1 Coríntios 1

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ခရစ်တော်ယေဇူး၏တမန်တော်တစ်ပါးဖြစ်ရန် ဘုရားသခင်အလိုတော်ရှိ၍ ခေါ်တော်မူခြင်းခံခဲ့ ရသော ငါပေါလုနှင့် ငါတို့၏ညီ ဆော့စသေနက်တို့ထံမှ၊ -
1 Paulo, apóstolo de Jesus Cristo por chamamento e vontade de Deus, e o irmão Sóstenes,
2 ကောရိန့်မြို့ ရှိ ဘုရားသခင်၏အသင်းတော်မှစ၍ သူတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူသည့် ယေဇူးခရစ်တော်၏နာမ တော်ကို အရပ်ရပ်တို့၌ ခေါ်တကြလျက် အသနားခံကြ သူအပေါင်းတို့နှင့်အတူ ခရစ်တော်ယေဇူးအားဖြင့် သန့် ရှင်းစင်ကြယ်ခြင်းသို့ ရောက်၍ သူတော်သူမြတ်များအ ဖြစ်သို့ ခေါ်တော်မူခြင်းခံရကြသောသူ အပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
2 à igreja de Deus que está em Corinto, aos fiéis santificados em Jesus Cristo, chamados à santidade, juntamente com todos os que, em qualquer lugar que estejam, invocam o nome de nosso Senhor Jesus Cristo, Senhor deles e nosso;
3 ငါတို့အဖဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင် ၏ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်တော်မူပါစေ။
3 a vós, graça e paz da parte de Deus, nosso Pai, e da parte do Senhor Jesus Cristo!
4 ခရစ်တော်ယေဇူး၌ သင်တို့အား ပေးသနားတော် မူသော ဘုရားသခင်၏ကျေးဇူးတော်အတွက် ငါသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုအစဉ်အမြဲချီးမွမ်းပါ၏။-
4 Não cesso de agradecer a Deus por vós, pela graça divina que vos foi dada em Jesus Cristo.
5 ဤသို့ဖြင့် သင်တို့သည် ကိုယ်တော်၌ နှုတ်မှုစွမ်းရည်နှင့် အသိဉာဏ်စွမ်းရည်အပေါင်းတို့ဖြင့် ပြည့်စုံကြွယ်၀ကြ သည်ဖြစ်၍၊-
5 Nele fostes ricamente contemplados com todos os dons, com os da palavra e os da ciência,
6 ခရစ်တော်အား သက်သေခံခြင်းအမှုသည် သင်တို့အလယ်တွင် အခိုင်အမာတည်ရှိလေပြီ။-
6 tão solidamente foi confirmado em vós o testemunho de Cristo.
7 သို့ဖြစ် ၍ သင်တို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏ထင် ရှားတော်မူခြင်းကို စောင့်မျှော်နေကြစဉ်တွင် သင်တို့၌ ဝိညာဉ်ရေးဆိုင်ရာကျေးဇူးတော်များလစ်ဟင်းသည်ဟူ၍ မရှိပေ။-
7 Assim, enquanto aguardais a manifestação de nosso Senhor Jesus Cristo, não vos falta dom algum.
8 ငါတို့၏သခင် ယေဇူးခရစ်တော်၏နေ့ရက်တွင် သင်တို့သည် အပြစ်ကင်းစင်လျက်ရှိနေကြစေရန် ကိုယ် တော်သည် သင်တို့ကိုအဆုံးတိုင် ခွန်အားဖြည့်တင်းပေး တော်မူလိမ့်မည်။-
8 Ele há de vos confirmar até o fim, para que sejais irrepreensíveis no dia de nosso Senhor Jesus Cristo.
9 မိမိသားတော်တည်းဟူသော ငါတို့၏ သခင် ယေဇူးခရစ်တော်၏မိတ်သဟာယတော်တွင်ပါဝင် ကြရန် သင်တို့ကို ခေါ်တော်မူသောဘုရားသခင်သည် သစ္စာရှိတော်မူ၏။
