Apocalipse 8
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 သိုးငယ်တော်သည် သတ္တမချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ ကောင်းကင်၌ နာရီဝက်ခန့် တိတ်ဆိတ်သွားလေ၏။-
1 Quando, enfim, abriu o sétimo selo, fez-se silêncio no céu cerca de meia hora.
2 ထို့နောက် ဘုရားသခင်၏ ရှေ့တော်၌ရပ်နေသော ကောင်းကင်တမန်တော်ခုနစ်ပါးအား တံပိုးခရာခုနစ်ခု ပေးအပ်သည်ကို ငါမြင်ရ၏။-
2 Eu vi os sete Anjos que assistem diante de Deus. Foram-lhes dadas sete trombetas.
3 အခြားတမန်တော်တစ်ပါးသည်လည်း ရွှေလော်ဗန်ကိုကိုင်လျက် လာ၍ ယဇ်ပလ္လင်ရှေ့၌ ရပ်လေ၏။ ထို့နောက် သူတော်စင်များ၏ ဆုတောင်းပတ္တနာများနှင့်ပေါင်းစပ်၍ ပလ္လင်တော်ရှေ့တွင်ရှိသော ရွှေယဇ်ပလ္လင်ပေါ်၌ ပူဇော်ရန် များစွာသော လော်ဗန်မှုန့်ကို သူ့အားပေးလေ၏။-
3 Adiantou-se outro anjo e pôs-se junto ao altar, com um turíbulo de ouro na mão. Foram-lhe dados muitos perfumes, para que os oferecesse com as orações de todos os santos no altar de ouro, que está adiante do trono.
4 ထိုအခါ သူတော်စင်တို့၏ ဆုတောင်းပတ္ထနာများသည်ကောင်း ကင်တမန်တော်၏လက်ထဲရှိ လော်ဗန်အခိုးအငွေ့များ နှင့်အတူ ဘုရားသခင်၏ ရှေ့တော်မှောက်သို့ တက်လေ၏။-
4 A fumaça dos perfumes subiu da mão do anjo com as orações dos santos, diante de Deus.
5 ထို့နောက် ကောင်းကင်တမန်တော်သည် လော်ဗန်ခွက်ကိုယူပြီးလျှင် ယဇ်ပလ္လင်မှမီးခဲများဖြင့် ပြည့်စေပြီးမှ ၎င်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။ တစ်ချိန်တည်းတွင်ပင် မိုးထစ်ချုန်း၍ ကျယ်လောင်သောအသံများ ထွက်ပေါ်လာပြီး လျှပ်စီးများလက်ကာ မြေငလျင်လှုပ်လေ၏။
5 Depois disso, o anjo tomou o turíbulo, encheu-o de brasas do altar e lançou-o por terra; e houve trovões, vozes, relâmpagos e terremotos.
6 ဤတွင် တံပိုးခရာခုနစ်ခုကို ကိုင်ဆောင်ထားသော ကောင်းကင်တမန်တော်ခုနစ်ပါးသည် ထိုတံပိုးခရာတို့ကိုမှုတ်ရန် အသင့်ပြင်ဆင်ကြ၏။
6 Então os sete Anjos, que tinham as trombetas, prepararam-se para tocar.
7 ပထမကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သည့်အခါ သွေးနှင့်ရောနေသော မီးနှင့်မိုးသီးတို့သည် မြေပေါ်သို့ကျလာကြပြီး ကမ္ဘာမြေကြီး၏ သုံးပုံတစ်ပုံ၊ သစ်ပင်များ၏ သုံးပုံတစ်ပုံနှင့် စိမ်းလန်းသော မြက်ပင်ရှိသမျှတို့သည် လောင်ကျွမ်းသွားကြလေ၏။
7 O primeiro anjo tocou. Saraiva e fogo, misturados com sangue, foram lançados à terra; e queimou-se uma terça parte da terra, uma terça parte das árvores e toda erva verde.
