Atos 17

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 သူတို့သည် အမ်ဖီပိုလစ်နှင့် အာပိုလိုနိယမြို့တို့ကိုဖြတ်၍ သက်ဆာလောနိကမြို့သို့ ရောက်ကြ၏။ ထိုမြို့တွင် ဂျူးတို့၏ တရားဇရပ်ရှိ၏။-
1 Tendo passado por Anfípolis e Apolônia, Paulo e Silas chegaram a Tessalônica, onde havia uma sinagoga dos judeus.
2 ထိုအခါ ပေါလုသည် မိမိပြုလုပ်လေ့ရှိသည့်အတိုင်း တရားဇရပ်သို့သွားပြီးလျှင် ဥပုသ်သုံးပတ်တိုင်တိုင် သူတို့နှင့် ကျမ်းစာများကို ဆွေးနွေး၍၊-
2 Paulo, segundo o seu costume, foi procurá-los e, por três sábados, discutiu com eles a respeito das Escrituras,
3 ခရစ်တော်သည် အသေခံရမည့်အကြောင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ရမည့် အကြောင်းတို့ကို ရှင်းလင်းသက်သေပြကာ သင်တို့အား ငါဟောပြောကြေညာသည့် ဤယေဇူးသည် မေဆိယပင်ဖြစ်သည်ဟု ပြောဆိုလေ၏။-
3 expondo e demonstrando ter sido necessário que o Cristo padecesse e ressuscitasse dos mortos. Paulo dizia: — Este Jesus, que eu anuncio a vocês, é o Cristo.
4 ထိုအခါ သူတို့တွင် အချို့တို့သည် ယုံကြည်ကြ၍ ပေါလုနှင့်စီလပ်တို့၏ အဖွဲ့ထဲသို့ ပါဝင်လာကြ၏။ ဘုရားတရား ကြည်ညိုသော ဂရိလူမျိုးအမြောက်အမြားနှင့် ထင်ရှားသော အမျိုးသမီးများစွာတို့သည်လည်း ယုံကြည်လာကြလေ၏။-
4 Alguns deles foram persuadidos e se juntaram a Paulo e Silas. O mesmo aconteceu com numerosa multidão de gregos piedosos e muitas mulheres importantes.
5 သို့သော် ဂျူးလူမျိုးတို့သည် မနာလိုကြသောကြောင့် ဆိုးသွမ်းသော လူအချို့တို့၏အကူအညီဖြင့် အုပ်စုဖွဲ့ကာ တစ်မြို့လုံးကို ရုန်းရင်းဆန်ခတ် ဖြစ်စေကြ၏။ ထို့နောက် ဂျာဆန်၏အိမ်ကို တိုက်ခိုက်ကြပြီး ပေါလုနှင့်စီလပ်တို့ကို လူအများရှေ့သို့ ခေါ်ထုတ်ရန် ကြိုးပမ်းကြလေ၏။-
5 Os judeus, porém, movidos de inveja, trazendo consigo alguns homens maus dentre a malandragem, reuniram uma multidão e provocaram um tumulto na cidade. E, atacando de surpresa a casa de Jasom, procuravam trazer Paulo e Silas para o meio do povo.
6 ဤသို့ဖြင့် သူတို့သည် တမန်တော်တို့ကို မတွေ့သောအခါ ဂျာဆန်နှင့်အချို့သော ညီအစ်ကိုများကို မြို့အာဏာပိုင်များ အရှေ့သို့ ဆွဲထုတ်လာကြ၍ အော် ဟစ်ကြသည်ကား ကမ္ဘာတစ်ခုလုံးကို မှောက်လှန်ကြ သော ဤသူတို့သည် ဤအရပ်သို့လည်း ရောက်လာကြ ပြီး၊-
6 Porém, não os encontrando, arrastaram Jasom e alguns irmãos diante das autoridades, gritando: — Estes que promovem tumulto em todo o mundo chegaram também aqui,
7 ဂျာဆန်သည် ဤသူတို့ကို လက်ခံထားခဲ့၏။ သူတို့အားလုံးသည် ယေဇူးအမည်ရှိသော အခြားဘုရင်တစ်ပါး ရှိသည်ဟုဆိုလျက် ဆီဇာဧကရာဇ်၏အမိန့်များကိုဆန့် ကျင်ဘက်ပြုကြပါသည်ဟု ဆိုကြ၏။-
7 e Jasom os hospedou na casa dele. Todos estes agem contra os decretos de César, dizendo que existe outro rei, chamado Jesus.
