1 Coríntios 14

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 သင်တို့သည် ချစ်ခြင်းမေတ္တာကိုလက်ကိုင်ပြုရန် ကြိုးပမ်းအားထုတ်ကြလော့။ ဝိညာဉ်တော်၏ ဆုကျေးဇူးတော်များကို စိတ်အားထက်သန်စွာ တောင့်တကြလော့။ အထူးသဖြင့် ပရောဖက်ဉာဏ်နှင့်ဟောပြောနိုင်သောကျေးဇူးတော်ကို တောင့်တကြ လော့။-
1 Segui a caridade, e desejai os dons espirituais, mas principalmente que profetizeis.
2 အကြောင်းမူကား ဘာသာစကားအမျိုးမျိုးကိုပြောဆိုကြ သောသူတို့သည် လူတို့အား ပြောဆိုခြင်းမဟုတ်ဘဲ ဘုရားသခင် အား ပြောဆိုခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏စကားကို မည်သူမျှနားမလည်ကြ။ သူသည် ဝိညာဉ်တော်၏တန်ခိုး အားဖြင့် နက်နဲဖွယ်ရာများကို ပြောဆိုလေ၏။-
2 Porque o que fala em uma língua desconhecida não fala aos homens, mas a Deus; porque nenhum homem o entende, sendo que em espírito ele fala mistérios.
3 ပရောဖက်ဉာဏ်နှင့်ဟောပြောသောသူတို့သည်ကား လူတို့အား တည်ကြည်ခိုင်မာစေခြင်းငှာ ပြုလုပ်ပေးရန်၊ အားပေးရန်နှင့် နှစ်သိမ့်မှုပေးရန်အတွက် ပြောဆိုခြင်းဖြစ်၏။-
3 Mas o que profetiza fala aos homens para edificação, exortação e consolação.
4 ဘာသာစကားအမျိုးမျိုးကိုပြောဆို သောသူသည် မိမိကိုယ်ကိုသာ အကျိုးပြု၏။ ပရောဖက် ဉာဏ်နှင့်ဟောပြောသော သူသည်ကား အသင်းတော်ကို အကျိုးပြု၏။-
4 O que fala em uma língua desconhecida edifica-se a si mesmo, mas o que profetiza edifica a igreja.
5 ငါသည် သင်တို့အားလုံးကို ဘာသာ စကားအမျိုးမျိုးပြောစေလိုသော်လည်း ပရောဖက်ဉာဏ် နှင့်ဟောပြောသောဆုကျေးဇူး ကို ပို၍ရစေလို၏။ ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုသူသည် မိမိစကား၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းဖော်ပြနိုင်သော သူရှိမှသာလျှင် အသင်းတော်ကိုအကျိုးပြုနိုင်၏။ သို့မဟုတ်ပါက ပရောဖက်ဉာဏ်နှင့်ဟောပြောသူသည် ထိုသူထက် ပို၍ ကြီးမြတ်၏။
5 Eu quero que todos vós faleis em línguas; mas antes que profetizeis, porque maior é o que profetiza do que o que fala em línguas, a não ser que as interprete, para que a igreja receba edificação.
6 ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့လာ၍ ဘာသာ စကားအမျိုးမျိုးဖြင့် ပြောဆိုသော်လည်း သင်တို့အား ဗျာဒိတ်တော် စကား၊ အသိပညာ၊ ကြိုတင်ဟောထားချက်နှင့်ဆုံးမသွန်သင်ခြင်းအကြောင်းတို့ကို မပြောဆိုလျှင် သင်တို့အတွက် မည်သို့ အကျိုးရှိ မည်နည်း။-
6 Agora, irmãos, se eu for até vós falando em línguas, de que vos aproveitarei? A não ser que vos fale, ou por revelação, ou por conhecimento, ou por profecia, ou por doutrina?
7 ပလွေ၊ သို့မဟုတ် စောင်းကဲ့သို့သော အသက်မဲ့သည့်တူရိယာပင် လျှင် ထင်ရှားပြတ်သားသောတေးသံများမထွက်ပေါ်စေ လျှင် တီးမှုတ်နေသည့်တေးသွားကို မည်သူသည်သိနိုင်မည်နည်း။-
7 E até as coisas sem vida que transmitem som, seja flauta, seja harpa, se não formarem sons distintos, como se saberá o que está sendo tocado ou dedilhado?
