2 Coríntios 13

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ယခုအကြိမ်သည် သင်တို့ထံသို့ ငါတတိယ အကြိမ်လာခြင်းဖြစ်၏။ စွပ်စွဲချက်မှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ထွက်ဆိုချက် အားဖြင့် အတည်ပြုရမည်။-
1 É esta a terceira vez que vou ter convosco. Por boca de duas ou três testemunhas será confirmada toda palavra.
2 နောက်တစ်ကြိမ် ငါလာလျှင် သင်တို့အား ညှာတာလိမ့်မည်မဟုတ်ဟု သင်တို့ထံသို့ ငါဒုတိယအကြိမ်လာခဲ့စဉ်က အပြစ်ကျူးလွန်ထားသော သူများနှင့် အခြားသူအားလုံးတို့ကို သတိပေးခဲ့သည့် အတိုင်း ယခုလည်း ငါအဝေး၌ရှိစဉ် ထိုသူတို့အား သတိ ပေးလိုက်ပါ၏။-
2 Já o disse quando estava presente a segunda vez, e estando agora ausente torno a dizer aos que antes pecaram e a todos os mais que, se outra vez for, não os pouparei.
3 အကြောင်းမူကား ခရစ်တော်သည် ငါ့အားဖြင့် မိန့်ဆိုတော်မူကြောင်းကို သက်သေပြရန် သင်တို့ဆန္ဒရှိကြ၏။ ကိုယ်တော်သည် သင်တို့နှင့်ဆက်ဆံရာတွင် ပျော့ညံ့ခြင်းမရှိသည်သာမက သင်တို့အလယ်၌လည်း ခွန်အားတန်ခိုးနှင့်ပြည့်စုံ တော်မူ၏။-
3 visto que buscais uma prova de que Cristo fala em mim; o qual não é fraco para convosco, antes é poderoso entre vós.
4 အကြောင်း မူကား ကိုယ်တော်သည် ခွန်အားနည်းသည့်အဖြစ်အခြေ အနေ၌ လက်ဝါးကပ်တိုင်တွင် အသတ်ခံခဲ့ရသော်လည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အသက်ရှင်လျက် ရှိတော်မူ၏။ ငါတို့သည် ကိုယ်တော့်နည်းတူ ခွန်အားနည်း ကြသော်လည်း သင်တို့နှင့်ဆက်ဆံရာတွင် ဘုရားသခင် ၏တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင် ကြလိမ့်မည်။
4 Porque, ainda que foi crucificado por fraqueza, vive contudo pelo poder de Deus. Pois nós também somos fracos nele, mas viveremos com ele pelo poder de Deus para convosco.
5 သင်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲသူ များဟုတ်၊ မဟုတ် မိမိတို့ကိုယ်ကို ဆန်းစစ်ကြပါလော့။ သင်တို့ကိုယ်သင် တို့စမ်းသပ်ကြပါလော့။ ယေဇူးခရစ် တော်သည် သင်တို့၌ ကိန်းအောင်းတော်မူကြောင်းကို သင်တို့မသိနားမလည်ကြပါသလော။ သို့ဖြစ်လျှင် သင်တို့သည် စမ်းသပ်ခံရာ၌ အမှန်ပင်ရှုံးနိမ့်ခဲ့ခြင်းသာဖြစ်ရမည်။-
5 Examinai-vos a vós mesmos se permaneceis na fé; provai-vos a vós mesmos. Ou não sabeis quanto a vós mesmos, que Jesus Cristo está em vós? Se não é que já estais reprovados.