9 Fiel é Deus, por quem fostes chamados à comunhão de seu Filho Jesus Cristo, nosso Senhor.
10 ညီအစ်ကိုတို့၊ သင်တို့အားလုံးသည် သဘောတူ ညီကြလျက် အချင်းချင်းကွဲပြားမှုမရှိဘဲ တူညီသောစိတ် ထား၊ တူညီသောဆုံးဖြတ်ချက်တို့ဖြင့် စည်းလုံးညီညွတ် မှုရှိကြစေရန် ငါတို့၏သခင် ယေဇူးခရစ်တော်၏နာမတော် ကိုအမှီပြုလျက် သင်တို့အား ငါတောင်းပန်ပါသည်။-
10 Rogo-vos, irmãos, em nome de nosso Senhor Jesus Cristo, que todos estejais em pleno acordo e que não haja entre vós divisões. Vivei em boa harmonia, no mesmo espírito e no mesmo sentimento.
11 အ ကြောင်းမူကား ငါ၏ညီအစ်ကိုများဖြစ်ကြသော သင်တို့ သည် အချင်းချင်းခိုက်ရန်ဖြစ်ပွားကြကြောင်း ခလိုအေ၏ လူတို့ထံမှ ငါကြားသိရ၏။-
11 Pois acerca de vós, irmãos meus, fui informado pelos que são da casa de Cloé, que há contendas entre vós.
12 ငါဆိုလိုသည်ကား သင်တို့ အသီးသီးက ငါသည် ပေါလု၏တပည့်ဖြစ်၏၊ ငါသည် အာပိုလို၏တပည့်ဖြစ်၏၊ ငါသည် စေဖ၏တပည့်ဖြစ်၏၊ ငါသည် ခရစ်တော်၏တပည့်ဖြစ်၏ဟု ပြောဆိုနေကြ သည့်အကြောင်းပင်တည်း။-
12 Refiro-me ao fato de que entre vós se usa esta linguagem: Eu sou discípulo de Paulo; eu, de Apolo; eu, de Cefas; eu, de Cristo.
13 ခရစ်တော်သည် အုပ်စုကွဲ ပြားနေသလော။ ပေါလုသည် သင်တို့အတွက် ကားတိုင် တင်ခြင်းခံခဲ့ရသလော။ သို့မဟုတ် သင်တို့သည် ပေါလု၏ နာမ၌ ဆေးကြောခြင်းခံခဲ့ကြရသလော။-
13 Então estaria Cristo dividido? É Paulo quem foi crucificado por vós? É em nome de Paulo que fostes batizados?
14 ငါသည် ခရစ္စပု နှင့် ဂါးယုမှလွဲ၍ သင်တို့တွင် မည်သူ့ကိုမျှဆေးကြော ခြင်းမပေးခဲ့သည့်အတွက် ဘုရားသခင်ကို ငါကျေးဇူးတင် ပါ၏။-
14 Graças a Deus, não batizei nenhum de vós, à exceção de Crispo e Gaio.
15 သို့မဟုတ်လျှင် တစ်ဦးတစ်ယောက်က သင်တို့ သည် ငါ၏နာမ၌ ဆေးကြောခြင်းခံခဲ့ရသည်ဟု ဆိုကောင်း ဆိုပေလိမ့်မည်။-
15 Assim ninguém poderá dizer que fostes batizados em meu nome.
16 ငါသည် စတေဖာနာ့၏မိသားစုကိုလည်း ဆေးကြောခြင်းပေးခဲ့၏။ ထိုမှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ ငါသည် ဆေးကြောခြင်းပေးခဲ့ သည်ဟု မထင်ပေ။-
16 {Aliás, batizei também a família de Estéfanas. Além destes, não me consta ter batizado ninguém mais.}
17 အကြောင်းမူကား ခရစ်တော်သည် ဆေးကြောခြင်းပေးရန် ငါ့ကိုစေလွှတ်ခြင်းမဟုတ်ဘဲ ဧဝံဂေလိသတင်းကောင်းကို ဟောပြောရန် စေလွှတ်တော်မူခြင်းဖြစ်၏။ ဟောပြောရာတွင်လည်း ဉာဏ်ပညာကြွယ်၀ သောစကားများဖြင့် ဟောပြောရန်မဟုတ်ပေ။ ထိုသို့ မဟုတ်ပါလျှင် ခရစ်တော်၏ကားတိုင်တော်သည် ဘုန်း တန်ခိုးကင်းမဲ့သကဲ့သို့ဖြစ်ပေလိမ့်မည်။
17 Cristo não me enviou para batizar, mas para pregar o Evangelho; e isso sem recorrer à habilidade da arte oratória, para que não se desvirtue a cruz de Cristo.
