2 Tessalonicenses 3
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 ညီအစ်ကိုတို့၊ နောက်ဆုံးမှာကြားလိုသည်မှာ သခင်ဘုရား၏နှုတ်တော်ထွက်စကားသည် သင်တို့၌ ဖြစ်တော်မူခဲ့သကဲ့သို့ အရပ်ရပ်တို့တွင်လည်း လျင်မြန်စွာပျံ့နှံ့၍ ချီးမွမ်းထောမနာပြုခြင်းခံရရန်နှင့်၊-
1 Finalmente, irmãos, orai por nós, para que a palavra do Senhor se propague e seja glorificada. como também o é entre vós,
2 ငါတို့သည် ဆိုးညစ်ယုတ်မာသောသူတို့၏လက်မှလွတ်မြောက်စေရန် ငါတို့အတွက် ဆုတောင်းပေးကြလော့။ အကြောင်း မူကား လူတိုင်း၌ ယုံကြည်ခြင်းရှိကြသည် မဟုတ်သောကြောင့်တည်း။-
2 e para que sejamos livres de homens perversos e maus; porque a fé não é de todos.
3 သို့သော် သခင်ဘုရားသည် သစ္စာတည်တော်မူ၏။ ကိုယ်တော်သည် သင်တို့ကို ခွန်အားဖြည့်တင်းပေး၍ မကောင်းသော သူထံမှ ကာကွယ်တော်မူလိမ့်မည်။-
3 Mas fiel é o Senhor, o qual vos confirmará e guardará do maligno.
4 သင်တို့သည် ငါတို့မိန့်မှာသမျှကို လိုက်နာဆောင်ရွက်လျက်ရှိကြပြီး ဆက်လက်၍လည်း ဆောင်ရွက်ကြလိမ့်မည် ဖြစ်ကြောင်း ငါတို့သည် သခင်ဘုရား၌ ယုံကြည်စိတ်ချထားကြ၏။-
4 E, quanto a vós, confiamos no Senhor que não só fazeis, mas fareis o que vos mandamos.
5 သခင်ဘုရား သည် သင်တို့၏စိတ်နှလုံးများကို ဘုရားသခင်အား ချစ် မြတ်နိုးစေရန်နှင့် ခရစ်တော်၌တည်ကြည်ခိုင်မာစေရန် လမ်းညွှန်ပေးတော်မူပါစေ။
5 Ora, o Senhor encaminhe os vossos corações no amor de Deus e na constância de Cristo.
6 ညီအစ်ကိုတို့၊ ပျင်းရိစွာနေထိုင်ကြသောသူများနှင့် ငါတို့ထံမှ သင်တို့ရရှိခဲ့သောထုံးတမ်းစဉ်လာအတိုင်း မလိုက်နာသော ညီအစ်ကိုတို့ထံမှ ရှောင်ရှားကြရန် ငါတို့၏သခင် ယေဇူးခရစ်တော်၏နာမတော်၌ သင်တို့ကို ငါတို့အမိန့်ပေး၏။-
6 mandamo-vos, irmãos, em nome do Senhor Jesus Cristo, que vos aparteis de todo irmão que anda desordenadamente, e não segundo a tradição que de nós recebestes.
7 အကြောင်းမူကား သင်တို့သည် ငါတို့ကို မည်ကဲ့သို့အတုယူရမည့်အကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့နှင့်အတူရှိခဲ့စဉ်က ပျင်း ရိခြင်းမရှိခဲ့ကြ။-
7 Porque vós mesmos sabeis como deveis imitar-nos, pois que não nos portamos desordenadamente entre vós,
8 ငါတို့သည် အဖိုးအခမပေးဘဲ မည်သူ့ထံကမျှ အစာကိုယူမစားခဲ့ကြ။ ငါတို့သည် သင်တို့တွင် တစ်ဦးတစ်ယောက်အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုသောကြောင့် နေ့ရောညပါပင်ပန်းစွာကြိုးစား၍ လုပ်ကိုင်ခဲ့ကြ၏။-
8 nem comemos de graça o pão de ninguém, antes com labor e fadiga trabalhávamos noite e dia para não sermos pesados a nenhum de vós.
