Mateus 3

Rakhine Bible (RKI_TWF)

1 ထိုအချိန်၌ ဗတ္တိဇံယောဟန်သည် ယုဒပြည်၏ တောကန္တာရတွင် တရားတော်ကို စတင်ဟောပြောလျက်ဟိ၏။

2 သူဟောပြောသည်မှာ “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ ဖြစ်သောကြောင့် သင်ရို့သည် အပြစ်မှ နောင်တရကြပါ” ဟူ၍ ဖြစ်၏။

3 ပရောဖက်ဟေသျှာယက

4 ယောဟန်သည် ကုလားအုတ်အမွှီးနှင့် ရက်လုပ်ထားသော ဝတ်ရုံကိုဝတ်၍ ခါး၌ သားရီခါးပတ်ကို ပတ်ပြီးလျှင် ကျိုင်းကောင်နှင့် တောပျားရည်ကို စားသောက်လျက်နိန်၏။

5 ယော်ဒန်မြစ်ဝှမ်းဒေသအားလုံးမှစ၍ ယေရုဆလင်မြို့အပါအဝင် ယုဒပြည်တဝှမ်းလုံးမှ လူအပေါင်းရို့သည် ယောဟန်ပါးသို့ ရောက်လာကြ၏။

6 သူရို့သည် မိမိ အပြစ်တိကို ဝန်ခံကြပြီးနောက် ယောဟန်သည်လည်း သူရို့အား ယော်ဒန်မြစ်၌ ဗတ္တိဇံကို ပီး၏။

7 ဖာရိယှဲရို့နှင့် ဇဒ္ဒုကဲရို့သည် ဗတ္တိဇံခံရန် လာကြသည်ကို ယောဟန် မြင်လျှင် “မြွီဆိုးအမျိုးတိ၊ သင်ရို့သည် ရောက်လတ္တံ့သော ဘုရားသခင်၏ အပြစ်စီရင်ခြင်းမှ လွတ်လိမ့်မည်ဟု ဇာသူက ပြောသနည်း။

8 သင်ရို့သည် နောင်တရကြောင်းကို သင်ရို့အကျင့်နှင့် သက်သီ ပြကြလော့။

9 သင်ရို့သည် အာဗြဟံအမျိုးဖြစ်၍ အပြစ်စီရင်ခြင်းမှ လွတ်လိမ့်မည်ဟု မထင်ကတ်ကေ့။ ငါဆိုသည်ကား ဘုရားသခင်သည် ဤကျောက်တုံးတိကို ပင်လျှင် အာဗြဟံ အမျိုးဖြစ်အောင် ဖန်ဆင်းနိုင်၏။

10 ကောင်းသောအသီးကို မသီးသောအပင်ဟိသမျှကို ခွတ်ပြီးလျှင် မီးထဲသို့ ချလိုက်ခြင်းငှာ ပေါက်ဆိန်ကို အပင်ခြီရင်း၌ အဆင်သင့် ထားလျက်ဟိ၏။

11 သင်ရို့ နောင်တရကြောင်းကို ပြသည့်အနိန်ဖြင့် ငါသည် သင်ရို့အား ရီ၌ ဗတ္တိဇံကို ပီး၏။ ငါ့နောက်မှ ကြွလာမည့်သူသည် ငါ့ထက်ကြီးမြတ်သူဖြစ်၍ ထိုသူသည် သင်ရို့အား သန့်ယှင်းသော ဝိညာဉ်တော်၌ လည်းကောင်း၊ မီး၌ လည်းကောင်း ဗတ္တိဇံကို ပီးလိမ့်မည်။ သူ၏ခြီနင်းတော်ကို ကိုင်ဆောင်ခြင်းငှာ ငါသည် မထိုက်တန်။

12 ထိုသူသည် မိမိ၏ ကောက်နယ်တလင်းကို ယှင်းလင်းရန် လက်၌ ဆန်ကောကို ကိုင်ထားတော်မူသည်ဖြစ်၍ ဂျုံစပါးတိကို ပုတ်ထဲတွင် စုသိမ်းပြီးလျှင် အဖျင်းတိကိုမူကား မငြိမ်းနိုင်သောမီးထဲ၌ လောင်ကျွမ်းစီတော်မူလိမ့်မည်” ဟု သူရို့ကို ပြောဆို၏။

13 ထိုအချိန်၌ ယေသျှုသည် ယောဟန်ထံပါးတွင် ဗတ္တိဇံကို ခံယူရန် ဂါလိလဲနယ်မှ ယော်ဒန်မြစ်နားသို့ ရောက်လာ၏။

14 “အကျွန်သည်သာ ကိုယ်တော့်ထံ၌ ဗတ္တိဇံကို ခံယူထိုက်သည်ဖြစ်၍ အကျွန့်ပါးသို့ ကိုယ်တော်ကြွလာခြင်းသည် အကျွန်နှင့် မထိုက်တန်ပါ” ဟု ယောဟန်က ဟန့်တားရန် ကြိုးစားလေ၏။

15 သို့သော် ယေသျှုက “ငါရို့သည် ဘုရားသခင် အလိုတော်ဟိသမျှတိကို လုပ်ဆောင်ရမည်ဖြစ်သောကြောင့် အဂုပင် လုပ်ခွင့်ပီးပါ” ဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။

16 ယေသျှုသည် ဗတ္တိဇံကို ခံယူပြီး၊ ရီထဲမှ ထလာစဉ်တွင် ကောင်းကင်ဖွင့်လှစ်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် မိမိအထက်၌ ဂြိုးငှက်ကဲ့သို့ ဆင်းသက်လာသည်ကို ကိုယ်တော်သည် မြင်လေ၏။

17 ထို့နောက် “ဤသူကား ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏” ဟူသော ကောင်းကင်မှ အသံတော် ထွက်လာလေ၏။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.