18 လက်ဝါးကပ်တိုင်၏တရားစကားသည် ပျက်စီး ခြင်းသို့ရောက်မည့်သူများအတွက် မိုက်မဲသောအရာဖြစ် သော်လည်း ကယ်တင်ခြင်းခံရကြသည့်ငါတို့အတွက်မူ ဘုရားသခင်၏ဘုန်းတန်ခိုးတော်ပေတည်း။-
18 A linguagem da cruz é loucura para os que se perdem, mas, para os que foram salvos, para nós, é uma força divina.
19 အကြောင်း မူကား ကျမ်းစာတော်မြတ်၌ ရေးထားသည်မှာ ငါသည် ပညာရှိသူတို့၏ဉာဏ်ပညာကိုဖျက်ဆီး၍ အသိပညာ ရှင်တို့၏တတ်သိနားလည်ခြင်းကို အချည်းနှီးဖြစ်စေမည် ဟူ၍ဖြစ်၏။
19 Está escrito: Destruirei a sabedoria dos sábios, e anularei a prudência dos prudentes {Is 29,14}.
20 ပညာရှိသောသူကား အဘယ်မှာနည်း။ ကျမ်းတတ် ဆရာကား အဘယ်မှာနည်း။ ဤခေတ်ကာလ၌ စကားစစ်ထိုးနိုင်သောသူကား အဘယ်မှာနည်း။ ဘုရားသခင်သည် မိုက်မဲခြင်းကို ဤလောက၏ဉာဏ်ပညာဖြစ်စေခဲ့ပြီ မဟုတ်လော။-
20 Onde está o sábio? Onde o erudito? Onde o argumentador deste mundo? Acaso não declarou Deus por loucura a sabedoria deste mundo?
21 အကြောင်းမူကား ဤလောကသည် လူတို့၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကို မသိမမြင်နိုင်ကြောင်းကို ကိုယ်တော် သည် မိမိ၏ဉာဏ်ပညာဖြင့်သိရှိ သောကြောင့် ငါတို့ဟောပြောသည့်တရား၏မိုက်မဲခြင်းအားဖြင့် ယုံကြည်သူတို့ကို ကယ်တင် ရန် နှစ်သက်တော် မူလေသည်။-
21 Já que o mundo, com a sua sabedoria, não reconheceu a Deus na sabedoria divina, aprouve a Deus salvar os que crêem pela loucura de sua mensagem.
22 အကြောင်းမူကား ဂျူးလူမျိုးတို့သည် နိမိတ်လက္ခဏာများကို တောင်းဆိုကြ၍ ဂရိလူမျိုးတို့သည် ဉာဏ်ပညာကို တောင်းဆိုကြ၏။-
22 Os judeus pedem milagres, os gregos reclamam a sabedoria;
23 သို့ရာတွင် ငါတို့သည် လက်ဝါးကပ်တိုင်အတင်ခံရသောခရစ်တော်၏အ ကြောင်းကိုဟောပြောကြ၏။ ယင်းသည် ဂျူးလူမျိုး တို့အတွက် အတားအဆီးတစ်ခုဖြစ်၍ လူမျိုးခြားတို့အတွက်လည်း မိုက်မဲသောအရာတစ်ခုဖြစ်လေ၏။-
23 mas nós pregamos Cristo crucificado, escândalo para os judeus e loucura para os pagãos;
24 သို့သော် လည်း ခေါ်တော်မူခြင်းခံရကြသောဂျူးလူမျိုးတို့နှင့် ဂရိလူမျိုးတို့အတွက်မှာမူ ခရစ်တော်သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော် ဖြစ်တော်မူ၏။-
24 mas, para os eleitos - quer judeus quer gregos -, força de Deus e sabedoria de Deus.