8 စစ်ခရာတို့သည် မပြတ်သားသောအသံကို ထွက်ပေါ်စေလျှင် မည်သူသည် စစ်ပွဲဝင်ရန် ပြင်ဆင်မည်နည်း။-
8 Porque se a trombeta der um som incerto, quem se preparará para a batalha?
9 ထိုနည်းတူစွာ ဘာသာစကားအမျိုးမျိုးဖြင့် သင်တို့ပြောဆိုသည့်စကားသည် နားမလည်နိုင်သည့်အရာ ဖြစ်လျှင် အဘယ်အရာ အားပြောဆိုကြောင်း မည်သူသိရှိမည်နည်း။ သင်သည် လေထဲ၌ စကားပြောနေရလိမ့်မည်။-
9 Assim também vós, a não ser que transmitais com a língua palavras bem articuladas, como se entenderá o que é falado? Porque estareis falando ao ar.
10 ကမ္ဘာပေါ် တွင် ဘာသာစကားအမျိုးပေါင်းများစွာ ရှိသော်လည်း မည်သည့်ဘာသာစကားမျှအဓိပ္ပာယ်ကင်း မဲ့သည်ဟူ၍မရှိ။-
10 Há tantas espécies de vozes no mundo, e nenhuma delas é sem significado.
11 သို့ရာတွင် ငါသည် ဘာသာစကား တစ်ခုကို နားမလည်ပါလျှင် ပြောဆိုသူအတွက် ငါသည် တိုင်းတစ်ပါးသားဖြစ်၏။ ထိုသူသည်လည်း ငါ့အတွက် တိုင်းတစ်ပါးသားဖြစ်၏။-
11 Portanto, se eu não conhecer o significado da voz, serei, para aquele a quem falo, bárbaro, e o que fala será um bárbaro para mim.
12 သင်တို့သည်လည်း ထိုနည်း တူဖြစ်ကြ၏။ သင်တို့သည် ဝိညာဉ်တော်၏ဆုကျေးဇူးများကို လိုလားတောင့်တကြသည့် အလျောက် အသင်းတော်၏ကြီးပွားတိုးတက်မှုကို အထောက်အကူပြုမည့် ဆုကျေးဇူးတို့ဖြင့် ကြွယ်၀စေရန် ကြိုးပမ်းအားထုတ် ကြလော့။
12 Assim também vós, que sois zelosos dos dons espirituais, procurai tê-los em abundância, para a edificação da igreja.
13 ထို့ကြောင့် ဘာသာစကားတစ်မျိုးကိုပြောဆိုနိုင် သောသူသည် အဓိပ္ပာယ်ပြန်ဆိုနိုင်သောဆုကျေးဇူးကို ရရှိရန် ဆုတောင်း သင့်၏။-
13 Portanto, aquele que fala em língua desconhecida, ore para que a possa interpretar.
14 အကြောင်းမူကား ငါသည် ဘာသာစကားတစ်မျိုးဖြင့် ဆုတောင်းပတ္ထနာပြုသောအခါ ငါ၏စိတ်ဝိညာဉ်သည် ဆုတောင်း ပတ္ထနာပြုသော်လည်း ငါ၏အသိစိတ်၌ အကျိုးမခံစားရချေ။-
14 Porque, se eu orar em língua desconhecida, o meu espírito ora, mas o meu entendimento é infrutífero.
15 ငါသည် မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။ ငါသည် စိတ်ဝိညာဉ်နှင့်သာမက အသိစိတ်နှင့်လည်း ဆုတောင်းပတ္ထနာပြုမည်။ ငါ သည် စိတ်ဝိညာဉ်နှင့်သာမက အသိစိတ်နှင့်လည်း သီဆိုကျူးအေးမည်။-
15 O que farei, pois? Eu orarei com o espírito, e também orarei com o entendimento; eu cantarei com o espírito, e também cantarei com o entendimento.
16 ထိုသို့မဟုတ်လျှင် သင်တို့သည် စိတ်ဝိညာဉ်ဖြင့်သာ ကျေးဇူးတော်ကိုချီးမွမ်းပါက ဆုကျေးဇူးမရရှိသောအပြင် လူတစ်ဦး သည် သင်တို့ပြောဆိုသော စကားများကို နားမလည်သောကြောင့် သင်တို့၏ကျေးဇူးတော်ချီးမွမ်းခြင်းကို အာမင်ဟု မည်ကဲ့သို့ ပြောဆိုနိုင်မည်နည်း။-
16 Do contrário, se tu abençoares com o espírito, como dirá amém o indouto sobre a tua ação de graças, já que não sabe o que dizes?
