1 Coríntios 4
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 သင်တို့သည် ငါတို့ကို ခရစ်တော်၏အစေခံများအဖြစ်လည်းကောင်း၊ ဘုရားသခင်၏နက်နဲဖွယ် ရာများကို စီမံအုပ်ထိန်းရ သူများအဖြစ်လည်းကောင်း မှတ်ယူသင့်၏။-
1 Portanto, que todos nos considerem como servos de Cristo e encarregados dos mistérios de Deus.
2 ထိုမျှမက စီမံအုပ်ချုပ်သူတိုင်းသည် ယုံကြည်စိတ်ချရသူများ ဖြစ်ရန် လိုအပ်ပေ၏။-
2 O que se requer destes encarregados é que sejam fiéis.
3 သို့ရာတွင် ငါသည် သင်တို့အားဖြင့်ဖြစ်စေ၊ လူတို့၏ခုံရုံးအားဖြင့် ဖြစ်စေ တရားစီရင်ခြင်းခံရပါလျှင် ယင်းသည် ငါ့အတွက် အလွန်သေးငယ်သောအမှုသာဖြစ်၏။ ငါသည် မိမိကိုယ်ကိုပင် စီရင်ဆုံးဖြတ်သည်မဟုတ်ပေ။-
3 Pouco me importa ser julgado por vocês ou por qualquer tribunal humano; de fato, nem eu julgo a mim mesmo.
4 ငါ၏အသိတရား ၌ မှားယွင်းနေသည့်အရာတစ်စုံတစ်ခုကိုမျှ ငါမတွေ့။ သို့သော်လည်း ငါသည် ဤနည်းဖြင့် အပြစ်လွတ် သည်ဟု မဆိုလို။ ငါ့ကိုစီရင်ဆုံးဖြတ်သောသူသည် သခင်ဘုရား ဖြစ်တော်မူ၏။-
4 Embora em nada minha consciência me acuse, nem por isso justifico a mim mesmo; o Senhor é quem me julga.
5 ထို့ကြောင့် သခင်ဘုရားကြွလာတော် မမူမီ အချိန်မတန်ဘဲ စီရင်ဆုံးဖြတ်ချက်မချကြလေနှင့်။ ကိုယ်တော်သည် ယခု မှောင်မိုက်တွင် ဖုံးကွယ်လျက်ရှိ နေသည့်အရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံး၏အကြံအစည်များကိုလည်း ထုတ်ဖော်တော်မူ လိမ့်မည်။ ထိုအခါ လူတိုင်းသည် ထိုက်သင့်သောချီးမွမ်း ခြင်းကို ဘုရား သခင်ထံမှ ရရှိလိမ့်မည်။
5 Portanto, não julguem nada antes da hora devida; esperem até que o Senhor venha. Ele trará à luz o que está oculto nas trevas e manifestará as intenções dos corações. Nessa ocasião, cada um receberá de Deus a sua aprovação.
6 ညီအစ်ကိုတို့၊ သင်တို့၏အကျိုးကိုမျှော်ကိုး၍ ဤအရာများအားလုံးကို အာပိုလိုနှင့် ငါကိုယ်တိုင်၌ ပုံဥပမာ ပေး၍ပြောခဲ့ လေပြီ။ ဤသို့ဖြင့် သင်တို့သည် ကျမ်းစာတော်မြတ်၌ ရေးထားသည်ထက်ကျော်လွန်၍ မပြုမူစေ ခြင်းငှာ ငါတို့ထံမှသင်ယူ ကြစေ ရန်နှင့် သင်တို့တွင် မည် သူတစ်ဦးတစ်ယောက်မျှ လူတစ်ဦးကို မျက်နှာလိုက်ကာ အခြားတစ်ဦးကိုဆန့်ကျင်ဘက်ပြု၍ ဝါကြွားပြောဆိုခြင်း မရှိကြစေရန်ဖြစ်၏။-
6 Irmãos, apliquei essas coisas a mim e a Apolo por amor a vocês, para que aprendam de nós o que significa: "Não ultrapassem o que está escrito". Assim, ninguém se orgulhe a favor de um homem em detrimento de outro.
