1 João 2

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ငါ၏သားသမီးတို့၊ သင်တို့သည် အပြစ်မကျူးလွန်ကြစေရန် ဤစာကို သင်တို့ထံသို့ ငါရေးလိုက်ပါ၏။ သို့ရာတွင် တစ်စုံတစ် ယောက်သည် အပြစ်ကျူးလွန်မိပါလျှင် ခမည်းတော်ထံတွင် ငါတို့အတွက် အသနားခံပေးမည့် ဖြောင့်မတ်သော ယေဇူးသခင် ခရစ်တော်ရှိတော်မူ၏။-
1 Meus filhinhos, estas coisas vos escrevo, para que não pequeis; mas, se alguém pecar, temos um Advogado para com o Pai, Jesus Cristo, o justo.
2 ကိုယ်တော်သည် ငါတို့၏အပြစ်များ အတွက်သာမက လောကသားအပေါင်းတို့၏အပြစ် များအတွက်လည်း ဒဏ်ဆပ်ဖြေရာ ဖြစ်တော်မူ၏။-
2 E ele é a propiciação pelos nossos pecados, e não somente pelos nossos, mas também pelos de todo o mundo.
3 ငါတို့သည် ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းပါလျှင် ကိုယ်တော့်ကိုသိရှိကြကြောင်း အသေအချာပြော ဆိုနိုင် ကြ၏။-
3 E nisto sabemos que o conhecemos; se guardamos os seus mandamentos.
4 ကိုယ်တော့်ကို ငါသိပါသည်ဟုဆိုလျက် ကိုယ်တော်၏ပညတ်တော်များကို မစောင့်ထိန်းသောသူ သည် လိမ်လည်သူဖြစ်ပြီး သမ္မာတရားသည်လည်း သူ၌မတည်ချေ။-
4 Aquele que diz: Eu o conheço, e não guarda os seus mandamentos, é mentiroso, e nele não está a verdade;
5 သို့သော် ကိုယ်တော်၏စကားကိုနာခံသော သူ၌ ဘုရားသခင်၏စစ်မှန်သောချစ်ခြင်းမေတ္တာတော်သည် ပြည့်စုံလေ၏။ ဤနည်းဖြင့် ငါတို့သည် ကိုယ်တော်၌ တည်ရှိကြောင်းကို ကောင်းစွာသိရှိနိုင်မည်ဖြစ်၏။-
5 mas qualquer que guarda a sua palavra, nele realmente se tem aperfeiçoado o amor de Deus. E nisto sabemos que estamos nele;
6 ငါသည် ကိုယ်တော်၌ တည်ရှိသည်ဟုဆိုသောသူသည် ကိုယ်တော်လျှောက်လှမ်းတော်မူခဲ့သည့်အသက်တာ အတိုင်း လျှောက်လှမ်းရမည်ဖြစ်၏။
6 aquele que diz estar nele, também deve andar como ele andou.
7 ချစ်မိတ်ဆွေတို့၊ ငါသည် သင်တို့အား ပညတ်တော် အသစ်ကို ရေးသားဖော်ပြနေခြင်းမဟုတ်ပေ။ ဤပညတ်သည် အစဦးကပင် သင်တို့၌ရှိထားပြီးသောပညတ်တော် ဟောင်းဖြစ်၏။ ထိုပညတ်တော်ဟောင်းသည်ကား သင် တို့ကြားနာခဲ့ပြီးသော နှုတ်တော်ထွက်စကားပင်ဖြစ်၏။-
7 Amados, não vos escrevo mandamento novo, mas um mandamento antigo, que tendes desde o princípio. Este mandamento antigo é a palavra que ouvistes.
8 သို့သော် မှောင်မိုက်ခြင်းသည် ပျောက်ကွယ်သွားပြီး စစ် မှန်သောအလင်းသည်လည်း ထွန်းလင်းလျက်ရှိပြီဖြစ် သောကြောင့် သင်တို့အား ငါရေးသားဖော်ပြနေသော ပညတ်မှာ ပညတ်တော်အသစ်ဖြစ်လေ၏။ ယင်းသည် ကိုယ်တော်၌လည်းကောင်း၊ သင်တို့၌လည်းကောင်း မှန်ကန်လေ၏။-
8 Contudo é um novo mandamento que vos escrevo, o qual é verdadeiro nele e em vós; porque as trevas vão passando, e já brilha a verdadeira luz.
