Atos 16
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ထို့နောက် ပေါလုသည်ဒေးဘေမြို့နှင့် လစ္စတြာမြို့များသို့လည်း ရောက်လာလေ၏။ ထိုအရပ်၌ တီမောသီဦးဟုခေါ်သော တပည့်တော်တစ်ဦးရှိ၏။ သူ၏အမိသည် ယုံကြည်သူ ဂျူးလူမျိုးအမျိုးသမီးတစ်ဦးဖြစ် သော်လည်း၊ ဖခင်မှာမူ ဂရိလူမျိုးဖြစ်၏။-
1 E chegou a Derbe e Listra. E eis que estava ali um certo discípulo por nome Timóteo, filho de uma judia que era crente, mas de pai grego,
2 တီမောသီဦးသည် လစ္စတြာနှင့် အီကိုးနိယမြို့များတွင်ရှိသော ညီအစ်ကိုများ၏ ချီးမွမ်းခြင်းကို ခံရသူဖြစ်၏။-
2 do qual davam bom testemunho os irmãos que estavam em Listra e em Icônio.
3 ပေါလုသည်လည်း တီမောသီဦးကို မိမိနှင့်အတူလိုက်ပါစေလိုသောကြောင့် သူ့ကိုခေါ်ဆောင်၍ အရေဖျားလှီးခြင်းမင်္ဂလာကို ပေးလေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ဖခင်သည် ဂရိလူမျိုးဖြစ်ကြောင်းကို ထိုအရပ်၌ရှိကြသော ဂျူးလူမျိုးအပေါင်းက သိရှိသောကြောင့်ဖြစ်၏။-
3 Paulo quis que este fosse com ele e, tomando-o, o circuncidou, por causa dos judeus que estavam naqueles lugares; porque todos sabiam que seu pai era grego.
4 သူတို့သည် မြို့များကိုဖြတ်၍ ခရီးဆက်ကြသောအခါ ထိုသူတို့အား ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့် သက်ကြီး ဝါကြီးတို့က ချမှတ်ထားသော ပြဋ္ဌာန်းချက်များကို ပေးအပ်ကြပြီး ယင်းတို့ကို လိုက်နာစောင့်ထိန်းကြရန် ပြောကြားကြ၏။-
4 E, quando iam passando pelas cidades, lhes entregavam, para serem observados, os decretos que haviam sido estabelecidos pelos apóstolos e anciãos em Jerusalém,
5 ဤသို့ဖြင့် အသင်းတော်များသည် ယုံကြည်ခြင်း၌ ပိုမိုခိုင်မြဲအားကောင်းလာလျက် အရေအတွက်အားဖြင့်လည်း တစ်နေ့ တခြားတိုးပွားလာကြ၏။
5 de sorte que as igrejas eram confirmadas na fé e cada dia cresciam em número.
6 သူတို့သည်လည်း ဖရိဂျီယနှင့် ဂါလားဆီယာနယ် များကိုဖြတ်သွားကြစဉ် အာရှပြည်၌ နှုတ်တော်ထွက်စကားကို ဟောပြောခြင်းမပြုရန် ဝိညာဉ်တော်မြတ်သည် သူတို့ကို တားမြစ်တော်မူ၏။-
6 E, passando pela Frígia e pela província da Galácia, foram impedidos pelo Espírito Santo de anunciar a palavra na Ásia.
7 သူတို့သည် မိစိယပြည်တစ်ဖက်သို့ ရောက်ကြသောအခါ ဘီသိနိယပြည်ထဲသို့ ဝင်ရောက်ရန် ကြိုးစားကြသော်လည်း ယေဇူး၏ ဝိညာဉ်တော်သည် သူတို့အား အခွင့်ပေးတော်မမူချေ။-
7 E, quando chegaram a Mísia, intentavam ir para Bitínia, mas o Espírito de Jesus não lho permitiu.
8 သို့ဖြစ်၍ သူတို့သည် မိစိယပြည်ကိုဖြတ်ပြီး ထရောမြို့သို့သွားကြ ၏။-
8 E, tendo passado por Mísia, desceram a Trôade.
9 ထိုစဉ် ညအခါ၌ ပေါလုသည် ဗျာဒိတ်ရူပါရုံတစ်ခုကို မြင်ရလေ၏။ ရူပါရုံထဲတွင် မာစီဒိုးနိယပြည်သားတစ်ဦးသည် ရပ်လျက် မာစီဒိုးနိယပြည်သို့ကူး၍ အကျွန်ုပ်တို့အား ကူညီပါဟု သူ့အား တောင်းပန်နေလေ၏။-
9 E Paulo teve, de noite, uma visão em que se apresentava um varão da Macedônia e lhe rogava, dizendo: Passa à Macedônia e ajuda-nos!
