1 Tessalonicenses 2

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ညီအစ်ကိုတို့၊ သင်တို့ထံသို့ ငါတို့လာရောက်ခြင်းသည် အကျိုးမဲ့မဖြစ်ခဲ့ကြောင်းကို သင်တို့ကိုယ်တိုင်သိကြ၏။-
1 Porque vós mesmos, irmãos, bem sabeis que a nossa entrada para convosco não foi vã;
2 သင်တို့သိကြသည့်အတိုင်း ငါတို့သည် ဖိလိပိမြို့တွင် ဆင်းရဲဒုက္ခနှင့် အရှက်တကွဲရှုတ်ချခြင်းကို ခံခဲ့ကြရသော်လည်း ကြီးစွာသော ဆန့်ကျင်ခြင်းကို ရင်ဆိုင်လျက် ဘုရားသခင်၏ ဧဝံဂေလိတရားတော်ကို သင်တို့အား ဟောပြောရန် ရဲစွမ်းသတ္တိကို ငါတို့၏ ဘုရားသခင်ထံတော်မှရရှိခဲ့ကြ၏။-
2 mas, havendo primeiro padecido e sido agravados em Filipos, como sabeis, tornamo-nos ousados em nosso Deus, para vos falar o evangelho de Deus com grande combate.
3 အကြောင်းမူကား ငါတို့၏ နှိုးဆော်ဟောပြောခြင်းသည် လွဲမှားသောစိတ်၊ သို့မဟုတ် မသမာသောရည်ရွယ်ချက်၊ သို့မဟုတ် လိမ်လည်လှည့်ဖြားခြင်းတို့မှ ထွက်ပေါ်လာသည်မဟုတ်။-
3 Porque a nossa exortação não foi com engano, nem com imundícia, nem com fraudulência;
4 ဘုရားသခင်သည် ငါတို့အား ဧဝံဂေလိသတင်းကောင်းကို ဟောပြောရန် ထိုက်တန်သူများအဖြစ် သတ်မှတ်အတည်ပြု တော်မူသည့်အတိုင်း ငါတို့သည်လည်း လူတို့ကျေနပ်နှစ်သက်စေရန်မဟုတ်ဘဲ ငါတို့၏စိတ်နှလုံးကို စစ်ဆေးတော်မူသော ဘုရားသခင်ကျေနပ်နှစ်သက်စေရန် ကြေညာဟောပြောကြ၏။-
4 mas, como fomos aprovados de Deus para que o evangelho nos fosse confiado, assim falamos, não como para agradar aos homens, mas a Deus, que prova o nosso coração.
5 အကြောင်းမူကား သင်တို့သိကြသည့်အတိုင်း ငါတို့သည် မြှောက်ပင့်စကားများကို မည်သည့်အခါမျှပြောဆိုခဲ့ခြင်းမရှိသကဲ့သို့ လောဘစိတ်အတွက် ဟန်ဆောင်ပြုမူခဲ့ခြင်းလည်းမရှိသည်ကို ဘုရားသခင်သိတော်မူ၏။-
5 Porque, como bem sabeis, nunca usamos de palavras lisonjeiras, nem houve um pretexto de avareza; Deus é testemunha.
6 ထို့အတူ ငါတို့သည် ခရစ်တော်၏ တမန်တော်များအနေဖြင့် သင်တို့ထံမှ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း လူတို့၏ချီးမွမ်းဂုဏ်ပြုခြင်းကို သင်တို့ထံမှသော်လည်းကောင်း၊ အခြားသူများထံမှသော်လည်းကောင်း မရှာဖွေခဲ့ကြပေ။-
6 E não buscamos glória dos homens, nem de vós, nem de outros, ainda que podíamos, como apóstolos de Cristo, ser-vos pesados;
7 သို့သော် မိခင်သည် မိမိ၏သားသမီးများကို ပြုစုစောင့်ရှောက်သကဲ့သို့ ငါတို့သည်လည်း သင်တို့နှင့်အတူရှိစဉ်အခါက နူးညံ့သိမ်မွေ့စွာ ပြုမူခဲ့ကြ၏။-
7 antes, fomos brandos entre vós, como a ama que cria seus filhos.
