Atos 19
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA
1 အာပိုလိုသည် ကောရိန့်မြို့တွင်ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်ဆုမြို့သို့ရောက်လာပြီး ထိုအရပ်တွင် တပည့်တော်အချို့ကို တွေ့လေ၏။-
1 Aconteceu que, estando Apolo em Corinto, Paulo, tendo passado pelas regiões mais altas, chegou a Éfeso e, achando ali alguns discípulos,
2 ထိုအခါ သူက သင်တို့သည် ယုံကြည်သူများ ဖြစ်လာသောအခါ ဝိညာဉ်တော်မြတ်ကို ခံယူခဲ့ကြသလောဟု သူတို့အား မေးသော် ထိုသူတို့က မခံယူခဲ့ကြရပါ၊ ဝိညာဉ်တော်မြတ် ရှိတော်မူကြောင်းကိုလည်း အကျွန်ုပ်တို့ မကြားဖူးပါဟု ဖြေကြားကြ၏။-
2 perguntou-lhes: Recebestes, porventura, o Espírito Santo quando crestes? Ao que lhe responderam: Pelo contrário, nem mesmo ouvimos que existe o Espírito Santo.
3 ပေါလုကလည်း ဤသို့ဆိုလျှင် သင်တို့သည် မည်သည့်ဆေးကြောခြင်းကို ခံယူကြသနည်းဟု မေးသောအခါ သူတို့က ယောဟန်၏ ဆေးကြောခြင်းကို အကျွန်ုပ်တို့ ခံယူခဲ့ကြပါသည် ဟု ဆိုကြလေ၏။-
3 Então, Paulo perguntou: Em que, pois, fostes batizados? Responderam: No batismo de João.
4 ထိုအခါ ပေါလုက ယောဟန်သည် နောင်တတရားနှင့်ဆိုင်သော ဆေးကြောခြင်းကိုပေးပြီး မိမိ၏နောက်တွင် ကြွလာမည့်သူဖြစ်သော ယေဇူး၌ ယုံကြည်ကြရန် လူအများကို မိန့်မှာထားခဲ့သည်ဟု ဆိုလေ၏။-
4 Disse-lhes Paulo: João realizou batismo de arrependimento, dizendo ao povo que cresse naquele que vinha depois dele, a saber, em Jesus.
5 ဤအကြောင်းကို ကြားကြသောအခါ ထိုသူတို့သည် ယေဇူးသခင်၏ နာမတော်၌ ဆေးကြောခြင်းကို ခံယူကြ၏။-
5 Eles, tendo ouvido isto, foram batizados em o nome do Senhor Jesus.
6 ထို့နောက် ပေါလုသည် သူတို့အပေါ်၌ မိမိ၏လက်ကိုတင်သောအခါ ဝိညာဉ်တော်မြတ်သည် သူတို့အပေါ်သို့ ဆင်းသက် တော်မူသဖြင့် သူတို့သည် ဘာသာစကားအသီးသီးကို ပြောဆိုကြ၍ ပရောဖက်ဉာဏ် ဖြင့် အနာဂတ်ကို ဟောပြောကြလေ၏။-
6 E, impondo-lhes Paulo as mãos, veio sobre eles o Espírito Santo; e tanto falavam em línguas como profetizavam.
7 ထိုသူအပေါင်းတို့သည်ကား အရေအတွက်အားဖြင့် စုစုပေါင်း တစ်ဆယ့်နှစ်ယောက်ရှိကြ၏။
7 Eram, ao todo, uns doze homens.
8 ထို့နောက် ပေါလုသည် သုံးလပတ်လုံး တရားဇရပ်သို့ဝင်၍ ရဲဝံ့စွာဟောပြောလျက် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဆွေးနွေးကာ စည်းရုံးလေ၏။-
8 Durante três meses, Paulo frequentou a sinagoga, onde falava ousadamente, dissertando e persuadindo com respeito ao reino de Deus.
9 သို့သော် အချို့သောသူတို့သည် စိတ်နှလုံးခိုင်မာ၍ မယုံကြည်ကြဘဲ သခင်ဘုရား၏ တရားလမ်းတော်ကို လူအများရှေ့တွင် ကဲ့ရဲ့ရှုတ်ချကြသောအခါ ပေါလုသည် သူတို့ထံမှထွက်ခွာ၍ တပည့်တော်တို့ကိုလည်း မိမိနှင့်အတူ ခေါ်ဆောင်သွားလေ၏။ ထို့နောက် သူသည် တိရာနုအမည်ရှိသော သူ၏ကျောင်း၌ နေ့စဉ်ဆွေးနွေးဟောပြောလေ၏။-
9 Visto que alguns deles se mostravam empedernidos e descrentes, falando mal do Caminho diante da multidão, Paulo, apartando-se deles, separou os discípulos, passando a discorrer diariamente na escola de Tirano.