17 အကြောင်းမူကား သင်သည် ဘုရားသခင်အား ကောင်းမွန်စွာ ချီးမွမ်းနိုင်မည်ဖြစ်သော်လည်း အခြားသူ တစ်ဦးအတွက် အကျိုးမရှိချေ။-
17 Porque realmente tu dás bem as graças, mas o outro não é edificado.
18 ငါသည် သင်တို့ထက် ပို၍ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သောကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
18 Eu agradeço ao meu Deus, que falo mais línguas do que vós todos;
19 သို့သော် ငါသည် စုဝေးဝတ်ပြု ခြင်းများတွင် မသိနားမလည်သော ဘာသာစကားဖြင့် စကားအခွန်းတစ်သောင်းကိုပြောဆို ခြင်းထက် တစ်ပါးသူတို့အား သွန်သင်ခြင်းငှာ ထိုသူတို့ နားလည်နိုင်သောစကားငါးခွန်းကိုသာ ပြောဆိုရန် အလိုရှိ၏။
19 todavia, eu antes quero falar na igreja cinco palavras no meu entendimento, para que pela minha voz eu possa também ensinar aos outros, do que dez mil palavras em língua desconhecida.
20 ညီအစ်ကိုတို့၊ သင်တို့သည် စဉ်းစားဆင်ခြင်ကြရာ၌ ကလေးသူငယ်ကဲ့သို့မဖြစ်စေကြနှင့်။ မကောင်းမှုနှင့် သက်ဆိုင်သော အရာများတွင် ကလေးသူငယ်များကဲ့ သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်ကြရာတွင်မူကား ရင့်ကျက်ကြလော့။-
20 Irmãos, não sejais crianças no entendimento: na malícia sede crianças, mas no entendimento sede homem.
21 ပညတ်တရားကျမ်း၌ ရေးထားသည် ကား ငါသည် ဤလူမျိုးအား အခြားသောဘာသာစကား ပြောသူတို့အားဖြင့် လည်းကောင်း၊ လူမျိုးခြားတို့၏နှုတ် ဖြင့်လည်းကောင်းပြောဆိုမည်။ သို့ပင်သော်လည်း သူတို့သည် ငါ့ကိုနားထောင်ကြ လိမ့်မည်မဟုတ်ဟု ထာ၀ရ ဘုရားသခင်မိန့်တော်မူ၏ဟူ၍ဖြစ်၏။-
21 Na lei está escrito: Através de homens de outras línguas e por outros lábios, eu falarei a este povo; e ainda por todos os que não me ouvirem, diz o Senhor.
22 ထို့ကြောင့် ဘာ သာစကားအမျိုးမျိုးပြောဆိုနိုင်သောဆုကျေးဇူးသည် ယုံကြည်သူတို့အတွက်မဟုတ်ဘဲ မယုံကြည်သောသူ တို့အတွက် နိမိတ်လက္ခဏာဖြစ်၏။ ပရောဖက်ဉာဏ်ဖြင့် ဟောသောဆုကျေးဇူးသည်ကား မယုံကြည်သောသူတို့အတွက် မဟုတ်ဘဲ ယုံကြည်သူတို့အတွက် နိမိတ်လက္ခ ဏာဖြစ်၏။-
22 Portanto as línguas são um sinal, não para os que creem, mas para os que não creem; mas a profecia não serve para os que não creem, mas para os que creem.
23 ထို့ကြောင့် အသင်းတော်တစ်ခုလုံးသည် စုဝေး၍ လူအားလုံးတို့သည် ဘာသာစကားအမျိုးမျိုးကို ပြောဆိုကြလျှင် ပြင်ပလူများ၊ သို့မဟုတ် မယုံကြည်သူတို့ဝင်ရောက်လာခဲ့သည်ရှိသော် သူတို့က သင်တို့သည် ရူးသွပ်နေကြသည်ဟု ဆိုကြ လိမ့်မည်မဟုတ်လော။-
23 Se, pois, toda a igreja se congregar em um lugar, e todos falarem em línguas, e entrarem aqueles que são iletrados ou os incrédulos, não dirão que estais loucos?
