1 Pedro 4

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထို့ကြောင့် ခရစ်တော်သည် ခန္ဓာကိုယ်အားဖြင့် ဒုက္ခဝေဒနာခံထမ်းတော်မူသဖြင့် သင်တို့သည် လည်း ဤကဲ့သို့ခံယူနိုင်ရန် မိမိတို့ကိုယ်ကို အသင့်ပြင် ထားကြလော့။ အကြောင်းမူကား ခန္ဓာကိုယ်အားဖြင့် ဒုက္ခဝေဒနာခံရသူတို့သည် အပြစ်မကောင်းမှုနှင့် အဆက် ဖြတ်ခဲ့ကြ၏။-
1 Portanto, uma vez que Cristo sofreu corporalmente, armem-se também do mesmo pensamento, pois aquele que sofreu em seu corpo rompeu com o pecado,
2 ဤသို့ဖြင့်သူတို့သည် ကျန်ရှိသောအချိန် ကာလအတွင်း လူတို့၏ရမ္မက်ဆန္ဒများဖြင့် အသက်မရှင် ဘဲ ဘုရားသခင်၏ အလိုတော်အားဖြင့်သာ အသက်ရှင် နိုင်ကြမည်ဖြစ်၏။-
2 para que, no tempo que lhe resta, não viva mais para satisfazer os maus desejos humanos, mas sim para fazer a vontade de Deus.
3 လူမျိုးခြားတို့ပြုလုပ်သကဲ့သို့ အပျော်အပါးလွန်ကြူးခြင်း၊ သွေးသားတပ်မက်ခြင်း၊ အရက်သေ စာမူးယစ်ခြင်း၊ သောက်စားမြူးထူးခြင်းနှင့် သေရည်သောက်ပြိုင်ခြင်း၊ တရားမဲ့ရုပ်တုဆင်းတုကိုးကွယ်ခြင်း စသည်တို့ကို သင်တို့ကျူးလွန် ခဲ့သော အတိတ်ကာလ သည် ယခုတော်သင့်လေပြီ။-
3 No passado vocês já gastaram tempo suficiente fazendo o que agrada aos pagãos. Naquele tempo vocês viviam em libertinagem, na sensualidade, nas bebedeiras, orgias e farras, e na idolatria repugnante.
4 ယခု သင်တို့သည် ထိုသူ တို့နှင့်အတူ ထိုကဲ့သို့လွန်ကျူးစွာပျော်ပါးခြင်း၌ မပါဝင် ကြသဖြင့် ထိုသူတို့သည် အံ့အားသင့်ကြ၍ သင်တို့ကို ထိခိုက်စော်ကားပြောဆိုကြ၏။-
4 Eles acham estranho que vocês não se lancem com eles na mesma torrente de imoralidade, e por isso os insultam.
5 သို့သော် သူတို့သည် ရှင်သူသေသူတို့ကို တရားစီရင်ရန် အဆင်သင့်ရှိတော် မူသောအရှင်ထံတော်၌ စစ်ဆေးစီရင်ခြင်း ခံကြရလိမ့်မည်။-
5 Contudo, eles terão que prestar contas àquele que está pronto para julgar os vivos e os mortos.
6 ဤအကြောင်းကြောင့် ဧဝံဂေလိတရားတော်အား သေလွန်ပြီးသောသူတို့ကိုပင်လျှင် ကြေညာဟောပြော ရခြင်းဖြစ်၏။ ဤသို့ပြုလုပ်ခြင်းဖြင့် ထိုသူတို့သည် ခန္ဓာကိုယ်၌ လူများကဲ့သို့ စီရင်ခြင်းခံကြရသော်လည်း ဝိညာဉ် ၌ ဘုရားသခင်ကဲ့သို့ အသက်ရှင်ကြလိမ့်မည်။
6 Por isso mesmo o evangelho foi pregado também a mortos, para que eles, mesmo julgados no corpo segundo os homens, vivam pelo Espírito segundo Deus.
7 အရာခပ်သိမ်းတို့၏အဆုံးသတ်ချိန်သည် ရောက်လုနီးလေပြီ။ ထို့ကြောင့် သင်တို့သည် ဆုတောင်းပတ္ထနာ ပြုနိုင်ကြရန် တည်ကြည်လေးနက်လျက် သတိဝီရိယရှိကြလော့။-
7 O fim de todas as coisas está próximo. Portanto, sejam criteriosos e sóbrios; dediquem-se à oração.
8 အထူးသဖြင့် သင်တို့အချင်းချင်း စွဲမြဲစွာချစ် ခင်လေးစားကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာ သည် များစွာသော အပြစ်တို့ကို ဖုံးလွှမ်းထားနိုင်သော ကြောင့်ဖြစ်၏။-
8 Sobretudo, amem-se sinceramente uns aos outros, porque o amor perdoa muitíssimos pecados.
9 သင်တို့အချင်းချင်း မညည်းမညူဘဲ ဧည့်ဝတ်ပြုကြလော့။-
9 Sejam mutuamente hospitaleiros, sem reclamação.
10 သင်တို့တစ်ဦးစီသည် ကျေးဇူးတော် ကိုရရှိကြသဖြင့် ဘုရားသခင်၏ကျေးဇူးတော်အမျိုးမျိုးကို စောင့်ရှောက်ထိန်းသိမ်း ရသည့် ကောင်းသောဘဏ္ဍာစိုး များကဲ့သို့ ထိုကျေးဇူးတော်ကို တစ်ဦးစီ၏အကျိုးအတွက် အသုံးပြုကြလော့။-
10 Cada um exerça o dom que recebeu para servir aos outros, administrando fielmente a graça de Deus em suas múltiplas formas.