8 ဒုတိယကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ မီးတောက်လောင်နေသော ကြီးမားသော တောင်နှင့်တူသည့် အရာဝတ္ထုတစ်ခုသည် ပင်လယ်ထဲသို့ ပစ်ချခြင်းခံရလေ၏။-
8 O segundo anjo tocou. Caiu então no mar como que grande montanha, ardendo em fogo, e transformou-se em sangue uma terça parte do mar,
9 ထိုအခါ ပင်လယ်၏ သုံးပုံတစ်ပုံသည် သွေးအတိဖြစ်သွားပြီး ပင်လယ်ထဲရှိ သက်ရှိသတ္တဝါတို့၏ သုံးပုံတစ်ပုံတို့သည်လည်း သေကြေ၍ သုံးပုံတစ်ပုံသော သင်္ဘောတို့သည် ပျက်စီးကြကုန်၏။
9 morreu uma terça parte das criaturas que estavam no mar e pereceu uma terça parte dos navios.
10 တတိယကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ တောက်ပစွာထွန်းလင်းနေသည့် မီးရှူးတိုင်ကဲ့သို့သော ကြယ်ကြီးတစ်လုံးသည် ကောင်းကင်မှကြွေကျပြီး မြစ်များ၏သုံးပုံတစ်ပုံနှင့် စမ်းအိုင်များပေါ်သို့ ကျလေ၏။-
10 O terceiro anjo tocou a trombeta. Caiu então do céu uma grande estrela a arder como um facho; caiu sobre a terça parte dos rios e sobre as fontes.
11 ကြယ်ကြီး၏အမည်ကား ခါးသီးခြင်းဟုခေါ်တွင်လေ၏။ ရေ၏သုံးပုံတစ်ပုံသည် ခါးသီးသောရေအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုအခါရေသည် လွန်စွာခါးသောကြောင့် များစွာသောလူတို့သည် သေဆုံးကြကုန်၏။
11 O nome da estrela era Absinto. Assim, uma terça parte das águas transformou-se em absinto e muitos homens morreram por ter bebido dessas águas envenenadas.
12 စတုတ္ထကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ နေ၏သုံးပုံတစ်ပုံ၊ လ၏သုံးပုံတစ်ပုံနှင့် ကြယ်တို့၏သုံးပုံတစ်ပုံတို့ကို ထိခိုက်ပျက်စီးစေသဖြင့် သုံးပုံတစ်ပုံသော အလင်းရောင်သည်မှောင် မိုက်သွားလေ၏။ နေ့၏ သုံးပုံတစ်ပုံသည် အလင်းပျောက်ကွယ်၍ ည၏သုံးပုံတစ်ပုံသည်လည်း ထိုနည်းတူပင်ဖြစ်လေ၏။
12 O quarto anjo tocou. Foi atingida então uma terça parte do sol, da lua e das estrelas, de modo que se obscureceram em um terço; e o dia perdeu um terço da claridade, bem como a noite.
13 ထို့နောက် ငါသည် ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ပျံသန်းနေသည့် လင်းယုန်တစ်ကောင်၏ ကျယ်လောင်သော အော်ဟစ်သံကို ကြားရ၏။ ထိုအသံက ဆိုသည်ကား ကျန်ရှိနေသော ကောင်းကင်တမန်တော်သုံးပါးတို့ မှုတ်တော့မည့် အခြားသော တံပိုးခရာသံများကို ကြားရလျှင် မြေကြီးသားအပေါင်းတို့၌ ဘေးဒုက္ခရောက်လေပြီ၊ ဘေးဒုက္ခရောက်လေပြီ၊ ဘေးဒုက္ခရောက်လေပြီ ဟူ၍ဖြစ်သတည်း။
13 A esta altura de minha visão, eu ouvi uma águia que voava pelo meio dos céus, clamando em alta voz: Ai, ai, ai dos habitantes da terra, por causa dos restantes sons das trombetas dos três Anjos que ainda vão tocar.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.