2 Coríntios 4

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ဘုရားသခင်၏ကရုဏာတော်အားဖြင့် ဤအမှုတော်ကို ထမ်းဆောင်ကြရသောကြောင့် ငါတို့သည် စိတ်ပျက်အားငယ်ခြင်း မရှိကြချေ။-
1 Por isso não desanimamos deste ministério que nos foi conferido por misericórdia.
2 ငါတို့သည် ရှက်ဖွယ်ကောင်းသောလျှို့ဝှက်ချက်တို့ကို ပစ်ပယ်ထား ကြ၏။ ငါတို့သည် ကောက်ကျစ်စဉ်းလဲစွာပြုမူခြင်းမရှိ ကြ သကဲ့သို့ ဘုရားသခင်၏နှုတ်တော်ထွက်တရားတော်နှင့် ပတ်သက်၍လည်း မမှန်မကန်မသွန်သင်ကြ။ ငါတို့သည် သမ္မာတရား တော်ကို အတိအလင်းပြသခြင်းဖြင့် ဘုရား သခင်၏မျက်မှောက်တော်တွင် ငါတို့ကိုယ်ကို လူတိုင်း ၏အသိစိတ်၌ ချီးကျူးခံထိုက် သူများအဖြစ် မြင်စေရန် ပြုမူကြ၏။-
2 Afastamos de nós todo procedimento fingido e vergonhoso. Não andamos com astúcia, nem falsificamos a palavra de Deus. Pela manifestação da verdade nós nos recomendamos à consciência de todos os homens, diante de Deus.
3 အကယ်၍ ငါတို့ဟောပြောလျက်ရှိသော ဧဝံဂေလိသတင်းကောင်းသည် ဖုံးကွယ်လျက်ရှိလျှင် ယင်းသည် ပျက်စီးဆုံးရှုံး နေသောသူများအတွက်သာ ဖုံးကွယ်နေခြင်းဖြစ်၏။-
3 Se o nosso Evangelho ainda estiver encoberto, está encoberto para aqueles que se perdem,
4 ထိုသူတို့နှင့်စပ်လျဉ်း၍ပြောရလျှင် ဤကမ္ဘာလောက၏နတ်ဘုရားသည် မယုံကြည်သူတို့အား ဘုရားသခင်၏ ပုံသဏ္ဌာန် တော်တည်းဟူသော ခရစ်တော်၏ဘုန်းဂုဏ်တော်အကြောင်းကိုဖွင့်ဆိုထားသည့် ဧဝံဂေလိသတင်းကောင်း၏ အလင်းတော်ကို မြင်ကြရစေရန် သူတို့၏စိတ်ကို အမှောင်ချထား၏။-
4 para os incrédulos, cujas inteligências o deus deste mundo obcecou a tal ponto que não percebem a luz do Evangelho, onde resplandece a glória de Cristo, que é a imagem de Deus.
5 အကြောင်းမူကား ငါတို့သည် မိမိတို့၏အကြောင်းကို ဟောပြောကြ ခြင်းမဟုတ်ဘဲ ခရစ်တော်ယေဇူးမှာ အရှင်သခင်ဖြစ်တော် မူကြောင်းကို ဟောပြောကြခြင်းဖြစ်၏။ ဟောပြောရာတွင်လည်း ငါတို့သည် ခရစ်တော်အတွက် သင်တို့၏ အစေခံများ အနေဖြင့် ဟောပြောကြခြင်းဖြစ်၏။-
5 De fato, não nos pregamos, a nós mesmos, mas a Jesus Cristo, o Senhor. Quanto a nós, consideramo-nos servos vossos por amor de Jesus.
6 အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏မျက်နှာတော်တွင် ထွန်းတောက်လျက်ရှိသော ဘုရားသခင်၏ဘုန်းဂုဏ်တော် အကြောင်းကို သိနားလည်နိုင်ရန် ငါတို့၏စိတ်နှလုံးထဲ၌ အလင်းကိုထွန်းလင်းစေတော်မူသောအရှင်မှာ ဘုရား သခင်ဖြစ်တော်မူ ၏။ ကိုယ်တော်သည် အမှောင်ထဲမှ အလင်းရောင်ပေါ်ထွက်စေဟု မိန့်တော်မူခဲ့သောအရှင် ဖြစ်၏။
6 Porque Deus que disse: Das trevas brilhe a luz, é também aquele que fez brilhar a sua luz em nossos corações, para que irradiássemos o conhecimento do esplendor de Deus, que se reflete na face de Cristo.
7 သို့သော် ထူးကဲသောဘုန်းတန်ခိုးတော်ကို ငါတို့ မပိုင်ဘဲ ဘုရားသခင်ပိုင်တော်မူကြောင်း ပြသရန် ငါတို့ သည် ဤဘဏ္ဍာကို မြေအိုးများတွင် ထိန်းသိမ်းခဲ့ကြ၏။-
7 Porém, temos este tesouro em vasos de barro, para que transpareça claramente que este poder extraordinário provém de Deus e não de nós.