11 မည်သူမဆိုဟောပြောပါက ဘုရားသခင်၏ဗျာဒိတ်တော်ကိုဖွင့်ဆိုသကဲ့သို့ ဟောပြောပါစေ။ အမှုတော်၌ အစေခံသော သူသည်လည်း ဘုရားသခင်ပေးသနားတော်မူသော အားတန်ခိုးဖြင့် အစေခံသူကဲ့ သို့ဖြစ်ပါစေ။ ဤသို့ဖြင့် ဘုရားသခင်သည် ယေဇူးခရစ် တော်အားဖြင့် အရာခပ်သိမ်း၌ ဘုန်းဂုဏ်တော်ထင်ရှား လိမ့်မည်။ ကိုယ်တော်သည် ဘုန်းဂုဏ်တော်နှင့် တန်ခိုး အာနုဘော်တို့ကို ကာလအဆက်ဆက်စိုးပိုင်တော်မူပေ ၏။ အာမင်။
11 Se alguém fala, faça-o como quem transmite a palavra de Deus. Se alguém serve, faça-o com a força que Deus provê, de forma que em todas as coisas Deus seja glorificado mediante Jesus Cristo, a quem sejam a glória e o poder para todo o sempre. Amém.
12 ချစ်မိတ်ဆွေတို့၊ သင်တို့ကို စုံစမ်းရန် သင်တို့အပေါ် သို့ကျရောက်လာသောမီးဖြင့်စမ်းသပ်ခြင်းနှင့်ပတ်သက် ၍ သင်တို့၌ ထူးဆန်းသောအမှုဖြစ်ပျက်လျက်ရှိပြီဟူ၍ အံ့ဩခြင်းမရှိကြနှင့်။-
12 Amados, não se surpreendam com o fogo que surge entre vocês para os provar, como se algo estranho lhes estivesse acontecendo.
13 သို့ရာတွင် သင်တို့သည် ခရစ်တော်၏ဒုက္ခဝေဒနာကို မျှဝေခံစားကြရသောကြောင့် ဝမ်းမြောက်ကြလော့။ ဤသို့ဖြင့် ကိုယ်တော်၏ဘုန်း ဂုဏ်တော်ထင်ရှားသောအခါ သင်တို့သည်လည်း ဝမ်း မြောက်ပျော်ရွှင်ကြရပေလိမ့်မည်။-
13 Mas alegrem-se à medida que participam dos sofrimentos de Cristo, para que também, quando a sua glória for revelada, vocês exultem com grande alegria.
14 သင်တို့သည် ခရစ်တော်၏နာမတော်ကြောင့် ထိခိုက်စော်ကားခြင်းခံကြရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့်ပြည့်စုံသောဝိညာဉ်တော်သည် သင် တို့၌ ကိန်းဝပ်တော်မူသောကြောင့်ဖြစ်၏။-
14 Se vocês são insultados por causa do nome de Cristo, felizes são vocês, pois o Espírito da glória, o Espírito de Deus, repousa sobre vocês.
15 သင်တို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ လူသတ်သမားအဖြစ် လည်းကောင်း၊ သူခိုးအဖြစ်လည်းကောင်း၊ ဒုစရိုက်သားနှင့် သူတစ်ပါးကို ဒုက္ခပေးတတ်သူအဖြစ်လည်းကောင်း ဒုက္ခမခံရပါစေနှင့်။-
15 Se algum de vocês sofre, que não seja como assassino, ladrão, criminoso ou como quem se intromete em negócios alheios.
16 သို့သော်လည်း တစ်စုံတစ်ဦးသည် ခရစ်ယာန်အဖြစ် ဒုက္ခဆင်းရဲခံရပါက ရှက်ကြောက်ခြင်း မရှိစေနှင့်။ သူသည် ထိုနာမတော်အားဖြင့် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကိုချီးမွမ်းပါစေ။-
16 Contudo, se sofre como cristão, não se envergonhe, mas glorifique a Deus por meio desse nome.
17 အကြောင်းမူကား ဘုရားသခင်၏အိမ်တော်မှစတင်၍ တရားစီရင်မည့်အချိန်သည် ကျရောက်လာလေပြီ။ တရားစီရင်ခြင်းသည် ငါတို့ နှင့်စတင်ပါလျှင် ဘုရားသခင်၏ဧဝံဂေလိတရားတော်ကို မယုံကြည်သောသူတို့၏နိဂုံးသည် မည်သို့ဖြစ်မည် နည်း။-
17 Pois chegou a hora de começar o julgamento pela casa de Deus; e, se começa primeiro conosco, qual será o fim daqueles que não obedecem ao evangelho de Deus?
18 ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းခံရရန် ခက်ခဲပါလျှင် ဘုရားတရားမဲ့သူတို့နှင့် အပြစ်ရှိသူတို့သည် မည်သည့်အရပ်သို့ သွားကြရမည်နည်း။-
18 E, "se ao justo é difícil ser salvo, que será do ímpio e pecador? "
19 ထို့ကြောင့် ဘုရားသခင်၏အလိုတော်အတိုင်း ဒုက္ခဆင်းရဲခံကြရ သောသူတို့သည် ကောင်းသောအကျင့်တို့ကိုကျင့်ကြံ၍ သစ္စာတည်တော်မူသောဖန်ဆင်းရှင်ထံ၌ မိမိတို့၏ ဝိညာဉ်များကို အပ်နှံကြပါစေ။
19 Por isso mesmo, aqueles que sofrem de acordo com a vontade de Deus devem confiar suas vidas ao seu fiel Criador e praticar o bem.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Pedro 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.