Atos 11

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ဤသို့ဖြင့် လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ခံယူရရှိကြသည်ကို တမန်တော်တို့နှင့် ဂျူဒေးယပြည်တွင်ရှိကြသော ညီအစ်ကိုတို့သည် ကြားသိကြ၏။-
1 E ouviram os apóstolos e os irmãos que estavam na Judeia que também os gentios tinham recebido a palavra de Deus.
2 သို့ဖြစ်၍ ပေတရုသည် ဂျေရုဆလင်မြို့သို့ ရောက်လာသောအခါ အရေဖျားလှီးခြင်းကို လက်ခံအားပေးသော သူတို့သည် သူ့ကိုဝေဖန်အပြစ်တင်ကြ၍၊-
2 E, subindo Pedro a Jerusalém, disputavam com ele os que eram da circuncisão,
3 သင်သည် အဘယ်ကြောင့် အရေဖျားလှီးခြင်း မခံသောသူတို့ထံသို့သွား၍ သူတို့နှင့်အတူ စားသောက်ခဲ့သနည်းဟုဆိုကြ၏။-
3 dizendo: Entraste em casa de varões incircuncisos e comeste com eles.
4 သို့သော် ပေတရုက ဖြစ်ပျက်သမျှကို အစီအစဉ်အတိုင်း သူတို့အား ရှင်းပြလျက် ဆိုသည်ကား၊-
4 Mas Pedro começou a fazer-lhes uma exposição por ordem, dizendo:
5 ငါသည် ဂျော့ပါမြို့၌ ဆုတောင်းလျက်နေစဉ် မိန်းမောလျက် ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးထောင့်မှ ချုပ်ကိုင် ထားသော ရွက်ထည်စကြီးတစ်ခုနှင့် တူသောအရာတစ်ခုသည် ကောင်းကင်မှချလိုက်သကဲ့သို့ ဆင်းလာ၏။ ထိုအရာသည် ငါ့ထံသို့ကျလာ၏။-
5 Estando eu orando na cidade de Jope, tive, num arrebatamento dos sentidos, uma visão; via um vaso, como um grande lençol que descia do céu e vinha até junto de mim.
6 ငါသည် ၎င်းကို သေချာစွာကြည့်သောအခါ တိရစ္ဆာန်များ၊ သားရဲများ၊ တွားသွားသတ္တဝါများနှင့် လေတွင်ပျံဝဲသော ငှက်များကို တွေ့မြင်ရ၏။-
6 E, pondo nele os olhos, considerei e vi animais da terra, quadrúpedes, e feras, e répteis, e aves do céu.
7 ထို့နောက် ပေတရု၊ ထလော့၊ သတ်၍စားလော့ဟု ငါ့အား ပြောဆိုနေသော အသံတစ်ခုကိုလည်း ငါကြားရ၏။-
7 E ouvi uma voz que me dizia: Levanta-te, Pedro! Mata e come.
8 သို့သော်လည်း ငါက မဖြစ်နိုင်ပါ၊ သခင်ဘုရား။ အကြောင်းမူကား မစင်ကြယ်သော၊ ညစ် ညူးသောအရာတစ်စုံတစ်ခုမျှ တပည့်တော်၏ ပါးစပ်အတွင်းသို့ မဝင်ဖူးပါဟု ပြန်ပြောခဲ့၏။-
8 Mas eu disse: De maneira nenhuma, Senhor; pois nunca em minha boca entrou coisa alguma comum ou imunda.
9 သို့ရာတွင် ကောင်းကင်မှအသံက ဘုရားသခင် သန့်ရှင်းစင်ကြယ်စေပြီးသော အရာကို ညစ်ညူးသည်ဟူ၍ သင်မဆို လေနှင့်ဟု ထပ်မံဖြေဆိုလေ၏။-
9 Mas a voz respondeu-me do céu segunda vez: Não chames tu comum ao que Deus purificou.
10 ဤကဲ့သို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးလျှင် ၎င်းတို့အားလုံးကို ကောင်းကင်သို့ ပြန်လည်ဆွဲတင်သွားလေ၏။-
10 E sucedeu isto por três vezes; e tudo tornou a recolher-se no céu.
11 ထိုအချိန်၌ပင် ဆီဇားရိယမြို့မှ ငါ့ထံသို့ စေလွှတ်သော လူသုံးဦးတို့သည် ငါတို့ရှိသောအိမ်သို့ ရောက်လာကြ၏။-
11 E eis que, na mesma hora, pararam junto da casa em que eu estava três varões que me foram enviados de Cesareia.
12 ဝိညာဉ်တော်သည်လည်း ငါ့အား လူမျိုးခွဲခြားခြင်းမပြုဘဲ သူတို့နှင့်အတူ လိုက်ပါသွားရန် မိန့်တော်မူခဲ့၏။ ဤညီအစ်က ိုခြောက်ဦးသည်လည်း ငါနှင့်အတူ လိုက်ပါခဲ့ကြ၍ ငါတို့သည် ထိုသူ၏အိမ်သို့ ဝင်ခဲ့ကြ၏။-
12 E disse-me o Espírito que fosse com eles, nada duvidando; e também estes seis irmãos foram comigo, e entramos em casa daquele varão.
