1 Coríntios 3
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ
1 ညီအစ်ကိုတို့၊ ငါသည် သင်တို့အားပြောဆိုရာတွင် ဝိညာဉ်နှင့်ဆိုင်ရာကို လိုက်နာကျင့်ကြံသူ များအား ပြောသကဲ့သို့ မပြော ဆိုနိုင်ဘဲ သွေးသားအလို အတိုင်းနေထိုင်သောလူများ၊ ခရစ်ယာန်အသက်တာ၌ နုနယ်သေးသောသူများအား ပြောသကဲ့သို့သာ ပြောဆိုနိုင်၏။-
1 E eu, irmãos, não pude falar a vós como a espirituais, mas como a carnais, como a bebês em Cristo.
2 သင်တို့သည် အစာကိုကြေအောင်စားရန် အဆင် သင့်မဖြစ်ခဲ့ကြသောကြောင့် ငါသည် သင်တို့အား နို့ရည် ကိုသာ တိုက်ကျွေး ခဲ့၏။ သို့တိုင်အောင် သင်တို့သည် အဆင်သင့်မဖြစ်ကြသေးပေ။-
2 Eu alimentei-vos com leite e não com alimento sólido, porque até agora não fostes capazes de suportar, nem mesmo agora sois capazes.
3 အကြောင်းမူကား သင် တို့သည် သွေးသားအလိုအတိုင်း လိုက်နာကျင့်ကြံနေ ကြဆဲဖြစ်၏။ သင်တို့အချင်းချင်းမနာလို ဝန်တို၍ ခိုက်ရန်ဖြစ်ပွားနေကြသရွေ့ သင်တို့သည် သွေးသားအလို အတိုင်း ကျင့်ကြံနေကြပြီး သာမန်လူတို့ကဲ့သို့ပြုမူနေကြ သည်မဟုတ်ပါလော။-
3 Porque ainda sois carnais, pois, havendo entre vós inveja, contendas e divisões, não sois carnais e andais como os homens?
4 အကြောင်းမူကား တစ်ဦးက ငါသည် ပေါလု၏တပည့်ဖြစ်သည်ဟုဆိုပြီး အခြားတစ်ဦး ကလည်း ငါသည် အာပိုလို၏ တပည့် ဖြစ်သည်ဟုဆိုလျှင် သင်တို့သည် သာမန်လူများကဲ့သို့ပင်မဟုတ်ပါလော။
4 Porque enquanto um diz: Eu sou de Paulo; e outro: Eu sou de Apolo; não sois carnais?
5 သို့ဖြစ်လျှင် အာပိုလိုကား မည်သူဖြစ်သနည်း။ ပေါလုကား မည်သူဖြစ်သနည်း။ သူတို့သည်ကား သင်တို့ကို ယုံကြည်ခြင်း သို့ပို့ဆောင်ရန် ဘုရားသခင်က တစ်ဦးစီခန့် အပ်ထားသည့်အမှုတော်ဆောင်များသာဖြစ်ကြ၏။-
5 Quem, então, é Paulo, e quem é Apolo, senão ministros pelos quais crestes, conforme o Senhor deu a cada homem?
6 ငါသည် စိုက်ပျိုးခဲ့၏။ အာပိုလိုသည် ရေလောင်းခဲ့၏။ သို့ရာ တွင် ရှင်သန်ကြီးထွားစေသူမှာ ဘုရားသခင်ဖြစ်၏။-
6 Eu tenho plantado, Apolo regado; mas Deus dá o crescimento.
7 သို့ဖြစ်၍ စိုက်ပျိုးသူနှင့် ရေလောင်းသူတို့သည် အရေးပါသည်မဟုတ်။ ရှင်သန်ကြီးထွားစေသည့် ဘုရားသခင်တစ်ပါး တည်းသာလျှင် အရေးပါတော်မူ၏။-
7 Assim então, nem o que planta é alguma coisa, nem o que rega, mas Deus, que dá o crescimento.
8 စိုက်ပျိုးသူ နှင့် ရေလောင်းသူတို့သည် အတူတူဖြစ်ကြပြီး တစ်ဦးစီသည် မိမိ၏လုပ်ဆောင်မှုအလျောက် အကျိုးခံစားရလိမ့် မည်။-
8 Ora, o que planta e o que rega são um; e cada homem receberá a sua própria recompensa, de acordo com o seu próprio trabalho.
