1 Pedro 1
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ယေဇူးခရစ်တော်၏တမန်တော် ပေတရုထံမှ ပုန္တုပြည်၊ ဂါလားဆီယာပြည်၊ ကပ္ပါဒိုးစိယပြည်၊ အာရှပြည်နှင့် ဘီသိနိယပြည် တို့တွင် ပျံ့နှံ့နေထိုင်လျက် ရှိကြသော ဧည့်သည့်အာဂန္တုများဖြစ်ကြသည့်၊-
1 Pedro, apóstolo de Jesus Cristo, aos estrangeiros dispersos no Ponto, Galácia, Capadócia, Ásia e Bitínia;
2 ခမည်းတော်ဘုရား၏ ရွေးချယ် သတ်မှတ်ထားခြင်းခံရသောသူ အပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။ သူတို့သည် ယေဇူး ခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ဖြင့် ဆေးကြောခြင်းခံယူရန် ဝိညာဉ်တော်အားဖြင့် သန့်ရှင်း စင်ကြယ်လာကြ သောသူများဖြစ်ကြ၏။ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင် တို့၌ တိုးပွားပါစေသော်။
2 Eleitos segundo a presciência de Deus Pai, em santificação do Espírito, para a obediência e aspersão do sangue de Jesus Cristo: Graça e paz vos sejam multiplicadas.
3 ငါတို့၏သခင် ယေဇူးခရစ်တော်၏အဖခမည်းတော် ဘုရားအားကောင်းချီးမင်္ဂလာရှိပါစေသော်။ ကိုယ်တော်၏ မဟာကရုဏာ တော်အတိုင်း ငါတို့သည် ယေဇူးခရစ်တော်၏သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ရှင်သန်သော မျှော်လင့်ချက် သို့လည်းကောင်း၊-
3 Bendito seja o Deus e Pai de nosso Senhor Jesus Cristo que, segundo a sua grande misericórdia, nos gerou de novo para uma viva esperança, pela ressurreição de Jesus Cristo dentre os mortos,
4 သင်တို့အတွက် ကောင်းကင်တွင် သိမ်းဆည်းထားသည့် မပျက် စီးနိုင်သော၊ ညစ်ညူးခြင်းမှကင်းသော၊ ညှိုးနွမ်းမှေးမှိန် မသွားနိုင်သော အမွေတော်အတွက်လည်းကောင်း အသစ်တစ်ဖန် မွေးဖွားခြင်းခံခဲ့ကြရ၏။-
4 Para uma herança incorruptível, incontaminável, e que não se pode murchar, guardada nos céus para vós,
5 သင်တို့သည် ကား ကယ်တင်ခြင်းခံရရန် ဘုရားသခင်၏တန်ခိုးတော် အားဖြင့် ယုံကြည်ခြင်း၌ စောင့်ရှောက်ခြင်းခံကြရ၏။ ထို ကယ်တင်ခြင်းမှာ နောက်ဆုံးသောကာလတွင် ထင်ရှားလာခြင်းငှာ အသင့်ရှိနေလေပြီ။-
5 Que mediante a fé estais guardados na virtude de Deus para a salvação, já prestes para se revelar no último tempo,
6 ယခုအခါ သင်တို့သည် အမျိုးမျိုးသောစုံစမ်းခြင်းတို့ကို ခေတ္တခဏခံကြရမည်ဖြစ် သော်လည်း ဤအကြောင်းကြောင့် သင်တို့ဝမ်းမြောက် ကြပါလော့။-
6 Em que vós grandemente vos alegrais, ainda que agora importa, sendo necessário, que estejais por um pouco contristados com várias tentações,
