Atos 1
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 အိုသီအိုဖိလု၊ ယေဇူးသည် အမှုတော်ကို စတင်ဆောင်ရွက်သောအချိန်မှစ၍ မိမိရွေးချယ်ထားသော တမန်တော်များကို ဝိညာဉ်တော်မြတ်အားဖြင့် မိန့်မှာတော်မူပြီးနောက် ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းကို ခံသောနေ့တိုင်အောင် သွန်သင် ဆောင်ရွက်တော်မူသမျှကို အကျွန်ုပ်၏ပထမကျမ်းတစ်စောင်တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။-
1 Em minha primeira narração, ó Teófilo, contei toda a seqüência das ações e dos ensinamentos de Jesus,
2 — ausente —
2 desde o princípio até o dia em que, depois de ter dado pelo Espírito Santo suas instruções aos apóstolos que escolhera, foi arrebatado {ao céu}.
3 ကိုယ်တော်သည် အသေခံတော်မူပြီးနောက် မိမိအသက်ရှင်လျက်ရှိကြောင်းကို ထိုသူတို့အား များစွာသော အထောက်အထား တို့ဖြင့် ရက်ပေါင်းလေးဆယ်တိုင်အောင် ထင်ရှားပြ၍ ဘုရားသခင်၏နိုင်ငံ တော်အကြောင်းကို ဟောပြောသွန်သင်တော်မူခဲ့၏။-
3 E a eles se manifestou vivo depois de sua Paixão, com muitas provas, aparecendo-lhes durante quarenta dias e falando das coisas do Reino de Deus.
4 ကိုယ်တော်သည် သူတို့နှင့်အတူ စားပွဲ၌ရှိတော်မူစဉ် သူတို့အား ဂျေရုဆလင်မြို့မှ ထွက်ခွာမသွားကြဘဲ ခမည်းတော်၏ ကတိတော်ကို စောင့်ဆိုင်းနေကြရန် မိန့်မှာတော်မူခဲ့၏။ ကိုယ်တော်က သင်တို့သည် ငါ့ထံမှ ဤအကြောင်းအရာကို ကြားခဲ့ကြပြီးဖြစ်သည်။-
4 E comendo com eles, ordenou-lhes que não se afastassem de Jerusalém, mas que esperassem o cumprimento da promessa de seu Pai, que ouvistes, disse ele, da minha boca;
5 ယောဟန်သည် ရေဖြင့်ဆေးကြော၏။ သို့သော် မကြာမီ သင်တို့သည် ဝိညာဉ်တော်မြတ်အားဖြင့် ဆေးကြောခြင်းကို ခံကြရလိမ့်မည် ဟု မိန့်တော်မူ၏။
5 porque João batizou na água, mas vós sereis batizados no Espírito Santo daqui há poucos dias.
6 ဤသို့ဖြင့် သူတို့သည် အတူတကွ စုဝေးကြပြီးသောအခါ ကိုယ်တော်အား သခင်ဘုရား၊ ကိုယ်တော်သည် အစ္စရာအဲလ် လူမျိုးတို့အား သူတို့၏နိုင်ငံကို ပြန်လည်ပေးအပ်မည့်အချိန် ရောက်ပြီလောဟု မေးလျှောက်ကြ၏။-
6 Assim reunidos, eles o interrogavam: Senhor, é porventura agora que ides instaurar o reino de Israel?
7 ကိုယ်တော်က ခမည်းတော်သည် မိမိ၏တန်ခိုးအာဏာဖြင့် စီမံထားတော်မူသည့် အချိန်အခါနှင့် နေ့ရက်တို့ကို သင်တို့ သိပိုင်ခွင့်မရှိ။-
7 Respondeu-lhes ele: Não vos pertence a vós saber os tempos nem os momentos que o Pai fixou em seu poder,
8 သို့ရာတွင် ဝိညာဉ်တော်မြတ်သည် သင်တို့အပေါ်သို့ ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကျေးဇူးတော်ကို ခံယူကြရလိမ့်မည်။ ထိုအခါ သင်တို့သည် ဂျေရုဆလင်မြို့မှစ၍ ဂျူဒေးယပြည်၊ ဆမာရိယပြည်နှင့် ကမ္ဘာမြေကြီး စွန်းတိုင်အောင် ငါ့ကို သက်သေခံသောသူများဖြစ်ကြလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
8 mas descerá sobre vós o Espírito Santo e vos dará força; e sereis minhas testemunhas em Jerusalém, em toda a Judéia e Samaria e até os confins do mundo.