13 ထိုသူကလည်း ကောင်းကင်တမန်တော်တစ်ပါးသည် သူ၏အိမ်တွင်ရပ်လျက် ဂျော့ပါမြို့သို့လူစေလွှတ်၍ ပေတရုဟု ခေါ်သောစီမွန်ကို ခေါ်ဖိတ်လော့။-
13 E contou-nos como vira em pé um anjo em sua casa, e lhe dissera: Envia varões a Jope e manda chamar a Simão, que tem por sobrenome Pedro,
14 သူသည် သင်နှင့် သင်၏မိသားစုအားလုံး ကယ်တင်ခြင်းရစေမည့် သတင်းစကားကို သင်တို့အား ဟောပြောလိမ့်မည်ဟု မိန့်ဆိုသည်ကို မြင်ခဲ့ရကြောင်း ငါတို့အား ပြောပြခဲ့၏။-
14 o qual te dirá palavras com que te salves, tu e toda a tua casa.
15 ငါသည်လည်း သူတို့ကို စတင်၍ ဟောပြောသည်နှင့် ဝိညာဉ်တော်မြတ်သည် အစကနဦးက ငါတို့အပေါ်သို့ ဆင်းကြွသကဲ့သို့ သူတို့အပေါ်သို့လည်း ဆင်းကြွတော် မူခဲ့၏။-
15 E, quando comecei a falar, caiu sobre eles o Espírito Santo, como também sobre nós ao princípio.
16 ထိုအခါ ငါသည် သခင်ဘုရား၏ နှုတ်တော်ထွက်စကားတို့ကို ပြန်လည်သတိရခဲ့၏။ ကိုယ်တော်က ယောဟန်သည် ရေဖြင့်ဆေးကြောခဲ့၏။ သင်တို့မူကား ဝိညာဉ် တော်မြတ်အားဖြင့် ဆေးကြောခြင်းခံရလိမ့်မည်ဟု မိန့် တော်မူခဲ့၏။-
16 E lembrei-me do dito do Senhor, quando disse: João certamente batizou com água, mas vós sereis batizados com o Espírito Santo.
17 ငါတို့သည် ယေဇူးခရစ်တော်သခင်ကို ယုံကြည်သောအခါ ငါတို့အား ဘုရားသခင် ပေးသနားတော်မူခဲ့သည့် တူညီသော ကျေးဇူးတော်ကို ကိုယ်တော်သည် သူတို့အားလည်း ပေးတော်မူပါလျှင် ငါသည် မည်ကဲ့သို့သောသူဖြစ်၍ ဘုရားသခင်ကို တားဆီးနိုင်ပါမည်နည်းဟု ဆိုလေ၏။
17 Portanto, se Deus lhes deu o mesmo dom que a nós, quando cremos no Senhor Jesus Cristo, quem era, então, eu, para que pudesse resistir a Deus?
18 သူတို့သည်လည်း ဤစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြလေ၏။ ထို့နောက် သူတို့က ဘုရားသခင်သည် ထာ၀ရအသက်ပေးသော နောင်တ တရားကို လူမျိုးခြားတို့အားလည်း ပေးသနားတော်မူပေသည် ဟုဆိုကြ၍ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလေ၏။
18 E, ouvindo estas coisas, apaziguaram-se e glorificaram a Deus, dizendo: Na verdade, até aos gentios deu Deus o arrependimento para a vida.
19 စတေဖနုကိုအကြောင်းပြု၍ ပေါ်ပေါက်လာသော နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် နေရာအနှံ့ ကွဲလွင့်သွားကြသော သူတို့သည် ဖွေနိစိယပြည်၊ စိပရုနှင့် အန္တီယော့မြို့ များတိုင်အောင် ရောက်သွားကြပြီး ဂျူးလူမျိုးများမှတစ်ပါး အခြားမည်သူ့ကိုမျှ နှုတ်တော်ထွက်စကားကို မဟောပြောခဲ့ကြချေ။-
19 E os que foram dispersos pela perseguição que sucedeu por causa de Estêvão caminharam até à Fenícia, Chipre e Antioquia, não anunciando a ninguém a palavra senão somente aos judeus.
20 သို့သော် ထိုသူတို့ထဲမှ စိပရုနှင့်ဆီရီနေပြည်သားအချို့တို့သည် အန္တီယော့မြို့သို့ ရောက်လာကြပြီးလျှင် ဂရိလူမျိုး တို့ကိုလည်း စတင်သွန်သင်ကြလျက် သူတို့အား ယေဇူးသခင်၏အကြောင်းကို ဟောပြောကြလေ၏။-
20 E havia entre eles alguns varões de Chipre e de Cirene, os quais, entrando em Antioquia, falaram aos gregos, anunciando o Senhor Jesus.