8 လူအများနှင့် မြို့ အာဏာပိုင်တို့သည် ဤစကားကိုကြားကြလျှင် ထိတ်လန့်တုန်လှုပ်ကြလေ၏။-
8 Tanto a multidão como as autoridades ficaram agitadas ao ouvir estas palavras.
9 ထို့နောက် သူတို့သည် ဂျာဆန်နှင့် အခြားလူများထံမှ အာမခံချက်ရယူပြီး သူတို့ကို ပြန်လွှတ်လိုက်ကြ၏။
9 Porém, depois de terem recebido deles a fiança estipulada, as autoridades soltaram Jasom e os outros.
10 ထိုည၌ပင် ညီအစ်ကိုတို့သည် ပေါလုနှင့်စီလပ်တို့ကို ဘေးရေယမြို့သို့ လွှတ်လိုက်ကြ၏။ သူတို့သည် ထိုမြို့သို့ ရောက်သောအခါ ဂျူးလူမျိုးတို့၏တရားဇရပ်သို့ ဝင်ကြ၏။-
10 E logo, durante a noite, os irmãos enviaram Paulo e Silas para Bereia. Ali chegados, dirigiram-se à sinagoga dos judeus.
11 ဤမြို့တွင်ရှိသော ဂျူးလူမျိုးတို့မှာမူ သက်ဆာလောနိကမြို့မှ ဂျူးလူမျိုးတို့ထက် ပို၍စိတ်ထားမြင့်မြတ်ကြပြီး နှုတ်တော်ထွက်စကားကိုလည်း စိတ်အားထက်သန်စွာ လက်ခံကြ၍ ဤအကြောင်းများ မှန်ကန်ကြောင်းကို သိမြင်နိုင်ကြရန် သူတို့သည် နေ့စဉ်နေ့တိုင်း ကျမ်းစာများကို လေ့လာကြ၏။-
11 Ora, estes de Bereia eram mais nobres do que os de Tessalônica, pois receberam a palavra com toda a avidez, examinando as Escrituras todos os dias para ver se as coisas eram, de fato, assim.
12 ထို့ကြောင့် များစွာသောလူတို့သည် ယုံကြည်လာကြ၍ ထိုသူတို့ထဲတွင် အထက်တန်းလွှာမှ ဂရိလူမျိုးအမျိုးသား၊ အမျိုးသမီးများစွာတို့လည်း ပါဝင်ကြ၏။-
12 Com isso, muitos deles creram, mulheres gregas de alta posição social e muitos homens.
13 သို့သော် သက်ဆာလောနိကမြို့မှ ဂျူးများသည် ဘေးရေယမြို့ ၌ နှုတ်တော်ထွက်စကားကို ပေါလု ဟောပြောနေကြောင်း ကြားသိကြသောအခါ ထိုအရပ်သို့လည်း ရောက်လာကြ၍ လူအစုအဝေးတို့ကို သွေးထိုးလှုံ့ဆော်ကြလေ၏။-
13 Mas, logo que os judeus de Tessalônica souberam que a palavra de Deus era anunciada por Paulo também em Bereia, foram lá agitar e perturbar o povo.
14 ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်ကမ်းခြေသို့ ချက်ချင်းစေလွှတ်လိုက်ကြ၏။ စီလပ်နှင့် တီမောသီဦးတို့မူကား ဘေးရေယမြို့တွင် နေရစ်ကြ၏။-
14 Então os irmãos fizeram com que Paulo fosse imediatamente para os lados do mar. Porém Silas e Timóteo continuaram em Bereia.
