1 Timóteo 2

Tavoyan Bible (TVN_TWF)

1 အယ်ကြောန့် လူလေ ဂူလောင်းတွပ် သနားခံဟှူမှု၊ ဆုတောန်းဟှူမှု၊ ကြားခံ တောန်းရှော့‑က်ပေးဟှူမှုန ကျေးဇူးတော်ဟှို ချီးမွမ်းရှင်းလေဟှို ပြုဟှို့တွပ် ပထမ ဦးဆောင်း ငါတိုက်တွန်း နှိုးဆော်ရှင်ပါဟှယ်။

2 နို့လေဟှာ ဘုရားဝတ်န မွေ့လျော်ဘီး ငြီးငြီးချမ်းချမ်း နေနိုင်ဟှို့တွပ်လည်း မန်းဂီးလေန အာဏာရှိဟှူသူလေ ဂူလောင်းတွပ် ဆုတောန်းပေးဂေ့ပါ။

3 အယ်မျိုးပြုဟှူဇာဟှာ ရရာတိုင်း ကောန်းဟှူ မှုဖြစ်ဘီး နို့လေရဲ့ ကယ်တန်ရှင်ဖြစ်ဟှူ ဘုရားသခင် ရှေ့တော်မာ နှစ်သက်ဇာကောန်းဟှူ မှုလည်းဖြစ်ဟှယ်။

4 လူလေဂူလောင်းဟှာ ကယ်တန်ရှင်းဟှို ရော့‑က်ဘီး သမ္မာတရားဟှို သိဟှို့တွပ် ဘုရားသခင် လိုတော်ရှိဟှယ်။

5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ တပါးဒဲဘဲ့ ရှိတော်မူဘီး ဘုရားသခင်န လူလေကြားမာ အာမခံဖြစ်ဟှူ ယေရှုခရစ် တပါးဒဲဘဲ့ ရှိတော်မူဟှယ်။ အယ်သခင်ဟှာ လူဖြစ်ဟှူ ယေရှုခရစ်တော်ဘဲ့ ဖြစ်လေဟှယ်။

6 အယ်မူအာမခံဟှာ လူလေ ဂူလောင်းဟှို ဝီးနှုဟှို့တွပ် ဖိုးခနေန ကိုယ့်ကိုယ်ကိုယ် စွန့်တော်မူဟှယ်။ အယ်မူကြောန်းရာဟှာ ခီတန်လာဟှူ ခီမာ ပေးတော်မူဟှူ သတ်သေဖြစ်ဟှယ်။

7 ငါဟှာ အယ်မူကြောန်းရာဟှို သတ်သေခံ ဝီငှဟှို့တွပ် တမန်တော်ရာန ယောင်ကြည်ရှင်းန သမ္မာတရားဟှို လူမျိုးခြားလေဟှို ဟောပြော သွန်သန်ဟှူ ဆရာဖြစ်န ခန့်ဟှားသူဖြစ်ဟှယ် ဆိုဇာဟှာ မုသားစကားဟှို ပြောဟှူဇာမှုဘဲ မှန်ဟှူ စကားဟှို ပြောဟှူ ဇာဖြစ်ဟှယ်။

8 အယ်မျိုးဖြစ်ကြောန့် နေရာတိုင်းမာ ယော့‑က်ကျားလေဟှာ စိဆိုးဟှူဇာ၊ ဂြင်းခူဟှူ ဇာမှေ့ဘဲ သန့်ရှင်းဟှူ လတ်ဟှို ချီဘီးဟှာ ဆုတောန်းဂေ့ဟှို့တွပ် ငါလိုရှင်ပါဟှယ်။

9 အယ်မျိုးဘဲ့ မီးမလေလည်း ဆန်းဗန်ဟှို လှဆင်ဟှူ ဇာလေ၊ ရွှေတန်ဆာလေ၊ က္လော့‑က်မြတ်ပုလဲလေ၊ ဖိုးကီးဟှူ ဝတ်စားလေန ကိုယ့်ကိုယ်ကိုယ် ဆင်ဘဲန ယှစ်ကြော့‑က်ရှင်း၊ ဣန္ဒြေစောန့်ရှင်းအားဖြင့် တင့်တယ်ဟှူ ဝတ်န

10 ဘုရားသခင်ဟှို ရိုသေကြည်ညိုမှု ရှိမယ် ဆိုဘီး ဝန်ခံ ဂဒိပြုဟှူ မီးမလေ ဆင်သင့်ဟှူတိုင်း ကောန်းဟှူ ကျင့်အားဖြင့် ကိုယ့်ကိုယ်ကိုယ် တန်ဆာဆင်ဟှို့တွပ် ငါလိုရှိပါဟှယ်။

11 မီးမလေဟှာ ရာရာမာ နာခံမှုရှိဘီး တိတိဆိဆိဟှား သန်ယူပါစေ။

12 မီးမလေဟှာ သွန်သန်ပေးဟှူဇာန ယော့‑က်ကျားလေဟှို စိုးတရပြုဟှူ ခွမ့်ဟှို ငါပေးဟှ။ မီးမလေဟှာ တိတိဆိဆိ နေရမယ်။

13 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အာဒံဟှို ပထမဆောင်း ဖန်ဆင်းဘီးန ဧဝဟှို ဖန်ဆင်းတော်မူဟှယ်။

14 နော့‑က်ဘီး အာဒံဟှာ လှည့်ဇားဇာဟှို ခံဟှ။ မီးမလေဟှဘဲ့ လှည့်ဇားဇာဟှို ခံဘီး ဘုရားသခင်ရဲ့ ပညတ်တော်ဟှို ခ္လိုးဖော့‑က်ဟှယ်။

15 အယ်ဘေမဲ့လည်း မီးမလေဟှာ ဣန္ဒြေစောန့်ရှင်း၊ ယောင်ကြည်ရှင်း၊ ရှစ်ရှင်း၊ သန့်ရှင်းရှင်းန ဆစ်ဘီးဟှာ ရှိနေမယ်ဆိုဟှာ သားမီးလေ ရှိရှင်းအားဖြင့် ကယ်တန်ရှင်း ခံရလေ့မယ်။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Timóteo 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.