1 Coríntios 15
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ
1 ညီအစ်ကိုတို့၊ သင်တို့အား ငါဟောပြောခဲ့သည့် ဧဝံဂေလိသတင်းကောင်းမှာ မည်သည့်အရာကိုဆိုလိုကြောင်း ငါသည် သင်တို့အား သတိရစေလို၏။ သင်တို့သည် ထိုသတင်းကောင်းကို လက်ခံခဲ့ကြ၍ ၎င်းအားဖြင့် ဆက်လက်အသက်ရှင်ကြ၏။-
1 Além disso, irmãos, eu vos declaro o evangelho que vos tenho pregado, o qual também recebestes, e no qual também estais firmes;
2 သင်တို့သည် ငါဟောပြောခဲ့သော ထိုသတင်းကောင်းကို စွဲမြဲစွာယုံ ကြည်လက်ခံလျှင် ၎င်းအားဖြင့် ကယ်တင်ခြင်းခံကြရ လိမ့်မည်။ သို့မဟုတ်လျှင် သင်တို့၏ယုံကြည်ခြင်းမှာ အချည်းနှီးဖြစ်လိမ့်မည်။
2 pelo qual também sois salvos, se o guardardes na memória o que vos preguei, se não crestes em vão.
3 အကြောင်းမူကား ငါသည် ငါခံယူရရှိသောအရာကို သင်တို့အား ပထမဦးစွာလက်ဆင့်ကမ်းပေးခဲ့၏။ ယင်းတို့မှာ ကျမ်းစာတော်မြတ်၌ရေးထားသည့်အတိုင်း ခရစ်တော်သည် ငါတို့၏အပြစ်များအတွက် အသေခံတော်မူကြောင်း၊-
3 Porque eu vos entreguei primeiramente o que também recebi; como que Cristo morreu por nossos pecados, de acordo com as escrituras;
4 ကိုယ်တော်သည် သင်္ဂြိုဟ်ခြင်းကိုခံ၍ ကျမ်းစာတော်မြတ်၌ ရေးထားသည့်အတိုင်း သုံးရက်မြောက် သောနေ့တွင် ရှင်ပြန် ထမြောက်တော်မူကြောင်း၊-
4 e que foi sepultado, e que ele ressuscitou ao terceiro dia, de acordo com as escrituras;
5 ကိုယ်တော်သည် ပေတရုအား ထင်ရှားပြပြီးလျှင် နောက်ပိုင်း၌ တမန်တော်ကြီးတစ်ဆယ့်နှစ်ပါးတို့အား ထင်ရှားပြတော် မူကြောင်း အစရှိသည့်အချက်များပင်ဖြစ်၏။-
5 e que ele foi visto por Cefas, e então pelos doze;
6 ထို့နောက် ကိုယ်တော်သည် ညီအစ်ကိုငါးရာကျော်တို့အား တစ်ပြိုင်တည်းထင်ရှားပြတော်မူ၏။ ထိုသူတို့အထဲမှ အချို့တို့သည် သေလွန်ကြပြီဖြစ်သော်လည်း အများစုမှာ ယနေ့တိုင်အောင် အသက်ရှင်လျက်ရှိသေး၏။-
6 após isto, ele foi visto por cerca de quinhentos irmãos de uma vez, dos quais grande parte permanece até agora mas alguns já dormem.
7 ထို့နောက် ကိုယ်တော်သည် ယာကုပ်အား ထင်ရှားပြတော်မူ၏။ ပြီးလျှင် တမန်တော်အားလုံးတို့ကိုလည်း ထင်ရှား ပြတော်မူ၏။-
7 Após isto, ele foi visto por Tiago, então por todos os apóstolos.
8 နောက်ဆုံးတွင် ကိုယ်တော်သည် လမစေ့ဘဲမွေးဖွားသောသူငယ်ကဲ့သို့ဖြစ်သည့် ငါ့ကိုလည်း ထင်ရှားပြတော်မူ၏။-
