1 Coríntios 13

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ငါသည် လူတို့၏ဘာသာစကားများနှင့် ကောင်းကင်တမန်တော်တို့၏ဘာသာစကားများကို ပြောဆိုနိုင်သော်လည်း ချစ်ခြင်းမေတ္တာမရှိလျှင် ဆူညံသောမောင်းသံကဲ့သို့လည်းကောင်း၊ အသံမြည်သော လင်းကွင်းကဲ့သို့လည်းကောင်းဖြစ်၏။-
1 Ainda que eu fale as línguas dos homens e dos anjos, se não tiver amor, serei como o bronze que soa ou como o címbalo que retine.
2 ငါသည် ပရောဖက်ဉာဏ်ကိုရ၍ နက်နဲသောအရာရှိသမျှနှင့် အတတ်ပညာရှိသမျှတို့ကို နားလည်တတ်ကျွမ်းပြီး တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းမျိုးရှိသော်လည်း ချစ်ခြင်းမေတ္တာမရှိလျှင် ငါသည် အချည်းနှီးသက်သက်ဖြစ်၏။-
2 Ainda que eu tenha o dom de profetizar e conheça todos os mistérios e toda a ciência; ainda que eu tenha tamanha fé, a ponto de transportar montes, se não tiver amor, nada serei.
3 ငါ၌ရှိသမျှဥစ္စာ တို့ကိုပေးကမ်းစွန့်ကြဲ၍ ငါ၏ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှာ အပ်နှံပူဇော်သော်လည်း ချစ်ခြင်းမေတ္တာ မရှိလျှင် ငါ ၌ အကျိုးမခံစားရ။
3 E ainda que eu distribua todos os meus bens entre os pobres e ainda que entregue o meu próprio corpo para ser queimado, se não tiver amor, isso de nada me adiantará.
4 ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲစိတ်ရှည်၍ ကြင်နာသနားတတ်၏။ ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိ၊ ဝါကြွားခြင်း လည်း မရှိ။-
4 O amor é paciente e bondoso. O amor não arde em ciúmes, não se envaidece, não é orgulhoso,
5 ၎င်း၌ မာန်မာနမရှိသကဲ့သို့ ရိုင်း ပျမှုလည်းမရှိ။ ချစ်ခြင်းမေတ္တာသည် ကိုယ်ကျိုးကိုမရှာ တတ်၊ အမျက်ဒေါသမထွက်တတ်၊ အငြိုးအတေးလည်း မထားတတ်။-
5 não se conduz de forma inconveniente, não busca os seus interesses, não se irrita, não se ressente do mal.
6 ချစ်ခြင်းမေတ္တာသည် မကောင်းသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌မူ ဝမ်းမြောက်တတ်၏။-
6 O amor não se alegra com a injustiça, mas se alegra com a verdade.
7 ချစ်ခြင်းမေတ္တာသည် အရာရာကိုခံထမ်းနိုင်၏၊ အရာအားလုံးကို ယုံကြည်၏၊ အရာအားလုံးကိုမျှော်လင့်၏။ အရာအားလုံးကို လည်း ကြံ့ကြံ့ခံနိုင်၏။
7 O amor tudo sofre, tudo crê, tudo espera, tudo suporta.
8 ချစ်ခြင်းမေတ္တာသည် အဆုံးမရှိ။ ပရောဖက်တို့၏ ဟောထားချက်များသည် ပျောက်ကွယ်သွားကြလိမ့်မည်။ ဘာသာစကား အမျိုးမျိုးတို့ကိုပြောနိုင်သောလျှာ တို့သည်လည်း တိတ်ဆိတ်သွားကြလိမ့်မည်။-
8 O amor jamais acaba. Havendo profecias, desaparecerão; havendo línguas, cessarão; havendo ciência, passará.
9 အဘယ်ကြောင့်ဆိုသော် ငါတို့၏အသိပညာနှင့် ဗျာဒိတ်တော်အားဖြင့် ဟောပြောနိုင်သော ငါတို့၏အစွမ်းတို့သည် မပြည့်စုံ ပေ။-
9 Pois o nosso conhecimento é incompleto e a nossa profecia é incompleta.
10 သို့သော် စုံလင်သောအရာရောက်ရှိလာ သောအခါတွင် မစုံလင်သောအရာသည် ကွယ်ပျောက်လိမ့်မည်။-
10 Mas, quando vier o que é completo, então o que é incompleto será aniquilado.
11 ငါသည် ကလေးသူငယ်ဘ၀က ကလေးသူ ငယ်ကဲ့သို့ပြောဆို၍ ကလေးသူငယ်ကဲ့သို့ထင်မြင်ပြီး ကလေးသူငယ်ကဲ့သို့ စဉ်းစားဆင်ခြင်၏။ ကြီးပြင်းလာ သောအခါ၌မူကား ငါသည် ကလေးဆန်သောအလေ့ အထများကို စွန့်လွှတ်ခဲ့၏။-
11 Quando eu era menino, falava como menino, sentia como menino, pensava como menino; quando cheguei a ser homem, desisti das coisas próprias de menino.
12 အကြောင်းမူကား ငါတို့သည် ယခုအချိန်၌ ကြည့်မှန်ပေါ်တွင် မထင်မရှားတွေ့ မြင်ကြရ၏။ ထိုအချိန်အခါ၌မူကား မျက်ဝါးထင်ထင်တွေ့ မြင်ကြရလိမ့်မည်။ ငါသည် ယခုအခါ၌ စုံလင်စွာမသိပေ။ ထိုအချိန်အခါ၌မူကား ဘုရားသခင်သည် ငါ့ကိုစုံလင်စွာ သိ မြင်တော်မူသကဲ့သို့ ငါသည် စုံလင်စွာသိမြင်လိမ့်မည်။-
12 Porque agora vemos como num espelho, de forma obscura; depois veremos face a face. Agora meu conhecimento é incompleto; depois conhecerei como também sou conhecido.
13 သို့ဖြစ်၍ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည်းဟူ သော ပါရမီသုံးပါးတို့သည် တည်လျက်ရှိပြီး ဤသုံးပါး တို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။
13 Agora, pois, permanecem a fé, a esperança e o amor, estes três; porém o maior deles é o amor.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.