8 ငါတို့သည် ဆင်းရဲဒုက္ခအမျိုးမျိုးခံကြရသော်လည်း ချေမှုန်းခြင်းမခံကြရချေ။ ယုံမှားသံသယဖြစ်ကြသော်လည်း မည်သည့်အခါမျှ စိတ်မပျက်ကြပေ။-
8 Em tudo somos oprimidos, mas não sucumbimos. Vivemos em completa penúria, mas não desesperamos.
9 ငါတို့သည် ညှဉ်းပန်း နှိပ်စက်ခံကြရသော်လည်း မည်သည့်အခါမျှစွန့်ပစ်ခြင်း မခံကြရပေ။ လဲကျသည်အထိ တိုက်ခိုက်ခြင်းခံကြရသော်လည်း မည်သည့်အခါမျှဖျက်ဆီးသုတ်သင်ခြင်းမခံ ကြရပေ။-
9 Somos perseguidos, mas não ficamos desamparados. Somos abatidos, mas não somos destruídos.
10 ငါတို့သည် ယေဇူး၏သေခြင်းကို ငါတို့၏ခန္ဓာကိုယ်၌ အမြဲမပြတ်ဆောင်ထားခြင်းအားဖြင့် ကိုယ်တော် အသက်ရှင်တော် မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေကြ၏။-
10 Trazemos sempre em nosso corpo os traços da morte de Jesus para que também a vida de Jesus se manifeste em nosso corpo.
11 အကြောင်းမူကား ငါတို့၏သေနိုင်သောခန္ဓာ ကိုယ်တွင် ယေဇူးသခင်၏ အသက်ရှင်ခြင်းထင်ရှားရန် ငါတို့သည် အသက်ရှင် သမျှကာလပတ်လုံး ယေဇူးသခင်အတွက် သေဘေးနှင့် အစဉ်မပြတ်ကြုံတွေ့နေကြရ၏။-
11 Estando embora vivos, somos a toda hora entregues à morte por causa de Jesus, para que também a vida de Jesus apareça em nossa carne mortal.
12 သို့ဖြစ်၍ ငါတို့၌ သေခြင်းတရားဖြစ်ပေါ်လျက်ရှိပြီး သင် တို့၌မူကား အသက်ဖြစ်ပေါ်လာရ၏။
12 Assim em nós opera a morte, e em vós a vida.
13 ငါသည် ယုံကြည်သောကြောင့် ဟောပြောသည်ဟူ၍ ကျမ်းစာတော်မြတ်တွင် ရေးသားခဲ့သောသူ၌ ရှိခဲ့သည့်ယုံကြည် ခြင်းမျိုး ငါတို့တွင်ရှိသဖြင့် ငါတို့သည်လည်း ယုံကြည်၍ဟောပြောကြ၏။-
13 Animados deste espírito de fé, conforme está escrito: Eu cri, por isto falei {Sl 115,1}, também nós cremos, e por isso falamos.
14 ယေဇူးသခင်အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသောအရှင်သည် ငါတို့ကိုလည်း ယေဇူးသခင်နှင့်အတူ ရှင်ပြန်ထမြောက်စေပြီးလျှင် ငါတို့အား သင်တို့နှင့်အတူ မိမိ၏မျက်မှောက် သို့ခေါ်ဆောင်တော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ ၏။-
14 Pois sabemos que aquele que ressuscitou o Senhor Jesus, nos ressuscitará também a nós com Jesus e nos fará comparecer diante dele convosco.
15 အကြောင်းမူကား ဤအမှုအရာအားလုံးသည် သင်တို့ အတွက်ဖြစ်ကြ၏။ ဤသို့ဖြင့် ကျေးဇူးတော်ခံစားရသူ အရေအတွက် ပိုမိုများပြားလာသည်နှင့်အမျှ ကိုယ်တော် ၏ဘုန်းတော်ဂုဏ်တော်အား ကျေးဇူးတင်ချီးမွမ်းခြင်းမှာ လည်း ပိုမိုများပြားလာ လိမ့်မည်ဖြစ်၏။
15 E tudo isso se faz por vossa causa, para que a graça se torne copiosa entre muitos e redunde o sentimento de gratidão, para glória de Deus.
16 ထို့ကြောင့် ငါတို့သည် မည်သည့်အခါမျှ စိတ်ပျက် အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်းယိုယွင်း ပျက်စီးလျက်ရှိသော်လည်း ငါတို့၏အတွင်းစိတ်သန္တာန်မူကား နေ့စဉ်နှင့်အမျှ ဆန်းသစ် လျက်ရှိ၏။-
16 É por isso que não desfalecemos. Ainda que exteriormente se desconjunte nosso homem exterior, nosso interior renova-se de dia para dia.
17 ငါတို့ခေတ္တခဏခံရသော ဆင်းရဲဒုက္ခအနည်း ငယ်သည် နှိုင်းယှဉ်၍မရအောင် ကြီးမြတ်သည့် ထာ၀ရ ဘုန်းကျက်သရေကို ငါတို့အတွက် ပြင်ဆင်ပေးနေခြင်းဖြစ်၏။-
17 A nossa presente tribulação, momentânea e ligeira, nos proporciona um peso eterno de glória incomensurável.
18 အကြောင်းမူကား ငါတို့သည် မြင်နိုင်သောအရာ များကိုအာရုံမစိုက်ကြဘဲ မမြင်နိုင်သောအရာများကိုသာ အာရုံစိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် မြင်နိုင်သော အရာများသည် ခေတ္တခဏမျှသာတည်၍ မမြင်နိုင်သော အရာများမူကား အစဉ်ထာ၀ရ တည်သောကြောင့်တည်း။
18 Porque não miramos as coisas que se vêem, mas sim as que não se vêem . Pois as coisas que se vêem são temporais e as que não se vêem são eternas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Coríntios 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.