9 ဤသို့ ကိုယ်တော် မိန့်တော်မူပြီးနောက် သူတို့သည် ကိုယ်တော့်ကို ကြည့်လျက်နေကြစဉ်တွင် ကိုယ်တော်သည် ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံတော်မူပြီး မိုးတိမ်တစ်ခုသည် ကိုယ်တော့်ကို သူတို့၏မြင်ကွင်းထဲမှ ဆောင်ယူသွားလေ၏။-
9 Dizendo isso elevou-se da {terra} à vista deles e uma nuvem o ocultou aos seus olhos..
10 သူတို့သည်လည်း ကောင်းကင်သို့ တက်ကြွတော်မူသော ကိုယ်တော့်ကို မျှော်ကြည့်လျက်နေကြစဉ် ဖြူစင်သော ဝတ်ရုံများ ဝတ်ဆင်ထားကြသည့် လူနှစ်ဦးသည် ရုတ်တရက်ပေါ်လာ၍ သူတို့အနီး တွင် ရပ်လေ၏။-
10 Enquanto o acompanhavam com seus olhares, vendo-o afastar-se para o céu, eis que lhes apareceram dois homens vestidos de branco, que lhes disseram:
11 ထိုသူတို့က ဂါလေလေးယလူတို့၊ သင်တို့သည် အဘယ်ကြောင့် ကောင်းကင်သို့ မျှော်ကြည့်လျက် ရပ်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်သို့ ပင့်ဆောင်ခြင်းခံရသော ယေဇူးသည် ကောင်းကင်သို့ တက်ကြွတော်မူသည်ကို သင်တို့ မြင်ခဲ့ကြသည့်အတိုင်း ထိုနည်းတူ ပြန်လည်ကြွလာတော်မူလိမ့်မည်ဟု သူတို့အား ပြောဆိုကြ၏။
11 Homens da Galiléia, por que ficais aí a olhar para o céu? Esse Jesus que acaba de vos ser arrebatado para o céu voltará do mesmo modo que o vistes subir para o céu.
12 ထို့နောက် သူတို့သည် သံလွင်တောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ သံလွင်တောင်သည်ကား ဂျေရုဆလင်မြို့ အနီးတွင်ရှိပြီး မြို့နှင့်ဥပုသ်နေ့တစ်နေ့ခရီး ခန့်ကွာဝေးလေ၏။-
12 Voltaram eles então para Jerusalém do monte chamado das Oliveiras, que fica perto de Jerusalém, distante uma jornada de sábado.
13 သူတို့သည် မြို့တွင်းသို့ဝင်ပြီးကြသောအခါ ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေးယ၊ ဖိလိ ပု၊ သောမ၊ ဘာသိုလိုမေးဦး၊ မာတေးဦး၊ အာလ်ဖေးဦး၏သား ယာကုပ်၊ ဇေလော့ဟုခေါ်သောစီမွန်နှင့် ယာကုပ်၏သား ဂျုဒတို့သည် မိမိတို့တည်းခိုရာ အိမ်၏အထက်ခန်းသို့ တက်သွားကြလေ၏။-
13 Tendo entrado no cenáculo, subiram ao quarto de cima, onde costumavam permanecer. Eram eles: Pedro e João, Tiago, André, Filipe, Tomé, Bartolomeu, Mateus, Tiago, filho de Alfeu, Simão, o Zelador, e Judas, irmão de Tiago.
14 ထိုသူအပေါင်းတို့သည် ယေဇူး၏မယ်တော် မာရိယာအပါအဝင် အမျိုးသမီးများ၊ ကိုယ်တော်၏ညီများနှင့်အတူ တညီတညွတ်တည်း အဆက်မပြတ် ဆုတောင်းပတ္ထနာ ပြုလျက်နေကြ၏။
14 Todos eles perseveravam unanimemente na oração, juntamente com as mulheres, entre elas Maria, mãe de Jesus, e os irmãos dele.
15 ထိုနေ့ရက်တို့၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ် ဆယ်ခန့်ရှိသော နောက်လိုက်ညီအစ်ကိုတို့အလယ်၌ ပေတရုသည် ထ၍ ဤသို့ပြောဆိုလေ၏။-
15 Num daqueles dias, levantou-se Pedro no meio de seus irmãos, na assembléia reunida que constava de umas cento e vinte pessoas, e disse:
16 ညီအစ်ကိုတို့၊ ယေဇူးကို ဖမ်းဆီးသောသူတို့၏လမ်းပြဖြစ်သောဂျုဒကိုရည်ညွန်း၍ ဒါဝိဒ်မင်းကြီး၏ နှုတ်အားဖြင့် ဝိညာဉ် တော်မြတ်က ကြိုတင်ဟောပြောထားတော်မူခဲ့သော ကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်ရမည်သာဖြစ်၏။-
16 Irmãos, convinha que se cumprisse o que o Espírito Santo predisse na escritura pela boca de Davi, acerca de Judas, que foi o guia daqueles que prenderam Jesus.
