discípulo em cuja casa nos devíamos hospedar.
17 ငါတို့သည် ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ ညီအစ်ကိုတို့သည် ငါတို့ကို ဝမ်းသာအားရ ကြိုဆိုလက်ခံခဲ့ကြ၏။-
17 À nossa chegada em Jerusalém, os irmãos nos receberam com alegria.
18 နောက်တစ်နေ့တွင် ပေါလုသည် ငါတို့နှင့်အတူ ယာကုပ်ထံသို့သွားသောအခါ သက်ကြီးဝါကြီး အားလုံးတို့သည်လည်း ထိုနေရာတွင် ရှိနေကြလေ၏။-
18 No dia seguinte, Paulo dirigiu-se conosco à casa de Tiago, onde todos os anciãos se reuniram.
19 ပေါလုသည်လည်း ထိုသူတို့ကို နှုတ်ခွန်းဆက်ပြီးနောက် မိမိ၏အမှုတော်ဆောင်ခြင်းအားဖြင့် လူမျိုးခြားတို့အလယ်၌ ဘုရားသခင်လုပ်ဆောင်တော်မူသော အမှုအရာတို့ကို တစ်ခုစီတင်ပြပြောဆိုလေ၏။-
19 Tendo-os saudado, contou-lhes uma por uma todas as coisas que Deus fizera entre os pagãos por seu ministério.
20 သူတို့သည်လည်း ဤအကြောင်းအရာတို့ကို ကြားကြသောအခါ ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြ၏။ ထို့နောက် သူတို့က ပေါလုအား ဆိုကြသည်မှာ ညီငယ်၊ ဂျူးလူမျိုးတို့တွင် ယုံကြည်သူထောင်ပေါင်းများစွာ ရှိပြီးဖြစ်သော်လည်း ထိုသူအားလုံးတို့သည် ပညတ်တရားအတွက် စိတ်အားထက်သန်ကြသော သူများဖြစ်ကြောင်း သင်အသိပင်ဖြစ်၏။-
20 Ouvindo isso, glorificaram a Deus e disseram a Paulo: Bem vês, irmão, quantos milhares de judeus abraçaram a fé sem abandonar seu zelo pela lei.
21 သင်သည် လူမျိုးခြားတို့အလယ်တွင် နေထိုင်ကြသော ဂျူးလူမျိုးများအား သူတို့၏သားများကို အရေဖျားမလှီးရ၊ ရှေးထုံးတမ်းစဉ်လာများကို မလိုက်နာရဟုဆို၍ မိုးဇက်၏ပညတ်တရားကို စွန့်ပယ်ကြစေရန် သွန်သင်ခဲ့သည် ဟူ၍ ဂျူးလူမျိုးတို့သည် သတင်းကြားခဲ့ကြလေပြီ။-
21 Eles têm ouvido dizer de ti que ensinas os judeus, que vivem entre os gentios, a deixarem Moisés, dizendo que não devem circuncidar os seus filhos nem observar os costumes {mosaicos}.
22 သို့ဖြစ်၍ အဘယ်အရာကိုပြုလုပ်ရမည်နည်း။ သင်ရောက်ရှိနေသည်ကို သူတို့အသေအချာ ကြားသိကြပေလိမ့်မည်။-
22 Que se há de fazer? Sem dúvida, saberão de tua chegada.
23 ထို့ကြောင့် သင့်အား ငါတို့ပြောသည့်အတိုင်း ပြုလုပ်ပါလော့။ ငါတို့တွင် ကတိသစ္စာပြုထားသော လူလေးဦးရှိ၏။-
23 Faze, pois, o que te vamos dizer. Temos aqui quatro homens que têm um voto.
24 ထိုသူတို့ကိုခေါ်သွားပြီးလျှင် သူတို့နှင့်အတူ သင့်ကိုယ်သင် သန့်စင်ခြင်းမင်္ဂလာကို ပြုလုပ်ပါလော့။ သူတို့၏ ဦးခေါင်းရိတ်ခ ငွေကိုလည်း သင်ပေးလော့။ ထိုသို့ပြုလျှင် သင့်အကြောင်း သူတို့ကြားသိထားသော သတင်းစကားများ မမှန်ကန်ဘဲလျက် သင်သည်လည်း ပညတ်တရားကို ကိုယ်တိုင်လိုက်နာ စောင့်ထိန်းနေကြောင်း သူတို့သိကြလိမ့်မည်။-
24 Toma-os contigo, faze com eles os ritos da purificação e paga por eles {a oferta obrigatória} para que rapem a cabeça. Então todos saberão que é falso quanto de ti ouviram, mas que também tu guardas a lei.