24 သို့သော်လည်း အားလုံးသောလူတို့သည် ပရောဖက်ဉာဏ်နှင့်ဟောပြောနေကြလျှင် မယုံကြည်သူ၊ သို့မဟုတ် ပြင်ပ လူတစ်ယောက် ဝင်ရောက်လာခဲ့သည်ရှိသော် သင်တို့အားလုံးကြောင့် သူသည် အပြစ်ရှိကြောင်းကိုသိရှိ၍ သင်တို့အားလုံး ၏ စီရင်ခြင်းကိုလည်း ခံရလိမ့်မည်။-
24 Mas se todos profetizarem, e entrar um que não crê ou um iletrado, por todos é convencido, por todos é julgado;
25 သူ၏ စိတ်နှလုံးအတွင်းမှလျှို့ဝှက်ထားသောအရာများသည် ပေါ်လွင်ထင်ရှားလာသဖြင့် သူသည်ပျပ်ဝပ်လျက် ဘုရား သခင်ကိုရှိခိုးကိုးကွယ်ပြီး သင်တို့၏အလယ်တွင် ဘုရား သခင်တည်ရှိတော်မူကြောင်းကို ဝန်ခံလိမ့်မည်။
25 e assim, os segredos do seu coração ficarão manifestos, e assim, prostrando-se sobre a sua face, ele adorará a Deus, relatando que Deus está verdadeiramente entre vós.
26 ညီအစ်ကိုတို့၊ သို့ဖြစ်လျှင် ငါမည်သို့ပြုလုပ်ရမည် နည်း။ သင်တို့သည် ဝတ်ပြုကိုးကွယ်ရန် စုဝေးကြသော အခါ တစ်ဦးစီက ဓမ္မသီချင်းသီဆိုချီးမွမ်းခြင်း၊ သွန်သင်ခြင်း၊ ဗျာဒိတ်တော်ကိုပြန်ကြားပေးခြင်း၊ ဘာသာစကား အသစ်ဖြင့်ပြောဆိုခြင်း၊ အနက်အဓိပ္ပာယ်ပြန်ဆိုခြင်း စသည်တို့ကိုပြုလုပ်ကြ၏။ ဤအရာအားလုံးတို့ကို ယုံ ကြည်သူအစုအဝေးအား အကျိုးပြုစေရန် ရည်ရွယ်၍ ပြု လုပ်ကြပါလော့။-
26 Como é então, irmãos? Quando vos reunis, cada um de vós tem um salmo, tem uma doutrina, tem uma língua, tem uma revelação, tem uma interpretação. Que todas as coisas sejam feitas para a edificação.
27 ဘာသာစကားအသစ်ဖြင့်ပြောဆိုမည့် သူရှိလျှင် နှစ်ယောက်၊ သို့မဟုတ် အများဆုံးသုံးယောက် သာဖြစ်ပါစေ။ သူတို့သည်လည်း တစ်ယောက်စီအလှည့် ကျပြောကြပါစေ။ ထို့နောက် တစ်ယောက်က အနက် အဓိပ္ပာယ်ကို ရှင်းပြပါစေ။-
27 Se algum homem falar em uma língua desconhecida, que seja por dois, ou no máximo em três, e a seu turno, e que alguém interprete.
28 အကယ်၍ အနက်အဓိပ္ပာယ် ကို ရှင်းပြမည့်သူမရှိပါလျှင် ထိုသူအယောက်စီတိုင်းသည် တိတ်ဆိတ်စွာနေ၍ မိမိကိုယ်မိမိ အား လည်းကောင်း၊ ဘုရားသခင်အားလည်းကောင်း ပြောဆိုကြပါစေ။-
28 Mas se não houver intérprete, permaneça em silêncio na igreja, e fale consigo mesmo e com Deus.
29 ပရောဖက်ဉာဏ်ရှိသူနှစ်ယောက်၊ သို့မဟုတ် သုံးယောက်က ဟောပြောနေစဉ် အခြားသူတို့သည် ဟောပြောချက်ကို ဆင်ခြင်သုံးသပ်ကြပါစေ။-
29 E falem dois ou três profetas, e os outros julguem.
30 သို့ရာတွင် ထိုင်နေသောသူ တစ်ယောက်သည် ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံရလျှင် ပထမပြောနေသောသူသည် တိတ်ဆိတ်စွာနေပါစေ။-