9 အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏အမှု တော်ဆောင်ဖက်များဖြစ်ကြ၍ သင်တို့သည်ကား ဘုရား သခင်၏လယ် ကွင်း၊ ဘုရားသခင်၏အဆောက်အဦများဖြစ်ကြ၏။
9 Porque nós somos colaboradores de Deus; Vós sois lavoura de Deus e edifício de Deus.
10 ငါ့အား ဘုရားသခင်ပေးသနားတော်မူသောကျေး ဇူးတော်နှင့်အညီ ငါသည် ကျွမ်းကျင်သောဗိသုကာပညာ ရှင်တစ်ဦးကဲ့သို့ အုတ်မြစ်ချခဲ့ပြီး အခြားတစ်ဦးက ယင်းအပေါ်တွင် ဆောက်လုပ်၏။ လူတိုင်းသည် ထိုအုတ်မြစ် ပေါ်တွင် မိမိမည်ကဲ့သို့ ဆောက် လုပ်သည်ကို သတိရှိပါစေ။-
10 Segundo a graça de Deus que me é dada, como sábio mestre de obras, eu pus a fundação, e outro edifica sobre ele; mas cada homem fique atento como se edifica sobre ele.
11 အကြောင်းမူကား ချထားပြီးသောအုတ်မြစ်မှာ ခရစ်တော်ယေဇူးပင်ဖြစ်သောကြောင့် ထိုအုတ်မြစ်အပြင် အခြားအုတ်မြစ် ကို မည်သူမျှမချနိုင်ပေ။-
11 Porque nenhum outro fundamento pode alguém lançar além do que já está posto, o qual é Jesus Cristo.
12 အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအုတ်မြစ်ပေါ်တွင် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးအစရှိသည်တို့နှင့် ဆောက်လုပ်ပါလျှင်၊-
12 Agora, se algum homem sobre este fundamento edificar, de ouro, prata, pedras preciosas, madeira, feno, restolho,
13 တစ်ဦးစီ၏လုပ် ဆောင်ချက်သည် ထင်ရှားလာလိမ့်မည်။ အကြောင်းမူကား တရားစီရင်ရာနေ့ရက်သည် လူတို့၏ လုပ်ဆောင်ချက်ကို ဖော်ပြ၍ ၎င်းသည် မီးအားဖြင့် ထင်ရှားလာလိမ့် မည်။ မီးသည်လည်း တစ်ဦးစီသည် မည်သည့်အရာများ လုပ်ဆောင်ခဲ့ကြောင်းကို စမ်းသပ်စစ်ဆေးလိမ့်မည်။-
13 a obra de cada homem se manifestará; pois o dia a declarará, porque esta será revelada pelo fogo; e o fogo provará o tipo da obra de cada homem.
14 အကယ်၍ အုတ်မြစ်ပေါ်တွင် လူတစ်ဦးတည်ဆောက် ထားသောလုပ်ဆောင်ချက်သည် တည်တံ့လျှင် ထိုသူသည် ဆုလာဘ်ကိုရလိမ့်မည်။-
14 Se a obra que algum homem edificou permanecer, ele receberá uma recompensa.
15 အကယ်၍ လူတစ်ဦး ၏လုပ်ဆောင်ချက်သည် မီးလောင်ကျွမ်းခဲ့ပါလျှင် ထိုသူသည် ယင်းကိုဆုံးရှုံးရလိမ့်မည်။ သူကိုယ်တိုင်မှာမူ ကယ်တင်ခြင်းခံရသော်လည်း မီးထဲမှလွတ်မြောက်လာသူကဲ့ သို့ပင်ဖြစ်လိမ့်မည်။