8 ဤသို့ဖြင့် ငါတို့သည် သင်တို့ကို အလွန်ချစ်ခင်နှစ်သက်ကြသောကြောင့် ဘုရားသခင်၏ ဧဝံဂေလိတရားတော်ကိုသာမက ငါတို့၏အသက်ကိုပင် ဝေမျှပေးရန် အဆင်သင့်ရှိခဲ့ကြ၏။ အကြောင်းမူကား သင်တို့သည် ငါတို့အတွက် အလွန်ပင် ချစ်ဖွယ်ကောင်းသောသူများ ဖြစ်လာခဲ့ကြသောကြောင့်တည်း။
8 Assim nós, sendo-vos tão afeiçoados, de boa vontade quiséramos comunicar-vos, não somente o evangelho de Deus, mas ainda a nossa própria alma; porquanto nos éreis muito queridos.
9 ညီအစ်ကိုတို့၊ သင်တို့သည် ငါတို့ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ကြသည်ကို သတိရကြ၏။ ငါတို့သည် သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားတော်ကို ဟောပြောခဲ့ကြစဉ်တွင် သင်တို့ထဲမှ မည်သူ့အပေါ်မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါ အလုပ်လုပ်ကိုင်ခဲ့ကြ၏။-
9 Porque bem vos lembrais, irmãos, do nosso trabalho e fadiga; pois, trabalhando noite e dia, para não sermos pesados a nenhum de vós, vos pregamos o evangelho de Deus.
10 ငါတို့သည် ယုံကြည်သူများဖြစ်ကြသော သင်တို့အပေါ် တရားမျှတ၍ အပြစ်ဆိုဖွယ်မရှိရလေအောင် ဖြောင့်မှန်စွာ ပြုမူကျင့်ကြံခဲ့ကြကြောင်းကို သင်တို့မျက်မြင်ပင်ဖြစ်၍ ဘုရားသခင်သည်လည်း သက်သေဖြစ်တော်မူ၏။-
10 Vós e Deus sois testemunhas de quão santa, justa e irrepreensivelmente nos houvemos para convosco, os que crestes.
11 ဖခင်တစ်ဦးက မိမိ၏သားသမီးတို့အပေါ်တွင် ဆက်ဆံသကဲ့သို့ သင်တို့တစ်ဦးစီကို ငါတို့ဆက်ဆံခဲ့၏။-
11 Assim como bem sabeis de que modo vos exortávamos e consolávamos, a cada um de vós, como o pai a seus filhos,
12 သင်တို့အား မိမိ၏နိုင်ငံတော်နှင့် ဘုန်းဂုဏ်တော်သို့ ခေါ်ဆောင်တော်မူသည့် ဘုရားသခင်နှင့် ထိုက်တန်သောဘ၀အသက် တာကို လျှောက်လှမ်းကြရန် ငါတို့သည် သင်တို့ကို အားပေးတိုက်တွန်း၍ မှာကြားခဲ့ကြ၏။
12 para que vos conduzísseis dignamente para com Deus, que vos chama para o seu reino e glória.
13 သင်တို့သည် ငါတို့ထံမှ ကြားနာခဲ့ကြသော ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ခံယူခဲ့ကြသောအခါ လူတို့၏ စကားအဖြစ် ခံယူခဲ့ခြင်းမဟုတ်ဘဲ ၎င်း၏ပကတိအဖြစ်အတိုင်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားကဲ့သို့ ခံယူခဲ့ကြခြင်း ဖြစ်၏။ ထိုနှုတ်တော်ထွက်စကားသည် ယုံကြည်သူဖြစ်သော သင်တို့၌ ထူးခြားစွာလုပ်ဆောင်လျက်ရှိ၏။ ထို့အတွက်ကြောင့် ငါတို့သည် ဘုရားသခင်ကို အစဉ်မပြတ်ကျေးဇူးတင်ချီးမွမ်းကြပါ၏။-
13 Pelo que também damos, sem cessar, graças a Deus, pois, havendo recebido de nós a palavra da pregação de Deus, a recebestes, não como palavra de homens, mas (segundo é, na verdade) como palavra de Deus, a qual também opera em vós, os que crestes.