9 ငါသည် အလင်း၌ရှိသည်ဟုဆိုလျက် မိမိ၏ ညီအစ်ကိုကို မုန်းတီးသောသူသည် မှောင်မိုက်ထဲ၌ပင် ရှိနေလေ၏။-
9 Aquele que diz estar na luz, e odeia a seu irmão, até agora está nas trevas.
10 မိမိ၏ညီအစ်ကိုကို ချစ်သောသူသည် အလင်း၌တည်ရှိ၍ ထိုသူသည် လမ်းမှားသို့ ရောက်ရန် အကြောင်းမရှိချေ။-
10 Aquele que ama a seu irmão permanece na luz, e nele não há tropeço.
11 မိမိ၏ ညီအစ်ကိုကို မုန်းတီးသော သူမူကား မှောင်မိုက်ထဲတွင် ရှိနေ၍ သူသည် အမှောင်၌ လျှောက်လှမ်းလေ၏။ အမှောင် သည် သူ့ကို မျက်စိကန်း စေသောကြောင့် သူသည် မိမိမည်သည့်အရပ်သို့သွားနေသည်ကို မသိချေ။
11 Mas aquele que odeia a seu irmão está nas trevas, e anda nas trevas, e não sabe para onde vai; porque as trevas lhe cegaram os olhos.
12 ငါ၏သားသမီးတို့၊ ကိုယ်တော်၏နာမတော်အား ဖြင့် သင်တို့၏အပြစ်များသည် ဖြေလွှတ်ခြင်းခံရသော ကြောင့် ငါသည် သင်တို့ထံသို့ စာရေးဖော်ပြခြင်းဖြစ်၏။-
12 Filhinhos, eu vos escrevo, porque os vossos pecados são perdoados por amor do seu nome.
13 ဖခင်များတို့၊ သင်တို့သည် အစဦးကပင် တည်ရှိတော်မူ သောသခင်ကို သိကြသောကြောင့် သင်တို့ထံသို့ ကျွန်ုပ် စာရေးလိုက် ပါ၏။ လူငယ်များတို့၊ သင်တို့သည် ဆိုး ယုတ်သောသူကို အောင်မြင်ခဲ့ကြသောကြောင့် သင်တို့ ထံသို့ ငါစာရေးလိုက်ပါ၏။ သားသမီးများတို့၊ သင်တို့သည် ခမည်းတော်ဘုရားကို သိကြသောကြောင့် သင်တို့ ထံသို့ ငါစာရေးလိုက်ပါ၏။-
13 Pais, eu vos escrevo, porque conheceis aquele que é desde o princípio. Jovens, eu vos escrevo, porque vencestes o Maligno.
14 ဖခင်များတို့၊ သင်တို့သည် အစဦးကပင် တည်ရှိတော်မူသောကိုယ်တော့်ကို သိကြသောကြောင့် သင်တို့ထံသို့ ကျွန်ုပ်စာရေးလိုက်ပါ၏။ လူငယ်များတို့၊ သင်တို့သည် ခွန်အားရှိကြ၍ ဘုရားသခင် ၏နှုတ်တော်ထွက်စကားသည် သင်တို့၌ ကိန်းအောင်း တော်မူပြီး သင်တို့သည် ဆိုးယုတ်သောသူကို အောင်မြင် ခဲ့ကြသောကြောင့် သင်တို့ထံသို့ ငါစာရေးလိုက်ပါ၏။
14 Eu vos escrevi, meninos, porque conheceis o Pai. Eu vos escrevi, pais, porque conheceis aquele que é desde o princípio. Eu escrevi, jovens, porque sois fortes, e a palavra de Deus permanece em vós, e já vencestes o Maligno.