7 သို့မှသာ မီးဖြင့် စမ်းသပ်ခံရပြီးဖြစ်သော် လည်း ပျောက်ပျက်သွားနိုင်သည့်ရွှေထက် ပို၍တန်ဖိုး ကြီးမားသောသင်တို့၏ ယုံကြည်ခြင်းသည် ထိုက်တန်ကြောင်း စမ်းသပ်စစ်ဆေးခံရပြီးနောက် သင်တို့သည် ယေဇူးခရစ်တော်၏ ဘုန်းတော်ထင်ရှား သည့်အချိန်တွင် ချီးမွမ်းခြင်း၊ ဂုဏ်ကျက်သရေနှင့် လေးစားဂုဏ်ပြုခြင်းတို့ကိုခံစားကြရမည်ဖြစ်၏။-
7 Para que a prova da vossa fé, muito mais preciosa do que o ouro que perece e é provado pelo fogo, se ache em louvor, e honra, e glória, na revelação de Jesus Cristo;
8 သင်တို့သည် ကိုယ်တော့်ကို မမြင်ဖူးကြသော်လည်း ချစ်မြတ်နိုးကြ၏။ ယခုတွင်လည်း သင်တို့သည် ကိုယ်တော့်ကို မမြင်ရသော်လည်း ကိုယ်တော်၌ ယုံကြည်ကြပြီး နှုတ်ဖြင့်မဖော်ပြနိုင်လောက်အောင် ကြီးမားလှသောဝမ်းမြောက်ခြင်းဖြင့် ပြည့် လျက်ရှိ၏။-
8 Ao qual, não o havendo visto, amais; no qual, não o vendo agora, mas crendo, vos alegrais com gozo inefável e glorioso;
9 သင်၏ယုံကြည်ခြင်းအကျိုးရလဒ်အဖြစ် သင်တို့သည် သင်တို့၏ဝိညာဉ်များအတွက် ကယ်တင်ခြင်းကျေး ဇူးကို ရရှိကြလေပြီ။
9 Alcançando o fim da vossa fé, a salvação das vossas almas.
10 သင်တို့ခံစားရမည့်ကျေးဇူးတော်အကြောင်းကို ကြိုတင်ဟောပြောခဲ့ကြသောပရောဖက်တို့သည် ဤကယ်တင်ခြင်း အကြောင်းကို ရှာဖွေလေ့လာခဲ့ကြ၏။-
10 Da qual salvação inquiriram e trataram diligentemente os profetas que profetizaram da graça que vos foi dada,
11 သူတို့သည် ခရစ်တော်၏ဒုက္ခဝေဒနာခံထမ်းခြင်းနှင့် နောက်ဆက်တွဲရရှိသည့်ဘုန်းဂုဏ်တော်တို့ကို ကြိုတင်ဟော ပြောကြသောအခါ ခရစ်တော်၏ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရသောသူမှာ မည်သူဖြစ်ကြောင်းကိုလည်းကောင်း၊ ယင်းသည် မည်သည့်အချိန်ကာလတွင်ဖြစ်ပွား မည်ကိုလည်းကောင်း မိမိတို့အချင်းချင်း မေးမြန်းစုံစမ်းခဲ့ကြ၏။-
11 Indagando que tempo ou que ocasião de tempo o Espírito de Cristo, que estava neles, indicava, anteriormente testificando os sofrimentos que a Cristo haviam de vir, e a glória que se lhes havia de seguir.
12 သူတို့ဟောပြောကြေညာခဲ့ကြသော သတင်းစကားသည် သူတို့အတွက်မဟုတ်ဘဲ သင်တို့အတွက် သာဖြစ်ကြောင်း သူတို့အား ထင်ရှားစွာဖော်ပြထားခဲ့ပြီး ဖြစ်၏။ ယခုအခါတွင် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရ တော်မူသောဝိညာဉ်တော်မြတ်မှ တစ်ဆင့် သင်တို့အား သတင်းကောင်းကို ဟောပြောကြသောသူတို့သည် ထို သတင်းစကားကို သင်တို့အား ကြေညာဟောပြော ခဲ့ကြ လေပြီ။ ကောင်းကင်တမန်တော်တို့သည် ထိုအကြောင်း အရာတို့ကို သိမြင်ခြင်းငှာ တောင့်တခဲ့ကြ၏။
12 Aos quais foi revelado que, não para si mesmos, mas para nós, eles ministravam estas coisas que agora vos foram anunciadas por aqueles que, pelo Espírito Santo enviado do céu, vos pregaram o evangelho; para as quais coisas os anjos desejam bem atentar.
