Salmos 150

BurJudson: 1835 Judson Burmese Bible (SM_BURJUDSON)

1 သန့်ရှင်းရာ ဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုန်းတော်ထင်ရှားရာ ကောင်းကင် မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့။

2 ထူးဆန်းသော တန်ခိုးတော်များကြောင့်၊ ဘုရား သခင်ကို ချီးမွမ်းကြလော့။ အလွန်တရာကြီးမြတ်တော်မူ ခြင်းရှိသည်အတိုင်း ချီးမွမ်းကြလော့။

3 တံပိုးမှုတ်လျက်ဘုရားသခင်ကို ချီးမွမ်းကြလော့။ တယောနှင့် စောင့်ကိုတီးလျက် ချီးမွမ်းကြလော့။

4 ပတ်သာတီးလျက်၊ ကခုန်လျက်နှင့်ချီးမွမ်းကြ လော့။ ကြိုးနှင့်ပြည့်စုံသော တုရိယာကိုတီးလျက်၊ နှဲခရာ ကို မှုတ်လျက်ချီးမွမ်းကြလော့။

5 အသံကျယ်သောသံလွင်ကို တီးလျက်ချီးမွမ်းကြ လော့။ အကြီးဆုံးသော လင်းကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့။

6 အသက်ရှိသော သူအပေါင်းတို့သည် ထာဝရ ဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့သည် စီရင်ရေးထားသော ဆာလံကျမ်းပြီး၏။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 150, comparar traduções ou montar um estudo — tudo direto pelo WhatsApp.