25 လူမျိုးခြားတို့ထဲမှ ယုံကြည်လာကြသော သူတို့အတွက်မူကား ရုပ်တုရှေ့၌ ပူဇော်သောအရာတို့ကိုလည်းကောင်း၊ သွေးကိုလည်းကောင်း၊ လည်ကိုညှစ်၍သတ်သော တိရစ္ဆာန်အသားတို့ကိုလည်းကောင်း၊ ကာမဂုဏ်လိုက်စားခြင်းကို လည်းကောင်း ရှောင်ကြဉ်ကြရမည်ဟု ငါတို့စီရင်ဆုံးဖြတ်ချက်အတိုင်း စာရေးသားပေးပို့လိုက်ပြီးဖြစ်သည်ဟု ဆိုကြ၏။-
25 Mas a respeito dos que creram dentre os gentios, já escrevemos, ordenando que se abstenham do que for sacrificado aos ídolos, do sangue, da carne sufocada e da fornicação.
26 ထို့ကြောင့် ပေါလုသည် ထိုလူလေးဦးကိုခေါ်သွားပြီးလျှင် နောက်တစ်နေ့၌ သူတို့နှင့်အတူ သန့်စင်ခြင်းမင်္ဂလာကိုပြုပြီး ဗိမာန်တော်သို့ဝင်၍ သန့်စင်ခြင်းမင်္ဂလာပြုရသည့်နေ့များ ပြီးဆုံးမည့်အချိန်ကိုလည်းကောင်း၊ တစ်ဦးစီအတွက် ပူဇော်သကာ ဆက်ကပ်ရမည့် အချိန်ကိုလည်းကောင်း အသိပေးလေ၏။
26 Então Paulo acompanhou aqueles homens no dia seguinte e, purificando-se com eles, entrou no templo e fez aí uma declaração do termo do voto, findo o qual se devia oferecer um sacrifício a favor de cada um deles.
27 ခုနစ်ရက်ကာလ ကုန်ဆုံးလုနီးသောအခါ အာရှပြည်မှ ဂျူးလူမျိုးများသည် ဗိမာန်တော်၌ ပေါလုကိုတွေ့မြင်ကြလျှင် လူအစုအဝေးတို့အား လှုံ့ဆော်လျက် သူ့ကို ဖမ်းဆီးသွားကြ၏။-
27 Ao fim dos sete dias, os judeus, vindos da Ásia, viram Paulo no templo e amotinaram todo o povo. Lançando-lhe as mãos,
28 ထိုသူတို့က အစ္စရာအဲလ်လူမျိုးတို့၊ ကူညီကြပါလော့။ ဤသူသည် အရပ်ရပ်သို့သွား၍ ငါတို့လူမျိုးနှင့် ပညတ်တရားကို လည်းကောင်း၊ ဤသန့်ရှင်းရာဌာနကိုလည်းကောင်း ဆန့်ကျင်ဘက်ပြု၍ လူတိုင်းအား သွန်သင်သည်သာမက ဂရိလူမျိုးများ အားလည်း ဗိမာန်တော်သို့ ခေါ်ဆောင်လာ၍ ဤသန့်ရှင်းရာဌာနကို ညစ်ညူးစေပါသည်ဟု ဟစ်အော်ကြ၏။-
28 gritavam: Ó judeus, valei-nos! Este é o homem que por toda parte prega a todos contra o povo, a lei e o templo. Além disso, introduziu até gregos no templo e profanou o lugar santo.
29 အကြောင်းမူကား သူတို့သည် မကြာမီအချိန်ကပင် ဧဖက်ဆုမြို့သား တြိုဖီမုကို ပေါလုနှင့်အတူ မြို့ထဲတွင် တွေ့မြင် ခဲ့ကြသဖြင့် ထိုသူ့ကို ဗိမာန်တော်ထဲသို့ ပေါလုက ခေါ်ဆောင်လာခဲ့သည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။
29 É que tinham visto Trófimo, de Éfeso, com ele na cidade, e pensavam que Paulo o tivesse introduzido no templo.
30 တစ်မြို့လုံးသည်လည်း ထိုအချက်ကြောင့် ဆူပူအုံကြွကြပြီးလျှင် လူတို့သည် ပြေးလာ၍ ပေါလုကိုဖမ်းဆီးကာ ဗိမာန်တော် အပြင်သို့ဆွဲထုတ်ပြီး တံခါးများကို ချက်ချင်းပိတ်ထားကြ၏။-
30 Alvoroçou-se toda a cidade com grande ajuntamento de povo. Agarraram Paulo e arrastaram-no para fora do templo, cujas portas se fecharam imediatamente.
31 သူတို့သည် ပေါလုကိုသတ်ရန် ကြိုးစားနေကြစဉ် ရောမတပ်မှူးသည် ဂျေရုဆလင်မြို့တစ်မြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ဟု သတင်းကြားလေ၏။-
31 Como quisessem matá-lo, o tribuno da coorte foi avisado de que toda Jerusalém estava amotinada.
32 ထိုအခါ သူသည် ချက်ချင်းပင် စစ်သူရဲများနှင့် လူတစ်ရာတပ်မှူးများကိုခေါ်ဆောင်၍ လူအများစုဝေးရာနေရာသို့ အပြေးရောက်လာ၏။ လူအစုအဝေးသည်လည်း ရောမတပ်မှူးနှင့် စစ်သူရဲများကိုမြင်လျှင် ပေါလုအား ရိုက်နှက်နေခြင်းမှ ရပ်လိုက်ကြ၏။-
32 Ele tomou logo soldados e oficiais e correu aos manifestantes. Estes, ao avistarem o tribuno e os saldados, cessaram de espancar Paulo.
