Apocalipse 22
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH
1 ထို့နောက် ကောင်းကင်တမန်တော်သည် ငါ့အား ဘုရားသခင်နှင့် သိုးငယ်တော်၏ပလ္လင်တော်မှ စီးဆင်းလာသည့် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပသော အသက်ရေ၏မြစ်ကို ပြလေ၏။-
1 O anjo também me mostrou o rio da água da vida, brilhante como cristal, que sai do trono de Deus e do Cordeiro
2 ထိုမြစ်သည် မြို့တော်လမ်းအလယ်တစ်လျှောက် စီးဆင်းလေ၏။ မြစ်ကမ်းတစ်ဖက်တစ်ချက်စီတွင်လည်း မိမိ၏အသီး တစ်ဆယ့်နှစ်မျိုးကို လစဉ်တစ်မျိုးစီသီးပေးသော အသက်ပင်ရှိ၏။ ထိုအပင်၏အရွက်များသည် လူမျိုးအပေါင်းတို့၏ အနာရောဂါပျောက်ကင်းစေရန်အတွက်ဖြစ်၏။-
2 e que passa no meio da rua principal da cidade. Em cada lado do rio está a árvore da vida, que dá doze frutas por ano, isto é, uma por mês. E as suas folhas servem para curar as nações.
3 ကျိန်ဆိုခြင်းခံရသောအရာ တစ်စုံတစ်ခုမျှ ထိုအရပ်တွင် ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့် သိုးငယ်တော်၏ ပလ္လင်တော်သာလျှင် ထိုမြို့၌ တည်ရှိမည်ဖြစ်၍ ကိုယ်တော်၏အစေခံတို့သည် ကိုယ်တော့်ကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။-
3 E não haverá na cidade nada que esteja debaixo da maldição de Deus. O trono de Deus e do Cordeiro estará na cidade, e os seus
4 သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို ဖူးမြင်ရ၍ သူတို့၏နဖူးများပေါ်တွင် ကိုယ်တော်၏နာမတော်ကို ရေးထိုးထားလိမ့်မည်။-
4 Verão o seu rosto, e na testa terão escrito o nome de Deus.
5 ထိုမြို့၌ ညအချိန် ရှိလိမ့်မည်မဟုတ်။ သူတို့သည် ဆီမီး၊ သို့မဟုတ် နေမှ အလင်းရောင်ကိုလည်း လိုအပ်ကြလိမ့်မည်မဟုတ်။ အကြောင်းမူကား ထာ၀ရအရှင် ဘုရားသခင်သည် သူတို့၏ အလင်းဖြစ်တော်မူလိမ့်မည်။ သူတို့သည်လည်း ကာလ အဆက်ဆက် အုပ်စိုးကြလိမ့်မည်။
5 Ali não haverá mais noite, e não precisarão nem da luz de candelabros nem da luz do sol, pois o Senhor Deus brilhará sobre eles. E reinarão para todo o sempre.
6 ထို့နောက် ကောင်းကင်တမန်တော်က ငါ့အား ဤစကားများသည် မှန်ကန်သောသစ္စာစကားများ ဖြစ်ကြ၏။ ပရောဖက်တို့အား လှုံ့ဆော်တော်မူသည့်ဘုရား သခင်တည်းဟူသော ထာ၀ရဘုရားသခင်သည် မကြာမီ ဖြစ်လတ္တံ့သော အကြောင်းအရာများကို မိမိ၏အစေခံတို့ အားဖော်ပြရန် ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။-
6 Então o anjo me disse: — Essas palavras são verdadeiras e merecem confiança. O Senhor Deus, que dá o seu Espírito aos
7 ကြည့်လော့၊ ငါသည် မကြာမီကြွလာမည် ဟုဆိုလေ၏။ ဤကျမ်းစောင်၏ဗျာဒိတ်စကားတို့ကို လိုက်နာ စောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏။
7 — Escutem! — diz Jesus. — Eu venho logo! Felizes os que obedecem às palavras
8 ငါယောဟန်သည်ကား ဤအဖြစ်အပျက်များကို မြင်ခဲ့ကြားခဲ့ရသောသူဖြစ်၏။ ငါသည် ဤအကြောင်းအရာများကို မြင်ရကြားရသောအခါ ယင်းတို့ကို ငါ့အားပြသသော ကောင်းကင်တမန်တော်ကို ရှိခိုးကိုးကွယ်ရန် သူ၏ခြေရင်း၌ ပျပ်ဝပ်လိုက်လေ၏။-
8 Eu, João, ouvi e vi todas essas coisas. E, quando acabei de ouvir e ver, caí de joelhos aos pés do anjo que me mostrou essas coisas e ia adorá-lo.
