1 João 5

Tavoyan Bible (TVN_TWF)

1 ယေရှုဟှာ ခရစ်တော်ဖြစ်ဟှယ် ဆိုဇာဟှို ယောင်ကြည်ဟှူလူဟှာ ဘုရားသခင်ဟှနေ ပေါ့‑က်လာဟှူ သားမီးလေဘဲ့ ဖြစ်ဟှယ်။ ဖဟှို ရှစ်ဟှူလူဟှာ သားဟှိုလည်း ရှစ်တတ်ဟှယ်။

2 နို့လေဟှာ ဘုရားသခင်ဟှို ရှစ်ဘီး ဘုရားသခင်ရဲ့ ပညတ်တော်လေဟှို လိုက်နာဘီးကျင့်မယ် ဆိုဟှာ အယ်မှုရာလေအားဖြင့် နို့လေဟှာ ဘုရားသခင်ရဲ့ သားမီးလေဟှို ရှစ်ကြောန်းဟှို နို့လေ သိဂေ့ဟှယ်။

3 ဘုရားသခင်ဟှို ရှစ်ဟှယ် ဆိုဇာဟှာ ဘုရားသခင်ရဲ့ ပညတ်တော်လေဟှို လိုက်ရှော့‑က်ရှင်းဘဲ့ ဖြစ်ဟှယ်။ ဘုရားသခင်ရဲ့ ပညတ်တော်လေဟှို လိုက်ရှော့‑က်ရှင်းဟှာ ခတ်ခဲဇာ မှုဟှ။

4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှနေ ပေါ့‑က်လာဟှူ သားမီးလေဟှာ လောကဟှို အောန်နိုင်ဂေ့ဟှယ်။ နို့လေရဲ့ ယောင်ကြည်ရှင်းကြောန့် လောကဟှို အောန်ဂေ့ဟှယ်။

5 သခင်ယေရှုဟှာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ် ဆိုဇာဟှို ယောင်ကြည်ဟှူသူမှ တပါး ဖယ်သူဟှ လောကဟှို အောန်နိုင်နူး။

6 ယေရှုခရစ်ဟှာ ရေအားဖြင့် ဗတ္တိဇံဟှိုခံဘီး၊ သွီးတော်ဟှို သွန်းဘီး၊ သေခံဘီး ကြွလာဟှူသခင် ဖြစ်ဟှယ်။ ကိုယ်တော်ဟှာ ရေအားဖြင့်ဘဲ့ ကြွလာရှင်း မှုဟှ။ ရေနရော၊ သွီးနရော ကြွလာဟှယ်။ ဝိညာဉ်တော်ဟှာ သမ္မာတရားဖြစ်ဘီး ကြွလာဟှူကြောန်းဟှို သတ်သေခံဟှယ်။

7 သတ်သေခံ သောင်းပါး ရှိလေဟှယ်။

8 အယ်သောင်းပါးဟှာ ဝိညာဉ်တော်၊ ရေ၊ သွီးလေဖြစ်ဂေ့ဘီး အယ်သောင်းပါးဟှာ တလောင်းတဝဒဲ ဖြစ်ဂေ့ဟှယ်။

9 နို့လေဟှာ လူလေရဲ့ သတ်သေခံဇာဟှို လတ်ခံတတ်ဂေ့ဟှယ်။ ဘုရားသခင်ရဲ့ သတ်သေခံချစ်ဟှာ လူလေရဲ့ သတ်သေခံချစ်ထတ် ပိုဘီး ဟှာ ခိုင်လောင်ဟှယ်။ ဘုရားသခင်ဟှလည်း သားတော်ကြောန်းဟှို သတ်သေခံရှင်း ဖြစ်ဟှယ်။

10 ဘုရားသခင်ရဲ့ သားတော်ဟှို ယောင်ကြည်လူဟှာ အယ်သတ်သေခံချစ်ဟှို စိနှလောင်းထဲမာ ရဟှားဟှယ်။ ဘုရားသခင်ဟှို ယောင်ကြည်ဘဲ့ဟှူ လူဟှာ ဘုရားသခင်ဟှို မုသားသောင်းဘီး ပြစ်တန်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ရဲ့ သားတော်န ပတ်သတ်ဘီး သတ်သေခံရှင်းလေဟှို အယ်လူဟှာ ယောင်ကြည်ဘဲကြောန့် ဖြစ်ဟှယ်။

11 အယ်သတ်သေခံချစ်ဟှ ဘုရားသခင်ဟှာ နို့လေဟှို ထာဝရသတ်ဟှိုပေးဘီး အယ်သတ်ဟှာ သားတော်မာပါဟှယ်။