8 E, por último de todos, ele também foi visto por mim, como a alguém nascido fora do tempo devido.
9 အကြောင်းမူကား ငါသည် တမန်တော်တို့တွင် အနိမ့်ကျဆုံးဖြစ်၏။ ငါသည် ဘုရားသခင်၏ အသင်းတော်ကို ညှဉ်းပန်း နှိပ်စက်ခဲ့သူဖြစ်သောကြောင့် တမန်တော်ဟုခေါ်ဆိုခြင်းကိုပင် မခံထိုက်ပေ။-
9 Porque eu sou o menor dos apóstolos, que não sou digno para ser chamado apóstolo, porque eu persegui a igreja de Deus.
10 သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ငါသည် ယခုအခြေအနေအတိုင်း တည်ရှိနေ၏။ ငါ့အား ဘုရားသခင် ပေးသနားတော်မူခဲ့သောကျေးဇူးတော်မှာ အကျိုးမဲ့ မဖြစ်ခဲ့သည့်အပြင် ငါသည် အခြားသောတမန်တော်တို့ ထက်ပို၍ကြိုးစား လုပ်ဆောင်ခဲ့၏။ သို့သော် ငါသည် ဤသို့လုပ်ဆောင်ခြင်းမဟုတ်ဘဲ ငါနှင့်အတူရှိတော်မူသော ဘုရားသခင်၏ကျေးဇူးတော်က လုပ်ဆောင်ခြင်းသာဖြစ်၏။-
10 Mas pela graça de Deus, sou o que sou; e a sua graça que foi concedida a mim não foi em vão; mas eu trabalhei muito mais do que todos eles; todavia não eu, mas a graça de Deus que está comigo.
11 သို့ဖြစ်၍ ငါဖြစ်စေ၊ သူတို့ဖြစ်စေ၊ ငါတို့အားလုံးသည် ဟောပြောခဲ့ကြ၍ သင်တို့သည်လည်း ယုံကြည်ခဲ့ကြ၏။
11 Portanto, quer seja eu ou eles, assim nós pregamos, e assim tendes crido.
12 ခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော် မူသည်ဟု ဟောပြောသည်မှာမှန်လျှင် သင်တို့အထဲမှ အချို့က သေခြင်း မှ ရှင်ပြန်ထမြောက်ခြင်းမရှိဟု အဘယ်ကြောင့်ဆိုနိုင်ကြသနည်း။-
12 Ora, embora se pregue que Cristo ressuscitou dos mortos, como dizem alguns dentre vós que não há ressurreição de mortos?
13 သေခြင်းမှ ရှင်ပြန်ထမြောက် ခြင်းမရှိလျှင် ခရစ်တော်သည် ရှင်ပြန်ထမြောက်ခဲ့လိမ့်မည်မဟုတ်။-
13 Mas se não há ressurreição de mortos, então Cristo não ressuscitou;
14 ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက် ခဲ့ခြင်းမရှိလျှင် ငါတို့၏ဟောပြောခြင်းသည် အချည်းနှီးဖြစ်၍ သင်တို့၏ ယုံကြည်ခြင်းသည်လည်း အချည်းနှီးပင်ဖြစ်လေ၏။-
14 e, se Cristo não ressuscitou, então é vã a nossa pregação, e também é vã a vossa fé.
15 ထိုမျှမက ငါတို့သည် ဘုရားသခင်အား လွဲမှား စွာသရုပ်ဖော်နေ သကဲ့သို့ပင် ဖြစ်လေပြီ။ အကြောင်းမူ ကား ဘုရားသခင် သည် ခရစ်တော်ကို ရှင်ပြန်ထမြောက် စေခဲ့ပြီဟူ၍ ကိုယ်တော်အား ငါတို့သက်သေခံခဲ့ကြ သောကြောင့်ဖြစ်၏။ အကယ်၍ သေလွန်သူတို့၌ ရှင်ပြန်ထမြောက်ခြင်းမရှိသည်မှန်လျှင် ဘုရားသခင်သည်လည်း ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက် စေခဲ့ ခြင်းမရှိပေ။-
15 Sim, e somos considerados como falsas testemunhas de Deus, pois testificamos de Deus, que ressuscitou a Cristo, ao qual ele não ressuscitou, se é que os mortos não ressuscitam.