33 ထိုအခါ တပ်မှူးသည် လာ၍ ပေါလုကိုဖမ်းဆီးပြီးလျှင် သံကြိုးနှစ်ချောင်းဖြင့် သူ့ကိုချည်နှောင်ထားရန် အမိန့်ပေးလေ၏။ ထို့နောက်မှ သူက ဤသူကား မည်သူဖြစ်သနည်း၊ မည်သည့်ပြစ်မှုကို ကျူး လွန်ခဲ့သနည်းဟု မေးမြန်းလေ၏။-
33 Aproximando-se então o tribuno, prendeu-o e mandou acorrentá-lo com duas cadeias. Perguntou então quem era e o que havia feito.
34 လူအစုအဝေးတို့သည်လည်း တစ်ယောက်တစ်မျိုး အော်ဟစ်နေကြစဉ် ဆူညံသံများကြောင့် ရောမတပ်မှူးသည် အဖြစ်မှန်ကိုမသိ နိုင်သဖြင့် ပေါလုကို ခံတပ်အတွင်းသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။-
34 Na multidão todos gritavam de tal modo que, não podendo apurar a verdade por causa do tumulto, mandou que fosse recolhido à cidadela.
35 ပေါလုသည် ခံတပ်၏လှေကားသို့ ရောက်သောအခါ လူအစုအဝေးတို့သည် ကြမ်းကြမ်းတမ်းတမ်း ပြုမူလာကြသောကြောင့် စစ်သူရဲများသည် သူ့ကိုချီမ၍ပင် ခေါ်ဆောင်သွားကြရ၏။-
35 Quando Paulo chegou às escadas, foi carregado pelos soldados, por causa do furor da multidão.
36 အကြောင်းမူကား ဆူပူနေသော လူအစုအဝေးသည် သူ့ကိုထုတ်လော့ဟု အော်ဟစ်လျက် သူတို့နောက်မှ လိုက်ပါ လာကြသောကြောင့်ဖြစ်၏။
36 O povo o seguia em massa dizendo aos gritos: À morte
37 ဤသို့ဖြင့် ပေါလုအား ခံတပ်အတွင်းသို့ခေါ်ဆောင် သွားမည်ပြုစဉ် သူက ရောမတပ်မှူးအား သင့်ကို အကျွန်ုပ် စကားပြော ပါရစေဟုဆို၏။ ထိုအခါ တပ်မှူးက သင်သည် ဂရိစကားပြောတတ်သလော။-
37 Quando estava para ser introduzido na fortaleza, Paulo perguntou ao tribuno: É-me permitido dizer duas palavras? Este respondeu: Sabes o grego!
38 သို့ဖြစ်လျှင် မကြာသေးမီက ပုန်ကန်ထကြွပြီး သူပုန်လေးထောင်ကို တောကန္တာရသို့ ခေါ်ဆောင်သွားသော အီဂျစ်လူမျိုးမှာ သင်ဖြစ်သည် မဟုတ်လောဟု မေးလေ၏။-
38 Não és tu, portanto, aquele egípcio que há tempos levantou um tumulto e conduziu ao deserto quatro mil extremistas?
39 ပေါလုကလည်း အကျွန်ုပ်သည် ဂျူးလူမျိုးဖြစ်၍ စီလိစိယပြည်တွင် ထင်ရှားသော တာဆုမြို့သားတစ်ဦး ဖြစ်ပါသည်၊ ကျေးဇူးပြု၍ အကျွန်ုပ်အား ဤသူတို့ကို စကားပြောခွင့်ပေးပါဟုဆို၏။-
39 Paulo replicou: Eu sou judeu, natural de Tarso, na Cilícia, cidadão dessa ilustre cidade. Mas rogo-te que me permitas falar ao povo.
40 ရောမတပ်မှူးသည်လည်း သူ့ကိုအခွင့်ပေးသဖြင့် ပေါလုသည် လှေကားထစ်ပေါ်တွင်ရပ်လျက် လူအစုအဝေးအား တိတ်ဆိတ်စွာနေရန် မိမိ၏လက်ဖြင့် အချက်ပြလေ၏။ ဤသို့ဖြင့် ထိုသူအားလုံးတို့သည် အလွန်ပင်တိတ်ဆိတ် သွားကြ သောအခါ သူသည် ဟေဗြေဦးဘာသာစကားဖြင့် ထိုသူတို့အား မြွက်ဆိုလျက်၊
40 O tribuno lho permitiu. Paulo, em pé nos degraus, acenou ao povo com a mão e se fez um grande silêncio. Falou em língua hebraica do seguinte modo:

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.