Apocalipse 19

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ထို့နောက် ကောင်းကင်ရှိ မြောက်မြားလှသော လူပရိသတ်ကြီး၏အသံကဲ့သို့ ကျယ်လောင်သည့်အသံကို ငါကြားရ၏။ ထိုအသံက အာလေလုယာ၊ ကယ်တင်တော်မူခြင်း၊ ဘုန်းဂုဏ်တော်နှင့် တန်ခိုးအာနုဘော်တော်တို့ကို ငါတို့၏ဘုရားသခင် ပိုင်ဆိုင်တော်မူ၏။-
1 E, depois destas coisas ouvi no céu uma grande voz de uma grande multidão, que dizia: Aleluia! A salvação, e a glória, e a honra, e o poder pertencem ao Senhor nosso Deus;
2 အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် ဖြောင့်မတ်မှန်ကန်၍ တရားမျှတသောကြောင့်ဖြစ်၏။ ကိုယ်တော်သည် ကာမဂုဏ်ကျူးလွန်သော အပြစ်များဖြင့် ကမ္ဘာမြေကြီးအား စာရိတ္တယိုယွင်းစေခဲ့သော ပြည့်တန်ဆာမကြီးကို ဒဏ်ခတ်တော်မူ၏။ မိမိအစေခံတို့၏အသွေးအတွက် ကိုယ်တော်သည် သူမကို အပြစ်ဒဏ်ခတ်တော်မူလေပြီဟုဆိုလေ၏။-
2 Porque verdadeiros e justos são os seus juízos, pois julgou a grande prostituta, que havia corrompido a terra com a sua fornicação, e das mãos dela vingou o sangue dos seus servos.
3 တစ်ဖန် သူတို့က အာလေလုယာ၊ သူမကိုလောင်ကျွမ်း၍ ထွက်လာသော မီးခိုးတို့သည် အထက်သို့ အစဉ်ထာ၀ရ လွင့်တက်လျက်ရှိလေသည်ဟု ကြွေးကြော်ကြ၏။-
3 E outra vez disseram: Aleluia! E a fumaça dela sobe para todo o sempre.
4 သက်ကြီးဝါကြီးနှစ်ဆယ့်လေးဦးနှင့် သက်ရှိသတ္တဝါလေးဦးတို့သည်လည်း ပလ္လင်တော်ပေါ်တွင် စံပယ်တော်မူသော ဘုရားသခင်အား ပျပ်ဝပ်ရှိခိုးကြလျက် အာမင်၊ အာလေလုယာဟု ရွတ်ဆိုကြလေ၏။-
4 E os vinte e quatro anciãos, e os quatro animais, prostraram-se e adoraram a Deus, que estava assentado no trono, dizendo: Amém. Aleluia!
5 ထိုအခါ ပလ္လင်တော်ပေါ်မှ အသံတစ်ခုထွက်ပေါ်လာပြီးလျှင် ဘုရားသခင်၏ အစေခံအပေါင်းတို့နှင့် ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူ ကြီးငယ်အပေါင်းတို့၊ ငါတို့၏ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့ဟု ကြွေးကြော်လေ၏။-
5 E saiu uma voz do trono, que dizia: Louvai o nosso Deus, vós, todos os seus servos, e vós que o temeis, assim pequenos como grandes.
6 ထို့နောက် များစွာသောလူပရိသတ်ကြီး၏ အသံဖြစ်ဟန်ရှိ၍ ရေများစွာစီးဆင်းသံနှင့် ပြင်းထန်သော မိုးထစ်ချုန်းသံများကဲ့သို့ သောအသံကို ငါကြားရပြီး ထိုအသံက အာလေလုယာ၊ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာ၀ရအရှင် ငါတို့၏ ဘုရားသခင်သည် စိုးစံတော်မူလေပြီ။-
6 E ouvi como que a voz de uma grande multidão, e como que a voz de muitas águas, e como que a voz de grandes trovões, que dizia: Aleluia! pois já o Senhor Deus Todo-Poderoso reina.
7 ဝမ်းမြောက်ရွှင်လန်းကြ၍ ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းထောမနာပြု ကြကုန်စို့။ အကြောင်းမူကား သိုးငယ်တော် ၏ မင်္ဂလာပွဲအချိန်ကျရောက်လေပြီ။ သိုးငယ်တော်၏ မင်္ဂလာသတို့သမီးသည်လည်း မိမိကိုယ်ကို အသင့်ပြင်ဆင်ထားလေပြီ။-
7 Regozijemo-nos, e alegremo-nos, e demos-lhe glória; porque vindas são as bodas do Cordeiro, e já a sua esposa se aprontou.