15 ပေါလုကို ပို့ဆောင်သော သူတို့သည်လည်း သူ့အား အေသင်မြို့တိုင်အောင် ပို့ဆောင်ကြပြီး စီလပ်နှင့် တီမောသေဦးတို့ကို မိမိထံသို့ အလျင်အမြန်လိုက်လာကြပါဟူသော ညွန်ကြားချက်ကို ပေါလုထံမှ ယူဆောင်ကာ ပြန်လည်ထွက်ခွာလာကြ၏။
15 Os responsáveis por Paulo levaram-no até Atenas e regressaram trazendo ordem a Silas e Timóteo para que fossem encontrá-lo o mais depressa possível.
16 ပေါလုသည် သူတို့ကို အေသင်မြို့၌ စောင့်ဆိုင်းနေစဉ် ဤမြို့သည် ရုပ်တုဆင်းတုများနှင့် ပြည့်နှက်နေသည်ကို မြင်ရသဖြင့် စိတ်မချမ်းမသာဖြစ်လေ၏။-
16 Enquanto Paulo os esperava em Atenas, o seu espírito se revoltava em face da idolatria dominante na cidade.
17 ထို့ကြောင့် သူသည် တရားဇရပ်တွင် ဂျူးများ၊ ဘုရားတရားကြည် ညိုသူများနှင့်လည်းကောင်း၊ ဈေးလယ်လူစုဝေးရာ အရပ်တွင် နေ့စဉ်တွေ့ကြုံသော သူများနှင့်လည်းကောင်း ဆွေးနွေးငြင်းခုံလေ၏။-
17 Por isso, falava na sinagoga com os judeus e os gentios piedosos; também na praça, todos os dias, com os que se encontravam ali.
18 ဧပီကုရိ၏ နောက်လိုက်များနှင့် စတိုးအိအတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့် အချေအတင် ဆွေးနွေးကြ၏။ အချို့တို့က စကားများသော ဤသူသည် မည်သည့်အရာကို ပြောဆိုလိုသနည်း ဟူ၍လည်းကောင်း၊ အချို့တို့ကလည်း ဤသူသည် အသစ်သော ဘုရားများအကြောင်းကို ဟောပြောလိုဟန် ရှိသည်ဟူ၍လည်းကောင်း ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေဇူးနှင့် ကိုယ်တော်၏ရှင်ပြန်ထမြောက် တော်မူခြင်းအကြောင်းတို့ကို ဟောပြောသောကြောင့် ဖြစ်၏။-
18 E alguns dos filósofos epicureus e estoicos discutiam com ele, havendo quem perguntasse: — Que quer dizer esse tagarela? Outros diziam: — Parece pregador de deuses estranhos. Diziam isso porque Paulo pregava Jesus e a ressurreição.
19 ဤသို့ဖြင့် သူတို့သည် သူ့ကို အာရီယိုပါဂုရုံးတော်သို့ ခေါ်ဆောင်သွားကြပြီးလျှင် သင်ဟောပြောသော ဤအယူဝါဒ အသစ်ကို ငါတို့သိပါရစေ။-
19 Então, tomando-o consigo, levaram-no ao Areópago, dizendo: — Podemos saber que nova doutrina é essa que você ensina?
20 အဘယ်ကြောင့်ဆိုသော် သင်သည် ငါတို့ထံသို့ အယူဝါဒအသစ်အဆန်းများကို ယူဆောင်လာသောကြောင့် သင်မည်သည့် အရာကို ဆိုလိုကြောင်း ငါတို့သိလိုကြပါသည်ဟု ဆိုကြလေ၏။-
20 Pois você nos traz aos ouvidos coisas estranhas e queremos saber o que vem a ser isso.
21 အေသင်မြို့သူမြို့သားများနှင့် ထိုမြို့တွင် နေထိုင်ကြသော တိုင်းတစ်ပါးသားတို့သည် ဆန်းသစ်သော အရာများကို ပြောဆိုခြင်းနှင့် ကြားနာခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေကြ၏။
21 Acontece que todos os de Atenas e os estrangeiros residentes não se ocupavam com outra coisa senão dizer ou ouvir as últimas novidades.