9 သို့သော် သူက ဤသို့မပြုနှင့်။ ငါသည် သင်နှင့်သင်၏ညီအစ်ကို ပရောဖက်များနှင့်အတူ ဤကျမ်းစောင်တွင် ပါဝင်သည့် ဗျာဒိတ်တော်များကို လိုက်နာစောင့်ထိန်းကြသော သူတို့၏လုပ်ဖော်ကိုင်ဖက် အစေခံတစ်ဦးမျှသာဖြစ်၏။ ဘုရားသခင်တစ်ပါး တည်းကိုသာ ရှိခိုးကိုးကွယ်လော့ဟု ငါ့အား ဆိုလေ၏။
9 Mas ele me disse: — Não faça isso! Pois eu sou servo de Deus, assim como são você e os seus irmãos, os profetas, e todas as pessoas que obedecem às palavras deste livro. Adore a Deus!
10 ထို့နောက် သူက ငါ့အား ဆိုသည်ကား ဤကျမ်းစောင်၏ ဗျာဒိတ်စကားတို့ကို ချိပ်ပိတ်မထားလေနှင့်။ အကြောင်းမူကား ဖြစ်ပျက်မည့်အချိန်သည် နီးကပ်လာပြီ။-
10 E o anjo continuou: — Não faça segredo das palavras proféticas deste livro, pois o tempo de acontecerem essas coisas está perto.
11 မကောင်းမှုကိုပြုလုပ်သောသူသည် ထိုမကောင်းမှုကို ဆက်လက်ပြုလုပ်ပါစေ။ ဆိုးညစ်သောသူသည် ဆိုးညစ်သောအမှုကို ဆက်လက်ပြုလုပ်ပါစေ။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ရာကို ဆက်လက်ဆောင်ရွက်ပါစေ။ သန့်ရှင်းမြင့်မြတ်သူ သည်လည်း ဆက်လက်၍ သန့်ရှင်းမြင့်မြတ်ပါစေဟူ၍ဖြစ်၏။
11 Quem é mau, que continue a fazer o mal, e quem é imundo, que continue a ser imundo. Quem é bom, que continue a fazer o bem, e quem é dedicado a Deus, que continue a ser dedicado a Deus.
12 ကြည့်လော့၊ ငါသည် မကြာမီကြွလာမည်။ ငါသည် လူတစ်ဦးစီအား ၎င်းတို့ပြုမူကျင့်ကြံခဲ့သည့်အတိုင်း ပြန်လည် ပေးသနားရန် ဆုလာဘ်ကို ယူဆောင်လာမည်။-
12 — Escutem! — diz Jesus. — Eu venho logo! Vou trazer comigo as minhas recompensas, para dá-las a cada um de acordo com o que tem feito.
13 ငါသည် အာလ်ဖာနှင့် အိုမီဂါဖြစ်၏။ ပထမနှင့် နောက်ဆုံး၊ အစနှင့် အဆုံးလည်းဖြစ်၏။
13 Eu sou o
14 မိမိတို့၏ဝတ်ရုံများကို ဆေးကြောသန့်စင်သော သူတို့သည် မင်္ဂလာရှိကြ၏။ သူတို့သည် အသက်ပင်၏ အသီးကို ရပိုင်ခွင့်နှင့် မြို့တော်အတွင်းသို့ မြို့တံခါးမှ ဝင်နိုင်ခွင့်ကိုရကြလိမ့်မည်။-
14 Felizes as pessoas que lavam as suas roupas, pois assim terão o direito de comer a fruta da árvore da vida e de entrar na cidade pelos seus portões!