8 သူမဝတ်ဆင်စေရန် ဖြူစင်တောက်ပသော ပိတ်ချောထည်ကို ပေးထားပြီးဖြစ်သည်ဟုဆိုလေ၏။ အကြောင်းမူကား ထိုပိတ်ချောထည်သည် သူတော်သူမြတ်တို့၏ ဖြောင့်မတ်သော ကျင့်စဉ်များဖြစ်သောကြောင့်တည်း။
8 E foi-lhe dado que se vestisse de linho fino, puro e resplandecente; porque o linho fino são as justiças dos santos.
9 တစ်ဖန် ကောင်းကင်တမန်တော်က ငါ့အားဆိုသည်မှာ ဤအရာကို ရေးမှတ်လော့။ သိုးငယ်တော်၏ မင်္ဂလာညစာ စားပွဲတော်သို့ ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ ဤသည်ကား ဘုရားသခင်၏ စစ်မှန်သော နှုတ်တော်ထွက် စကားများပေတည်း ဟူ၍ဖြစ်၏။-
9 E disse-me: Escreve: Bemaventurados aqueles que são chamados à ceia das bodas do Cordeiro. E disse-me: Estas são as verdadeiras palavras de Deus.
10 ထိုအခါ ငါသည် သူ့ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လျှင် သူက ဤသို့မပြုလေနှင့်၊ ငါသည် သင်နှင့်သင်၏ ညီအစ်ကိုများကဲ့သို့ ယေဇူးကို သက်သေခံသော လုပ်ဖော်ကိုင်ဖက် အစေခံတစ်ဦးသာဖြစ်၏။ ဘုရားသခင်တစ်ပါးတည်းကိုသာ ရှိခိုးကိုးကွယ်လော့ဟု ငါ့အားဆို၏။ အကြောင်းမူကား ယေဇူး၏တရားတော်ကို ဝန်ခံခြင်းသည် ပရောဖက်တို့အား ဟောပြောခြင်းအမှုကို ပြုစေသည့် အကြောင်းရင်းပင်ဖြစ်သတည်း။
10 E eu lancei-me a seus pés para o adorar; mas ele disse-me: Olha não faças tal; sou teu conservo, e de teus irmãos, que têm o testemunho de Jesus. Adora a Deus; porque o testemunho de Jesus é o espírito de profecia.
11 ထိုအခါ ကောင်းကင်ပွင့်လှစ်လျက်ရှိ၍ မြင်းဖြူတစ်ကောင်ပေါ်လာသည်ကို ငါမြင်ရ၏။ ထိုမြင်းကိုစီးသောသူမှာ သစ္စာသမာဓိရှိသူဟူ၍ အမည်တွင်လေ၏။ သူသည် တရားမျှတစွာစီရင်၍ စစ်ခင်းသောသူဖြစ်၏။-
11 E vi o céu aberto, e eis um cavalo branco; e o que estava assentado sobre ele chama-se Fiel e Verdadeiro; e julga e peleja com justiça.
12 သူ၏မျက်စိများသည် မီးလျှံများကဲ့သို့တောက်ပလျက် သူ၏ခေါင်းပေါ်တွင် သရဖူများစွာ ဆောင်းထား၏။ သူမှတစ်ပါး မည်သူမျှမသိနိုင်သော အမည်ကိုလည်း သူ့အပေါ်၌ ရေးထွင်းထား၏။-
12 E os seus olhos eram como chama de fogo; e sobre a sua cabeça havia muitos diademas; e tinha um nome escrito, que ninguém sabia senão ele mesmo.
13 သူသည် သွေးတွင်နှစ်ထားသော ဝတ်ရုံကိုဆင်မြန်းထား၍ သူ့ကို ဘုရားသခင်၏ နှုတ်တော်ထွက်စကားဟူ၍ ခေါ်ဆိုကြ လေ၏။-
13 E estava vestido de veste tingida em sangue; e o nome pelo qual se chama é A Palavra de Deus.
14 ဖြူစင်သောပိတ်ချောထည်များကို ဝတ်ဆင်ထားသည့် ကောင်းကင်ဗိုလ်ခြေစစ်သည် အပေါင်းတို့သည်လည်း မြင်းဖြူများကိုစီးလျက် သူ၏နောက်မှလိုက်ကြ၏။-
14 E seguiam-no os exércitos no céu em cavalos brancos, e vestidos de linho fino, branco e puro.
15 တိုင်းနိုင်ငံတို့ကို ဖြိုခွင်းနှိမ်နင်းရန်အတွက် သူ၏ခံတွင်းမှထက်သော ဓားတစ်လက်ထွက်ပေါ်လာ၏။ သူသည် ထိုသူတို့ကို သံတောင်ဝှေးဖြင့် အုပ်စိုးလိမ့်မည်။ သူသည် အနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏ အမျက်တော်တည်းဟူသော စပျစ်သီးညှစ်ရာ ကျင်းတွင် စပျစ်သီးများကို နင်းချေလိမ့်မည်။-
15 E da sua boca saía uma aguda espada, para ferir com ela as nações; e ele as regerá com vara de ferro; e ele mesmo é o que pisa o lagar do vinho do furor e da ira do Deus Todo-Poderoso.