25 အကြောင်းမူကား ဘုရားသခင်၏မိုက်မဲခြင်းသည် လူသားတို့ဉာဏ်ပညာရှိခြင်းထက် ပို၍အမြော်အမြင်ရှိပြီး ဘုရားသခင် ၏ ခွန်အားနည်းခြင်းသည် လူတို့ ခွန်အားရှိသည်ထက် ပို၍ခွန်အားကြီးမားတော်မူ၏။
25 Pois a loucura de Deus é mais sábia do que os homens, e a fraqueza de Deus é mais forte do que os homens.
26 ညီအစ်ကိုတို့၊ သင်တို့၏ခေါ်တော်မူခြင်းကို ဆင်ခြင် သုံးသပ်ကြလော့။ သင်တို့တွင် လောကီစံနှုန်းအရ ပညာရှိသူ၊ ဩဇာ အာဏာရှိသူ၊ မျိုးရိုးဇာတိမြင့်မြတ်သူဟူ၍ များစွာမရှိကြချေ။-
26 Vede, irmãos, o vosso grupo de eleitos: não há entre vós muitos sábios, humanamente falando, nem muitos poderosos, nem muitos nobres.
27 သို့ရာတွင် ဘုရားသခင်သည် ပညာရှိသူတို့အရှက်ရစေရန် လောကတွင် ဉာဏ်ပညာမဲ့သူတို့ ကိုရွေးချယ်ခဲ့ပြီး ခွန်အားကြီး သူတို့အရှက်ရစေရန် အားနည်းသောသူတို့ကို ရွေးချယ်တော်မူခဲ့၏။-
27 O que é estulto no mundo, Deus o escolheu para confundir os sábios; e o que é fraco no mundo, Deus o escolheu para confundir os fortes;
28 ဘုရားသခင်သည် လောကတွင် နိမ့်ကျသူများနှင့် ဝိုင်းပယ်ထားခြင်းခံ ရသူများကို ရွေးချယ်တော်မူသည့်အပြင် အရေးပါ သည့် အရာများကို အချည်းနှီးဖြစ်စေရန် အရေးမပါသည့်အရာ များကို ရွေးချယ်တော်မူခဲ့၏။-
28 e o que é vil e desprezível no mundo, Deus o escolheu, como também aquelas coisas que nada são, para destruir as que são.
29 ဤနည်းဖြင့် မည်သည့်လူ သားမျှ ဘုရားသခင်၏မျက်မှောက်တော်တွင် ကြွားဝါခြင်း မပြုနိုင်စေရန်ဖြစ်၏။-
29 Assim, nenhuma criatura se vangloriará diante de Deus.
30 ကိုယ်တော်သည် ယေဇူးခရစ်တော်အားဖြင့် အသက်ရှင်သော သင်တို့အသက်တာ၏ မူလဇာစ်မြစ်ဖြစ်၏။ ဘုရားသခင်သည် ခရစ်တော်ကို ငါတို့၏ဉာဏ်ပညာ၊ ငါတို့၏ဖြောင့်မတ်မှန်ကန်ခြင်း၊ သန့် ရှင်းစင်ကြယ်ခြင်းနှင့် ကယ်တင်ခြင်းဖြစ်စေ တော်မူခဲ့ လေပြီ။-
30 É por sua graça que estais em Jesus Cristo, que, da parte de Deus, se tornou para nós sabedoria, justiça, santificação e redenção,
31 ထို့ကြောင့် ကျမ်းစာတော်မြတ်၌ ရေးထားသည့် အတိုင်း ကြွားဝါလိုသောသူသည် ထာ၀ရဘုရားသခင်၌သာလျှင် ကြွားဝါ ပါစေ။
31 para que, como está escrito: quem se gloria, glorie-se no Senhor {Jr 9,23}.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.