2 Tessalonicenses 1

tvn (TVN)

1 ပေါလု၊ သိလွာနု၊ တိမောသေလေဟှာ —

2 နို့လေရဲ့ဖဖြစ်ဟှူ ဘုရားသခင်န ယေရှုခရစ်တော်နားဟှ နေဘီးဟှာ ကျေးဇူးတော်န ငြီသတ်ရှင်းလေဟှို နန်းနို့ဟှာ ခံစားရပါစေ။

3 ငါ့ညီကို မောန်နှမလေ၊ နန်းနို့တွပ်ကြောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို နို့လေဟှာ နေတိုင်း ချီးမွမ်းနေဂေ့ရဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေရဲ့ ယောင်ကြည်ရှင်းဟှာ ရရာတိုင်းတိုးပွားဘီး ရှင်းရှင်း တယော့‑က်ဟှို တယော့‑က် ပိုဘီး ဟှာ ရှစ်နေဂေ့ကြောန့် ဖြစ်ဟှယ်။

4 အယ်ကြောန့် နို့လေကိုယ်တိုင်ဘဲ့ နန်းနို့ကြောန်းဟှို ဘုရားသခင်ရဲ့ သင်းတော်လေမာ ဂေါင်ယူဘီး ပြောဂေ့ဟှယ်။ နန်းနို့ဟှာ ညှဉ်းဆဲနှိစစ်ဟှူဇာန ဆင်းရဲဒေါက်ခလေဟှို ခံရဘေမဲ့ ခိုင်ခံ့ဘီး၊ ယောင်ကြည်ရှင်းခိုင်မြဲဘီး ရှိနေဇာဟှိုထော့‑က်ဘီး နို့လေဟှာ ဂေါင်ယူဘီးပြောဂေ့ဟှယ်။

5 အယ်ဇာဂူလောင်းဟှာ ဘုရားသခင်စီရင်ဇာဟှာ မှန်ကန်ဟှူကြောန်းဟှို ထန်ရှားဟှယ်။ အယ်ကြောန့် နန်းနို့ဟှာ ကိုယ်တော်ရဲ့ နိုင်ငံတော်န ထိုက်တန်ဟှူ လူလေဖြစ်လာဂေ့ဟှို့တွပ် နန်းနို့ဟှာ နိုင်ငံတော်တွပ်ကြောန့် ခုဆင်းရဲဒေါက်ခ ခံနေရဂေ့ဟှယ်။

6 ဘုရားသခင်ဟှာ ဖြောန့်မတ်ဟှူ တရားတိုင်းဘဲ့ စီရင်ဟှူ သခင်ဖြစ်မျိုးဘဲ့ နန်းနို့ဟှို ဆင်းရဲဒေါက်ခ ရော့‑က်ခိုင်းဟှူလူဟှို ဆင်းရဲဒေါက်ခ ရော့‑က်ခိုင်းလေ့မယ်။

7 ခု ဆင်းရဲဒေါက်ခရော့‑က်နေဟှူ နန်းနို့နတူးဒူ နို့လေဟှိုလည်း စိသတ်သာဇာဟှို ရဂေ့လေ့မယ်။ သခင်ယေရှုဟှာ တဂိုးကီးဟှူ ကောန်းဂန်တမန်လေနတူးဒူ ကောန်းဂန်ဘောင်ဟှနေ ကြွလာဟှူ ခီမာ

8 ဘုရားသခင်ဟှာ သူ့ဟှို ငြင်းပယ်ဟှူလူလေန နို့လေသခင်ယေရှုရဲ့ ဒန်းကောန်းဟှို နားထောန်ဘဲဟှူ လူလေဟှို မီးန တရားစီရင်လေ့မယ်။

9 အယ်သခင်ဟှာ သန့်ရှင်းသူလေန ဖောင်းသရေတော်နရော၊ ယောင်ကြည်ဟှူလူလေရဲ့ ကြည်ညိုလေးစားမှုလေဟှို ခံယူဟှို့တွပ်ရော တရားစီရင်ဟှူ နေ့ရစ်မာ ကြွလာဟှူ ခီမာ အယ်လူလေ ခံရဟှူပြစ်ဒန်ဟှာ ထာဝရပျစ်စီးဘီး ဆောင်းရှောင်းမှုဟှို ခံရမယ်။

10 သခင်ဘုရားရှေ့မာရော၊ ကိုယ်တော်ရဲ့ ကီးမြတ်ဟှူ ဖောင်းသရေတော်ရှေ့မာရော ငြင်းပယ်ဇာဟှို ခံရမယ်။ နန်းနို့ဟှာ နို့လေဟောပြောဟှူ သတ်သေခံချစ်ဟှို ယောင်ကြည်ဟှူကြောန့် ကိုယ်တော့်ဟှို ဂေါင်ပြုချီးမွမ်းဟှူ သန့်ရှင်းဟှူ လူမျိုးထဲမာ ပါရလေ့မယ်။

11 အယ်ကြောန့် နို့လေဟှာ နန်းနို့တွပ် မြဲဒမ်း ဆုတောန်းပေးနေဟှယ်။ နန်းနို့ဟှာ ဝီးကော့‑က်ခံရဟှူ ကျေးဇူးတော်နညီ ပြုမူကျင့်ကြံနေနိုင်ဟှို့တွပ် နို့လေရဲ့ ဘုရားသခင်ဟှို တောန်းလျှော့‑က်ဂေ့ဟှယ်။ ကိုယ်တော်ဟှာ တဂိုးတော်န နန်းနို့ရဲ့ ကောန်းမြတ်ဟှူ လိုအင်ဆန္ဒရှိမျှဟှို ပ္လဲ့ဇောင်စေဘီး နန်းနို့ရဲ့ ယောင်ကြည်ရှင်းန လောက်ဟှူမှုလေဟှို ပီးဟှို့တွပ် ခွမ့်ပေးပါစေ။

12 အယ်နည်းအားဖြင့် နို့လေ သခင်ယေရှုရဲ့ နာမတော်ဟှာ နန်းနို့အားဖြင့် ဖောင်းသရေတော် ထွန်းတော့‑က်လေ့မယ်။ နို့လေရဲ့ ဘုရားသခင်န သခင်ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ဟှာ နန်းနို့နတူးဒူး ရှိပါစေ။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Tessalonicenses 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.