7 အကြောင်းမူကား အဘယ်သူ သည် သင်တို့၌ ထူးခြားသောအရာတစ်စုံတစ်ခုရှိသည် ဟူ၍မြင်မိသနည်း။ သင်တို့မခံယူခဲ့ ရသောအရာဟူ၍ မည်သည့်အရာရှိသနည်း။ အကယ်၍ သင်တို့ခံယူရရှိ ထားကြပါလျှင် ယင်းသည် ကျေးဇူးတော်မဟုတ်သကဲ့ သို့ အဘယ်ကြောင့် သင်တို့ကြွားဝါနေကြသနည်း။
7 Pois, quem torna você diferente de qualquer outra pessoa? O que você tem que não tenha recebido? E se o recebeu, por que se orgulha, como se assim não fosse?
8 သင်တို့သည် ပြည့်၀လျက်ရှိကြလေပြီ။ သင်တို့သည် ကြွယ်၀ကြလေပြီ။ သင်တို့သည် ငါတို့မပါဝင်ဘဲ ဘုရင်များဖြစ်ကြ လေပြီ။ ငါတို့သည် သင်တို့နှင့်အတူ အုပ် ချုပ်နန်းစံနိုင်ကြရန် သင်တို့သည် အမှန်ပင် ဘုရင်များဖြစ် ခဲ့ကြပါလျှင် ကောင်းလေ စွ။-
8 Vocês já têm tudo o que querem! Já se tornaram ricos! Chegaram a ser reis — e sem nós! Como eu gostaria que vocês realmente fossem reis, para que nós também reinássemos com vocês!
9 ဘုရားသခင်သည် တမန်တော်များဖြစ်သော ငါတို့အား သေဒဏ်စီရင်ခံရသောလူ များကဲ့သို့ နောက်ဆုံးနေရာတွင် ထားသည်ဟု ငါထင်မှတ်၏။ အကြောင်းမူကား ငါတို့သည် ကမ္ဘာလောကနှင့်တကွ ကောင်းကင်တမန်တော်များနှင့် လူအများ အတွက် ကြည့်ရှုစရာတစ်ခုဖြစ်လာကြလေပြီ။-
9 Porque me parece que Deus nos colocou a nós, os apóstolos, em último lugar, como condenados à morte. Temo-nos tornado um espetáculo para o mundo, tanto diante de anjos como de homens.
10 ငါတို့သည် ခရစ်တော်အတွက် မိုက်မဲသူများဖြစ်ကြပြီး သင်တို့မူကား ခရစ်တော်၌ ဉာဏ်ပညာရှိသူများဖြစ်ကြ၏။ ငါတို့သည် ခွန်အားနည်းကြပြီး သင်တို့မူကား ခွန်အားရှိကြ၏။ သင်တို့သည် ဂုဏ်သရေရှိကြပြီး ငါတို့မူကား အသရေမဲ့ကြ၏။-
10 Nós somos loucos por causa de Cristo, mas vocês são sensatos em Cristo! Nós somos fracos, mas vocês são fortes! Vocês são respeitados, mas nós somos desprezados!
11 ယခု အချိန်ထိ ငါတို့သည် အစာရေစာငတ်မွတ်ကြ၍ အဝတ်အစားနွမ်းပါးကြပြီး အရိုက်အပုတ်ခံကြရကာ အိမ်မဲ့ယာမဲ့ဖြစ်ကြရ၏။-
11 Até agora estamos passando fome, sede e necessidade de roupas, estamos sendo tratados brutalmente, não temos residência certa e
12 ငါတို့သည် ငါတို့၏လက်များဖြင့် ပင်ပန်းစွာ လုပ်ကိုင်ကြရ၏။ ငါတို့သည် ကျိန်ဆဲခြင်းကိုခံရသော အခါ သည်းခံကြ၍ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောအခါ ကြံ့ ကြံ့ခံကြ၏။-
12 trabalhamos arduamente com nossas próprias mãos. Quando somos amaldiçoados, abençoamos; quando perseguidos, suportamos;
13 အသေရေဖျက်ခံရသောအခါတွင်လည်း ကျေအေးရန် ငါတို့ကြိုးစားကြ၏။ ယခုအခါ ငါတို့သည် ခပ်သိမ်းသောအရာတို့တွင် အသုံးမဝင်သော ကမ္ဘာလော က၏အမှိုက်သရိုက်ကဲ့သို့ဖြစ်ကြရပြီ။
13 quando caluniados, respondemos amavelmente. Até agora nos tornamos a escória da terra, o lixo do mundo.
