Apocalipse 6

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ဤတွင် သိုးငယ်တော်သည် ချိပ်တံဆိပ်ခုနစ်ခုထဲမှတစ်ခုကို ဖွင့်သည်ကို ငါမြင်ရ၏။ ထိုအခိုက် သက်ရှိသတ္တဝါလေးဦး ထဲတွင် တစ်ဦးက မိုးခြိမ်းသံနှင့် တူသောအသံဖြင့် လာလော့ဟုပြောသည်ကို ငါကြားရ၏။-
1 Vi quando o Cordeiro quebrou o primeiro dos sete selos e ouvi um dos quatro seres viventes dizendo, como se fosse som de trovão: — Venha!
2 ထို့နောက် မြင်းဖြူတစ်ကောင်နှင့် လေးမြားကိုင်ဆောင်ထားသော မြင်းစီးသူရဲကို ငါမြင်ရ၏။ ထိုသူသည် သရဖူကိုခံယူပြီး အောင်ပွဲအဆင့်ဆင့်ခံရန် ထွက်ခွာသွားလေ၏။
2 Vi, então, e eis um cavalo branco. O seu cavaleiro tinha um arco, e foi-lhe dada uma coroa. E ele saiu vencendo e para vencer.
3 ၊ သိုးငယ်တော်သည် ဒုတိယချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ ဒုတိယသက်ရှိသတ္တဝါက လာလော့ဟု ဆိုသည်ကို ငါကြားရ၏။-
3 Quando o Cordeiro quebrou o segundo selo, ouvi o segundo ser vivente dizendo: — Venha!
4 ထိုအခါ နီရဲတောက်ပြောင်သော အခြားမြင်းတစ်ကောင်ထွက်လာ၏။ မြင်းစီးသူရဲသည်ကား လူသားအချင်းချင်း သတ်ဖြတ်ကြရန် ကမ္ဘာမြေပေါ်ရှိ ငြိမ်းချမ်းသာယာခြင်းကို ပယ်ဖျက်ပိုင်ခွင့်ရရှိထား၏။ ကြီးမားသော ဓားတစ်လက်ကိုလည်း သူ့အား ပေးအပ်ထားလေ၏။
4 E saiu outro cavalo, que era vermelho. E ao seu cavaleiro foi dado poder para tirar a paz da terra e fazer com que os homens matassem uns aos outros. Também lhe foi dada uma grande espada.
5 သိုးငယ်တော်သည် တတိယချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ တတိယသက်ရှိသတ္တဝါက လာလော့ဟု ဆိုသည်ကို ငါကြားရ၏။ ထိုအခါ မြင်းနက်ကြီးတစ်ကောင်ကို ငါမြင်ရ၏။ မြင်းစီးသူရဲသည်ကား လက်တွင် ချိန်ခွင်ကိုကိုင်ထား၏။-
5 Quando o Cordeiro quebrou o terceiro selo, ouvi o terceiro ser vivente dizendo: — Venha! Então olhei, e eis um cavalo preto e o seu cavaleiro com uma balança na mão.
6 ထို့နောက် သက်ရှိသတ္တဝါလေးဦးတို့အလယ်မှ ထွက်ပေါ်လာသည်ဟု ထင်ရသောအသံကို ငါကြားရ၏။ ယင်းက ဆိုသည်မှာ ဂျုံတစ်စိတ်ကို ဒေနာရီတစ်ပြား၊ ဘာလီဂျုံသုံးစိတ်ကို ဒေနာရီတစ်ပြား ပေးရ၏။ သို့သော် ဆီနှင့်စပျစ်ရည်တို့ကို မဖျက်ဆီးနှင့် ဟူ၍ဖြစ်၏။
6 E ouvi o que parecia uma voz no meio dos quatro seres viventes dizendo: — Uma medida de trigo por um denário; três medidas de cevada por um denário; e não danifique o azeite e o vinho.
7 သိုးငယ်တော်သည် စတုတ္ထချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ စတုတ္ထသက်ရှိသတ္တဝါက လာလော့ဟု ဆိုသောအသံကို ငါကြားရ၏။-
7 Quando o Cordeiro quebrou o quarto selo, ouvi a voz do quarto ser vivente dizendo: — Venha!
8 ထို့နောက် အရောင်ဖျော့သော မြင်းတစ်ကောင်ကို ငါမြင်ရ၏။ မြင်းစီးသူရဲမှာ သေခြင်းဟု အမည်တွင်၍ သူ၏နောက်တွင် မရဏနိုင်ငံလိုက်ပါလာ၏။ လူတို့အား ဓားလက်နက်ဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဖြင့်လည်းကောင်း၊ ကပ်ရောဂါဖြင့်လည်းကောင်း၊ မြေပေါ်ရှိသားရဲတိရစ္ဆာန်တို့အားဖြင့်လည်းကောင်း သတ်ဖြတ်စေရန် ကမ္ဘာမြေကြီး၏လေးပုံ တစ်ပုံကို သူတို့၏လက်တွင်းသို့ ပေးအပ်ထားလေ၏။
8 Vi, então, e eis um cavalo amarelo. O seu cavaleiro se chamava Morte, e o inferno o estava seguindo. E lhes foi dada autoridade sobre a quarta parte da terra para matar à espada, pela fome, com a mortandade e por meio dos animais selvagens da terra.