13 သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးများကို အသင့်ပြင်ဆင်ပြီး စိတ်ကိုတည်ငြိမ်စွာထားကြလော့။ ယေဇူးခရစ်တော်၏ ဘုန်းဂုဏ်တော် ထင်ရှားချိန်တွင် သင်တို့ထံသို့ ရောက်ရှိလာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့် ကြလော့။-
13 Portanto, cingindo os lombos do vosso entendimento, sede sóbrios, e esperai inteiramente na graça que se vos ofereceu na revelação de Jesus Cristo;
14 သင်တို့သည် နာခံခြင်းရှိသောသားသမီးများ ဖြစ်သည့်အတိုင်း ယခင်သင်တို့အသိတရားမဲ့စဉ်ကရှိခဲ့သော ရမ္မက်ဆန္ဒများ နောက်သို့ မလိုက်ကြလေနှင့်။-
14 Como filhos obedientes, não vos conformando com as concupiscências que antes havia em vossa ignorância;
15 သို့သော် သင်တို့ကို ခေါ်တော်မူသောသခင်သည် သန့်ရှင်းမွန်မြတ်သကဲ့သို့ သင်တို့သည်လည်း သင်တို့ကျင့်ကြံ သမျှအမှုတို့၌ သန့်ရှင်းမွန်မြတ်သောသူများဖြစ်စေကြလော့။-
15 Mas, como é santo aquele que vos chamou, sede vós também santos em toda a vossa maneira de viver;
16 အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ငါသည်သန့်ရှင်းမွန်မြတ်တော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်း မွန်မြတ်ကြလော့ဟု ရေးထားသတည်း။
16 Porquanto está escrito: Sede santos, porque eu sou santo.
17 မျက်နှာလိုက်ခြင်းမရှိဘဲ လူတစ်ဦးစီ၏အပြုအမူများအတိုင်း တရားစီရင်တော်မူသောအရှင်ကို အဖခမည်းတော်အဖြစ် သင်တို့တောင်းလျှောက်ကြပါလျှင် ကမ္ဘာလောက၌ နေရသောကာလတစ်လျှောက်လုံး ကြောက်ရွံ့ရိုသေခြင်းဖြင့် ကျင့်ကြံနေ ထိုင်ကြလော့။-
17 E, se invocais por Pai aquele que, sem acepção de pessoas, julga segundo a obra de cada um, andai em temor, durante o tempo da vossa peregrinação,
18 သင်တို့၏ ဘိုးဘေးတို့ထံမှ အမွေဆက်ခံကြရသည့် အနှစ်သာရ ကင်းမဲ့သောဘ၀မှ သင်တို့ကို ရွေးနုတ်ခဲ့ကြောင်း သင်တို့ သိကြ၏။ ထိုသို့ရွေးနုတ်ရာတွင် ပျက်စီးတတ်သော ရွှေ၊ ငွေအစရှိသည့်အရာတို့ဖြင့် ရွေးနုတ်ကယ်တင်ခဲ့ခြင်း မဟုတ်ဘဲ၊-
18 Sabendo que não foi com coisas corruptíveis, como prata ou ouro, que fostes resgatados da vossa vã maneira de viver que por tradição recebestes dos vossos pais,
19 အပြစ်အနာအဆာကင်းသော သိုးငယ် တော်ကဲ့သို့ဖြစ်သော ခရစ်တော်၏သွေးတော်အားဖြင့်သာ ရွေးနုတ်ကယ်တင်ခဲ့ ကြောင်းကို သင်တို့သိကြ၏။-
19 Mas com o precioso sangue de Cristo, como de um cordeiro imaculado e incontaminado,