22 သို့ဖြစ်၍ ပေါလုသည် အာရီယိုပါဂုရုံးတော်ရှေ့တွင် ရပ်လျက်ပြောဆိုသည်ကား အေသင်မြို့သားအပေါင်းတို့၊ သင်တို့သည် အလွန်အမင်း ဘာသာရေးကိုင်းရှိုင်းကြသည်ကို ငါကိုယ်တိုင်မြင်တွေ့ရပြီ။-
22 Então Paulo, levantando-se no meio do Areópago, disse: — Senhores atenienses! Percebo que em tudo vocês são bastante religiosos,
23 အကြောင်းမူကား ငါသည် မြို့တွင်း၌ လမ်းလျှောက်သွား၍ သင်တို့ဝတ်ပြုကိုးကွယ်ကြသော ဘုရားရုပ်တုများကို သေချာစွာ ကြည့်ရှုသောအခါ ငါတို့မသိသော ဘုရားအတွက်ဟူ၍ ကမ္ပည်းစာထိုးထားသော ယဇ်ပလ္လင်တစ်ခုကို အခြားရုပ်တုများ အလယ်တွင် ငါသတိထားခဲ့မိပါ၏။ ထို့ကြောင့် ငါသည် သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေကြသော ထိုဘုရားအကြောင်းကို သင်တို့အား ငါဟောပြောနေပါ၏။-
23 porque, andando pela cidade e observando os objetos de culto que vocês têm, encontrei também um altar no qual aparece a seguinte inscrição: “ Ao Deus Desconhecido ”. Pois esse que vocês adoram sem conhecer é precisamente aquele que eu lhes anuncio.
24 ကမ္ဘာလောကနှင့် ၎င်း၌ရှိသမျှ အရာအားလုံးကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အရှင်သခင်ဖြစ်၍ လူတို့လက်ဖြင့် ပြုလုပ်သော ဗိမာန်၌ ကိန်းဝပ်တော်မူသည်မဟုတ်။-
24 — O Deus que fez o mundo e tudo o que nele existe, sendo ele Senhor do céu e da terra, não habita em santuários feitos por mãos humanas;
25 ဤဘုရားသခင်သည် သတ္တဝါအပေါင်းတို့အား ဇီ၀အသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ အရာခပ်သိမ်း ရှိသမျှတို့ကိုပေးသည့် အရှင်ဖြစ်သောကြောင့် တစ်စုံတစ်ရာကို လိုအပ်သည့်အလား လူတို့၏လက်ဖြင့် ကူညီခြင်းကိုလည်း ခံတော်မူသည်မဟုတ်ချေ။-
25 nem é servido por mãos humanas, como se precisasse de alguma coisa, pois ele mesmo é quem a todos dá vida, respiração e tudo mais.
26 ကိုယ်တော်သည် လူသားတစ်ဦးတည်းမှ လူမျိုးအပေါင်းတို့ကို ဖန်ဆင်း၍ ကမ္ဘာမြေမျက်နှာပြင်ပေါ်တွင် နေထိုင်စေတော်မူ၏။ ကိုယ်တော်သည် သူတို့၏အသက်ရှင်ရာ အချိန်ကာလနှင့် နေထိုင်ရာနယ်နိမိတ်တို့ကိုလည်း ပိုင်းခြားသတ်မှတ်ပေးထားတော်မူ၏။-
26 De um só homem fez todas as nações para habitarem sobre a face da terra, havendo fixado os tempos previamente estabelecidos e os limites da sua habitação;
27 ဤသို့ပြုတော်မူခြင်းမှာလည်း လူတို့သည် ကိုယ်တော့်ကို ရှာဖွေကြပြီး တွေ့ရှိနိုင်ကြစေရန်ဖြစ်၏။ အမှန်စင်စစ် ကိုယ်တော်သည် ငါတို့တစ်ဦးစီနှင့် ဝေးကွာတော်မူသည်မဟုတ်ပေ။-
27 para buscarem Deus se, porventura, tateando, o possam achar, ainda que não esteja longe de cada um de nós;
28 အကြောင်းမူကား ငါတို့သည် ကိုယ်တော်၌ အသက်ရှင်ကြ၍ လှုပ်ရှားသွားလာကြလျက် ရပ်တည်နေကြရ၏။ ထို့ကြောင့် သင်တို့ထဲမှ ကဗျာလင်္ကာ ရေးစပ်သူအချို့ကပင် ငါတို့သည် ကိုယ်တော်၏သားသမီး များဖြစ်ကြသည်ဟု ဆိုကြ၏။
28 pois nele vivemos, nos movemos e existimos, como alguns dos poetas de vocês disseram: “Porque dele também somos geração.”