21 သခင်ဘုရား၏ လက်တော်သည်လည်း သူတို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍ ယုံကြည်သောသူများစွာတို့သည် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။-
21 E a mão do Senhor era com eles; e grande número creu e se converteu ao Senhor.
22 ဤသတင်းသည် ဂျေရုဆလင်မြို့ရှိ အသင်းတော်သို့ ရောက်သဖြင့် တမန်တော်တို့သည် ဘာနဘကို အန္တီယော့မြို့သို့ စေလွှတ်ကြ၏။-
22 E chegou a fama destas coisas aos ouvidos da igreja que estava em Jerusalém; e enviaram Barnabé até Antioquia,
23 သူသည် ရောက်လာ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို တွေ့မြင်သောအခါ ဝမ်းမြောက်လေ၏။ ထို့နောက် သူသည် သူတို့အားလုံးအား တည်ကြည်မြဲမြံသော ခံယူချက်ဖြင့် သခင်ဘုရားကို ဆက်လက်သစ္စာရှိကြရန် တိုက်တွန်းနှိုးဆော်လေ၏။-
23 o qual, quando chegou e viu a graça de Deus, se alegrou e exortou a todos a que, com firmeza de coração, permanecessem no Senhor.
24 အဘယ်ကြောင့်ဆိုသော် သူသည် သူတော်ကောင်းတစ်ယောက်ဖြစ်ကာ ဝိညာဉ်တော်မြတ်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း ပြည့်စုံသောသူဖြစ်၏။ များစွာသော လူတို့သည်လည်း သခင်ဘုရား၏အသင်းတော်သို့ ထပ်မံ ဝင်ရောက်လာကြ၏။-
24 Porque era homem de bem e cheio do Espírito Santo e de fé. E muita gente se uniu ao Senhor.
25 သို့ဖြစ်၍ ဘာနဘသည် ဆောလုကိုရှာရန် တာဆုမြို့သို့ သွားလေ၏။-
25 E partiu Barnabé para Tarso, a buscar Saulo; e, achando-o, o conduziu para Antioquia.
26 သူသည် ဆောလုကိုတွေ့လျှင် သူ့အား အန္တီယော့မြို့သို့ ခေါ်ဆောင်လာခဲ့၏။ သူတို့သည် အသင်းတော်နှင့်အတူ တစ်နှစ်ပတ်လုံးရှိ၍ လူအမြောက်အမြားကို သွန်သင်ကြသဖြင့် အန္တီယော့မြို့တွင် တပည့်တော်တို့ကို ခရစ်ယာန်များဟူ၍ ပထမဆုံး အကြိမ်ခေါ်ဝေါ် ကြလေ၏။
26 E sucedeu que todo um ano se reuniram naquela igreja e ensinaram muita gente. Em Antioquia, foram os discípulos, pela primeira vez, chamados cristãos.
27 ထိုနေ့ရက်များတွင် ပရောဖက်တို့သည် ဂျေရုဆလင်မြို့မှ အန္တီယော့မြို့သို့ရောက်လာကြ၏။-
27 Naqueles dias, desceram profetas de Jerusalém para Antioquia.
28 ထိုသူတို့ထဲမှ အာဂါဘုဟုခေါ်သော သူတစ်ယောက်သည် ထ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ကြီးစွာသော ငတ်မွတ်ခေါင်းပါးခြင်း ကျရောက်လိမ့်မည်ဟု ဝိညာဉ်တော်၏နှိုးဆော်မှုဖြင့် ကြိုတင်ဟောပြောခဲ့ပြီး ထိုအမှုသည် ကလောဒီဦးဘုရင်လက်ထက်တွင် ဖြစ်ပေါ်ခဲ့၏။-
28 E, levantando-se um deles, por nome Ágabo, dava a entender, pelo Espírito, que haveria uma grande fome em todo o mundo, e isso aconteceu no tempo de Cláudio César.
29 တပည့်တော်တို့သည်လည်း လူတိုင်းမိမိတို့ တတ်နိုင်သည့်အတိုင်းအတာဖြင့် ဂျူဒေးယပြည်တွင် နေထိုင်ကြသော ညီအစ်ကိုများအား ကူညီထောက်ပံ့မှု ပို့ပေးကြရန် ဆုံးဖြတ်ကြလေ၏။-
29 E os discípulos determinaram mandar, cada um conforme o que pudesse, socorro aos irmãos que habitavam na Judeia.
30 ထိုသို့ ဆုံးဖြတ်ကြသည့်အတိုင်း သူတို့သည် ကူညီထောက်ပံ့မှုကို ဘာနဘနှင့် ဆောလုတို့၏ လက်မှတစ်ဆင့် ခေါင်းဆောင် များထံသို့ ပေးပို့ကြလေ၏။
30 O que eles com efeito fizeram, enviando-o aos anciãos por mão de Barnabé e de Saulo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.