16 အကြောင်းမူကား သေသူတို့၏ရှင်ပြန်ထ မြောက်ခြင်းမရှိလျှင် ခရစ်တော်သည်လည်း ရှင်ပြန်ထ မြောက်ခဲ့ခြင်းမရှိပေ။-
16 Porque, se os mortos não ressuscitam, então Cristo não ressuscitou;
17 အကယ်၍ ခရစ်တော်သည် ရှင်ပြန်ထမြောက်ခဲ့ခြင်းမရှိလျှင် သင်တို့၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်၍ သင်တို့သည် လည်း သင်တို့၏ အပြစ်များထဲတွင် ဆက်လက်တည်ရှိနေကြ၏။-
17 e, se Cristo não ressuscitou, a vossa fé é vã, e ainda estais nos vossos pecados.
18 သို့ဖြစ်လျှင် ခရစ်တော်၌ အိပ်ပျော်သွားကြသောသူတို့သည်လည်း ပျက်စီးဆုံးရှုံးခြင်းသို့ရောက်ကြလေပြီ။-
18 E também os que dormiram em Cristo pereceram.
19 ငါတို့သည် ဤဘ၀အတွက်သာ ခရစ်တော်ကိုမျှော်လင့်အားကိုးခဲ့ကြပါလျှင် ငါတို့သည် လူအပေါင်းတို့တွင် သနားဖွယ် အကောင်းဆုံးသောသူများဖြစ်ကြလေပြီ။
19 Se apenas nesta vida temos esperança em Cristo, somos os mais miseráveis de todos os homens.
20 သို့သော် ခရစ်တော်သည် အမှန်ပင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသဖြင့် အိပ်ပျော်ခဲ့သောသူတို့တွင် အဦးဆုံးသီး သောအသီးဖြစ်၏။-
20 Mas, agora é Cristo ressuscitado dos mortos, tornando-se as primícias dos que dormem.
21 အကြောင်းမူကား သေခြင်းတရားသည် လူတစ်ယောက်အားဖြင့် ဖြစ်ပေါ်လာ သကဲ့သို့ သေခြင်းမှရှင်ပြန်ထမြောက်ခြင်း တရားသည်လည်း လူတစ်ယောက်အားဖြင့်ပင် ဖြစ်ပေါ်လာလေပြီ။-
21 Pois desde que a morte veio por um homem, também por um homem veio a ressurreição dos mortos.
22 လူအပေါင်းတို့သည် အာဒံ၌ သေကြရသကဲ့သို့ ထိုသူ အားလုံးတို့သည် ခရစ်တော်၌ အသက်ရှင်ကြရလိမ့်မည်။-
22 Porque, assim como em Adão todos morrem, igualmente também em Cristo todos serão vivificados.
23 သို့သော် လူအသီးသီးတို့သည် မိမိတို့အလှည့်ကျ ရှင်ပြန်ထမြောက်ကြရမည်။ ခရစ်တော်သည် ပထမဦးစွာ ရှင်ပြန် ထမြောက်တော်မူ၏။ ထို့နောက် ကိုယ်တော်ကြွ လာတော်မူသောအခါ ကိုယ်တော်၏နောက်လိုက်အဖွဲ့ ဝင်တို့သည် ရှင်ပြန် ထမြောက်ကြလိမ့်မည်။-
23 Mas cada homem em sua própria ordem: Cristo, as primícias; depois os que são de Cristo, na sua vinda.
24 ထို့နောက် ကမ္ဘာကုန်ဆုံးချိန်ရောက်လာပြီးလျှင် ကိုယ်တော်သည် ရှိသမျှသောမင်းများ၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များ ကိုဖျက်ဆီး၍ နိုင်ငံတော်ကို ခမည်းတော်ဘုရား၏လက် တော်သို့ပေးအပ်တော်မူလိမ့်မည်။-
24 Então virá o fim, quando ele tiver entregue o reino a Deus, ao Pai, e quando ele tiver derrubado todo o governo, e toda a autoridade, e poder.
