1 Timóteo 3
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ
1 တစ်စုံတစ်ယောက်သည် သာသနာ၏အကြီးအမှူး အရိုက်အရာအတွက် ရည်ရွယ်ချက်ကြီးမားစွာထားရှိလျှင် သူသည် မွန်မြတ်သော တာဝန်တစ်ခုကို လိုလားခြင်းဖြစ်သည် ဟူသောစကားမှာမှန်ပေ၏။-
1 Esta é uma palavra fiel: Se um homem deseja o ofício de bispo, boa obra deseja.
2 သာသနာအကြီးအမှူးသည် အပြစ်တင်စရာမရှိသူ၊ ဇနီးတစ်ဦးတည်း၏ ခင်ပွန်းဖြစ်သူ၊ မျှတစွာကျင့်ကြံသူ၊ ပညာသတိရှိသူ၊ ဣန္ဒြေသိက္ခာရှိသောသူ၊ ဧည့်ဝတ်ကျေပွန်သူနှင့် ကောင်းစွာသင်ကြားပေးတတ်သော သူဖြစ်ရမည်။-
2 O bispo então deve ser irrepreensível, marido de uma esposa, vigilante, sóbrio, de bom comportamento, dado à hospitalidade, apto para ensinar;
3 သူသည် သောက်စားမူးယစ်တတ်သောသူ၊ ကြမ်းတမ်းရက်စက်သူ၊ ခိုက်ရန်ဖြစ်ပွားတတ်သောသူ၊ ငွေကြေးတပ်မက်သူ အစရှိသောလူမျိုးမဟုတ်ဘဲ နူးညံ့သိမ်မွေ့သောသူဖြစ်ရမည်။-
3 não dado ao vinho, não espancador, não cobiçoso de lucro desonesto, mas paciente, não contencioso, não avarento;
4 သူသည် မိမိ၏မိသားစုကို ကောင်းစွာအုပ်ချုပ်သူဖြစ်၍ မိမိ၏သားသမီးများကိုလည်း အရာရာ၌ ကျိုးနွံနာခံစေ၍ ရိုသေလေးစားတတ်သော သူများဖြစ်ရန် ထိန်းသိမ်းနိုင်ရမည်။-
4 que governe bem a sua própria casa, tendo seus filhos em sujeição, com toda a seriedade,
5 အကြောင်းမူကား လူတစ်ဦးသည် မိမိ၏မိသားစုကို ထိန်းသိမ်းအုပ်ချုပ်နိုင်စွမ်းမရှိပါလျှင် သူသည် ဘုရားသခင်၏ အသင်းတော်ကို မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်မည်နည်း။-
5 (porque se o homem não sabe governar a sua própria casa, como cuidará da igreja de Deus?);
6 ဤသူသည် မကြာသေးမီက ဘာသာဝင်လာသူ မဖြစ်စေရ။ သို့မဟုတ်လျှင် ထိုသူသည် မာနထောင်လွှားခြင်းဖြင့် ဘဝင်မြင့်ပြီး နတ်ဆိုးကဲ့သို့ အပြစ်ဒဏ်စီရင်ခြင်းခံရမည်ကို စိုးရိမ်ရ၏။-
6 não um principiante, para que, envaidecendo-se com orgulho, não caia na condenação do diabo.
7 ထိုမျှမက သူသည် အသင်းတော်ပြင်ပမှလူများ၏ ရိုသေလေးစားခြင်းကို ခံရသူလည်းဖြစ်ရမည်။ ထိုသို့မဟုတ်လျှင် သူသည် ကဲ့ရဲ့ ပြစ်တင်ခံရ၍ နတ်ဆိုး၏ကျော့ကွင်းသို့ ကျရောက်နိုင်၏။
7 Além disso, ele deve ter também bom testemunho dos que estão de fora, para que não caia em descrédito e no laço do diabo.
8 ထိုနည်းတူပင် သိက္ခာရအမှုတော်ဆောင်တို့သည်လည်း တည်ကြည်လေးနက်သူများဖြစ်ကြရမည်။ သူတို့သည် လျှာနှစ်ခွဖြင့် ပြောဆိုသူများ၊ စပျစ်ရည်သောက်ကြူးသူများနှင့် အကျိုးအမြတ်ရရန် လောဘကြီးသူများ မဖြစ်စေရ။-
8 Do mesmo modo os diáconos devem ser sérios, não de língua dobre, não dados a muito vinho, não cobiçosos de lucro desonesto,
9 သူတို့သည် ယုံကြည်ခြင်း၏နက်နဲရာအချက်ကို ကြည်လင်သောစိတ်ဖြင့် စောင့်ထိန်းကြရမည်။-
9 guardando o mistério da fé em uma pura consciência.
