Tito 1

Rakhine Bible (RKI_TWF)

1 ယေသျှုခရစ်၏ တမန်တော်တစ်ယောက် ဖြစ်သည့်အပြင် ဘုရားသခင်၏ အစီခံတစ်ယောက်ဖြစ်သော ငါ ပေါလုပါးမှ စာရီးလိုက်ပါ၏။ ဘုရားသခင် ရွီးချယ်ထားသော သူရို့၏ယုံကြည်ခြင်းကို ပြုစုခြင်းငှာ လည်းကောင်း၊ ဘုရားဝတ်၌ မွိ့ပျော်ခြင်းကို ဖြစ်စီတတ်သော သမ္မာတရားကို သိစီခြင်းငှာ လည်းကောင်း ဘုရားသခင်သည် ငါ့အား ရွီးချယ်၍ စီရွှတ်လိုက်ခြင်းဖြစ်၏။

2 ထိုဘုရားဝတ်၌ မွိ့ပျော်ခြင်းသည်ကား ထာဝရအသက်ကို မျှော်လင့်ခြင်း၌ တည်၏။ မုသာနှင့် ကင်းစင်တော်မူသော ဘုရားသခင်သည် ရှိ့ကာလမတိုင်ခင်ကပင် ထိုထာဝရအသက်ကို ငါရို့အား ကတိ ပီးထားတော်မူခ၏။

3 ထို့နောက် သတ်မှတ်ထားသော အချိန်ရောက်လာသောအခါ ကိုယ်တော်၏ နှုတ်ကပတ်တရား၌ ထိုထာဝရအသက်ကို ဖော်ပြတော်မူ၏။ ဤအမှုကို လုပ်ဆောင်ရန် ငါ့အား ပီးအပ်ထားသည်ဖြစ်၍ ငါ့ရို့၏ ကယ်တင်သျှင် ဘုရားသခင်၏အမိန့်တော်အားဖြင့် ထိုနှုတ်ကပတ်တရားကို ငါ ဟောပြောခြင်းဖြစ်၏။

4 ငါရို့နှင့်အတူ ယုံကြည်ခြင်း၌ တည်နိန်ခြင်းအားဖြင့် စစ်မှန်သောငါ၏သားဖြစ်သူ တိတုပါးသို့ ငါ စာရီးလိုက်ပါ၏။ အဖဘုရားသခင်နှင့် ငါရို့၏ကယ်တင်သျှင် ခရစ်တော်ယေသျှုသည် သင်ရို့အား ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို ပီးသနားတော်မူပါစီသောဝ်။

5 ငါသည် ကရေတေကျွန်း၌ သင့်ကို ထားခသည်မှာ လိုအပ်လျက်ဟိသည့်အရာများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် အသင်းတော်​အကြီးအကဲ​ရို့ကို ခန့်ထားရန် ဖြစ်၏။

6 အသင်းတော်​အကြီးအကဲ တစ်ယောက်သည် အပြစ်ကင်းစင်သောသူ၊ မယားတစ်ယောက်တည်း ဟိသောသူဖြစ်ရမည်။ သူ၏သားသမီးရို့သည်လည်း ယုံကြည်သူတိ ဖြစ်ရမည့်အပြင် ရိုင်းစိုင်းသောသူများ၊ နာခံမှုမဟိသောသူများ မဖြစ်စီရ။

7 အကြောင်းမူကား အသင်းတော်​အကြီးအကဲ​တစ်ယောက်သည် ဘုရားသခင်၏ ဘဏ္ဍာထိန်းဖြစ်သည်နှင့်အညီ အပြစ်ကင်းစင်သောသူ ဖြစ်ရမည်။ သူသည် စိတ်နီမြင့်သူ၊ စိတ်တိုတတ်သောသူ၊ သီရည် သောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူ၊ ငွီကို တပ်မက်သောသူမဖြစ်စီရ။

8 သို့ရာတွင် ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းမြတ်သောအရာကို နှစ်သက်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ယှင်းသောသူ၊ စည်းကမ်းဟိသောသူဖြစ်ရမည်။

9 သူသည် အခြားသူတိအား မှန်ကန်ပြည့်စုံသော သြဝါဒစကားဖြင့် အားပီးတိုက်တွန်းနိုင်ရန်နှင့် ဆန့်ကျင်ပြောဆိုသောသူတိကို ချေပပြောဆိုနိုင်ရန် မိမိသင်ယူထားသည့် သစ္စာနှင့်ပြည့်စုံသော နှုတ်ကပတ်တရားကို ခိုင်မြဲစွာ စွဲကိုင်ထားရမည်။

10 အကြောင်းမူကား ဆန့်ကျင်ဘက်ပြုသောသူရို့၊ အကျိုးမဲ့စကားကို ပြောဆိုသောသူရို့နှင့် လိမ်လည်လှည့်ဖျားသူများစွာရို့သည် ဟိကြသောကြောင့်ဖြစ်၏။ အထူးသဖြင့် ထိုသူရို့သည် အရီဖျားလှီးခြင်းကို ခံယူထားသော သူရို့ထဲမှ ဖြစ်ကြ၏။

11 သူရို့သည် မစင်ကြယ်သော အကျိုးစီးပွားအတွက် မသွန်သင်အပ်သောအရာများကို သွန်သင်လျက် မိသားစုများအားလုံးကို ပျက်စီးစီခြင်းငှာ လုပ်ဆောင်နိန်ကြသောကြောင့် ထိုသူရို့၏နှုတ်ကို ပိတ်စီရမည်။

12 ကုရေတေ ကျွန်းသား ပရောဖက်တိထဲမှ တစ်ဦးက “ကရေတေကျွန်းသား လူလိမ်များသည်၊ ဆိုးရွား ရိုင်းပျ၊ ပျင်းရိကြ၏၊ လောဘလွန်မူး၊ အစားကြူး၏” ဟု စပ်ဆိုထားခလေ၏။

13 ဤဆိုရိုးစကားသည် မှန်ပေ၏။ ထို့ကြောင့် ယုံကြည်ခြင်း၌ အပြစ်ကင်းကြစီခြင်းငှာ ထိုသူရို့၏ အပြစ်ကို ဖော်ပြ၍ ပြတ်သားစွာ ဆုံးမရမည်။

14 ထို့ပြင် ယုဒလူမျိုးများ၏ဒဏ္ဍာရီပုံပြင်များ သို့မဟုတ် သမ္မာတရားကို စွန့်ပယ်သောသူရို့၏ ပညတ်ချက်များကို စိတ်မဝင်စားကြရန် တားမြစ်ရမည်။

15 စင်ကြယ်သောသူရို့အတွက် အရာခပ်သိမ်းသည် စင်ကြယ်၏။ သို့ရာတွင် ညစ်ညူးသောသူရို့နှင့် မယုံကြည်သောသူရို့အတွက် စင်ကြယ်သောအရာဟူ၍ မဟိ။ အကြောင်းမူကား သူရို့၏စိတ်နှလုံးနှင့် အသိစိတ်များသည် မစင်ကြယ်သောကြောင့် ဖြစ်ကြ၏။

16 သူရို့သည် ဘုရားသခင်ကို သိသည်ဟု ဆိုကြသော်လည်း သူရို့၏အပြုအမူများအားဖြင့် ဘုရားသခင်ကို ငြင်းပယ်လျက်ဟိကြ၏။ ထိုသူရို့သည် ရွံစရာကောင်းသောသူ၊ နာခံခြင်း မဟိသောသူ၊ ကောင်းသောအမှု မှန်သမျှနှင့် မထိုက်တန်သောသူတိ ဖြစ်ကြ၏။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Tito 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.