16 သူ၏ဝတ်ရုံနှင့် သူ၏ပေါင်ပေါ်တွင် ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟူသော အမည်နာမကို ရေးထားလျက်ရှိ၏။
16 E no manto e na sua coxa tem escrito este nome: Rei dos reis, e Senhor dos senhores.
17 ထို့နောက် နေထဲ၌ရပ်နေသော ကောင်းကင်တမန်တော်တစ်ပါးကို ငါမြင်ရ၏။ သူသည် ကောင်းကင်ယံ၌ ပျံသန်းနေသော ငှက်အပေါင်းတို့ကို ကျယ်လောင်သောအသံဖြင့် ခေါ်လျက်လာကြလော့၊ ဘုရားသခင်၏ စားပွဲတော်ကြီးသို့ လာရောက် စုရုံးကြလော့။-
17 E vi um anjo que estava no sol, e clamou com grande voz, dizendo a todas as aves que voavam pelo meio do céu: Vinde, e ajuntai-vos à ceia do grande Deus;
18 သင်တို့သည် ဘုရင်တို့၏အသား၊ စစ်သူကြီးများနှင့် သူရဲကောင်းတို့၏အသား၊ မြင်းများနှင့် မြင်းစီးသူရဲတို့၏အသား၊ လွတ် လပ်သူနှင့် ကျွန်တို့၏အသား၊ ကြီးသူနှင့်ငယ်သူတို့၏ အသားများကို စားကြရလိမ့်မည်ဟုဆိုလေ၏။
18 Para que comais a carne dos reis, e a carne dos tribunos, e a carne dos fortes, e a carne dos cavalos e dos que sobre eles se assentam; e a carne de todos os homens, livres e servos, pequenos e grandes.
19 ထိုအခါ သတ္တဝါကြီးနှင့် ကမ္ဘာပေါ်ရှိဘုရင်များသည် သူတို့၏စစ်တပ်များနှင့်တကွစုရုံး၍ မြင်းစီးသောအရှင်နှင့် သူ၏စစ်တပ်အား တိုက်ခိုက်ရန် ပြင်ဆင်ကြသည်ကို ငါမြင်ရ၏။-
19 E vi a besta, e os reis da terra, e os seus exércitos reunidos, para fazerem guerra àquele que estava assentado sobre o cavalo, e ao seu exército.
20 ထို့နောက် သတ္တဝါကြီးနှင့်အတူ ၎င်း၏ရှေ့မှောက်တွင် လှည့်ဖြားသောနိမိတ်လက္ခဏာများကို ပြုလုပ်ခဲ့သော ပရောဖက် အတုအယောင်သည်လည်း ဖမ်းဆီးခြင်းခံရ၏။ ထိုပရောဖက်အတုအယောင်သည်ကား သတ္တဝါကြီး၏ အမှတ်တံဆိပ်ကို ခံယူ၍ ၎င်း၏ရုပ်တုကို ရှိခိုးကိုးကွယ်သူများအား နိမိတ်လက္ခဏာများအားဖြင့် လှည့်ဖြားခဲ့သောသူပင်ဖြစ်၏။ ထိုသူနှစ်ဦးစလုံးသည် တောက်လောင်နေသော ကန့်မီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်း ခံရကြ၏။-
20 E a besta foi presa, e com ela o falso profeta, que diante dela fizera os sinais, com que enganou os que receberam o sinal da besta, e adoraram a sua imagem. Estes dois foram lançados vivos no lago de fogo que arde com enxofre.
21 ကြွင်းကျန်သောသူတို့မူကား မြင်းဖြူစီးသော အရှင်၏ခံတွင်းမှ ထွက်လာသောဓားဖြင့် သုတ်သင်ခြင်းခံကြရ၍ ငှက်အပေါင်းတို့သည် ထိုသူတို့၏အသားများကို ၀လင်စွာစားသောက်ကြ၏။
21 E os demais foram mortos com a espada que saía da boca do que estava assentado sobre o cavalo, e todas as aves se fartaram das suas carnes.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.