25 အကြောင်းမူကား ကိုယ်တော်သည် ရန်သူအပေါင်းတို့အား မိမိ၏ခြေဖဝါး အောက်သို့ရောက်သည့်တိုင်အောင် အုပ်စိုးရလိမ့် မည်။-
25 Pois ele deve reinar, até que ele tenha colocado todos os inimigos debaixo de seus pés.
26 နောက်ဆုံးနှိမ်နင်းရမည့်ရန်သူကား သေခြင်းပင်ဖြစ်၏။-
26 O último inimigo que será destruído é a morte.
27 အကြောင်းမူကား ဘုရားသခင်သည် အရာခပ်သိမ်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ ချထားတော်မူလေပြီဟု ကျမ်းစာတော်မြတ်တွင်ရေးထားသောကြောင့်ဖြစ်၏။ အရာခပ်သိမ်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ ချထားတော်မူ၏ ဟုဆိုရာတွင် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်တွင်ချထားတော်မူသော အရှင်သည် ထိုအရာများထဲတွင် မပါဝင်ကြောင်း ထင်ရှား၏။-
27 Porque ele colocou todas as coisas debaixo de seus pés. Mas, quando ele diz que todas as coisas lhe estão sujeitas, está claro que exclui-se aquele que colocou todas as coisas sob ele.
28 ခပ်သိမ်းသောအရာတို့အား သားတော်၏အုပ်စိုးမူ ကို ခံစေတော်မူသောအခါ သားတော်ကိုယ်တိုင်သည် မိမိ၏အုပ်စိုးမှု အောက်၌ အရာအားလုံးကိုချထားတော်မူ သောဘုရားသခင်၏အုပ်စိုးမှုကို ခံယူလိမ့်မည်။ ဤသို့ဖြင့် ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့အပေါ် အပြည့် အဝအုပ်စိုးတော်မူလိမ့်မည်။
28 E, quando todas as coisas lhe estiverem sujeitas, então o mesmo Filho também se sujeitará àquele que todas as coisas lhe sujeitou, para que Deus possa ser tudo em todos.
29 ထိုသို့မဟုတ်လျှင် သေလွန်သောသူတို့ကိုယ်စား ဆေးကြောခြင်းခံယူကြသောလူတို့၏လုပ်ရပ်မှာ မည်သို့ အဓိပ္ပာယ်ရှိမည် နည်း။ သေလွန်သောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် လူတို့သည် အဘယ်ကြောင့် သေသောသူတို့၏ကိုယ်စား ဆေးကြောခြင်းကိုခံယူကြသနည်း။-
29 Do contrário, o que farão os que são batizados pelos mortos, se de modo algum os mortos ressuscitam? Por que então eles são batizados pelos mortos?
30 အဘယ်ကြောင့် ငါကိုယ်တိုင် အချိန်နာရီတိုင်း ၌ ဘေးအန္တရာယ်ကို ရင်ဆိုင်နေရပါသနည်း။-
30 E por que estamos nós em perigo a toda hora?
31 ညီအစ်ကိုတို့၊ ငါသည် နေ့တိုင်းသေရ၏။ ငါသည် ငါတို့၏သခင် ခရစ်တော်ယေဇူး၌ သင်တို့အတွက်ဂုဏ်ယူဝင့်ကြွား စိတ်ဖြင့် ဤကဲ့သို့ချေပပြောဆိုပါ၏။-
31 Eu protesto pela alegria que eu tenho em Cristo Jesus, Senhor nosso, cada dia morro.
32 အကယ်၍ ငါသည် ဧဖက်ဆုမြို့မှ တောရိုင်းတိရစ္ဆာန်တို့နှင့်တိုက်ခိုက်ခဲ့ပါလျှင် လူတို့ပြောစကားအရ ငါ့အတွက် အဘယ် အကျိုးရှိပါမည်နည်း။ သေလွန်သူတို့၏ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ဆိုရိုးစကားရှိသည့်အတိုင်း ငါတို့သည် စားသောက် ကြကုန်အံ့။ အကြောင်းမူကား မနက်ဖြန်တွင် ငါတို့သေ ကြလိမ့်မည်ဖြစ်သောကြောင့်တည်း။-
32 Se da maneira do homem eu lutei contra animais em Éfeso, que vantagem tenho, se os mortos não são ressuscitados? Comamos e bebamos, pois amanhã morreremos.
33 သင်တို့သည် လှည့်ဖြားခြင်းမခံကြရစေနှင့်။ မကောင်းသောအပေါင်း အသင်းသည် ကောင်းမြတ်သောအကျင့်သိက္ခာကို ဖျက် ဆီးတတ်၏။-
33 Não se engane: As comunicações malignas corrompem as boas maneiras.
34 အမြင်မှန်ရကြလော့။ အပြစ်ဒုစရိုက်များ ကို မပြုကြနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဘုရားသခင်ကိုမသိကြ။ ငါသည် သင်တို့ရှက်တတ်စေ ရန် ဤသို့ပြောဆိုခြင်းဖြစ်၏။
34 Despertai para a justiça e não pequeis; porque alguns não têm o conhecimento de Deus; eu falo isto para vossa vergonha.
