2 Coríntios 6

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ငါတို့သည် ကိုယ်တော်နှင့်အတူ ပါဝင်ဆောင်ရွက်သူများဖြစ်ကြသောကြောင့် သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးမဲ့မခံယူကြရန် သင်တို့ကို တောင်းပန်ပါ၏။-
1 E nós, cooperando também com ele, vos exortamos a que não recebais a graça de Deus em vão
2 အကြောင်းမူကား ကိုယ် တော်က ငါသည် လက်သင့်ခံနိုင်သောအချိန်၌ သင်တို့ကို နားညောင်း၍ ကယ်တင်ခြင်း၏နေ့ရက်၌ သင်တို့ကို ကူ ညီခဲ့လေပြီဟု မိန့်တော်မူ၏။ ယခုအချိန်သည်ကား လက် သင့်ခံနိုင်သောအချိန်ဖြစ်၏။ ဤယနေ့သည်ကား ကယ် တင်ခြင်း၏နေ့ရက်ဖြစ်၏။-
2 (Porque diz: Ouvi-te em tempo aceitável e socorri-te no dia da salvação; eis aqui agora o tempo aceitável, eis aqui agora o dia da salvação.);
3 ငါတို့၏အမှုတော်၌ အပြစ် တစ်စုံတရာမရှာနိုင်စေရန် ငါတို့သည် အခြားသူ၏လမ်း ခရီး၌ မည်သည့်အတားအဆီးကိုမျှ မချထားပေ။-
3 não dando nós escândalo em coisa alguma, para que o nosso ministério não seja censurado.
4 သို့ရာတွင် ငါတို့သည် ဘုရားသခင်၏အစေခံများဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေရန် ဆင်းရဲဒုက္ခများ၊ အခက်အခဲများ၊ ဘေးအန္တရာယ်များ၊-
4 Antes, como ministros de Deus, tornando-nos recomendáveis em tudo: na muita paciência, nas aflições, nas necessidades, nas angústias,
5 ရိုက်နှက်ခံရခြင်းများ၊ အကျဉ်းချခံ ရခြင်းများ၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ၊ ပင်ပန်းစွာလုပ် ကိုင်ရခြင်း၊ အိပ်ရေးပျက်ခံရခြင်း၊ ဆာလောင်မွတ်သိပ် ခြင်းများ စသည်တို့၌ ကြံ့ကြံ့ခံရပ်တည်ခြင်းဖြင့်လည်း ကောင်း၊-
5 nos açoites, nas prisões, nos tumultos, nos trabalhos, nas vigílias, nos jejuns,
6 စိတ်နှလုံးဖြူစင်ခြင်း၊ ပညာသတိရှိခြင်း၊ သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ဝိညာဉ်တော်မြတ်ကို ခံယူခြင်း၊ စစ်မှန်သော ချစ်ခြင်း၊-
6 na pureza, na ciência, na longanimidade, na benignidade, no Espírito Santo, no amor não fingido,
7 မှန်ကန်စွာဟောပြောခြင်း၊ ဘုရားသခင်၏တန်ခိုးတော်စသည်တို့ကို လက်ခံကျင့်သုံးခြင်းအားဖြင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရား၏ လက်နက်များကို တိုက်ခိုက်ခုခံရာတို့၌ အသုံးပြု၍၊-
7 na palavra da verdade, no poder de Deus, pelas armas da justiça, à direita e à esquerda,
8 ချီးမွမ်းခံရခြင်းနှင့် ကဲ့ရဲရှုတ်ချခံရခြင်း၊ အသရေဖျက်ခံရခြင်းနှင့် နာမည်ကောင်းရခြင်းတို့ကိုလည်း တည်ကြည်စွာခံ ထမ်းခြင်းဖြင့်လည်းကောင်း သက်သေခံခဲ့ကြ၏။ ငါတို့ ကို လိမ်လည်လှည့်ဖြားသောသူများကဲ့သို့ ဆက်ဆံကြ သော်လည်း ငါတို့သည် မှန်ကန်စွာပြုမူပြောဆိုကြသူများ ဖြစ်ကြ၏။-
8 por honra e por desonra, por infâmia e por boa fama, como enganadores e sendo verdadeiros;
9 ငါတို့ကိုမသိကြသော်လည်း ငါတို့သည် အသိ အမှတ်ပြုခြင်းခံကြရ၏။ ငါတို့သည် သေဘေးနှင့်နီးကြသော်လည်း အသက်ရှင်လျက်ရှိကြ၏။ ငါတို့ကို အပြစ် ဒဏ်ပေးကြသော်လည်း ငါတို့သည် အသတ်မခံကြရပေ။-
9 como desconhecidos, mas sendo bem-conhecidos; como morrendo e eis que vivemos; como castigados e não mortos;
10 ငါတို့သည် နာကျင်ကြေကွဲကြသော်လည်း အစဉ်ဝမ်းမြောက်ကြ၏။ ငါတို့သည် ဆင်းရဲနွမ်းပါးကြသော်လည်း လူအမြောက် အမြား ကို ချမ်းသာကြွယ်၀စေကြ၏။ ငါတို့၌ မည်သည့်အရာမျှမရှိသော်လည်း ငါတို့သည် ခပ်သိမ်းသောအရာတို့ကို ပိုင်ဆိုင်ကြ၏။
10 como contristados, mas sempre alegres; como pobres, mas enriquecendo a muitos; como nada tendo e possuindo tudo.
