Apocalipse 15
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ထို့နောက် ကောင်းကင်၌ကြီးမား၍ အံ့ဩဖွယ်ကောင်းသော နိမိတ်လက္ခဏာတစ်ခုကို ငါမြင်ရ၏။ ထိုနိမိတ်မှာ ကောင်းကင်တမန်တော်ခုနစ်ပါးနှင့်အတူ ဘုရားသခင်၏ အမျက်တော်ကို အဆုံးသတ်စေမည့် နောက်ဆုံးဘေးဒုက္ခခုနစ်ခုကို တွေ့ ရခြင်းပင်ဖြစ်၏။
1 E vi outro grande e admirável sinal no céu: sete anjos que tinham as sete últimas pragas, porque nelas é consumada a ira de Deus.
2 ငါသည် မီးနှင့်ရောနေသည့် ဖန်သားပင်လယ်ပြင်ကြီးတစ်ခုကို တွေ့ရ၏။ သတ္တဝါကြီးနှင့် ၎င်း၏ရုပ်တုကိုလည်းကောင်း၊ ၎င်း၏အမည်နာမကိန်းဂဏန်းကိုလည်းကောင်း အောင်နိုင်သောသူတို့သည် မိမိတို့လက်ထဲတွင် ဘုရားသခင်၏ စောင်းတော်များကို ကိုင်ဆောင်ထားကြလျက် ဖန်သားပင်လယ်ပြင်ဘေးတွင် ရပ်နေကြ၏။-
2 E vi um como mar de vidro misturado com fogo e também os que saíram vitoriosos da besta, e da sua imagem, e do seu sinal, e do número do seu nome, que estavam junto ao mar de vidro e tinham as harpas de Deus.
3 ထို့နောက် သူတို့သည် ဘုရားသခင်၏အစေခံဖြစ်သူ မိုးဇက်နှင့် သိုးငယ်တော်၏သီချင်းကို သီဆိုကြသည်ကား အို အနန္တ တန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော် လုပ်ဆောင်တော်မူသော အမှုအရာတို့သည် ကြီးကျယ်၍ အံ့ဩဖွယ ်ကောင်းလှပေ၏။ ကာလအဆက်ဆက် အုပ်စိုးတော်မူသော အိုဘုရင်မင်းမြတ်၊ ကိုယ်တော်၏ တရားလမ်းများသည် ဖြောင့်မတ်၍ မှန်ကန်ပေ၏။-
3 E cantavam o cântico de Moisés, servo de Deus, e o cântico do Cordeiro, dizendo: Grandes e maravilhosas são as tuas obras, Senhor, Deus Todo-Poderoso! Justos e verdadeiros são os teus caminhos, ó Rei dos santos!
4 အို ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏နာမတော်ကို မည်သူသည် မကြောက်ရွံ့၊ မချီးမွမ်းဘဲ နေနိုင်ပါမည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏တရားစီရင်ခြင်းတို့ သည် ထင်ရှားသဖြင့် လူမျိုးအပေါင်းတို့သည် ကိုယ်တော့် ထံလာ၍ ရှိခိုးကိုးကွယ်ကြပါလိမ့်မည်ဟူ၍ဖြစ်သတည်း။
4 Quem te não temerá, ó Senhor, e não magnificará o teu nome? Porque só tu és santo; por isso, todas as nações virão e se prostrarão diante de ti, porque os teus juízos são manifestos.
5 ထို့နောက် ငါကြည့်လိုက်သောအခါ ကောင်းကင်ရှိ သက်သေခံရာ ပဋိညာဉ်တဲတော်၏ ဗိမာန်တော်သည် ပွင့်လာပြီးလျှင်၊-
5 E, depois disto, olhei, e eis que o templo do tabernáculo do testemunho se abriu no céu.
6 ထိုဗိမာန်တော်အတွင်းမှ ကောင်းကင်တမန်တော်ခုနစ်ပါးသည် ဘေးဒုက္ခခုနစ်ခုနှင့်အတူ ထွက်လာကြ၏။ သူတို့သည် တောက်ပဖြူစင်သော အဝတ်တန်ဆာဝတ်ဆင်ထားပြီး သူတို့၏ရင်ဘတ်များတွင် ရွှေစလွယ်များ သိုင်းထားကြ၏။-
6 E os sete anjos que tinham as sete pragas saíram do templo, vestidos de linho puro e resplandecente e cingidos com cintos de ouro pelo peito.
7 ထိုအခါ သက်ရှိသတ္တဝါကြီးလေးဦးအနက်မှ တစ်ဦးသည် ကာလအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်နှင့်ပြည့်နေသည့် ရွှေဖလားခုနစ်လုံးကို ကောင်းကင်တမန်တော်ခုနစ်ပါးအား ပေးလိုက်လေ၏။-
7 E um dos quatro animais deu aos sete anjos sete salvas de ouro, cheias da ira de Deus, que vive para todo o sempre.
8 ဗိမာန်တော်သည်လည်း ဘုရားသခင်၏ဘုန်းဂုဏ်တော်နှင့် တန်ခိုးတော်အရှိန်အဝါမှ ထွက်ပေါ်လာသည့် အခိုးအငွေ့များနှင့် ပြည့်လျက်ရှိ၏။ ကောင်းကင်တမန်တော်ခုနစ်ပါး ယူဆောင်လာသော ဘေးဒုက္ခခုနစ်ခု ပြီးဆုံးသည့်အချိန်တိုင်အောင် မည်သူမျှ ဗိမာန်တော်ထဲသို့ မဝင်နိုင်ကြပေ။
8 E o templo encheu-se com a fumaça da glória de Deus e do seu poder; e ninguém podia entrar no templo, até que se consumassem as sete pragas dos sete anjos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.