35 သို့သော် တစ်စုံတစ်ယောက်က သေလွန်သူတို့သည် မည်ကဲ့သို့ရှင်ပြန်ထမြောက်ကြပါသနည်း၊ သူတို့သည်မည်ကဲ့ သို့သောကိုယ်ခန္ဓာမျိုးဖြင့် ပြန်လာကြမည်နည်းဟု မေးမြန်းပေလိမ့်မည်။-
35 Mas alguns homens dirão: Como são ressuscitados os mortos, e com que corpo eles virão?
36 အသင်လူမိုက်၊ သင်စိုက်ပျိုးသောမျိုးစေ့သည် ဦးစွာမပျက်စီးဘဲ အပင်မပေါက်တတ်။-
36 Tolo; o que tu semeias não é despertado, se não morrer;
37 သင်စိုက်ပျိုးသောအရာသည် နောင်တွင် ဖြစ်ပေါ်လာမည့်အပင်၏ကိုယ်ထည်မဟုတ်ဘဲ အစေ့တစ်စေ့မျှသာဖြစ်၏။ ယင်းသည် ဂျုံစေ့၊ သို့မဟုတ် အခြားသော မျိုးစေ့တစ်ခုခုဖြစ်နိုင်၏။-
37 e, quando tu semeias, não semeias o corpo que será; mas um grão desnudo, pode ser de trigo ou de algum outro grão;
38 ဘုရားသခင်သည် မိမိ၏အလို တော်နှင့်အညီ ထိုမျိုးစေ့အား ကိုယ်ထည်ကိုပေးတော် မူ၏။ မျိုးစေ့အသီးသီးတို့အားလည်း ၎င်းတို့နှင့်သင့်လျော် သည့် ကိုယ်ထည်ကိုပေးတော်မူ၏။-
38 mas Deus dá-lhe o corpo como lhe agrada, e a cada semente o seu próprio corpo.
39 အကြောင်းမူကား အားလုံးသောသက်ရှိသတ္တဝါတို့၏အသားသည် တစ်မျိုး တည်းမဟုတ်။ လူ၏အသားသည် တစ်မျိုးဖြစ်၍ တိရစ္ဆာန်၏အသားသည် တစ်မျိုးဖြစ်၏။ ငှက်၏အသားသည် တစ် မျိုးဖြစ်၍ ငါး၏အသားသည်လည်း တစ်မျိုးဖြစ်လေ၏။-
39 Nem toda carne é a mesma carne; mas há um tipo de carne dos homens, e outra carne dos animais, outra dos peixes, e outra das aves.
40 ကောင်းကင်၌ရှိသောအရာတို့၏ကိုယ်ထည်များနှင့် မြေကြီးပေါ်၌ရှိသောအရာတို့၏ကိုယ်ထည်များဟူ၍ လည်း ရှိကြ၏။ ကောင်းကင်၌ရှိသောကိုယ်ထည်များ၏ လှပတင့်တယ်ခြင်းသည် တစ်မျိုးဖြစ်၍ မြေကြီးပေါ် ၌ရှိ သောကိုယ်ထည်များ၏ လှပတင့်တယ်ခြင်းသည် တစ်မျိုးဖြစ်၏။-
40 Há também corpos celestes, e corpos terrestres, mas a glória dos celestes é uma, e a glória dos terrestres é outra.
41 နေ၏ဂုဏ်ကျက်သရေသည်တစ်မျိုး၊ လ၏ဂုဏ်ကျက်သရေသည် တစ်မျိုး၊ ကြယ်များ၏ဂုဏ်ကျက် သရေသည် တစ်မျိုးဖြစ် ကြ၏။ အကြောင်းမူကား ကြယ်တစ်လုံးနှင့်တစ်လုံးတို့ပင်လျှင် ဂုဏ်ကျက်သရေချင်း မတူညီကြချေ။
41 Há uma glória do sol, e outra glória da lua, e outra glória das estrelas; porque uma estrela difere de outra estrela em glória.
