2 Timóteo 1
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 ခရစ်တော်ယေဇူး၌တည်ရှိသော အသက်၏ကတိတော်အတိုင်း ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေဇူး၏ တမန်တော်ဖြစ်သော ငါပေါလုထံမှ၊-
1 Paulo, apóstolo de Cristo Jesus pela vontade de Deus, conforme a promessa da vida em Cristo Jesus,
2 ငါ၏ချစ်သား တီမောသီဦးထံသို့ စာရေးလိုက်ပါ၏။ အဖခမည်းတော်ဘုရားနှင့် ငါတို့၏သခင် ခရစ်တော်ယေဇူးထံမှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်းချမ်း သာယာခြင်းသက်ရောက်ပါစေသော်။
2 ao amado filho Timóteo. Que a graça, a misericórdia e a paz, da parte de Deus Pai e de Cristo Jesus, nosso Senhor, estejam com você.
3 ငါသည် ဆုတောင်းပတ္ထနာပြုရာတွင် သင့်ကိုအစဉ်အမြဲသတိရသောကြောင့် ငါ၏ဘိုးဘေးများပြုလုပ်ခဲ့သည့်အတိုင်း ကြည်လင်သောအသိတရားနှင့် ငါအစေခံသော ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
3 Dou graças a Deus, a quem, desde os meus antepassados, sirvo com a consciência limpa, porque, sem cessar, lembro de você nas minhas orações, noite e dia.
4 ငါသည် သင်မျက်ရည်ကျခဲ့သည်ကို သတိရသဖြင့် သင့်ကို တွေ့နိုင်ရန် တမ်းတလျက်ရှိ၏။ သို့မှသာ ငါ၌ဝမ်းမြောက် ခြင်းနှင့် ပြည့်စုံလိမ့်မည်။-
4 Lembro das suas lágrimas e estou ansioso por ver você, para que eu transborde de alegria.
5 ငါသည် သင်၏စစ်မှန်သောယုံ ကြည်ခြင်းကို သတိရလျက်ရှိ၏။ ထိုယုံကြည်ခြင်းသည် သင်၏အဖွားလိုအိနှင့် သင်၏ အမိယူနစ်တို့၌ ရှေးဦးစွာ တည်ရှိခဲ့ပြီး ယခုအခါတွင်သင်၌တည်ရှိနေကြောင်း ငါယုံ ကြည်စိတ်ချ၏။-
5 Lembro da sua fé sem fingimento, a mesma que, primeiramente, habitou em sua avó Loide e em sua mãe Eunice, e estou certo de que habita também em você.
6 သို့ဖြစ်၍ ငါ၏ လက်တင်ခြင်းအားဖြင့် သင်ရရှိထားသော ဘုရားသခင်၏ကျေးဇူးတော်ကို ပြန် လည်လှုံ့ဆော်ရန် သင့်ကို ငါသတိပေးလိုက်ပါ၏။-
6 Por esta razão, venho lembrar-lhe que reavive o dom de Deus que está em você pela imposição das minhas mãos.
7 အကြောင်းမူကား ဘုရားသခင်သည် ငါတို့အားကြောက်ရွံ့ စိတ်ကိုမပေးဘဲ စွမ်းအားတန်ခိုး၊ ချစ်ခြင်းမေတ္တာနှင့်မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း စသောစိတ်တို့ကိုသာ ပေးတော်မူသောကြောင့်တည်း။
7 Porque Deus não nos deu espírito de covardia, mas de poder, de amor e de moderação.
8 ထို့ကြောင့် ငါတို့၏သခင်ဘုရားကို သက်သေခံရန်အတွက်လည်းကောင်း၊ အကျဉ်းကျခံနေရသူငါ့အတွက်ကြောင့်လည်း ကောင်း ရှက်ရွံ့ခြင်းမရှိဘဲလျက် ဘုရားသခင်၏တန်ခိုးတော်ကိုအမှီပြု၍ ဧဝံဂေလိ၏တရားတော်အတွက် ဆင်းရဲဒုက္ခကို မျှဝေ ခံထမ်းပါလော့။-
8 Portanto, não se envergonhe do testemunho de nosso Senhor, nem do seu prisioneiro, que sou eu. Pelo contrário, participe comigo dos sofrimentos a favor do evangelho, segundo o poder de Deus,
9 ဘုရားသခင်သည် ငါတို့ကိုကယ်တင်၍ သန့်ရှင်းသော ခေါ်တော်မူခြင်းဖြင့် ခေါ်ဆောင်သည်မှာ ငါတို့၏ကုသိုလ် ကောင်းမှုများ ကြောင့်မဟုတ်ဘဲ ကိုယ်တော်၏အကြံ အစည်တော်နှင့် ကျေးဇူးတော်တို့ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ထိုကျေးဇူးတော်ကို ရှေးကာလကပင် ခရစ်တော်ယေဇူးအားဖြင့် ငါတို့အားပေးသနားတော်မူခဲ့၏။-
9 que nos salvou e nos chamou com santa vocação, não segundo as nossas obras, mas conforme a sua própria determinação e graça que nos foi dada em Cristo Jesus, antes dos tempos eternos,
10 ယခုမူကား ငါတို့ကယ်တင်ရှင် ခရစ်တော်ယေဇူး၏ကြွ လာတော်မူခြင်းအားဖြင့် ထိုကျေးဇူးတော်သည် ပေါ်လွင်ထင်ရှား လာလေပြီ။ ထိုအရှင်သည် သေခြင်းကိုဖယ်ရှား၍ ဧဝံဂေလိတရားတော်အားဖြင့် အသက်ရှင်ခြင်းနှင့် မပုပ်ပျက်နိုင်ခြင်းတို့ကို ပေါ်လွင်ထင်ရှားစေတော်မူ၏။-
10 e manifestada agora pelo aparecimento de nosso Salvador Cristo Jesus. Ele não só destruiu a morte, como trouxe à luz a vida e a imortalidade, mediante o evangelho.