10 သူတို့သည် ပထမဦးစွာ စမ်းသပ်စစ်ဆေးခြင်းကို ခံယူကြပါစေ။ ဤသို့ဖြင့် သူတို့သည် အပြစ်တင်စရာမရှိကြောင်း မိမိတို့ကိုယ်ကိုသက်သေပြနိုင်လျှင် သူတို့ကို သိက္ခာရအမှုတော်ဆောင်များအဖြစ် အမှုထမ်းစေလော့။-
10 E também estes sejam primeiro provados, depois pratiquem o ofício de um diácono, se forem considerados irrepreensíveis.
11 ထိုနည်းတူ အမျိုးသမီးတို့သည်လည်း တည်ကြည်လေးနက်သောသူများ ဖြစ်ကြရမည်။ သူတို့သည် သူတစ်ပါး အသရေပျက်အောင် ပြောဆိုသူများမဟုတ်ဘဲ မျှတစွာပြုကျင့်သူများဖြစ်ကြ၍ အရာရာတို့၌ သစ္စာရှိသူများဖြစ်ကြရမည်။-
11 Do mesmo modo suas mulheres devem ser sérias, não maldizentes, sóbrias e fiéis em todas as coisas.
12 သိက္ခာရအမှုတော်ဆောင်တို့သည် ဇနီးတစ်ဦးတည်း၏ ခင်ပွန်းဖြစ်ကြရမည်။ သူတို့သည် မိမိတို့၏သားသမီးများနှင့် မိသားစုတို့ကို ကောင်းစွာထိန်းသိမ်းအုပ်ချုပ်သူများဖြစ်ကြပါစေ။-
12 Os diáconos sejam maridos de uma esposa e governem bem seus filhos e suas próprias casas.
13 သိက္ခာရအမှုတော်ဆောင်အဖြစ် ကောင်းစွာအစေခံသောသူတို့သည် မိမိတို့ကိုယ်တိုင်အတွက် ဂုဏ်သိက္ခာရှိစေမည့်အပြင် ခရစ်တော်ယေဇူး၌ ယုံကြည်ခြင်းနှင့်ပတ်သက်၍လည်း အခွင့်အာဏာဖြင့်ဟောပြောနိုင်ကြလိမ့်မည်။
13 Porque os que praticarem bem o ofício de diácono adquirirão para si uma boa posição e grande confiança na fé que há em Cristo Jesus.
14 ငါသည် သင့်ထံသို့ မကြာမီလာရောက်နိုင်မည်ဟု မျှော်လင့်ပါ၏။ သို့သော် ဤသွန်သင်ချက်များကို သင့်ထံသို့ ရေးရသော အကြောင်းရင်းမှာ၊-
14 Estas coisas te escrevo, esperando ir ver-te logo,
15 အကယ်၍ ငါလာရောက်ရန် နှောင့်နှေးကြန့်ကြာခဲ့ပါလျှင် ဘုရားသခင်၏ အိမ်ထောင်စုအတွင်း၌ လူတစ်ဦးသည် မည်ကဲ့သို့နေထိုင်ကျင့်ကြံရမည့်အကြောင်းကို သင်သိစေရန်ဖြစ်၏။ ဘုရားသခင်၏အိမ်ထောင်စုသည်ကား အသက်ရှင်သော ဘုရားသခင်၏အသင်းတော်နှင့် သမ္မာတရား၏မဏ္ဍိုင်နှင့် ကျောထောက်နောက်ခံဖြစ်သတည်း။-
15 todavia, se eu tardar, para que vós saibas como convém te comportar na casa de Deus, que é a igreja do Deus vivo, a coluna e fundamento da verdade.
16 ငါတို့ ဘာသာတရား၏ နက်နဲရာအချက်သည် အမှန်စင်စစ်ကြီးမြတ်လှကြောင်းကို ငါတို့ယုံကြည်ဝန်ခံပါ၏။ ကိုယ်တော့်ကို လူအဖြစ်၌ ထင်ရှားစေပြီးလျှင် ကိုယ်တော်သည် ဖြောင့်မတ်ကြောင်းကို ဝိညာဉ်တော်က သက်သေထူတော်မူ၏။ ကောင်းကင်တမန်တော်တို့သည် ကိုယ်တော့်ကို ဖူးမြင်ကြရ၏။ သတင်းတော်ကို လူမျိုးအပေါင်းတို့အလယ်တွင် ကြေညာ ဟောပြောကြ၍ ကမ္ဘာအနှံ့ယုံ ကြည်ခဲ့ကြသည်။ ကိုယ်တော်သည် ဘုန်းဂုဏ်တော်နှင့် အထက်သို့ဆောင်ယူခြင်းခံရတော်မူပြီ။
16 E, sem controvérsia, grande é o mistério da piedade: Deus foi manifesto na carne, justificado no Espírito, visto pelos anjos, pregado aos gentios, crido no mundo, recebido acima na glória.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Timóteo 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.