29 ငါတို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် လူတို့၏ အတတ်ပညာနှင့် စိတ်ကူးဉာဏ်တို့ဖြင့် ထုလုပ်ထားသော ရွှေရုပ်တု၊ ငွေ ရုပ်တု၊ ကျောက်ရုပ်တုတို့နှင့် တူတော်မူသည်ဟူ၍ ငါတို့ မထင်မှတ်သင့်ပေ။-
29 Portanto, visto que somos geração de Deus, não devemos pensar que a divindade é semelhante ao ouro, à prata ou à pedra, trabalhados pela arte e imaginação do homem.
30 ဘုရားသခင်သည် လူတို့မသိကျိုးကျွန်ပြုခဲ့သော အချိန်ကာလများကို အမှုမထားခဲ့သော်လည်း ယခုအချိန်တွင် အရပ်ရပ်၌ ရှိနေကြသော လူအပေါင်းတို့အား နောင်တရကြစေရန်အမိန့်ပေးတော်မူ ပြီ။-
30 Deus não levou em conta os tempos da ignorância, mas agora ele ordena a todas as pessoas, em todos os lugares, que se arrependam.
31 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိရွေးချယ်ခန့်ထားသော သူအားဖြင့် ဤလောကကို ဖြောင့်မတ် ခြင်း တရားနှင့်အညီ စီရင်မည့်နေ့ရက်ကို သတ်မှတ်တော်မူလေပြီ။ ကိုယ်တော်သည် ထိုသူကို သေခြင်းမှရှင်ပြန် ထမြောက် စေခြင်းဖြင့် လူအပေါင်းတို့အား ခိုင်လုံသော သက်သေကိုပြတော်မူပြီဟု ဟောပြောလေ၏။
31 Porque Deus estabeleceu um dia em que julgará o mundo com justiça, por meio de um homem que escolheu. E deu certeza disso a todos, ressuscitando-o dentre os mortos.
32 ထိုသူတို့သည်လည်း သေလွန်သူတို့၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့က လှောင်ပြောင် သရော်ကြ၏။ အချို့ကမူ ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ သင်ဟောပြောသည်ကို ငါတို့နောက်တစ်ဖန် ကြားနာပါဦးမည်ဟု ဆိုကြ၏။-
32 Quando ouviram falar de ressurreição de mortos, uns zombaram, e outros disseram: — A respeito disso ouviremos você em outra ocasião.
33 သို့ဖြစ်၍ ပေါလုသည် သူတို့ထံမှ ထွက်ခွာခဲ့လေ၏။-
33 A essa altura, Paulo se retirou do meio deles.
34 သို့ရာတွင် အချို့သောသူတို့သည် ပေါလုနှင့်အတူပါဝင်လာပြီး ယုံကြည်ကြလေ၏။ ထိုသူတို့တွင် အာရီယိုပါဂုရုံးတော် အရာရှိ ဒီအိုနိစိဦးနှင့်အတူ ဒါမားရစ်အမည်ရှိသော အမျိုးသမီးအပြင် အခြားသောသူများလည်း ပါဝင်ကြ၏။
34 Houve, porém, alguns homens que se juntaram a ele e creram; entre eles estava Dionísio, o areopagita, uma mulher chamada Dâmaris e, com eles, mais algumas pessoas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.