14 ညီအစ်ကိုတို့၊ သင်တို့သည် ခရစ်တော်ယေဇူး၌ တည်ရှိသော ဂျူဒေးယပြည်ရှိ ဘုရားသခင်၏ အသင်းတော်များကို အတုယူ သောသူများဖြစ်ခဲ့ကြ၏။ အကြောင်းမူကား သူတို့သည် ဂျူးလူမျိုးများ၏လက်တွင် ဆင်းရဲဒုက္ခခံစားခဲ့ကြသကဲ့သို့ သင်တို့သည်လည်း သင်တို့၏လူမျိုးများလက်တွင် ထိုနည်းအတိုင်း ခံစားခဲ့ကြရသောကြောင့်ဖြစ်၏။-
14 Porque vós, irmãos, haveis sido feitos imitadores das igrejas de Deus que, na Judeia, estão em Jesus Cristo; porquanto também padecestes de vossos próprios concidadãos o mesmo que os judeus lhes fizeram a eles,
15 ဂျူးလူမျိုးတို့သည် ယေဇူးသခင်နှင့် ပရောဖက်တို့ကို သတ်ဖြတ်၍ ငါတို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ခဲ့ကြသဖြင့် သူတို့သည် ဘုရားသခင်မနှစ်သက်ရာကို ပြုမူခဲ့ကြသည့်အပြင် လူအပေါင်းတို့ကိုလည်း ဆန့်ကျင်ရန်ပြုခဲ့ကြလေပြီ။-
15 os quais também mataram o Senhor Jesus e os seus próprios profetas, e nos têm perseguido, e não agradam a Deus, e são contrários a todos os homens.
16 အဘယ်ကြောင့်ဆိုသော် လူမျိုးခြားတို့ ကယ်တင်ခြင်းခံရစေရန် သူတို့အား ငါတို့ဟောပြောကြသည်ကို ထိုသူတို့က ပိတ်ပင်တားမြစ်ကြ၏။ ဤသို့ဖြင့် သူတို့သည် မိမိတို့၏ အပြစ်မကောင်းမှုပမာဏကို အစဉ်အမြဲတိုးပွားစေကြ၏။ သို့သော် ဘုရားသခင်၏ အမျက်တော်သည် နောက် ဆုံး၌ သူတို့အပေါ်သက်ရောက်လေပြီ။
16 E nos impedem de pregar aos gentios as palavras da salvação, a fim de encherem sempre a medida de seus pecados; mas a ira de Deus caiu sobre eles até ao fim.
17 ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့နှင့် စိတ်နှလုံး၌ ကွဲကွာသည်မဟုတ်ဘဲ ကိုယ်ကာယအားဖြင့်သာ ခေတ္တခဏမျှ ဝေးကွာနေရသော်လည်း သင်တို့ကို နောက်တစ်ဖန် မြင်လိုသော ဆန္ဒပြင်းပြလှ၍ ပြန်တွေ့နိုင်ရန် ငါတို့ကြိုးစားခဲ့ကြ၏။-
17 Nós, porém, irmãos, sendo privados de vós por um momento de tempo, de vista, mas não do coração, tanto mais procuramos com grande desejo ver o vosso rosto.
18 ငါတို့သည် သင်တို့ထံသို့ လာရောက်လိုသောကြောင့် ငါပေါလုသည် ထပ်ခါထပ်ခါကြိုးစားခဲ့သော်လည်း နတ်ဆိုးသည် ငါတို့ကိုတားဆီးခဲ့၏။-
18 Pelo que bem quisemos, uma e outra vez, ir ter convosco, pelo menos eu, Paulo, mas Satanás no-lo impediu.
19 ငါတို့၏သခင် ယေဇူးကြွလာတော်မူသောအခါ ငါတို့မျှော်လင့်ရာ၊ ဝမ်းမြောက်ရာနှင့် ငါတို့ကြွားဝါရမည့်သရဖူကား မည်သည့်အရာဖြစ်မည်နည်း။ ယင်းသည်ကား သင်တို့ပင် မဟုတ်ပါလော။-
19 Porque qual é a nossa esperança, ou gozo, ou coroa de glória? Porventura, não o sois vós também diante de nosso Senhor Jesus Cristo em sua vinda?
20 အကြောင်းမူကား သင်တို့သည် ငါတို့၏ ဂုဏ်ကျက်သရေနှင့် ငါတို့ဝမ်းမြောက်ရာအကြောင်း ဖြစ်သောကြောင့်တည်း။
20 Na verdade, vós sois a nossa glória e gozo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Tessalonicenses 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.