10 ပေါလုသည်လည်း ထိုရူပါရုံကိုမြင်ရပြီးနောက် ငါတို့သည် သူတို့အား ဧဝံဂေလိတရားတော်ကို ဟောပြောရန် ဘုရား သခင်သည် ငါတို့ကိုခေါ်တော်မူပြီဟု ခံယူသဖြင့် ငါတို့သည် မာစီဒိုးနိယပြည်သို့သွားရန် ချက်ချင်းကြိုးစားကြ၏။
10 E, logo depois desta visão, procuramos partir para a Macedônia, concluindo que o Senhor nos chamava para lhes anunciarmos o evangelho.
11 ထို့ကြောင့် ငါတို့သည် ထရောမြို့မှ ဆာမိုသရာဆေ ကျွန်းသို့ တိုက်ရိုက်ရွက်လွှင့်ထွက်ခွာလာပြီး နောက်တစ်နေ့တွင် နေအာပိုလစ်မြို့သို့ရောက်ကြ၏။-
11 E, navegando de Trôade, fomos correndo em caminho direito para a Samotrácia e, no dia seguinte, para Neápolis;
12 ထိုအရပ်မှနေ၍ မာစီဒိုးနိယပြည်၏ အဓိကမြို့ဖြစ်သော ဖိလိပိမြို့သို့သွားကြ၏။ ၎င်းသည် ရောမလက်အောက်ခံမြို့လည်း ဖြစ်၏။ ငါတို့သည် ဤမြို့တွင် ရက်အတန်ကြာနေထိုင်ကြ၏။-
12 e dali, para Filipos, que é a primeira cidade desta parte da Macedônia e é uma colônia; e estivemos alguns dias nesta cidade.
13 ဥပုသ်နေ့တွင်မူ ငါတို့သည် မြို့တံခါးအပြင်သို့ထွက်၍ ဆုတောင်းရန်နေရာဟုထင်ရသော မြစ်ကမ်းနားသို့သွားကြ၏။ ထို့နောက် ငါတို့သည် ထိုနေရာတွင်ထိုင်ကြပြီးမှ လာရောက်စုဝေးနေကြသော အမျိုးသမီးများအား ဟောပြောကြ၏။-
13 No dia de sábado, saímos fora das portas, para a beira do rio, onde julgávamos haver um lugar para oração; e, assentando-nos, falamos às mulheres que ali se ajuntaram.
14 ငါတို့ကို နားထောင်ကြသော သူများတွင် ဘုရားသခင်ကို ရှိခိုးကိုးကွယ်သည့် လိဒီယအမည်ရှိသော အမျိုးသမီး တစ်ဦးပါဝင်၏။ သူမသည် သီယတိရမြို့မှဖြစ်၍ ခရမ်းရောင်အထည်များကို ရောင်းချသောသူဖြစ်၏။ သခင်ဘုရားသည်လည်း သူမအား ပေါလု ဟောပြောသမျှကို အာရုံစိုက်စေရန် သူမ၏စိတ်နှလုံးကို ဖွင့်တော်မူ၏။-
14 E uma certa mulher, chamada Lídia, vendedora de púrpura, da cidade de Tiatira, e que servia a Deus, nos ouvia, e o Senhor lhe abriu o coração para que estivesse atenta ao que Paulo dizia.
15 ထိုအခါ သူမသည် မိမိ၏ အိမ်သူအိမ်သားများနှင့်အတူ ဆေးကြောခြင်းကို ခံယူလေ၏။ ထို့နောက် သူမက ကျွန်မသည် သခင်ဘုရား၌ ယုံကြည်သောသူဟူ၍ သင်တို့ ဆုံးဖြတ်လက်ခံကြလျှင် ကျွန်မ၏အိမ်သို့ လာရောက်တည်းခိုကြပါဟု ငါတို့အား တောင်းပန်လေ၏။
15 Depois que foi batizada, ela e a sua casa, nos rogou, dizendo: Se haveis julgado que eu seja fiel ao Senhor, entrai em minha casa e ficai ali. E nos constrangeu a isso.