17 အကြောင်းမူကား ထိုသူသည် ငါတို့၏အစုအဝေးတွင် ပါဝင်ခဲ့ပြီး အမှုတော်ကိုလည်း ခွဲဝေထမ်းဆောင်ခဲ့သူဖြစ်၏။-
17 Ele era um dos nossos e teve parte no nosso ministério.
18 သူသည် မိမိ၏ဆိုးညစ်ယုတ်မာမှုမှရရှိသော အခကြေးငွေဖြင့် မြေတစ်ကွက်ကို ဝယ်ယူပြီးနောက် ထိုမြေပေါ်တွင် မှောက်လျက်လဲကျပြီး ဝမ်းဗိုက်ပေါက်သဖြင့် အူများထွက်ကာ သေဆုံးသွားခဲ့၏။-
18 Este homem adquirira um campo com o salário de seu crime. Depois, tombando para a frente, arrebentou-se pelo meio, e todas as suas entranhas se derramaram.
19 ဤအကြောင်းအရာကို ဂျေရုဆလင်မြို့သူမြို့သားတို့ ကြားသိကြသောအခါ ထိုမြေကွက်ကို မိမိတို့ဘာသာစကားဖြင့် အာခဲလ် ဒမာဟုခေါ်ဆိုကြ၏။ အဓိပ္ပာယ်ကား သွေးဖြင့်ရင်းသော မြေကွက်ဟုဆိုလိုသတည်း။-
19 {Tornou-se este fato conhecido dos habitantes de Jerusalém, de modo que aquele campo foi chamado na língua deles Hacéldama, isto é, Campo de Sangue.}
20 အကြောင်းမူကား ဆာလံကျမ်း၌ ရေးထားသည်မှာ သူ၏နေအိမ်ကို ပျက်စီးခြောက်ကပ်စေပြီး ထိုအရပ်တွင်လည်း မည်သူမျှမနေထိုင်စေနှင့်။ သူ၏အရိုက်အရာကိုလည်း အခြားသူတစ်ဦးရယူစေဟူ ၍ဖြစ်သတည်း။
20 Pois está escrito no livro dos Salmos: Fique deserta a sua habitação, e não haja quem nela habite; e ainda mais: Que outro receba o seu cargo {Sl 68,26; 108,8}.
21 ထို့ကြောင့် ငါတို့နှင့်အတူ ယေဇူးသခင်ရှိတော်မူစဉ်ကပင် ငါတို့နှင့်လိုက်ပါလာခဲ့သူဖြစ်ပြီး၊-
21 Convém que destes homens que têm estado em nossa companhia todo o tempo em que o Senhor Jesus viveu entre nós,
22 ယောဟန်ဆေးကြောခြင်း ပေးသည့်အချိန်မှစ၍ ကိုယ်တော်ကောင်းကင်သို့ ပင့်ဆောင်ခြင်းခံရသည့် နေ့တိုင်အောင် ရှိခဲ့သူတစ်ဦး သည် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ငါတို့နှင့်အတူ သက်သေခံသူဖြစ်ရမည်ဟု ဆိုလေ၏။
22 a começar do batismo de João até o dia em que do nosso meio foi arrebatado, um deles se torne conosco testemunha de sua Ressurreição.
23 ထိုအခါ သူတို့သည် ဘာဆာဘဟုခေါ် ပြီး ဂျုစတုဟူသောအမည်သစ်ကိုရသည့် ဂျိုးဇက်နှင့် မာသိယတို့ကို အဆိုပြုကြ၍ ဆုတောင်းကြသည်မှာ၊-
23 Propuseram dois: José, chamado Barsabás, que tinha por sobrenome Justo, e Matias.
24 အိုသခင်ဘုရား၊ ကိုယ်တော်သည် လူအားလုံးတို့၏စိတ်နှလုံးကို သိမြင်တော်မူပါ၏။-
24 E oraram nestes termos: Ó Senhor, que conheces os corações de todos, mostra-nos qual destes dois escolheste
25 ဂျုဒသည် မိမိနှင့်ကိုက်ညီသောအရပ်ကို သွားခြင်းငှာ အမှုတော်ဆောင်အရာနှင့် တမန်တော်အရာတို့ကို ဖောက်ပြန် စွန့်ခွာခဲ့သည်ဖြစ်၍ ထိုနေရာကို ဆက်ခံရန် ဤသူနှစ်ယောက်အနက် ကိုယ်တော်ရွေးချယ်သောသူကို ပြတော်မူပါဟု ဆုတောင်းကြ၏။-
25 para tomar neste ministério e apostolado o lugar de Judas que se transviou, para ir para o seu próprio lugar.
26 ထို့နောက် သူ တို့အားလုံးသည် ထိုသူနှစ်ဦးအတွက် မဲချကြသောအခါ မာသိယအပေါ်၌ မဲကျသောကြောင့် သူသည် တမန်တော် တစ်ဆယ့်နှစ်ပါးတို့တွင် တစ်ပါးအပါအဝင်အဖြစ် ရေတွက်ခြင်းခံရလေ၏။
26 Deitaram sorte e caiu a sorte em Matias, que foi incorporado aos onze apóstolos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.