10 သူသည် နှစ်နှစ်ပတ်လုံး ဤကဲ့သို့ အဆက်မပြတ်ဟောပြောသောကြောင့် အာရှပြည်တွင် နေထိုင်ကြသော ဂျူးနှင့်ဂရိ လူမျိုးများသည် သခင်ဘုရား၏ နှုတ်တော်ထွက်စကားကို ကြားနာကြရ၏။
10 Durou isto por espaço de dois anos, dando ensejo a que todos os habitantes da Ásia ouvissem a palavra do Senhor, tanto judeus como gregos.
11 ဘုရားသခင်သည်လည်း ပေါလု၏လက်တို့ဖြင့် ထူးခြားသော တန်ခိုးလက္ခဏာများကို ပြတော်မူသည်ဖြစ်၍၊-
11 E Deus, pelas mãos de Paulo, fazia milagres extraordinários,
12 ပေါလု၏ကိုယ်ပေါ်မှ ပုဝါနှင့်ခါးပန်းများကို ဖျားနာသောသူများအပေါ်တွင် တင်ခြင်းအားဖြင့် အနာရောဂါများ ပျောက်ကင်းကြ၍ နတ်ဆိုးများသည်လည်း သူတို့ထံမှ ထွက်သွားကြ၏။
12 a ponto de levarem aos enfermos lenços e aventais do seu uso pessoal, diante dos quais as enfermidades fugiam das suas vítimas, e os espíritos malignos se retiravam.
13 ထိုအခါ အရပ်ရပ်သို့ လှည့်လည်သော ဂျူးလူမျိုး နတ်ဆိုးနှင်ထုတ်သူအချို့တို့သည် နတ်ဆိုးဝင်ပူးခြင်းခံရသော သူတို့အပေါ်၌ ရွတ်ဆိုကြသည်ကား ပေါလုဟောပြောသော ယေဇူး၏ နာမတော်အားဖြင့် ငါသည်သင့်ကို အမိန့်ပေးသည် ဟုဆိုလျက် ယေဇူးသခင်၏ နာမတော်ကို အမှီပြုကာ နတ်ဆိုးကိုနှင်ထုတ်ရန် ကြိုးစားကြ၏။-
13 E alguns judeus, exorcistas ambulantes, tentaram invocar o nome do Senhor Jesus sobre possessos de espíritos malignos, dizendo: Esconjuro-vos por Jesus, a quem Paulo prega.
14 ဂျူးလူမျိုး ရဟန်းအကြီးအကဲဖြစ်သော ရှေဗာ၏သား ခုနစ်ယောက်တို့သည်လည်း ဤကဲ့သို့ လုပ်ဆောင်နေကြလေ၏။-
14 Os que faziam isto eram sete filhos de um judeu chamado Ceva, sumo sacerdote.
15 သို့သော် နတ်ဆိုးက သူတို့အား ပြန်ပြောသည်မှာ ယေဇူးကို ငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့မူကား မည်သူများနည်းဟု ဆိုပြီးနောက်၊-
15 Mas o espírito maligno lhes respondeu: Conheço a Jesus e sei quem é Paulo; mas vós, quem sois?
16 နတ်ဆိုးဝင်ပူး ခြင်း ခံရသောသူသည် သူတို့အပေါ်သို့ခုန်တက်၍ သူတို့အားလုံးကို တိုက်ခိုက်ပြီး အနိုင်ယူသဖြင့် သူတို့သည် အဝတ်အစားမပါဘဲ ဒဏ်ရာဒဏ်ချက်များနှင့် အိမ်အတွင်းမှ ထွက်ပြေးခဲ့ကြရ၏။-
16 E o possesso do espírito maligno saltou sobre eles, subjugando a todos, e, de tal modo prevaleceu contra eles, que, desnudos e feridos, fugiram daquela casa.
17 ဧဖက်ဆုမြို့တွင် နေထိုင်ကြသော ဂျူးနှင့် ဂရိလူမျိုးတို့သည် ဤအကြောင်းကို ကြားသိကြသောအခါ ထိုသူအပေါင်း တို့သည် ကြောက်ရွံ့တုန်လှုပ်၍ ယေဇူးသခင်၏ နာမတော်ကို ချီးမွမ်းကြကုန်၏။-
17 Chegou este fato ao conhecimento de todos, assim judeus como gregos habitantes de Éfeso; veio temor sobre todos eles, e o nome do Senhor Jesus era engrandecido.
