1 Tessalonicenses 1

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ပေါလု၊ ဆီဗားနုနှင့် တီမောသီဦးတို့က အဖဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင်၌ တည်ရှိနေသော သက်ဆာလောနိက မြို့သားတို့၏ အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေသော်။
1 Paulo, e Silvano, e Timóteo, à igreja dos tessalonicenses em Deus, o Pai, e no Senhor Jesus Cristo: Graça e paz tenhais de Deus nosso Pai e do Senhor Jesus Cristo.
2 ငါတို့သည် သင်တို့အားလုံးအတွက် အဖဘုရားသခင်ကို အစဉ်ကျေးဇူးတင်လျက် ငါတို့၏ ဆုတောင်းပတ္ထနာများ၌လည်း သင်တို့ကို သတိရအောက်မေ့ကြပါ၏။-
2 Sempre damos graças a Deus por vós todos, fazendo menção de vós em nossas orações,
3 ငါတို့သည် အဖဘုရားသခင်၏ ရှေ့တော်မှောက်၌ သင်တို့၏ယုံကြည်သောစိတ်နှင့် ကျင့်ကြံလုပ်ဆောင်မှုများ၊ ကရုဏာမေတ္တာလုပ်ငန်းများနှင့် ငါတို့၏သခင် ယေဇူးခရစ်တော်၌ တည်ကြည်ခိုင်မာစွာ မျှော်လင့်ခြင်းတို့ကို အစဉ်သတိရ ကြပါ၏။-
3 Lembrando-nos sem cessar da obra da vossa fé, do trabalho do amor, e da paciência da esperança em nosso Senhor Jesus Cristo, diante de nosso Deus e Pai,
4 ဘုရားသခင် ချစ်မြတ်နိုးတော်မူသော ညီအစ်ကိုတို့၊ ကိုယ်တော်သည် သင်တို့ကို ရွေးကောက်တော်မူသည်ကို ငါတို့သိကြ၏။-
4 Sabendo, amados irmãos, que a vossa eleição é de Deus;
5 အဘယ်ကြောင့်ဆိုသော် ငါတို့၏ဧဝံဂေလိတရားတော်သည် စကားအရာဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်၌လည်းကောင်း၊ ဝိညာဉ်တော်မြတ်၌လည်းကောင်း ကြီးမားသောအကျိုးသက်ရောက်မှုဖြင့် သင်တို့ထံသို့ ရောက်လာသောကြောင့်ဖြစ်၏။ ငါတို့သည် သင်တို့အလယ်၌ သင်တို့၏အကျိုးအတွက် မည်ကဲ့သို့ပြုမူကျင့်ကြံခဲ့ကြ သည်ကို သင်တို့သိကြ၏။
5 Porque o nosso evangelho não foi a vós somente em palavras, mas também em poder, e no Espírito Santo, e em muita certeza, como bem sabeis quais fomos entre vós, por amor de vós.
6 သင်တို့သည်လည်း ငါတို့နှင့်သခင်ဘုရားကို အတုယူခဲ့ကြသောသူများဖြစ်ကြ၏။ အကြောင်းမူကား သင်တို့၌ ဆင်းရဲဒုက္ခများစွာရှိသော်လည်း သင်တို့သည် နှုတ်တော်ထွက်စကားကို ဝိညာဉ်တော်မြတ်က လှုံ့ဆော်ပေးတော်မူသော ဝမ်းမြောက်စိတ်ဖြင့် ခံယူခဲ့ကြ၏။-
6 E vós fostes feitos nossos imitadores, e do Senhor, recebendo a palavra em muita tribulação, com gozo do Espírito Santo.
7 ဤသို့ဖြင့် သင်တို့သည် မာစီဒိုးနိယပြည်နှင့် အာခါယာပြည်တို့၌ရှိသော ယုံကြည်သူအပေါင်းတို့အတွက် စံနမူနာဖြစ် ခဲ့ကြ၏။-
7 De maneira que fostes exemplo para todos os fiéis na macedônia e Acaia.
8 အကြောင်းမူကား ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် သင်တို့ထံမှနေ၍ မာစီဒိုးနိယပြည်နှင့် အာခါယာပြည်တို့တွင် ပဲ့တင်ထပ်သွားသည်သာမက ဘုရားသခင်ကို သင်တို့ယုံကြည်သည့်သတင်းသည် အရပ်ရပ်သို့ပျံ့နှံ့သွားသဖြင့် ငါတို့ပြောစရာပင် မလိုအပ်တော့ပေ။-
8 Porque por vós soou a palavra do Senhor, não somente na macedônia e Acaia, mas também em todos os lugares a vossa fé para com Deus se espalhou, de tal maneira que já dela não temos necessidade de falar coisa alguma;
9 အကြောင်းမူကား ငါတို့သည် သင်တို့အလယ်၌ရှိခဲ့ကြစဉ် ငါတို့အား သင်တို့မည်ကဲ့သို့ လက်ခံကြိုဆိုခဲ့ကြသည်ကို လည်းကောင်း၊ သင်တို့သည် ရုပ်တုများကိုစွန့်ပြီး အသက်ရှင်၍ စစ်မှန်သောဘုရားသခင်ကို အစေခံရန်နှင့်၊-
9 Porque eles mesmos anunciam de nós qual a entrada que tivemos para convosco, e como dos ídolos vos convertestes a Deus, para servir o Deus vivo e verdadeiro,
10 ကောင်းကင်ဘုံ၌ရှိသော ကိုယ်တော်၏သားတော် ကြွလာတော်မူမည်ကိုစောင့်မျှော်ရန် ကိုယ်တော့်ထံပါးသို့ ပြောင်းလဲလာကြသည်ကိုလည်းကောင်း သူတို့ကိုယ်တိုင် ငါတို့အား ပြောကြားကြ၏။ ထိုသားတော်သည်ကား သေသူတို့အစုမှ ဘုရားသခင်ထမြောက်စေတော်မူသော ယေဇူးပင်ဖြစ်သတည်း။ ထိုသခင်သည် ကျရောက်လတ္တံ့သောအမျက်တော်မှ ငါတို့ကို ကယ်တင်တော်မူခဲ့၏။
10 E esperar dos céus o seu Filho, a quem ressuscitou dentre os mortos, a saber, Jesus, que nos livra da ira futura.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Tessalonicenses 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.