15 လောကနှင့် လောက၌ရှိသောအရာများကို တပ် မက်ခြင်းမရှိကြနှင့်။ တစ်စုံတစ်ယောက်သည် လောက ကို တပ်မက်လျှင် ခမည်းတော်ဘုရား၏ချစ်ခြင်းမေတ္တာသည် သူ၌တည်တော်မမူချေ။-
15 Não ameis o mundo, nem o que há no mundo. Se alguém ama o mundo, o amor do Pai não está nele.
16 အကြောင်းမူကား လောကတွင်ရှိသောအရာများဖြစ်ကြသည့် ကာယဖြင့် တပ်မက်စွဲလန်းခြင်း၊ မျက်စိဖြင့်မြင်၍ လိုချင်တပ်မက်ခြင်းနှင့် ဥစ္စာပိုင်ဆိုင်ခြင်း၌ ဂုဏ်ယူဝါကြွားခြင်းတို့သည် ခမည်း တော်ဘုရားနှင့် မသက်ဆိုင်ဘဲ လောကနှင့်သာ သက် ဆိုင်သောကြောင့်တည်း။-
16 Porque tudo o que há no mundo, a concupiscência da carne, a concupiscência dos olhos e a soberba da vida, não vem do Pai, mas sim do mundo.
17 လောကနှင့် လောက၏စွဲ လန်းတပ်မက်ခြင်းရှိသမျှတို့သည် ပျောက်ကွယ်သွား တတ်၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက် သောသူမူကား အစဉ်ထာ၀ရအသက်ရှင်လိမ့်မည်။
17 Ora, o mundo passa, e a sua concupiscência; mas aquele que faz a vontade de Deus, permanece para sempre.
18 သားသမီးတို့၊ ဤသည်ကား နောက်ဆုံးသော အချိန်ကာလဖြစ်၏။ ခရစ်တော်ကိုဆန့်ကျင်သူရောက် လာမည်ကို သင်တို့ကြားထားခဲ့ပြီးဖြစ်သကဲ့သို့ ယခုအခါတွင် ခရစ်တော်ကို ဆန့်ကျင်သူအများအပြားရောက်လာကြလေပြီ။ ထို့ကြောင့် ဤအချိန်သည် နောက်ဆုံး အချိန်ကာလဖြစ်ကြောင်း ငါတို့သိကြ၏။-
18 Filhinhos, esta é a última hora; e, conforme ouvistes que vem o anticristo, já muitos anticristos se têm levantado; por onde conhecemos que é a última hora.
19 ထိုသူတို့ သည် ငါတို့ထံမှ ထွက်ခွာသွားခဲ့ကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်အတူ ပါဝင်ခဲ့ကြသည်မဟုတ်။ အကယ်၍ သူတို့သည် ငါတို့နှင့်အတူပါဝင်ခဲ့ကြလျှင် ငါတို့နှင့်အတူ ဆက်လက်၍ ရှိနေကြမည်ဖြစ်၏။ သို့သော် သူတို့သည် ထွက်ခွာသွားခဲ့ ကြသဖြင့် သူတို့အားလုံးသည် ငါတို့နှင့် အတူမရှိကြောင်း ထင်ရှားလေပြီ။-
19 Saíram dentre nós, mas não eram dos nossos; porque, se fossem dos nossos, teriam permanecido conosco; mas todos eles saíram para que se manifestasse que não são dos nossos.
20 သင်တို့မူကား သန့်ရှင်းသောအရှင်အားဖြင့် ဘိသိက်သွန်းလောင်းခြင်းခံခဲ့ ကြရ၍ သင်တို့အားလုံးသည် အသိတရားကို ခံယူရရှိခဲ့ ကြလေပြီ။-
20 Ora, vós tendes a unção da parte do Santo, e todos tendes conhecimento.
21 သင်တို့သည် သမ္မာတရားတော်ကို မသိကြသောကြောင့် ငါသည် သင်တို့ထံသို့ စာရေးခြင်းမဟုတ်။ သင်တို့သည် သမ္မာတရားကိုသိကြ၍ လိမ်လည်ခြင်းသည် သမ္မာတရားနှင့်မသက်ဆိုင်သည်ကို သင်တို့သိကြသောကြောင့်ဖြစ်၏။-
21 Não vos escrevi porque não soubésseis a verdade, mas porque a sabeis, e porque nenhuma mentira vem da verdade.
22 ယေဇူးသည် ခရစ်တော်ဖြစ် တော်မူသည်ကို ငြင်းပယ်သောသူမှလွဲ၍ မည်သူသည် လိမ်လည်သောသူဖြစ်သနည်း။ ထိုသူ သည် ခရစ်တော် အား ဆန့်ကျင်သူဖြစ်၏။ သူသည် ခမည်းတော်နှင့် သား တော်ကို ငြင်းပယ်၏။-
22 Quem é o mentiroso, senão aquele que nega que Jesus é o Cristo? Esse mesmo é o anticristo, esse que nega o Pai e o Filho.