15 မြို့ပြင်၌မူကား ခွေးများ၊ စုန်းကဝေများ၊ ကာမဂုဏ်အမှုကိုကျူးလွန်သူများ၊ လူသတ်သမားများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်လှည့်ဖြားခြင်းကိုနှစ်သက်၍ ကျင့်ကြံကြသူများနေကြရလိမ့်မည်။
15 Mas fora da cidade estão os que cometem pecados nojentos, os feiticeiros, os imorais e os assassinos, os que adoram ídolos e os que gostam de mentir por palavras e ações.
16 ငါယေဇူးသည် အသင်းတော်များအတွက် ဤသွန်သင်ချက်များကိုပေးရန် သင်တို့ထံသို့ ငါ၏ကောင်းကင်တမန်တော်ကို စေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အမျိုးအနွယ်ဝင်ဖြစ်၍ ထွန်းလင်းတောက်ပသော မိုးသောက်ကြယ်တော်ဖြစ်၏။
16 — Eu, Jesus, enviei o meu anjo para anunciar essas coisas a vocês nas igrejas . Eu sou o famoso descendente do rei Davi. Sou a brilhante estrela da manhã.
17 ဝိညာဉ်တော်နှင့် မင်္ဂလာသတို့သမီးတို့က ကြွလာတော်မူပါဟုဆိုကြ၏။ ကြားသောသူသည်လည်း ကြွလာတော်မူပါ ဟုဆိုပါစေ။ ရေငတ်သောသူသည်လည်း လာပါစေ။ ရေငတ်သောသူသည် အသက်ရေကို အဖိုးအခမပေးဘဲ ယူပါစေ။
17 O Espírito e a Noiva dizem: — Venha! Aquele que ouve isso diga também: — Venha! Aquele que tem sede venha. E quem quiser receba de graça da água da vida.
18 ငါယောဟန်သည် ဤကျမ်းစောင်တွင်ပါသော ဗျာဒိတ်စကားတို့ကို ကြားရသူအပေါင်းတို့အား အလေးအနက် သတိပေး ပါ၏။ မည်သူမဆို ဤကျမ်းစောင်တွင်ပါရှိသော အကြောင်းအရာများကို ထပ်မံဖြည့်စွက်ပါလျှင် ဤကျမ်းစောင်တွင် ဖော်ပြထားသော ဘေးဒုက္ခများကို ဘုရားသခင်သည် ထိုသူ့အပေါ်သို့ သက်ရောက်စေတော်မူလိမ့်မည်။-
18 Eu, João, aviso solenemente aos que ouvem as palavras proféticas deste livro: se alguma pessoa acrescentar a elas alguma coisa, Deus acrescentará ao castigo dela as pragas descritas neste livro.
19 မည်သူမဆို ဤကျမ်းစောင်တွင်ပါရှိသော ဗျာဒိတ်စကားများကိုဖယ်ရှားပစ်ပါလျှင် ဤကျမ်းစောင်တွင် ဖော်ပြထားသော အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသောမြို့တော်နှင့်လည်းကောင်း သက်ဆိုင်သော သူ၏ဝေစုကို ဘုရားသခင်သည် သူ့ထံမှ ဖယ်ရှားတော်မူလိမ့်မည်။
19 E, se alguma pessoa tirar alguma coisa das palavras proféticas deste livro, Deus tirará dela as bênçãos descritas neste livro, isto é, a sua parte da fruta da árvore da vida e também a sua parte da Cidade Santa.
20 ဤအကြောင်းအရာများကို သက်သေခံသောသူက ငါသည် မကြာမီဧကန်မုချ ကြွလာမည်ဟု မိန့်တော်မူ၏။ အာမင်။ အိုယေဇူးသခင်၊ ကြွလာတော်မူပါ။
20 Aquele que dá testemunho de tudo isso diz:
21 ယေဇူးသခင်၏ ကျေးဇူးတော်သည် သူတော်သူမြတ်အပေါင်းတို့နှင့်အတူ ရှိပါစေသော်။ အာမင်။
21 E que a graça do Senhor Jesus esteja com todos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.