9 ငါတို့ဤကဲ့သို့ပြုလုပ်ခဲ့ခြင်းမှာ ငါတို့၌ ခံစားပိုင်ခွင့် မရှိသောကြောင့်မဟုတ်ဘဲ သင်တို့အတုယူနိုင်ရန် ငါတို့ ၏အပြုအမူဖြင့် စံနမူနာပေးလိုသောကြောင့်ဖြစ်၏။-
9 Não porque não tivéssemos direito, mas para vos dar nós mesmos exemplo, para nos imitardes.
10 အကြောင်းမူကား ငါတို့သည် သင်တို့နှင့်အတူရှိခဲ့ကြစဉ်က အလုပ်မလုပ်လိုသောသူသည် အစာမစားစေနှင့် ဟူသော သွန်သင်ချက်ကို သင်တို့အား ပေးထားခဲ့၏။-
10 Porque, quando ainda estávamos convosco, isto vos mandamos: se alguém não quer trabalhar, também não coma.
11 အဘယ်ကြောင့်ဆိုသော် သင်တို့တွင်အချို့သောသူတို့သည် ပျင်းရိစွာနေထိုင်၍ အလုပ်မလုပ်ဘဲ သူတစ်ပါး၏ကိစ္စများ တွင်သာ ဝင်ရောက်စွက်ဖက်နေကြကြောင်းကို ငါတို့ကြားသိရ၏။-
11 Porquanto ouvimos que alguns entre vós andam desordenadamente, não trabalhando, antes intrometendo-se na vida alheia;
12 ထိုသူတို့သည် မိမိတို့၏အလုပ်ကို တိတ်ဆိတ်စွာ လုပ်ကိုင်လျက် မိမိတို့၏ဝမ်းစာကိုရှာဖွေ စားသောက်ကြရန် ယေဇူးခရစ်တော်သခင်၌ ငါတို့သတိ ပေးနှိုးဆော်ပါ၏။-
12 a esses tais, porém, ordenamos e exortamos por nosso Senhor Jesus Cristo que, trabalhando sossegadamente, comam o seu próprio pão.
13 ညီအစ်ကိုတို့၊ ကောင်းသောအမှုကို ပြုလုပ်ရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိကြနှင့်။
13 Vós, porém, irmãos, não vos canseis de fazer o bem.
14 အကယ်၍ တစ်စုံတစ်ယောက်သည် ဤစာတွင် ငါတို့သွန်သင်ထားသောအချက်များကိုလိုက်နာရန် ငြင်းဆန်ပါလျှင် ထိုသူအား အရှက်ရစေရန် သူ့ကိုမှတ်သားပြီးလျှင် သူနှင့်အပေါင်းအဖော်မပြုဘဲနေကြလော့။-
14 Mas, se alguém não obedecer à nossa palavra por esta carta, notai-o e não tenhais relações com ele, para que se envergonhe;
15 သို့ရာ တွင် သူ့ကို ရန်သူကဲ့သို့သဘောမထားဘဲ ညီအစ်ကို တစ်ဦးကဲ့သို့ သတိပေးဆုံးမကြလော့။
15 todavia não o considereis como inimigo, mas admoestai-o como irmão.
16 ငြိမ်းချမ်းသာယာခြင်း၏အရှင် သခင်ဘုရားသည် ကိုယ်တော်တိုင်နည်းအမျိုးမျိုးဖြင့် သင်တို့အား ငြိမ်းချမ်းသာယာခြင်းကို အစဉ်အမြဲပေးသနားတော်မူပါစေ။ သခင်ဘုရားသည် သင်တို့အားလုံးနှင့်အတူရှိပါစေ။
16 Ora, o próprio Senhor da paz vos dê paz sempre e de toda maneira. O Senhor seja com todos vós.
17 ငါပေါလုသည် ဤနှုတ်ဆက်စကားကို ငါ၏လက်ဖြင့်ရေးလိုက်ပါ၏။ ဤသည်ကား ငါရေးသမျှသောစာတို့တွင်ပါသည့် အမှတ်လက္ခဏာဖြစ်၏။ ဤကဲ့သို့ပင် ငါရေးလေ့ရှိ၏။-
17 Esta saudação é de próprio punho, de Paulo, o que é o sinal em cada epístola; assim escrevo.
18 ငါတို့၏သခင်ယေဇူးခရစ်တော်၏ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူရှိပါစေသော်။
18 A graça de nosso Senhor Jesus Cristo seja com todos vós.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Tessalonicenses 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.