15 Se a obra de algum homem for consumida, ele sofrerá perda; mas ainda assim, ele será salvo, como pelo fogo.
16 သင်တို့သည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၍ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့၌ စံပယ်တော် မူသည်ကို သင်တို့မသိကြသလော။-
16 Não sabeis vós que sois o templo de Deus, e que o Espírito de Deus habita em vós?
17 တစ်စုံတစ်ဦးသည် ဘုရားသခင်၏ဗိမာန်တော်ကိုဖျက်ဆီးလျှင် ဘုရားသခင်သည် ထိုသူ့ကို ဖျက်ဆီးတော်မူလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်၏ဗိမာန်တော်သည် သန့်ရှင်းမွန်မြတ်၏။ ထိုဗိမာန်တော်သည်ကား သင်တို့ပင်ဖြစ်သတည်း။
17 Se algum homem corromper o templo de Deus, Deus o destruirá; porque o templo de Deus é santo, e este templo sois vós.
18 မည်သူမျှ မိမိကိုယ်ကို မလှည့်စားစေနှင့်။ သင်တို့တွင် လောကစံနှုန်းဖြင့် မိမိကိုယ်ကို ဉာဏ်ပညာရှိသူဟု ထင်သောသူသည် အမှန်တကယ်ဉာဏ်ပညာရှိသူဖြစ် စေရန်အတွက် မိုက်မဲသူဖြစ်ပါစေ။-
18 Nenhum homem se engane a si mesmo; se algum homem dentre vós parecer ser sábio neste mundo, torne-se louco para poder ser sábio.
19 အကြောင်းမူကား ဤ ကမ္ဘာလောက၏ဉာဏ်ပညာသည် ဘုရားသခင်အတွက် မိုက်မဲမှုသာဖြစ်၏။ ကျမ်းစာတော်မြတ်တွင် ကိုယ်တော်သည် ဉာဏ်ပညာရှိသူတို့အား သူတို့၏ပါးနပ်မှု၌ပင် ဖမ်းမိလေပြီဟူ၍လည်းကောင်း၊-
19 Porque a sabedoria deste mundo é loucura diante de Deus; porque está escrito: Ele apanha os sábios na sua própria astúcia.
20 တစ်ဖန် ဉာဏ်ပညာရှိသူတို့ ၏အကြံအစည်တို့သည် အချည်းနှီးဖြစ်ကြောင်းကို ထာ၀ရဘုရားသခင်သိတော်မူသည် ဟူ၍ လည်းကောင်း ရေးသားထား၏။-
20 E outra vez: O Senhor conhece os pensamentos dos sábios, que são vãos.
21 သို့ဖြစ်၍ မည်သူမျှလူတို့အကြောင်းကို မကြွားဝါစေနှင့်။ အကြောင်းမူကား ခပ်သိမ်းသောအရာ တို့သည် သင်တို့ပိုင်ဆိုင် သောအရာဖြစ်ကြ၏။-
21 Portanto, nenhum homem se glorie em homens; porque todas as coisas são vossas;
22 ပေါလု ဖြစ်စေ၊ အာပိုလိုဖြစ်စေ၊ စေဖဖြစ်စေ၊ ကမ္ဘာလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ ပစ္စုပ္ပန်ဖြစ်စေ၊ အနာဂတ်ဖြစ်စေ၊ အားလုံးသောအရာတို့သည် သင်တို့ပိုင်ဆိုင်သောအရာများဖြစ်ကြ၏။-
22 quer Paulo, ou Apolo, ou Cefas, ou o mundo, ou a vida, ou a morte, ou as coisas do presente, ou as coisas vindouras, tudo é vosso,
23 သင်တို့ကို ခရစ် တော်ပိုင်ဆိုင်တော်မူ၍ ခရစ်တော်ကို ဘုရားသခင်ပိုင် ဆိုင်တော်မူ၏။
23 e vós sois de Cristo, e Cristo é de Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.