2 Coríntios 2
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 ထို့ကြောင့် ငါသည် သင်တို့ထံသို့ ဝမ်းနည်းခြင်းနှင့် နောက်တစ်ကြိမ်မလာရန် စိတ်ပိုင်းဖြတ်ခဲ့ ၏။-
1 Porque decidi por mim mesmo o seguinte: não voltar a me encontrar com vocês em tristeza.
2 အကြောင်းမူကား ငါသည် သင်တို့အား ဝမ်းနည်းနာကြည်းစေလျှင် ငါဝမ်းနည်းစေသောသူတို့မှလွဲ၍ ထိုအရပ်တွင် မည်သူသည် ငါ့ကိုဝမ်းမြောက်စေ မည်နည်း။-
2 Porque, se eu entristeço vocês, quem me alegrará, senão aquele a quem tenho entristecido?
3 ငါလာ သောအခါ ငါ့ကိုဝမ်းမြောက်စေရမည့်သူများက ငါ့ကို ဝမ်းနည်းစေမည်စိုး၍ ဤစာကို ငါရေးသားလိုက်ခြင်းဖြစ်၏။ အကြောင်းမူကား ငါ၏ဝမ်းမြောက်ခြင်းသည် သင်တို့အား လုံး၏ဝမ်းမြောက်ခြင်းဖြစ်ကြောင်း ငါအသေအချာယုံကြည်၏။-
3 E escrevi isso para que, quando eu for, não seja entristecido por aqueles que deveriam me alegrar, confiando em todos vocês de que a minha alegria é também a alegria de vocês.
4 ငါသည် အလွန်ဝမ်းနည်းပူဆွေးလျက် မျက်ရည်များစွာဖြင့် ဤစာကိုရေးလိုက်ခြင်းဖြစ်၏။ သို့သော် သင်တို့အား ဝမ်းနည်းစေ လို၍ မဟုတ်ဘဲ သင်တို့အား ငါ မည်မျှချစ်ကြောင်းကို သိစေလို၍သာ ရေးလိုက်ခြင်းဖြစ် ၏။
4 Porque lhes escrevi no meio de muitos sofrimentos e angústia de coração, com muitas lágrimas, não para que vocês ficassem tristes, mas para que soubessem do amor que tenho por vocês.
5 အကယ်၍ တစ်စုံတစ်ယောက်သည် ငါ့ကို ဝမ်းနည်းစေခဲ့လျှင် ငါ့ကိုသာမက သင်တို့အားလုံးကိုလည်း တစ် နည်းတစ်ဖုံ အားဖြင့် ဝမ်းနည်းစေခဲ့လေပြီ။ ငါသည် ဤအကြောင်းကို အလွန်အကျွံမပြောလိုပေ။-
5 Ora, se alguém causou tristeza, não o fez a mim, mas, para que eu não seja demasiadamente áspero, digo que em parte causou tristeza a todos vocês.
6 သင်တို့အများ စု၏အပြစ်ဒဏ်ပေးခြင်းသည်ပင်လျှင် ထိုသူ့အတွက် လုံ လောက်လေပြီ။-
6 Basta-lhe a punição imposta pela maioria.
7 ထို့ကြောင့် သင်တို့သည် ယခုအခါတွင် သူ့ကိုခွင့်လွှတ်၍ အားပေးနှစ်သိမ့်သင့်၏။ ထိုသို့ မဟုတ်လျှင် သူသည် ကြီးစွာ သောဝမ်းနည်းခြင်းကို အလွန်အမင်းခံစားရလိမ့်မည်။-
7 De modo que, agora, pelo contrário, vocês devem perdoar e consolar, para que esse indivíduo não seja consumido por excessiva tristeza.
8 သို့ဖြစ်၍ သင်တို့သည် သူ့အပေါ် မေတ္တာထားကြောင်းပြသကြရန် သင်တို့အား ငါတောင်းပန်ပါ၏။- ၉သင်တို့သည် အရာရာ၌ နာခံမှုရှိ၊ မရှိ စုံစမ်းသိရှိလို၍ ဤစာကို ငါရေးခြင်းဖြစ်၏။-