42 သေလွန်သူတို့၏ရှင်ပြန်ထမြောက်ခြင်းသည်လည်း ဤအတိုင်းပင်ဖြစ်၏။ စိုက်ပျိုးထားသောအရာသည် ဆွေးမြည့် ပျက်စီးတတ်၍ ရှင်သန်လာသောအရာသည် ဆွေးမြည့်ပျက်စီးခြင်းမရှိချေ။-
42 Assim também é a ressurreição dos mortos. É semeado na corrupção, e ressuscitado em incorrupção;
43 ၎င်းကို ဂုဏ်သရေမဲ့စွာ စိုက်ပျိုးထားသော်လည်း ဘုန်းကျက်သရေနှင့် ရှင်သန်လာ၏။ ၎င်းကို အားနည်းသည့် အဖြစ်အခြေ အနေ၌ စိုက်ပျိုးထားသော်လည်း ဘုန်းတန်ခိုးနှင့်ရှင်သန်လာလေ၏။-
43 é semeado na desonra, e ressuscitado em glória. É semeado na fraqueza, e ressuscitado em poder;
44 ၎င်းကို ရုပ်ခန္ဓာဖြင့်စိုက်ပျိုးထားသော်လည်း ဝိညာဉ်ခန္ဓာနှင့်ရှင်ပြန်ထမြောက်လာ၏။ ကာယနှင့်ဆိုင် သောခန္ဓာကိုယ်ရှိ လျှင် ဝိညာဉ်နှင့်ဆိုင်သောခန္ဓာကိုယ်လည်းရှိ၏။-
44 é semeado no corpo natural, e ressuscitado no corpo espiritual. Se há um corpo natural, há corpo espiritual.
45 သို့ဖြစ်၍ ပထမဆုံးလူသားဖြစ်သော အာဒံသည် သက်ရှိသတ္တဝါဖြစ်လာ၏ဟု ကျမ်းစာတော်မြတ်တွင်ရေးထားခြင်းဖြစ်၏။ နောက်ဆုံးသောအာဒံသည်ကား အသက်ကိုပေးသောဝိညာဉ်တော်ဖြစ်၏။-
45 E assim está escrito: O primeiro homem, Adão, foi feito em alma vivente; o último Adão, foi feito em espírito vivificante.
46 သို့ရာ တွင် ဝိညာဉ်နှင့်ဆိုင်သောခန္ဓာသည် ပထမဦးစွာဖြစ်ပေါ် လာသည်မဟုတ်ပေ။ ရုပ်ခန္ဓာဖြစ်ပေါ် ပြီးမှသာ ဝိညာဉ်နှင့် ဆိုင်သောခန္ဓာဖြစ်ပေါ်လာ၏။-
46 Mas não é primeiro o que é espiritual, mas o que é natural; e depois o que é espiritual.
47 ပထမဆုံးလူသား အာဒံသည် မြေမှုန့်ဖြင့် ဖန်ဆင်းခြင်းခံရ၍ မြေကြီးမှလာသူဖြစ်၏။ ဒုတိယအာဒံသည်ကား ကောင်းကင်မှ ကြွလာသူဖြစ်၏။-
47 O primeiro homem é da terra, terreno; o segundo homem é o Senhor, do céu.
48 မြေကြီးသားတို့သည် မြေမှုန့်မှဖန်ဆင်းခံရသော လူကဲ့သို့ဖြစ်လာကြ၏။ ကောင်းကင်သားတို့သည် ကောင်းကင်မှလာ သော လူကဲ့သို့ဖြစ်လာကြ၏။-
48 Tal qual o terreno, tais são também os terrenos; e tal qual o celestial, tais são também os celestiais.
49 ငါတို့သည် မြေမှုန့်မှ ဖန်ဆင်းခြင်းခံရသူ၏ပုံသဏ္ဌာန်ဖြင့် မွေးဖွားလာကြသကဲ့သို့ ကောင်းကင်မှလာသောလူသား၏ ပုံသဏ္ဌာန်ကိုလည်း ဆောင်ကြရမည်။-
49 E assim como temos portado a imagem do terreno, assim também portaremos a imagem do celestial.
50 ညီအစ်ကိုတို့၊ သင်တို့အား ငါဆိုလိုသည်မှာ အသွေးနှင့်အသားတို့ဖြင့် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်ရာ။ သေကြေ ပျက်စီးတတ်သောအရာသည် မသေကြေမပျက်စီးတတ် သောအရာကို မဆက်ခံနိုင်ပေ။
50 Agora digo-vos isto, irmãos: Que carne e sangue não podem herdar o reino de Deus, nem a corrupção herdar a incorrupção.