18 ယုံကြည်သူဖြစ်လာသောသူ များစွာတို့သည်လည်း လာကြ၍ မိမိတို့ပြုခဲ့မိသမျှတို့ကို ထုတ်ဖော်ဝန်ခံကြ၏။-
18 Muitos dos que creram vieram confessando e denunciando publicamente as suas próprias obras.
19 မှော်အတတ်ကို တတ်သောသူ အချို့တို့သည်လည်း မိမိတို့၏ စာအုပ်များကို စုစည်းယူဆောင်လာ၍ လူအများရှေ့တွင် မီးရှို့ကြ၏။ ဤစာအုပ်များ၏ တန်ဖိုးကို သူတို့တွက်ကြသောအခါ ငွေဒင်္ဂါးငါးသောင်းခန့် တန်ဖိုးရှိသည်ကို တွေ့ရ၏။-
19 Também muitos dos que haviam praticado artes mágicas, reunindo os seus livros, os queimaram diante de todos. Calculados os seus preços, achou-se que montavam a cinquenta mil denários.
20 ဤသို့ဖြင့် သခင်ဘုရား၏ နှုတ်တော်ထွက်စကားသည် အရှိန်အဟုန်ကြီးစွာ တိုးတက်ပျံ့ ပွားလေ၏။
20 Assim, a palavra do Senhor crescia e prevalecia poderosamente.
21 ဤအကြောင်းအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် မာစီဒိုးနိယနှင့် အာခါယာပြည်များကို ဖြတ်သန်း၍ ဂျေရုဆလင်မြို့သို့ သွားမည်ဟု ဝိညာဉ်တော်အားဖြင့် စိတ်ပိုင်းဖြတ်လေ၏။ သူက ငါသည် ထိုအရပ်သို့ သွားပြီးလျှင် ရောမမြို့သို့လည်း သွားရမည်ဟု ဆို၏။-
21 Cumpridas estas coisas, Paulo resolveu, no seu espírito, ir a Jerusalém, passando pela Macedônia e Acaia, considerando: Depois de haver estado ali, importa-me ver também Roma.
22 ထို့ကြောင့် သူသည် မိမိကိုကူညီသူများဖြစ်သော တီမောသီဦးနှင့် ဧရာစတုတို့ကို မာစီဒိုးနိယပြည်သို့ စေလွှတ်၍ သူကိုယ်တိုင်မှာမူကား အာရှပြည်တွင် ခေတ္တဆက်နေလေ၏။
22 Tendo enviado à Macedônia dois daqueles que lhe ministravam, Timóteo e Erasto, permaneceu algum tempo na Ásia.
23 ထိုအချိန်၌ သခင်ဘုရား၏ တရားလမ်းတော်နှင့် စပ်လျဉ်း၍ ဆူပူလှုပ်ရှားမှုကြီးတစ်ခု ဖြစ်ပေါ်လေ၏။-
23 Por esse tempo, houve grande alvoroço acerca do Caminho.
24 ဖြစ်ရသည့်အကြောင်းရင်းမှာ ဒေမေတြီဦးအမည်ရှိသော ငွေပန်းထိမ်ဆရာတစ်ဦးသည် အာတီမစ်နတ်သမီး၏ နတ်ကွန်းများပြုလုပ်ခြင်းဖြင့် များစွာသော လက်မှုပညာရှင်တို့ကို စီးပွားဖြစ်ထွန်းစေခဲ့၏။-
24 Pois um ourives, chamado Demétrio, que fazia, de prata, nichos de Diana e que dava muito lucro aos artífices,
25 သူသည် မိမိနှင့်လုပ်ငန်းချင်းတူသော ဤသူတို့ကိုစုရုံးပြီးလျှင် အချင်းလူတို့၊ ငါတို့သည် ဤလုပ်ငန်းဖြင့် စီးပွားဖြစ်ထွန်း လာခဲ့ကြကြောင်း သင်တို့သိကြ၏။-
25 convocando-os juntamente com outros da mesma profissão, disse-lhes: Senhores, sabeis que deste ofício vem a nossa prosperidade
26 ယခုမူကား ဤပေါလုဆိုသူက လူတို့၏လက်ဖြင့်ပြုလုပ်သော ရုပ်တုတို့သည် ဘုရားများမဟုတ်ဟု ဆိုခြင်းဖြင့် ဧဖက်ဆုမြို့တွင်သာမက အာရှပြည်တစ်ပြည်လုံး၌ လူများစွာတို့ကို သွေးဆောင်လမ်းလွဲစေခဲ့ကြောင်း သင်တို့တွေ့မြင် ကြားသိကြ၏။-
26 e estais vendo e ouvindo que não só em Éfeso, mas em quase toda a Ásia, este Paulo tem persuadido e desencaminhado muita gente, afirmando não serem deuses os que são feitos por mãos humanas.