20 ကိုယ်တော်သည် ကမ္ဘာလောကမတည်ရှိမီကပင် ရွေးချယ်သတ်မှတ်ထားခြင်းခံခဲ့ရပြီး နောက်ဆုံးသောအချိန် ကာလတွင် သင်တို့၏အကျိုးအလို့ငှာ ထင်ရှားစွာထုတ် ဖော်ပြခြင်းကိုခံတော်မူ၏။-
20 O qual, na verdade, em outro tempo foi conhecido, ainda antes da fundação do mundo, mas manifestado nestes últimos tempos por amor de vós;
21 ဘုရားသခင်သည် ကိုယ် တော်အား သေခြင်းမှရှင်ပြန်ထမြောက်စေပြီး ဘုန်းဂုဏ် တော်ကိုပေးသနားတော်မူ၍ သင်တို့သည် ကိုယ်တော်အားဖြင့် ဘုရားသခင်၌ ယုံကြည်ကိုးစားလာကြ၏။ သို့မှသာ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းသည် ဘုရားသခင်၌ တည်နေမည်ဖြစ်၏။
21 E por ele credes em Deus, que o ressuscitou dentre os mortos, e lhe deu glória, para que a vossa fé e esperança estivessem em Deus;
22 သင်တို့သည် ညီအစ်ကိုများအပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာတရားထားရှိရန် သမ္မာတရားတော်ကို နာခံခြင်းဖြင့် သင်တို့၏ ဝိညာဉ်များကို စင်ကြယ်စေခဲ့သည်ဖြစ်၍ သင်တို့အချင်းချင်း စိတ်နှလုံးထဲမှ လေးနက်စွာ ချစ်ခင်ကြလော့။-
22 Purificando as vossas almas pelo Espírito na obediência à verdade, para o amor fraternal, não fingido; amai-vos ardentemente uns aos outros com um coração puro;
23 သင်တို့သည် သေကြေပျက်စီးနိုင်သောမျိုး စေ့မှမွေးဖွားလာခြင်းမဟုတ်ဘဲ မသေကြေမပျက်စီးနိုင်သည့်မျိုးစေ့တည်း ဟူသော အသက်ရှင်၍ အစဉ်တည် နေတော်မူသည့် ဘုရားသခင်၏နှုတ်တော်ထွက်စကားအားဖြင့် အသစ်မွေးဖွားခြင်းခံကြရ လေပြီ။-
23 Sendo de novo gerados, não de semente corruptível, mas da incorruptível, pela palavra de Deus, viva, e que permanece para sempre.
24 အကြောင်း မူကား လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်ကြ၍ သူတို့၏ဂုဏ်သရေရှိသမျှသည် မြက်ပင်မှပွင့်သောပန်းနှင့် တူ၏၊ မြက်ပင်သည် ညှိုးခြောက်သွား၍ မြက်ပင်၏ပန်းသည်လည်း ကြွေကျလေ၏၊-
24 Porque toda a carne é como a erva,e toda a glória do homem como a flor da erva.Secou-se a erva, e caiu a sua flor;
25 ဘုရားသခင်၏နှုတ်တော် ထွက်စကားမူကား အစဉ်ထာ၀ရတည်တော်မူ၏ဟူ၍ ကျမ်းစာတော်မြတ်၌ ရေးထားသော ကြောင့်တည်း။ ဤ နှုတ်တော်ထွက်စကားသည်ကား သင်တို့အား ကြေညာ ဟောပြောသော ဧဝံဂေလိတရားတော်ပေတည်း။
25 Mas a palavra do Senhor permanece para sempre.E esta é a palavra que entre vós foi evangelizada.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Pedro 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.