11 ဤဧဝံဂေလိတရားတော်အတွက် ငါသည်ဟောပြောသူ အဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း၊ ဆရာ အဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရလေပြီ။-
11 Para este evangelho eu fui designado pregador, apóstolo e mestre
12 ထို့ကြောင့် ငါသည် ဤဆင်းရဲဒုက္ခများကို ခံနေရခြင်းဖြစ် ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူ ကား ငါသည် မည်သူ့အား ယုံကြည်အားကိုးသည်ကိုသိ၏။ ကိုယ်တော်သည် ငါ့အား အပ်နှင်းထားသောအရာကို ထိုနေ့ရက်တိုင်အောင် စောင့်ရှောက်နိုင်တော်မူသည်ကိုလည်း ငါအသေအချာသိ၏။-
12 e, por isso, estou sofrendo estas coisas. Mas não me envergonho, porque sei em quem tenho crido e estou certo de que ele é poderoso para guardar aquilo que me foi confiado até aquele Dia.
13 ငါ့ထံမှ သင်ကြားနာခဲ့ရသည့် မှန်ကန်သောအယူဝါဒနှင့်အတူ ခရစ်တော်ယေဇူး၌ တည်ရှိသောယုံကြည်ခြင်းနှင့် ချစ်ခြင်း မေတ္တာတို့ကို လိုက်နာကျင့်ကြံလော့။-
13 Mantenha o padrão das sãs palavras que de mim você ouviu com fé e com o amor que há em Cristo Jesus.
14 ငါတို့တွင် ကိန်းအောင်းသည့် ဝိညာဉ်တော်မြတ်အားဖြင့် သင့်အားအပ်နှင်းထားသော သမ္မာတရားတော်ကို ထိန်းသိမ်း စောင့်ရှောက်လော့။
14 Por meio do Espírito Santo, que habita em nós, guarde o bom tesouro que lhe foi confiado.
15 သင်သိထားသည့်အတိုင်း အာရှပြည်တွင်ရှိကြ သောသူအပေါင်းတို့သည် ငါ့ကိုစွန့်ခွာသွားကြလေပြီ။ ထိုသူတို့တွင် ဖိဂျေလု နှင့် ဟေမိုဂျင်းတို့ပါဝင်ကြ၏။-
15 Você já deve estar ciente de que todos os da província da Ásia me abandonaram. Entre eles estão Fígelo e Hermógenes.
16 သခင် ဘုရားသည် အိုနေးစိဖိုရုတို့၏မိသားစုအပေါ် သနားကရု ဏာသက်တော်မူပါစေ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ငါ့ကိုမကြာခဏ စိတ်သက်သာရာရစေ၍ ငါအချုပ်အနှောင်ခံရသည့်အတွက် ရှက်ရွံ့ခြင်းမရှိချေ။-
16 Que o Senhor conceda misericórdia à casa de Onesíforo, porque, muitas vezes, me deu ânimo e nunca se envergonhou das minhas algemas.
17 ထိုမျှမက သူသည် ရောမမြို့ သို့ရောက်လျှင်ရောက်ချင်း ငါ့ကို စိတ် အားထက်သန်စွာ ရှာဖွေခဲ့ပြီးနောက် တွေ့လည်းတွေ့ခဲ့ လေ၏။-
17 Pelo contrário, quando chegou a Roma, me procurou com persistência até me encontrar.
18 သခင်ဘုရားသည် နောက်ဆုံးသောနေ့ရက်၌ သူ့အားမိမိ၏သနားကရုဏာတော်ကို ပေးတော်မူပါစေသော်။ သူသည် ဧဖက်ဆုမြို့တွင် ငါ့အား မည်မျှပြုစုအစေခံ ခဲ့သည်ကို သင်ကောင်းစွာသိ၏။
18 O Senhor lhe conceda que, naquele Dia, ache misericórdia da parte do Senhor. Você sabe, melhor do que eu, quantos serviços ele me prestou em Éfeso.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Timóteo 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.