27 ဤအမှုသည် ငါတို့လုပ်ငန်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်သာမက ကြီးမြတ်သော အာတီမစ်နတ်သမီး၏ ဗိမာန်ကိုလည်း မထီမဲ့မြင်ပြုသဖြင့် အာရှနှင့်တစ်ကမ္ဘာလုံး ကိုးကွယ်ကြသော နတ်သမီး၏ ဘုန်းကျက်သရေတော် ညှိုးနွမ်းမည်ကို စိုးရိမ်ရသည်ဟု ဆိုလေ၏။
27 Não somente há o perigo de a nossa profissão cair em descrédito, como também o de o próprio templo da grande deusa, Diana, ser estimado em nada, e ser mesmo destruída a majestade daquela que toda a Ásia e o mundo adoram.
28 ထိုသူတို့သည်လည်း ဤစကားကိုကြားကြလျှင် အမျက်ထွက်ကြသဖြင့် ဧဖက်ဆုမြို့သားတို့၏နတ်သမီး အာတီမစ်သည် ကြီးမြတ်လှပေ၏ဟု ကြွေးကြော်ကြလေ၏။-
28 Ouvindo isto, encheram-se de furor e clamavam: Grande é a Diana dos efésios!
29 ဤသို့ဖြင့် တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် ထိုသူတို့သည် ပေါလု၏ခရီးစဉ်၌ အဖော်အဖြစ် လိုက်ပါခဲ့ကြသော မာစီဒိုးနိယပြည်သား ဂါးယုနှင့် အာရစ္စတာကုတို့အား ဆွဲခေါ်လျက် ကဇာတ်ရုံအတွင်းသို့ အတူတကွပြေးဝင်သွားကြ၏။-
29 Foi a cidade tomada de confusão, e todos, à uma, arremeteram para o teatro, arrebatando os macedônios Gaio e Aristarco, companheiros de Paulo.
30 ပေါလုသည် မိမိကိုယ်တိုင် လူအုပ်ကိုရင်ဆိုင်လိုသော်လည်း တပည့်တော်များသည် သူ့ကိုတားမြစ်ထားကြ၏။-
30 Querendo este apresentar-se ao povo, não lhe permitiram os discípulos.
31 ပေါလုနှင့် ရင်းနှီးသော အာရှပြည်မင်းအရာရှိအချို့ကလည်း သူ့အား ကဇာတ်ရုံသို့ မသွားရန် သတင်းပို့၍ သတိပေးကြ၏။
31 Também asiarcas, que eram amigos de Paulo, mandaram rogar-lhe que não se arriscasse indo ao teatro.
32 ထိုအချိန်တွင် စုဝေးနေကြသောသူတို့သည် အမျိုးမျိုးအော်ဟစ်နေကြလျက် လူအစုအဝေးမှာ မည်သည့်အရာ ဖြစ်ပျက် နေသည်ကိုမသိကြ။ လူအများစုမှာ မိမိတို့ စုဝေးနေကြသည့်အကြောင်းရင်းကိုပင် မသိကြချေ။-
32 Uns, pois, gritavam de uma forma; outros, de outra; porque a assembleia caíra em confusão. E, na sua maior parte, nem sabiam por que motivo estavam reunidos.
33 ထိုအခါ ဂျူးလူမျိုးတို့က အလက်ဇန္ဒားကို လူအစုအဝေးရှေ့သို့ ထွက်စေသဖြင့် လူအစုအဝေးထဲမှ အချို့သည် ဤအကြောင်းအရာမှာ သူ၏တာဝန်မကင်းဟူ၍ သုံးသပ်ကြ၏။ အလက်ဇန္ဒားသည်လည်း လူတို့အား ဤအမှုကို ရှင်းလင်း ပြောဆိုရန် ရည်ရွယ်၍ တိတ်ဆိတ်စွာနေခြင်းငှာ လက်ဖြင့်အချက်ပြလေ၏။-
33 Então, tiraram Alexandre dentre a multidão, impelindo-o os judeus para a frente. Este, acenando com a mão, queria falar ao povo.