51 လျှို့ဝှက်နက်နဲရာကို သင်တို့အား ယခုငါပြောမည်။
51 Eis aqui vos digo um mistério: Nem todos dormiremos, mas todos seremos transformados,
52 ငါတို့အားလုံးသည် အိပ်ပျော်ကြမည်မဟုတ်။ သို့ရာတွင် နောက်ဆုံး တံပိုးခရာမှုတ်သောအခါ ငါတို့အားလုံးသည် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အချိန်အတွင်း၌ ပြောင်းလဲကြရလိမ့်မည်။ အကြောင်းမူကား တံပိုးခရာမှုတ်သော အခါ သေလွန်သူတို့သည် မသေကြေမပျက်စီးတတ် သောအဖြစ်သို့ ရှင်ပြန်ထမြောက်ကြ လိမ့်မည်။ ထိုအခါ ငါတို့သည်လည်း ပြောင်းလဲကြရလိမ့်မည်။-
52 em um momento, em um piscar de olhos, ante a última trombeta; porque a trombeta soará, e os mortos serão ressuscitados incorruptíveis, e nós seremos transformados.
53 အကြောင်း မူကား ဤပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင် သောအရာကိုဆင်မြန်းရမည်။ သေကြေတတ်သောအ ရာသည် မသေကြေနိုင်သောအရာကိုဆင်မြန်းရမည်။-
53 Porque é necessário que este corruptível seja revestido de incorruptibilidade, e que isto que é mortal se revista da imortalidade.
54 ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သောအရာ ကိုဆင်မြန်း၍ သေကြေတတ်သောအရာသည် မသေနိုင်သော အရာကိုဆင်မြန်းသောအခါ ကျမ်းစာတော်မြတ်၌ ရေးသားထားသောကျမ်းစကားသည် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။ ကျမ်းစကားသည်ကား သေခြင်းသည် အောင်မြင်ခြင်း၌ ဝါးမျိုခြင်းကိုခံရလေပြီ။-
54 E, quando este corruptível tiver sido revestido de incorruptibilidade, e isto que é mortal tiver sido revestido de imortalidade, então se cumprirá provérbio, que está escrito: A morte foi tragada em vitória.
55 အိုသေမင်း၊ သင်၏အောင်မြင်ခြင်းကား အဘယ်မှာနည်း။ အိုသေမင်း၊ သင်၏အဆိပ်ဆူးကား အဘယ်မှာနည်း ဟူ၍ဖြစ် ၏။-
55 Ó morte, onde está o teu ferrão? Ó sepultura, onde está a tua vitória?
56 သေမင်း၏အဆိပ်ဆူးကား အပြစ်ဒုစရိုက်ပေတည်း။ အပြစ်ဒုစရိုက်၏တန်ခိုးကား ပညတ်တရားပေတည်း။-
56 O aguilhão da morte é o pecado, e a força do pecado é a lei.
57 သို့ရာတွင် ငါတို့၏သခင် ယေဇူးခရစ်တော်အားဖြင့် ငါတို့အား အောင်မြင်ခြင်းကိုပေးတော်မူသော ဘုရားသခင်၏ကျေးဇူး တော် ကိုချီးမွမ်းပါ၏။
57 Mas graças a Deus que nos dá a vitória por nosso Senhor Jesus Cristo.
58 သို့ဖြစ်၍ ငါချစ်ခင်ရသောညီအစ်ကိုတို့၊ တည်ကြည်ခိုင်မာစွာရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော်မြတ်ကို ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်လျက် ကိုယ်တော်၏အမှုတော်မြတ်ကို အစဉ်ထမ်း ရွက်ကြလော့။
58 Portanto, meus amados irmãos, sede firmes, inabaláveis, sempre abundantes na obra do Senhor, sabendo que o vosso trabalho não é vão no Senhor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.