14 ငါသည် သင်တို့အရှက်ကွဲစေရန် ဤသို့ရေးသည် မဟုတ်။ သို့သော် ငါချစ်သောသားသမီးများအနေဖြင့် သင်တို့အား ဆုံးမရန်ရေးရခြင်းဖြစ်၏။-
14 Não estou tentando envergonhá-los ao escrever estas coisas, mas procuro adverti-los, como a meus filhos amados.
15 အကြောင်းမူကား ခရစ်တော်၏လမ်းစဉ်ကို လိုက်ရာတွင် သင်တို့၌ လမ်းညွှန်သူများ မရေမတွက်နိုင်အောင်ရှိသော်လည်း ဖခင်များစွာရှိသည်မဟုတ်ပေ။ ငါသည် ဧဝံဂေလိသတင်း ကောင်းကိုဟောပြောခြင်းဖြင့် ခရစ်တော်၌ သင်တို့၏ဖခင် ဖြစ်လေ ပြီ။-
15 Embora possam ter dez mil tutores em Cristo, vocês não têm muitos pais, pois em Cristo Jesus eu mesmo os gerei por meio do evangelho.
16 ထို့ကြောင့် ငါ့ကိုအတုယူကြလော့ဟု သင် တို့အား ငါနှိုးဆော်လိုပါ၏။-
16 Portanto, suplico-lhes que sejam meus imitadores.
17 သို့ဖြစ်၍ နေရာအရပ်ရပ်ရှိ အသင်းတော်အသီးသီးတွင် ငါသွန်သင်ဟောပြောသည့်အတိုင်း ခရစ်တော်၌ ငါကျင့်ကြံသည့် လမ်းစဉ်များကို သင်တို့အား ပြန်လည်သတိပေးစေရန် သခင်ဘုရား၌ ငါချစ် မြတ်နိုးသည့် သစ္စာရှိသော ငါ့သား တီမောသီဦးကို သင် တို့ထံသို့ ငါစေလွှတ်ခဲ့၏။
17 Por essa razão estou lhes enviando Timóteo, meu filho amado e fiel no Senhor, o qual lhes trará à lembrança a minha maneira de viver em Cristo Jesus, de acordo com o que eu ensino por toda parte, em todas as igrejas.
18 ငါသည် သင်တို့ထံသို့လာတော့မည်မဟုတ်သကဲ့သို့ သင်တို့တွင် အချို့တို့သည် မောက်မာထောင်လွှား လျက်ရှိကြ၏။-
18 Alguns de vocês se tornaram arrogantes, como se eu não fosse mais visitá-los.
19 သခင်ဘုရားအလိုတော်ရှိပါလျှင် ငါသည် သင်တို့ထံသို့ မကြာမီလာ၍ ဤမောက်မာထောင် လွှားသောသူတို့၏ အပြောကို မဟုတ်ဘဲ သူတို့၏အစွမ်းကို သိရှိနိုင်ရန် ငါလေ့လာမည်။-
19 Mas irei muito em breve, se o Senhor permitir; então saberei não apenas o que estão falando esses arrogantes, mas que poder eles têm.
20 အကြောင်းမူကား ဘုရား သခင်၏နိုင်ငံတော်သည် အပြော၌တည်ခြင်းမဟုတ်ဘဲ တန်ခိုးဖြင့်တည်ရှိခြင်းဖြစ်၏။-
20 Pois o Reino de Deus não consiste de palavras, mas de poder.
21 သင်တို့သည် မည်သည့် အရာကို အလိုရှိကြသနည်း။ ငါသည် သင်တို့ထံသို့ ကြိမ်လုံးကိုင်၍ လာရမည်လော။ သို့တည်း မဟုတ် နူးညံ့သိမ်မွေ့သောစိတ်ကိုထားလျက် မေတ္တာတရားဖြင့် လာရမည်လော။
21 Que é que vocês querem? Devo ir a vocês com vara, ou com amor e espírito de mansidão?
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.