34 သို့သော် သူသည် ဂျူးလူမျိုးဖြစ်ကြောင်းကို သူတို့သိကြသည်နှင့် ဧဖက်ဆုမြို့သားတို့၏ နတ်သမီးအာတီမစ်သည် ကြီးမြတ်လှပေ၏ဟူ၍ နှစ်နာရီကြာမျှ တစ်သံတည်း အော်ဟစ်ကြ၏။-
34 Quando, porém, reconheceram que ele era judeu, todos, a uma voz, gritaram por espaço de quase duas horas: Grande é a Diana dos efésios!
35 ထို့နောက် မြို့စာရေးသည် လူအစုအဝေးတို့အား တိတ်ဆိတ်စွာနေစေပြီးလျှင် ဧဖက်ဆုမြို့သားတို့၊ ဧဖက်ဆုမြို့တော်သည် ကြီးမြတ်သော အာတီမစ်၏နတ်ကွန်းနှင့် ကောင်းကင်မှကျလာသော သူမ၏ရုပ်တုတော်တို့ တည်ရှိရာဌာနဖြစ်သည်ကို မသိသောသူ မည်သူရှိသနည်း။-
35 O escrivão da cidade, tendo apaziguado o povo, disse: Senhores, efésios: quem, porventura, não sabe que a cidade de Éfeso é a guardiã do templo da grande Diana e da imagem que caiu de Júpiter?
36 ဤအကြောင်းအရာတို့ကို မည်သူမျှမငြင်းဆိုနိုင်သောကြောင့် သင်တို့သည် မိမိတို့ကိုယ်ကို စိတ်တည်ငြိမ်စွာထားကြရမည်။ မည်သည့်အရာကိုမျှ မဆင်မခြင်မပြုနှင့်။-
36 Ora, não podendo isto ser contraditado, convém que vos mantenhais calmos e nada façais precipitadamente;
37 အကြောင်းမူကား ဗိမာန်တော်အတွင်း လုယက်ခြင်းမပြု၊ ငါတို့၏နတ်သမီးကိုလည်း ထိခိုက်စော်ကားခြင်း မပြုသော ဤသူတို့ကို ဤနေရာသို့ သင်တို့ခေါ်ဆောင်လာခဲ့ကြလေပြီ။-
37 porque estes homens que aqui trouxestes não são sacrílegos, nem blasfemam contra a nossa deusa.
38 ထို့ကြောင့် ဒေမေတြီဦးနှင့် သူ၏လုပ်ဖော်ကိုင်ဖက်တို့သည် တစ်စုံတစ်ယောက်အပေါ် စွပ်စွဲလိုသောအမှုရှိလျှင် တရား စီရင်သော ခုံရုံးများဖွင့်ထားလျက်ရှိ၍ မြို့ဝန်များလည်း ရှိသဖြင့် သက်ဆိုင်သူချင်း တရားဆိုင်ကြပါစေ။-
38 Portanto, se Demétrio e os artífices que o acompanham têm alguma queixa contra alguém, há audiências e procônsules; que se acusem uns aos outros.
39 သို့သော် သင်တို့သည် အခြားသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ သိရှိလိုပါလျှင် တရားဝင်အစည်းအဝေးတွင် ဖြေရှင်းနိုင်ကြ၏။-
39 Mas, se alguma outra coisa pleiteais, será decidida em assembleia regular.
40 အကြောင်းမူကား ယနေ့ဆူပူလှုပ်ရှားမှု ဖြစ်ရခြင်းအတွက် ငါတို့တွင် ခိုင်လုံသော အကြောင်းပြချက် ပေးစရာ မရှိသောကြောင့် ဤဆူပူလှုပ်ရှားမှုသည် ငါတို့ကြောင့်ဖြစ်ရသည်ဟူ၍ စွပ်စွဲခံရဖွယ်ရှိသည်ဟု ဆိုလေ၏။-
40 Porque também corremos perigo de que, por hoje, sejamos acusados de sedição, não havendo motivo algum que possamos alegar para justificar este ajuntamento.
41 မြို့စာရေးသည်လည်း ဤသို့ပြောဆိုပြီးလျှင် လူ အစုအဝေးအား ထိုနေရာမှ ထွက်ခွာသွားစေ၏။
41 E, havendo dito isto, dissolveu a assembleia.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.