Apocalipse 8

Tavoyan Bible (TVN_TWF)

1 သိုးသားဂန်းဟှား သတ္တမဇိဟှို ဖွမ့်လိုက်ဟှူ ခီမာ ကောန်းဂန်ဘောင်မာ နာရီဝပ်လော့‑က် တိတိဆိဆိဟှား ဖြစ်ဟှားဟှယ်။

2 အယ်ဘီးန ဘုရားသခင်ရဲ့ ရှေ့မာ ရပ်နေဟှူ ကောန်းဂန်တမန် ခွန်နစ်ပါးဟှို ငါဗြင်ဟှယ်။ သူးနို့လေဟှို တံပိုးခရာ ခွန်နစ်လောင်းဟှို ပေးဟှယ်။

3 တခြား ကောန်းဂန်တမန် တပါးဟှာ လာဘီးဟှာ ရွှေလန်းဗန်းဟှို ကိုင်ဘီး ယဇ်ပလ္လင်နားမာ ရပ်နေဟှယ်။ ပလ္လင်ရှေ့မာ ရှိဟှူ ရွှေယဇ်ပလ္လင်ထတ်မာ သန့်ရှင်းဟှူ သူလေဟှာ ဆုတောန်းရှင်းနတူးဒူ ဆစ်ကပ်ဘီး မီးရှို့ဟှူ နံ့သာပေါန်းလေဟှို ပေးလိုက်ဟှယ်။

4 နံ့သာပေါန်းရဲ့ မီးခီုးလေဟှာ သန့်ရှင်းသူလေရဲ့ ဆုတောန်းရှင်းနတူးဒူ ကောန်းဂန်တမန်ရဲ့ လတ်ထဲဟှနေဘီး ဘုရားသခင်ရဲ့ ရှေ့ဟှို တတ်ဟှားလေဟှယ်။

5 အယ်ဘီးန ကောန်းဂန်တမန်ဟှာ လန်းဗန်းဟှို ယူဘီး ယဇ်ပလ္လင်ရဲ့ မီးန ပ္လဲ့စေဘီး မ္လေဂီးထတ်ဟှို ခ္လလိုက်ဟှူ ခီမာ သံဗြယ်ရှင်း၊ မိုးချောင်းရှင်း၊ လန့်စစ်ဖ္လတ်ရှင်း၊ မ္လေဂီးလှောက်ရှင်းလေ ဖြစ်ဂေ့ဟှယ်။

6 အယ်ဘီးန တံပိုးခွန်နစ်လောင်းရှိဟှူ ကောန်းဂန်တမန် ခွန်နစ်ပါးဟှာ တံပိုးမှုဟှို့တွပ် ပြင်ဆင်ဂေ့ဟှယ်။

7 ပထမ ကောန်းဂန်တမန်ဟှာ တံပိုးမှုဟှူ ခီမာ မိုးသီးလေ ဖြစ်ဟှားဟှယ်။ သွီးန ရောနေဟှူ မီးမျိုးဖြစ်ဟှယ်။ မ္လေဂီးထတ်ဟှို ခ္လလိုက်ဟှူ ခီမာ မ္လေသောင်းစုတစု၊ သစ်ပန် သောင်းစုတစု၊ စီးဟှူ ဗြစ်ပန် ရှိမျှလေဟှာ လောန်ဟှားလေဟှယ်။

8 ဒုတိယ ကောန်းဂန်တမန်ဟှာ တံပိုးမှုဟှူ ခီမာ မီးလောန်နေဟှူ၊ ရရာတိုင်း ကီးဟှူ တောန်ဟှို ပန်လယ်ထဲဟှို ခ္လလိုက်ဟှူ ခီမာ ပန်လယ် သောင်းစု တစုဟှာ သွီးဖြစ်ဟှားဟှယ်။

9 ပန်လယ်မာ သတ်ရှင်ဟှူ သတ္တဝါ သောင်းစု တစုဟှာ သေဟှားဟှယ်။ သန်းဖော သောင်းစု တစုလည်း ပျစ်စီးဟှားဟှယ်။

10 တတိယ ကောန်းဂန်တမန်ဟှာ တံပိုးမှုဟှူ ခီမာ မီးတိုင်မျိုး ရရာတိုင်း လန်းဟှူ ကြယ်ဂီး တလောင်းဟှာ ကောန်းဂန်ဟှ က္လဘီး မ္လစ်သောင်းစု တစုဟှိုရော၊ စမ်းရေဒွမ်းလေနားဟှိုရော ရော့‑က်ဟှားဟှယ်။

11 အယ်ကြယ်ဟှာ ဒေါန ဆိုဘီး နာမယ်ရှိဟှယ်။ ရေသောင်းစု တစုဟှာ ဒေါနဖြစ်ဘီး အယ်ခါးဟှူ ရေဟှို သော့‑က်ဟှူကြောန့် လူလေဟှာ သေဂေ့ဟှယ်။

12 စတုတ္ထ ကောန်းဂန်တမန်ဟှာ တံပိုးမှုဟှူ ခီမာ နေသောင်းစု တစု၊ လသောင်းစု တစု၊ ကြယ်သောင်းစု တစုဟှာ ကြတ်ဟှားဘီး မိုက်ဟှားဟှယ်။ နေ့သောင်းစု တစုန ညဉ့်သောင်းစု တစုဟှလည်း လန်းရောန်ဟှို ရဂေ့ဟှမ်း။

13 အယ်ဘီးန ငါကေ့ဟှူ ခီမာ လင်းယောင် တကောန်ဟှာ ကျန်နေဟှူ ကောန်းဂန်တမန် သောင်းပါးရဲ့ တံပိုးမှုဟှူ သံကြောန့် မ္လေဂီးသားလေဟှာ အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာ ရှိဂေ့ဟှယ် ဆိုဘီး ကောန်းဂန်လယ်မာ ပ္လန်နေဘီး သံက္လယ်ဂီးန ပြောနေဇာဟှို ငါကြားရဟှယ်။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.