11 ကော်ရိန့်သုမြို့သူမြို့သားတို့၊ ငါတို့သည် သင်တို့အား နှုတ်ဖြင့် ပွင့်လင်းစွာပြောဆိုကြလေပြီ။ ငါတို့၏စိတ် နှလုံးသည် သင်တို့အတွက် ကျယ်ပြန့်စွာ ဖွင့်ထားလျက်ရှိ၏။-
11 Ó coríntios, a nossa boca está aberta para vós, o nosso coração está dilatado.
12 ငါတို့သည် သင်တို့ကိုကန့်သန့်ချုပ်ချယ်မထားပေ။ သင်တို့သည် သင်တို့ကိုယ်တိုင်စွဲလန်းနေသောအရာများ၌သာ ချုပ်ချယ်ခံနေကြရ၏။-
12 Não estais estreitados em nós; mas estais estreitados nos vossos próprios afetos.
13 အပြန်အလှန်အနေဖြင့် သင်တို့သည်လည်း သင်တို့၏စိတ်နှလုံးများကို ကျယ်ပြန့်စွာ ဖွင့်ထားကြပါလော့။ ငါသည် သင်တို့ကို ငါ၏သား သမီးများကဲ့သို့ ပြောဆိုနေခြင်းဖြစ်၏။
13 Ora, em recompensa disso (falo como a filhos), dilatai-vos também vós.
14 မယုံကြည်သောသူတို့နှင့် မမျှတသောထမ်းပိုးကို အတူမထမ်းကြနှင့်။ အကြောင်းမူကား ဖြောင့်မှန်ခြင်းနှင့် မကောင်းမှု ဒုစရိုက်သည် မည်ကဲ့သို့တွဲဖက်နိုင်မည်နည်း။ အလင်းနှင့် အမှောင်သည်လည်း မည်ကဲ့သို့မိတ်ဖွဲ့နိုင်ပါ မည်နည်း။-
14 Não vos prendais a um jugo desigual com os infiéis; porque que sociedade tem a justiça com a injustiça? E que comunhão tem a luz com as trevas?
15 ခရစ်တော်နှင့် စာတန်သည် မည်ကဲ့သို့ သင့်မြတ်နိုင်မည်နည်း။ ယုံကြည်သူသည်လည်း မယုံကြည်သူနှင့် မည်သည့် အရာတွင် တူညီနိုင်မည်နည်း။-
15 E que concórdia há entre Cristo e Belial? Ou que parte tem o fiel com o infiel?
16 ဘုရား သခင်၏ဗိမာန်တော်သည် ရုပ်တုဘုရားများနှင့် မည်ကဲ့သို့ သင့်မြတ်နိုင်ပါအံ့နည်း။ အကြောင်းမူကား ငါတို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ဗိမာန်တော်ဖြစ်၏။ ထိုအကြောင်းနှင့်စပ်လျဉ်း၍ ငါတို့၌ ဘုရားသခင်၏ အမိန့်တော် စကားရှိ၏။ ထိုမိန့်မှာချက်သည်ကား ငါသည် သူတို့အလယ်၌ ကိန်းဝပ်၍ သူတို့အလယ်တွင် သွားလာတော်မူမည်။ ငါသည် သူတို့၏ဘုရားဖြစ်၍ သူတို့ သည်လည်း ငါ၏လူမျိုးတော်ဖြစ်လိမ့်မည်။-
16 E que consenso tem o templo de Deus com os ídolos? Porque vós sois o templo do Deus vivente, como Deus disse: Neles habitarei e entre eles andarei; e eu serei o seu Deus, e eles serão o meu povo.
17 သို့ဖြစ်၍ ထို သူတို့ထံမှ ထွက်ခဲ့ကြလော့။ သူတို့နှင့် သီးခြားစွာနေကြ လော့။ မသန့်စင်သောအရာကို လက်နှင့်မထိနှင့်။ ထိုအခါ ငါသည် သင်တို့ကို လက်ခံကြိုဆိုမည်။-
17 Pelo que saí do meio deles, e apartai-vos, diz o Senhor; e não toqueis nada imundo, e eu vos receberei;
18 ငါသည် သင်တို့ ၏အဖဖြစ်၍ သင်တို့သည် ငါ၏သားသမီးများ ဖြစ်ကြလိမ့် မည်ဟု အလုံးစုံကိုတတ်နိုင်တော်မူသော ထာ၀ရဘုရား သခင်မိန့်တော်မူ၏ဟူ၍ဖြစ်သတည်း။
18 e eu serei para vós Pai, e vós sereis para mim filhos e filhas, diz o Senhor Todo-Poderoso.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Coríntios 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.