6 ငါတို့သည် ရှုံးနိမ့်ခဲ့ခြင်းမရှိသည်ကို သင်တို့တွေ့ ရှိကြလိမ့်မည်ဟု ငါမျှော်လင့်ပါ၏။-
6 Mas espero que entendereis que nós não somos reprovados.
7 သင်တို့သည် အမှား မလုပ်မိကြစေရန် ဘုရားသခင်ထံ ငါတို့ဆုတောင်းပါ၏။ ဤသို့ဆိုရာတွင် ငါတို့သည် စစ်ဆေးခံခြင်းကို ရင်ဆိုင်ပြီး ဖြစ်ကြောင်း ပေါ်လွင်စေလို၍မဟုတ်ဘဲ ငါတို့ရှုံးနိမ့်ဟန်ရှိ လျှင်ပင် သင်တို့သည်ကား ကောင်းသောအမှုကိုသာ ပြု လုပ်ကြစေရန်ပင်ဖြစ်၏။-
7 Ora, rogamos a Deus que não façais mal algum, não para que nós pareçamos aprovados, mas que vós façais o bem, embora nós sejamos como reprovados.
8 အကြောင်းမူကား ငါတို့သည် သမ္မာတရားကိုဆန့်ကျင်၍ မည်သည့်အမှုကိုမျှ မဆောင်ရွက်နိုင်ပေ။ ငါတို့သည် သမ္မာတရား အတွက်သာ လုပ်ဆောင်ကြ၏။-
8 Porque nada podemos contra a verdade, porém, a favor da verdade.
9 ငါတို့သည် အားနည်းကြသော်လည်း သင်တို့၌ ခွန်အားပြည့်နေကြပါက ငါတို့ဝမ်းမြောက်ကြ ၏။ ငါတို့၏ဆုတောင်း ပတ္ထနာသည် သင်တို့၏တိုးတက် ရာတိုးတက်ကြောင်းအတွက်ဖြစ်၏။-
9 Pois nos regozijamos quando nós estamos fracos e vós sois fortes; e isto é o que rogamos, a saber, o vosso aperfeiçoamento.
10 သင်တို့ထံသို့ ငါလာသောအခါ ငါ့အား သခင်ဘုရားပေးထားတော်မူသည့် ဩဇာအာဏာကို ပြင်းထန်စွာမသုံးရစေရန် ငါသည် သင်တို့နှင့် ဝေးကွာလျက်ရှိစဉ် ဤစာကိုရေးလိုက်ခြင်းဖြစ်၏။ သခင်ဘုရားသည် ငါ့အား ထိုဩဇာအာဏာကို ပေးတော် မူခြင်းမှာ သင်တို့ကို ဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ ပြုစုပျိုးထောင်ရန်အတွက် ဖြစ်၏။
10 Portanto, escrevo estas coisas estando ausente, para que, quando estiver presente, não use de rigor, segundo a autoridade que o Senhor me deu para edificação, e não para destruição.
11 ညီအစ်ကိုတို့၊ နောက်ဆုံး၌ သင်တို့ကို ငါနှုတ်ဆက် လိုက်ပါ၏။ သင်တို့၏လမ်းစဉ်များကို ပြုပြင်ကြပါလော့။ ငါ၏တောင်းဆို ချက်ကိုအလေးထားပါလော့။ သင်တို့ အချင်းချင်းညီညွတ်မှုရှိလျက် ငြိမ်းချမ်းစွာနေထိုင်ကြပါလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာခြင်း၏အရှင် ဘုရားသခင်သည်လည်း သင်တို့နှင့်အတူရှိတော်မူလိမ့် မည်။-
11 Quanto ao mais, irmãos, regozijai-vos, sede perfeitos, sede consolados, sede de um mesmo parecer, vivei em paz; e o Deus de amor e de paz será convosco.
12 တစ်ဦးနှင့် တစ်ဦး သန့်ရှင်းသောအနမ်းဖြင့် နှုတ် ဆက်ကြလော့။- သန့်ရှင်းသူအားလုံးတို့က သင်တို့အား နှုတ်ဆက်လိုက်ပါ၏။
12 Saudai-vos uns aos outros com ósculo santo.
13 ယေဇူးခရစ်တော်သခင်၏ကျေးဇူးတော်၊ ဘုရားသခင်၏မေတ္တာတော်နှင့် ဝိညာဉ်တော်မြတ်၏မိတ်သဟာယဖွဲ့ ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေ သော်။
13 Todos os santos vos saúdam.
14 — ausente —
14 A graça do Senhor Jesus Cristo, e o amor de Deus, e a comunhão do Espírito Santo sejam com todos vós.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Coríntios 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.