16 တစ်နေ့တွင် ငါတို့သည် ဆုတောင်းပတ္ထနာပြုမည့် နေရာသို့သွားကြစဉ် နတ်ဖမ်းစားခြင်းခံရသော ကျွန်မိန်းကလေး တစ်ဦးကို တွေ့ကြ၏။ သူမသည် ဗေဒင်ဟောခြင်းဖြင့် မိမိ၏သခင်များကို ဥစ္စာတိုးပွားစေလေ၏။-
16 E aconteceu que, indo nós à oração, nos saiu ao encontro uma jovem que tinha espírito de adivinhação, a qual, adivinhando, dava grande lucro aos seus senhores.
17 ထိုမိန်းကလေးသည် ပေါလုနှင့် ငါတို့နောက်သို့လိုက်၍ ဤသူတို့သည် အမြင့်ဆုံးသော ဘုရားသခင်၏ အစေခံများ ဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းလမ်းစဉ်ကို ဟောပြောသော သူများဖြစ်ကြသည်ဟု ဟစ်အော်လေ၏။-
17 Esta, seguindo a Paulo e a nós, clamava, dizendo: Estes homens, que nos anunciam o caminho da salvação, são servos do Deus Altíssimo.
18 သူမသည် ရက်ပေါင်းများစွာ ဤသို့ဟစ်အော်သဖြင့် ပေါလုသည် စိတ်အနှောင့်အယှက်ဖြစ်၍ နောက်သို့လှည့်ပြီးလျှင် သင်သည် မိန်းကလေးထံမှ ထွက်သွားရန် ယေဇူးခရစ်တော်၏နာမတော်၌ ငါအမိန့်ရှိ၏ဟု နတ်ဆိုးအား ဆိုလေ၏။ နတ်ဆိုးသည်လည်း ထိုအချိန်နာရီ၌ပင် ထွက် သွားလေ၏။
18 E isto fez ela por muitos dias. Mas Paulo, perturbado, voltou-se e disse ao espírito: Em nome de Jesus Cristo, te mando que saias dela. E, na mesma hora, saiu.
19 သို့သော် သူမ၏သခင်တို့သည် မိမိတို့ဥစ္စာပစ္စည်း တိုးပွားမည့် မျှော်လင့်ချက် ကုန်ဆုံးပြီကို တွေ့မြင်ကြလျှင် ပေါလုနှင့် စီလပ်တို့ကိုဖမ်းဆီး၍ လူအများစုဝေးရာအရပ်ရှိ အုပ်ချုပ်သူ အာဏာပိုင်များ၏ရှေ့သို့ ဆွဲခေါ်သွားကြ၏။-
19 E, vendo seus senhores que a esperança do seu lucro estava perdida, prenderam Paulo e Silas e os levaram à praça, à presença dos magistrados.
20 ထို့နောက် ထိုသူတို့သည် သူတို့ကို တရားသူကြီးများ၏ ရှေ့သို့ခေါ်ဆောင်သွားကြပြီးလျှင် ဤသူတို့သည် ဂျူးလူမျိုးများ ဖြစ်ကြပြီး အကျွန်ုပ်တို့၏မြို့ကို နှောင့်ယှက်နေကြပါသည်။-
20 E, apresentando-os aos magistrados, disseram: Estes homens, sendo judeus, perturbaram a nossa cidade.
21 သူတို့သည် ရောမလူမျိုးများဖြစ်သော အကျွန်ုပ်တို့လက်မခံ၊ မကျင့်အပ်သော ဓလေ့ထုံးစံများကို ဟောပြောသွန်သင် နေကြပါသည်ဟုဆိုကြ၏။-
21 E nos expõem costumes que nos não é lícito receber nem praticar, visto que somos romanos.
22 လူအစုအဝေးသည်လည်း ထိုသူတို့နှင့်အတူ ပေါလုနှင့်စီလပ်တို့ကို ဆန့်ကျင်စွပ်စွဲကြ၏။ ထိုအခါ တရားသူကြီးတို့သည် သူတို့၏ အဝတ်များကိုဆုတ်ဖြဲ၍ သူတို့အား ကြိမ်နှင့်ရိုက်ရန် အမိန့်ပေးကြ၏။-
22 E a multidão se levantou unida contra eles, e os magistrados, rasgando-lhes as vestes, mandaram açoitá- los com varas.