9 သိုးငယ်တော်သည် ပဉ္စမချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါတွင် ဘုရားသခင်၏ နှုတ်တော်ထွက်စကားအတွက်ကြောင့် လည်းကောင်း၊ ယင်းကို သက်သေခံသောကြောင့်လည်းကောင်း အသတ်ခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်ရ၏။-
9 Quando o Cordeiro quebrou o quinto selo, vi, debaixo do altar, as almas daqueles que tinham sido mortos por causa da palavra de Deus e por causa do testemunho que deram.
10 ထိုသူတို့က အလုံးစုံကိုစိုးပိုင်တော်မူသောသခင်၊ သန့်ရှင်းမြင့်မြတ်၍ မှန်ကန်တော်မူသောအရှင်၊ အကျွန်ုပ်တို့ သွေးမြေ ကျရခြင်းအတွက် ကမ္ဘာပေါ်တွင်နေထိုင်သူတို့အား တရားစီရင်ပြီး ဒဏ်ခတ်ရန် မည်မျှကြာဦးမည်နည်းဟု ကျယ်သောအသံနှင့် ဟစ်အော်ကြ၏။-
10 Clamaram com voz forte, dizendo: — Até quando, ó Soberano Senhor, santo e verdadeiro, não julgas, nem vingas o nosso sangue dos que habitam sobre a terra?
11 ထိုအခါ သူတို့သည် ဝတ်ရုံဖြူတစ်ထည်စီရရှိကြပြီးလျှင် သူတို့ကဲ့သို့ အသတ်ခံရမည့် သူတို့၏အဖော်အစေခံများနှင့် သူတို့၏ ညီအစ်ကိုများ စုံလင်စွာရောက်ရှိလာသည့်တိုင်အောင် ခေတ္တစောင့်ငံ့ကြရန် မှာကြားထားခြင်းခံကြရ၏။
11 Então a cada um deles foi dada uma veste branca, e lhes foi pedido que repousassem ainda por pouco tempo, até que também se completasse o número dos seus conservos e seus irmãos que iam ser mortos como eles tinham sido.
12 ထို့နောက် ငါကြည့်၍နေစဉ် သိုးငယ်တော်သည် ဆဋ္ဌမချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ ငလျင်ပြင်းထန်စွာ လှုပ်လေ၏။ နေသည် လျှော်တေအဝတ်ကဲ့သို့ မည်းညစ်လျက်ရှိပြီး လပြည့်ဝန်းသည်လည်း သွေးကဲ့သို့ နီရဲနေလေ၏။-
12 Vi quando o Cordeiro quebrou o sexto selo. Houve um grande terremoto, o sol se tornou negro como pano de saco feito de crina, a lua ficou toda vermelha como sangue,
13 သဖန်းပင်မှ အသီးစိမ်းများကို လေပြင်းလှုပ်ခါ၍ အသီးများကြွေကျသကဲ့သို့ ကောင်းကင်မှကြယ်တို့သည်လည်း မြေပေါ်သို့ ကြွေကျကြ၏။-
13 as estrelas do céu caíram sobre a terra, como a figueira deixa cair os seus figos verdes quando sacudida por um vento forte,
14 ကောင်းကင်သည်လည်း စာလိပ်တစ်လိပ်ကို လိပ်ယူလိုက်သကဲ့သို့ ပျောက်ကွယ်သွားလေ၏။ တောင်တန်းများနှင့် ကျွန်းရှိ သမျှတို့သည် မိမိတို့တည်ရှိရာနေရာမှ ရွေ့လျားသွားကြ၏။
14 e o céu recolheu-se como um pergaminho quando se enrola. Então todos os montes e as ilhas foram movidos do seu lugar.
15 ထိုအခါ ကမ္ဘာမြေပေါ်ရှိ ရှင်ဘုရင်များ၊ အုပ်ချုပ်သူလူကြီးများ၊ စစ်သူကြီးများ၊ သူဋ္ဌေးသူကြွယ်များ၊ ခွန်အားကြီး သူများနှင့်အတူ ကျေးကျွန်နှင့် လွတ်လပ်သူရှိသမျှတို့သည် လိုဏ်ဂူများနှင့် တောင်တန်းများပေါ်ရှိ ကျောက်ဆောင်များ အကြားတွင် ပုန်းအောင်းနေကြလျက်၊-
15 Os reis da terra, os grandes, os comandantes, os ricos, os poderosos e todo escravo e todo livre se esconderam nas cavernas e nos penhascos dos montes
16 တောင်တန်းများနှင့် ကျောက်ဆောင်တို့ထံသို့ ကြွေးကြော်ကြသည်ကား ငါတို့အပေါ်သို့ ပြိုကျကြပါလော့၊ ငါတို့အား ပလ္လင်တော်ပေါ်တွင် စံပယ်တော်မူသောအရှင်၏ မျက်နှာတော်မှလည်းကောင်း၊ သိုးငယ်တော်၏ အမျက်တော်မှလည်းကောင်း ဖုံးကွယ်ပေးကြပါလော့။-
16 e disseram aos montes e aos rochedos: — Caiam sobre nós e nos escondam da face daquele que está sentado no trono e da ira do Cordeiro!
17 အဘယ်ကြောင့်ဆိုသော် ထိုအရှင်တို့၏ အမျက်တော်သင့်သောနေ့ကြီး ကျရောက်လာပြီဖြစ်၍ ယင်းကို မည်သူခံနိုင်မည် နည်းဟူ၍ဖြစ်လေ၏။
17 Porque chegou o grande Dia da ira deles, e quem poderá subsistir?

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.