8 Por isso, peço que vocês confirmem o amor de vocês para com ele.
9 — ausente —
9 E foi por isso também que eu lhes escrevi, para ter prova de que, em tudo, vocês são obedientes.
10 သင်တို့ခွင့် လွှတ်သောသူ မည်သူ့ကိုမဆို ငါသည်လည်း ခွင့်လွှတ်၏။ အကယ်၍ ငါသည် တစ်စုံတစ်ရာကို ခွင့်လွှတ်ခဲ့ပါလျှင် သင်တို့၏မျက်နှာကိုထောက်၍ ခရစ်တော်ရှေ့တော်၌ ထိုအရာကို ခွင့်လွှတ်ခဲ့ခြင်းဖြစ်၏။-
10 A quem vocês perdoam alguma coisa, eu também perdoo. Pois o que perdoei, se é que perdoei alguma coisa, eu o fiz por causa de vocês na presença de Cristo,
11 သို့မှသာလျှင် စာတန် သည် ငါတို့အပေါ် အသာစီးမရစေရန် ငါတို့တားဆီးနိုင် ပေလိမ့်မည်။ အကြောင်းမူကား ငါတို့သည် စာတန်၏ အကြံအစည်များကိုသိကြသောကြောင့်တည်း။
11 para que Satanás não alcance vantagem sobre nós, pois não ignoramos quais são as intenções dele.
12 ငါသည် ခရစ်တော်၏သတင်းကောင်းကို ဟောပြောသွန်သင်ရန် ထရောမြို့သို့ရောက်ရှိလာသောအခါ သခင်ဘုရား၌ ငါ့အတွက် အခွင့်အလမ်းပွင့်လျက်ရှိ၏။-
12 Quando cheguei a Trôade para pregar o evangelho de Cristo, vi que uma porta se havia aberto para mim, no Senhor.
13 သို့သော် ငါ၏ညီ တိတုကို ထိုအရပ်၌ မတွေ့ရသဖြင့် ငါ၏ စိတ်သည် မငြိမ်မသက်ဖြစ်ရ၏။ ထို့ကြောင့် ငါသည် သူ တို့ကိုနှုတ်ဆက်ပြီးလျှင် မာစီဒိုးနိယပြည်သို့ ဆက်လက် ထွက်ခွာခဲ့၏။
13 No entanto, não tive tranquilidade no meu espírito, porque não encontrei o meu irmão Tito. Por isso, despedindo-me deles, parti para a Macedônia.
14 သို့သော် ခရစ်တော်၌ ငါတို့ကိုအောင်မြင်ခြင်းသို့ ဦးဆောင်လမ်းညွှန်တော်မူ၍ ငါတို့အားဖြင့် ကိုယ်တော့် သတင်းတော်၏ သင်းပျံ့သောရနံ့ကိုနေရာတိုင်းတွင် ပျံ့နှံ့ စေတော်မူသည့်ဘုရားသခင်အား ကျေးဇူးတော်ကို ချီး မွမ်းပါ၏။-
14 Graças, porém, a Deus, que, em Cristo, sempre nos conduz em triunfo e, por meio de nós, manifesta a fragrância do seu conhecimento em todos os lugares.
15 အကြောင်းမူကား ဘုရားသခင်အတွက်မူ ငါတို့သည် ကယ်တင်ခြင်းခံနေရသူတို့နှင့် ပျက်စီးဆုံးရှုံး ခြင်းသို့ရောက် နေသောသူတို့အကြားတွင် ခရစ်တော်၏ သင်းပျံ့သောနံ့သာဖြစ်ကြ၏။-
15 Porque nós somos para com Deus o bom perfume de Cristo, tanto entre os que estão sendo salvos como entre os que estão se perdendo.
16 ပျက်စီးဆုံးပါးလုနီးသော သူတို့အတွက် ငါတို့သည် သေခြင်း၏အနံ့ကဲ့သို့လည်း ကောင်း၊ ကယ်တင်ခြင်းခံရသူတို့အတွက်မူ အသက်ပေး သောနံ့သာကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ မည်သူသည် ဤသို့သောအမှုအရာတို့ကို ဆောင်ရွက်နိုင်သနည်း။-
16 Para com estes, cheiro de morte para morte; para com aqueles, aroma de vida para vida. Quem, porém, é capaz de fazer estas coisas?
17 အကြောင်းမူကား ငါတို့သည် အခြားသူများစွာတို့ကဲ့သို့ ဘုရားသခင်၏နှုတ်တော်ထွက်စကားကို အသက်မွေးဝမ်းကျောင်း အလုပ်သဖွယ် လှည့်လည်၍ ဟောပြောသူ များမဟုတ်ကြ။ ငါတို့သည် ရိုးသားဖြောင့်မတ်သူများ ဖြစ်ကြသည့်အလျောက် ဘုရားသခင်၏တာဝန်ပေးချက် အရ ကိုယ်တော်၏ရှေ့မှောက်တွင် ခရစ်တော်ကိုအမှီပြု ၍ ဟောပြောကြ၏။
17 Porque nós não estamos, como tantos outros, mercadejando a palavra de Deus. Pelo contrário, em Cristo é que falamos na presença de Deus, com sinceridade e da parte do próprio Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Coríntios 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.