23 ထိုသူတို့သည်လည်း သူတို့ကို ကြိမ်ဒဏ်များစွာပေးပြီးမှ ထောင်သွင်းအကျဉ်းချထား၍ သူတို့ကို လုံခြုံစွာချုပ်နှောင်ထားရန် ထောင်မှူးကို အမိန့်ပေးကြ၏။-
23 E, havendo-lhes dado muitos açoites, os lançaram na prisão, mandando ao carcereiro que os guardasse com segurança,
24 ထောင်မှူးသည်လည်း ထိုအမိန့်အတိုင်း သူတို့ကို ထောင်၏အတွင်းပိုင်းသို့ ပို့ထားပြီး သူတို့၏ခြေများကို ထိတ်တုံးခတ် ထားလေ၏။
24 o qual, tendo recebido tal ordem, os lançou no cárcere interior e lhes segurou os pés no tronco.
25 ညသန်းခေါင်အချိန်၌ ပေါလုနှင့်စီလပ်တို့သည် ဘုရားသခင်ထံသို့ ဆုတောင်းပတ္ထနာပြုလျက် ဓမ္မသီချင်းများကို သီဆိုနေကြသောအခါ အခြားသော အကျဉ်းသားတို့သည် နားထောင်နေကြ၏။-
25 Perto da meia-noite, Paulo e Silas oravam e cantavam hinos a Deus, e os outros presos os escutavam.
26 ထိုအခါ ရုတ်တရက် မြေငလျင် ပြင်းစွာလှုပ်သဖြင့် အကျဉ်းထောင်၏ အုတ်မြစ်တို့သည် တုန်ခါလှုပ်ရှားပြီးလျှင် ထောင်တံခါးရှိသမျှတို့သည် ချက်ချင်းပွင့်လာကြ၍ အကျဉ်းသားတိုင်း၏ သံကြိုးများသည်လည်း ပြုတ်သွားကြလေ၏။-
26 E, de repente, sobreveio um tão grande terremoto, que os alicerces do cárcere se moveram, e logo se abriram todas as portas, e foram soltas as prisões de todos.
27 ထိုအခါ ထောင်မှူးသည် နိုးလာပြီး ထောင်တံခါးပွင့်နေသည်ကိုမြင်သဖြင့် အကျဉ်းသားများ ထွက်ပြေးသွားကြပြီဟု ထင်မှတ်၍ ဓားကိုဆွဲထုတ်ကာ မိမိကိုယ်ကို သတ်သေမည်ပြု၏။-
27 Acordando o carcereiro e vendo abertas as portas da prisão, tirou a espada e quis matar-se, cuidando que os presos já tinham fugido.
28 သို့သော်လည်း ပေါလုက ကျယ်သောအသံဖြင့် သင့်ကိုယ်ကို အန္တရာယ်မပြုနှင့်။ ငါတို့အားလုံး ဤနေရာတွင်ရှိနေ ကြသည်ဟု အော်ဟစ်ပြောဆိုလေ၏။-
28 Mas Paulo clamou com grande voz, dizendo: Não te faças nenhum mal, que todos aqui estamos.
29 ထိုအခါ ထောင်မှူးသည် မီးတိုင်ကိုတောင်းယူ၍ အတွင်းသို့ဝင်လာပြီး ပေါလုနှင့် စီလပ်တို့၏ ခြေရင်း၌ ကြောက်ရွံ့ တုန်လှုပ်စွာ ပျပ်ဝပ်လေ၏။-
29 E, pedindo luz, saltou dentro e, todo trêmulo, se prostrou ante Paulo e Silas.
30 ထို့နောက် ထောင်မှူးသည် သူတို့ကို အပြင်သို့ခေါ်ထုတ်၍ သခင်တို့၊ ကယ်တင်ခြင်းသို့ရောက်ရန် အကျွန်ုပ်မည်သို့ ပြုရမည်နည်းဟု မေးလေ၏။-
30 E, tirando-os para fora, disse: Senhores, que é necessário que eu faça para me salvar?
31 သူတို့ကလည်း ယေဇူးသခင်ကိုယုံကြည်လော့။ ထိုအခါ သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြန်ပြောကြ၏။-
31 E eles disseram: Crê no Senhor Jesus Cristo e serás salvo, tu e a tua casa.
32 ထို့နောက် သူတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို သူနှင့်သူ၏ အိမ်သူအိမ်သားတို့အား ဟောပြောကြလေ၏။-
32 E lhe pregaram a palavra do Senhor e a todos os que estavam em sua casa.
33 ထိုအချိန်နာရီ၌ပင် ထောင်မှူးသည် သူတို့ကိုခေါ်၍ ဒဏ်ရာများကိုဆေးပြီးလျှင် ချက်ချင်းပင် သူနှင့်သူ၏ အိမ်သူအိမ်သား အားလုံးတို့သည် ဆေးကြောခြင်းကို ခံယူကြလေ၏။-
33 E, tomando-os ele consigo naquela mesma hora da noite, lavou-lhes os vergões; e logo foi batizado, ele e todos os seus.