12 သားတော်ဟှို ရဟှူလူဟှာ သတ်ဟှိုရဟှယ်။ ဘုရားသခင်ရဲ့ သားတော်ဟှို ရဘဲ့ဟှူလူဟှာ သတ်ဟှိုရဟှ။

13 ဘုရားသခင်သားတော်ရဲ့ နာမတော်ဟှို ယောင်ကြည်ဟှူ နန်းနို့ဟှာ ထာဝရသတ်ဟှို ကိုယ်တိုင်ရဟှယ် ဆိုဇာဟှို သိစေဟှို့တွပ် အယ်ဇာလေဟှို နန်းနို့လေဟှို ငါရေးပေးလိုက်ဟှယ်။

14 ဘုရားသခင်မာ နို့လေထားဟှားဟှူ ယောင်ကြည်စိခ္လမှုဟှာ နို့လေဟှာ လိုတော်နညီဟှူဇာ တခုခုဟှို တောန်းမယ် ဆိုဟှာ ဘုရားသခင်ဟှာ နားထောန်လေ့မယ်။

15 နို့လေ ဆုတောန်းဇာမှန်မျှဟှို နားထောန်ဟှယ် ဆိုဘီး နို့လေသိဟှယ် ဆိုဟှာ ဘုရားသခင်နားဟှ တောန်းလျှော့‑က်ဇာလေဟှို နို့လေရပီးဘီ ဆိုဇာဟှို နို့လေ သိဂေ့ဟှယ်။

16 ညီကိုတယော့‑က်ဟှာ သတ်ဝိညာဉ် ဆောင်းရှောင်းရှင်းဟှလွဲဘီး တခြားပြစ် တခုခုဟှို လွန်ကျူးမယ် ဆိုဟှာ သူ့တွပ်ဘုရားသခင်မာ တောန်းလျှော့‑က်လိုက်။ ကိုယ်တော်ဟှာ သူ့ဟှို သတ်ပေးလေ့မယ်။ အယ်ဘေမဲ့ သတ်ဝိညာဉ်ဆောင်းရှောင်းဟှူ ပြစ်ဆိုဇာရှိဟှယ်။ အယ်ပြစ်မျိုးဟှို လွန်ကျူးဟှူ လူလေတွပ် ဆုတောန်းရမယ် ဆိုဘီး ငါဆိုလိုဟှ။

17 ဒုစရိုက်မှန်မျှဟှာ ပြစ်ဖြစ်ဟှယ်။ အယ်ဘေမဲ့ သတ်ဝိညာဉ်ဟှို ဆောင်းရှောင်းနိုင်ဘဲဟှူ ပြစ်လည်းရှိဟှယ်။

18 ဘုရားသခင်ဟှနေ ပေါ့‑က်လာဟှူ သားမီးလေ ဖြစ်ဟှူကြောန့် ပြစ်လောက်တတ်ဘဲဟှူကြောန်းဟှို နို့လေသိဂေ့ဟှယ်။ သူ့ဟှို ဘုရားသခင်ဟှ စောန့်ထီးပေးဟှူကြောန့် မာရ်နတ်ဟှာ အယ်လူဟှို ထိခိုက်နိုင်ဟှ။

19 ကမ္ဘာလောက တခုလောင်းဟှာ မာရ်နတ်ရဲ့တဂိုးလေ လွှမ်းမိုးဟှားကြောန့် နို့လေဟှာ ဘုရားသခင်န ဆိုင်ဟှူကြောန်းဟှို နို့လေဟှ သိဂေ့ဟှယ်။

20 ဘုရားသခင်ရဲ့ သားတော်ဟှာ လောကဟှို ကြွလာဘီးဟှာ နို့လေဟှို ဘုရားစစ်ဘုရားမှန်ဟှို သိနိုင်ဟှူဉာဏ်ဟှို ပေးဟှူကြောန့် နို့လေဟှ သိရဟှယ်။ နို့လေဟှာ ဘုရားသခင်ရဲ့ သားတော် ယေရှုခရစ်နရော၊ ဘုရားစစ် ဘုရားမှန်ဖြစ်ဟှူ ဘုရားသခင်နရော၊ တလောင်းတဝဒဲ ရှိဂေ့ဟှယ်။ ကိုယ်တော်ဟှာ ဘုရားစစ်ဘုရားမှန် ဖြစ်ဟှယ်။ ထာဝရသတ်လည်း ဖြစ်ဟှယ်။

21 သားမီးလေ၊ နန်းနို့ဟှာ ဘုရားတုယောန်လေဟှို ရှောန်ဂေ့ပါ! ယောဟန်ရဲ့ ပေးစာပီးဘီ။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 João 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.