23 သားတော်ကိုငြင်းပယ်သော သူ၌ ခမည်းတော်သည် တည်နေတော်မမူပေ။ သားတော်ကို လက်ခံသောသူ၌မူကား ခမည်းတော်သည် တည်နေတော်မူ၏။-
23 Qualquer que nega o Filho, também não tem o Pai; aquele que confessa o Filho, tem também o Pai.
24 အစဦးကပင် သင်တို့ကြားနာခဲ့ကြရသော အရာသည် သင်တို့၌ တည်နေပါစေ။ ထိုသို့အစဦးကပင် သင်တို့ကြားနာခဲ့ရသော အရာသည် သင်တို့၌ တည်ရှိလျှင် သင်တို့သည် သားတော်နှင့်အတူ ခမည်းတော်၌ လည်း တည်ရှိကြလိမ့်မည်။-
24 Portanto, o que desde o princípio ouvistes, permaneça em vós. Se em vós permanecer o que desde o princípio ouvistes, também vós permanecereis no Filho e no Pai.
25 ဤသည်ကား ငါတို့အား ကိုယ်တော်ကတိထားတော်မူခဲ့သော ထာ၀ရအသက် ပင်ဖြစ်သတည်း။
25 E esta é a promessa que ele nos fez: a vida eterna.
26 သင်တို့ကို လှည့်ဖြားမည့်သူများအကြောင်းနှင့် ပတ်သက်၍ သင်တို့ထံ ငါစာရေးခဲ့ပြီးဖြစ်၏။-
26 Estas coisas vos escrevo a respeito daqueles que vos querem enganar.
27 သို့သော် ကိုယ်တော့်ထံမှ သင်တို့ခံယူရရှိခဲ့သော ဘိသိက်သွန်း လောင်းခြင်းသည်ကား သင်တို့၌ တည်ရှိသည်ဖြစ်၍ သင် တို့သည် အဘယ်သူ၏သင်ကြားမှုကိုမျှ မလိုအပ်ချေ။ အကြောင်းမူကား ကိုယ်တော်၏ဘိသိက်သွန်းလောင်း ခြင်းသည် သင်တို့ အား ခပ်သိမ်းသောအရာတို့ကို သွန် သင်တော်မူသောကြောင့်ဖြစ်၏။ ထိုသွန်သင်သမျှသည် မှန်ကန်၍ လိမ်ညာလှည့်ဖြားခြင်း မရှိပေ။ ကိုယ်တော် သည် သင်တို့အား သွန်သင်တော်မူသည့်အတိုင်း ကိုယ် တော်၌ တည်နေကြလော့။
27 E quanto a vós, a unção que dele recebestes fica em vós, e não tendes necessidade de que alguém vos ensine; mas, como a sua unção vos ensina a respeito de todas as coisas, e é verdadeira, e não é mentira, como vos ensinou ela, assim nele permanecei.
28 သားသမီးတို့၊ ကိုယ်တော်၌ တည်နေကြလော့။သို့မှသာ ကိုယ်တော်ကြွလာတော်မူသောအခါ ငါတို့ သည် ရှက်ကြောက် ခြင်းဖြင့် ကိုယ်တော့်ထံမှ တွန့်ဆုတ် ခြင်းမရှိဘဲ ယုံကြည်အားကိုးစိတ်ရှိကြလိမ့်မည်။-
28 E agora, filhinhos, permanecei nele; para que, quando ele se manifestar, tenhamos confiança, e não fiquemos confundidos diante dele na sua vinda.
29 ကိုယ်တော်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိကြလျှင် ဖြောင့်မှန်စွာကျင့်သောသူတိုင်းသည် ကိုယ်တော်မှ ဖြစ်ပေါ်လာကြောင်းကို သင်တို့အသေအချာသိကြလိမ့် မည်။
29 Se sabeis que ele é justo, sabeis que todo aquele que pratica a justiça é nascido dele.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 João 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.