34 ထို့နောက် ထောင်မှူးသည် သူတို့ကို မိမိ၏အိမ်အတွင်းသို့ ခေါ်ဖိတ်၍ စားသောက်ပွဲ တည်ခင်းပေးလေ၏။ သူနှင့်သူ၏ အိမ်သူအိမ်သား အားလုံးတို့သည်လည်း ဘုရားသခင်၌ ယုံကြည်လာကြသည့်အဖြစ်၌ အလွန်ဝမ်းမြောက်ကြလေ၏။
34 Então, levando-os a sua casa, lhes pôs a mesa; e, na sua crença em Deus, alegrou-se com toda a sua casa.
35 နောက်တစ်နေ့နံနက်တွင် တရားသူကြီးများသည် အစောင့်များကိုစေလွှတ်၍ ထိုသူတို့ကိုလွှတ်စေဟု ဆိုကြ၏။-
35 E, sendo já dia, os magistrados mandaram quadrilheiros, dizendo: Soltai aqueles homens.
36 ထိုအခါ ထောင်မှူးသည် ဤသတင်းကို ပေါလုအား ကြားပြောလျက် တရားသူကြီးတို့သည် သင်တို့ကိုလွှတ်ရန် အကြောင်းကြားပြီဖြစ်၍ သင်တို့သည် ယခုပင် ငြိမ်းချမ်းသာယာစွာနှင့် သွားကြပါလော့ဟု ဆိုလေ၏။-
36 O carcereiro anunciou a Paulo estas palavras, dizendo: Os magistrados mandaram que vos soltasse; agora, pois, saí e ide em paz.
37 သို့သော် ပေါလုက ရောမနိုင်ငံသားများဖြစ်သော ငါတို့ကို မစစ်ဆေးဘဲ လူအများရှေ့တွင် ရိုက်နှက်၍ ထောင်ထဲ၌ အကျဉ်းချထားပြီးမှ ယခုတိတ်တဆိတ် ပြန်လွှတ်ကြမည်လော။ ထိုသို့မဖြစ်သင့်။ သူတို့ကိုယ်တိုင်လာ၍ ငါတို့ကို ထုတ်ယူပါစေ ဟုဆိုလေ၏။-
37 Mas Paulo replicou: Açoitaram-nos publicamente, e, sem sermos condenados, sendo homens romanos, nos lançaram na prisão, e agora, encobertamente, nos lançam fora? Não será assim; mas venham eles mesmos e tirem-nos para fora.
38 အစောင့်တို့သည် ထိုစကားကို တရားသူကြီးများအား ပြောပြသောအခါ သူတို့သည် ဤသူတို့မှာ ရောမနိုင်ငံသားများ ဖြစ်ကြောင်းကို ကြားသိရသဖြင့် ကြောက်ရွံ့ ကြလေ၏။-
38 E os quadrilheiros foram dizer aos magistrados estas palavras; e eles temeram, ouvindo que eram romanos.
39 ထို့ကြောင့် သူတို့သည် လာကြ၍ တမန်တော်တို့ကို တောင်းပန်ကြ၏။ ထို့နောက် သူတို့သည် တမန်တော်တို့ကို ထောင်မှထုတ် ဆောင်ပြီးလျှင် ဤမြို့မှထွက်ခွာသွားပါမည့်အကြောင်း တောင်းပန်ကြ၏။-
39 Então, vindo, lhes dirigiram súplicas; e, tirando-os para fora, lhes pediram que saíssem da cidade.
40 သို့ဖြစ်၍ ပေါလုနှင့် စီလပ်တို့သည် ထောင်မှထွက်လာကြပြီး လိဒီယ၏အိမ်သို့သွားကြ၏။ ထို့နောက် သူတို့သည် ညီအစ်ကိုများကို တွေ့ဆုံလျက် အားပေးတိုက်တွန်းစကားပြောကြားပြီးနောက် ထွက်ခွာသွားကြလေ၏။
40 E, saindo da prisão, entraram em casa de Lídia, e, vendo os irmãos, os confortaram, e depois partiram.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.