30 Se alguma coisa for revelada ao outro que está assentado, o primeiro permaneça em silêncio.
31 အကြောင်းမူကား လူတိုင်းသည် သွန်သင်မှုကိုခံယူ ပြီး အားတက်စေခြင်းငှာ သင်တို့အားလုံးတစ်ယော က်စီ အလှည့်ကျ ပရောဖက်ဉာဏ်နှင့်ဟောပြောနိုင်လေ၏။-
31 Porque todos vós podeis profetizar um após o outro, para que todos aprendam e todos sejam consolados.
32 ပရောဖက်တို့၏စိတ်ဝိညာဉ်များသည် ပရောဖက်တို့ကို နာခံရမည်။-
32 E os espíritos dos profetas estão sujeitos aos profetas.
33 အကြောင်းမူကား ဘုရားသခင်သည် စိတ်ရှုပ်ထွေးစေသောဘုရားမဟုတ်ဘဲ ငြိမ်းချမ်းသာယာခြင်း ကိုပေးသော ဘုရားဖြစ် တော်မူသောကြောင့်တည်း။ သန့်ရှင်းသူတို့၏အသင်းတော်များအားလုံးတွင် ပြုကျင့်ကြသည့်အတိုင်း၊-
33 Porque Deus não é o autor da confusão, mas da paz, como em todas as igrejas dos santos.
34 အမျိုးသမီးများသည် ဝတ်ပြုစုဝေးခြင်းများတွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့သည် စကားပြော ပိုင်ခွင့်မရှိကြချေ။ပညတ်တရားကျမ်းကပင် ပြဋ္ဌာန်းထားသည့်အတိုင်း အမျိုးသမီးတို့သည် နာခံကြရမည်။-
34 Vossas mulheres estejam em silêncio nas igrejas, porque não lhes é permitido falar; mas estejam sujeitas à obediência, como também diz a lei.
35 သူတို့သည် တစ်စုံတစ်ရာကို သိ ရှိလိုပါလျှင် မိမိတို့၏ခင်ပွန်းကို အိမ်၌မေးမြန်းကြပါစေ။ အကြောင်းမူကား အသင်းတော် ထဲ၌ စကားပြောဆိုခြင်းသည် အမျိုးသမီးများအတွက် ရှက်ဖွယ်ဖြစ်၏။-
35 E, se elas desejarem aprender alguma coisa, perguntem a seus maridos em casa; porque é vergonhoso que as mulheres falem na igreja.
36 ဘုရား သခင်၏နှုတ်တော်ထွက်စကားသည် သင်တို့ထံမှလာ သလော။ သို့တည်းမဟုတ် ၎င်းသည် သင်တို့ထံသို့သာ လျှင် ရောက်ရှိလာသလော။
36 Porventura, a palavra de Deus partiu de vós, ou somente chegou até vós?
37 သင်တို့ထဲတွင် မိမိကိုယ်ကိုပရောဖက်ဖြစ်သည်ဟူ၍လည်းကောင်း၊ ဝိညာဉ်တော်၏ဆုကျေးဇူးများရရှိသည် ဟူ၍လည်း ကောင်း ထင်မြင်ယူဆသောသူသည် ယခုငါရေးလိုက်သောစကားတို့မှာ ဘုရားသခင်၏ပညတ်ချက် များဖြစ်ကြောင်း သိမှတ်ဝန်ခံရမည်။-
37 Se algum homem pensa ser profeta ou espiritual, reconheça que as coisas que eu vos escrevo são mandamentos do Senhor.
38 ဤအချက်ကို အသိအမှတ်မပြုသောသူသည် အသိအမှတ်ပြုခြင်းကိုလည်း ခံရမည်မဟုတ်။-
38 Mas, se algum homem o ignora, é ignorado.
39 သို့ဖြစ်၍ ငါ၏ညီအစ်ကိုတို့၊ သင် တို့သည် ပရောဖက်ဉာဏ်နှင့်ဟောပြောရန် စိတ်အားထက်သန်စွာ တောင့်တကြလော့။ အမျိုးမျိုးသောဘာ သာစကားဖြင့်ပြောဆိုခြင်းကိုလည်း မတားမြစ်ကြနှင့်။-
39 Portanto, irmãos, desejai arduamente profetizar e não proibais falar em línguas.
40 သို့သော်လည်း ခပ်သိမ်းသောအရာအလုံးစုံကို သင့်တင့် လျောက်ပတ်စွာဖြင့် စနစ်တကျလုပ်ဆောင်ကြပါလော့။
40 Todas as coisas sejam feitas decentemente e com ordem.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.