Filipenses 4

Rakhine Bible (RKI_TWF)

1 ငါ့ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အား ငါ အလွန်ချစ်၍ လွမ်းဆွတ်ပါ၏။ ငါသည် သင်ရို့ကို အကြောင်းပြု၍ လွန်စွာဝမ်းမြောက်ကာ ဂုဏ်ယူဝါကြွားပါ၏။ ချစ်သောညီအစ်ကိုရို့၊ ငါရို့ဆိုခသည့်အတိုင်း ခိုင်မြဲစွာ ရပ်တည်ကြလော့။

2 ဧဝေါဒိနှင့် သုန္တုတ်ရို့၊ သခင်ဘုရား၏ တပည့်တော်မတိ ပီသစွာ စိတ်သဘောညီညွတ်မှု ဟိကြရန် ငါ တောင်းပန်ပါ၏။

3 ငါ၏သစ္စာဟိသော လုပ်ဖော်ကိုင်ဖက်ဖြစ်သူ၊ သင်သည်လည်း ထိုမိန်းမရို့ကို ကူညီမစပါလော့။ ထိုမိန်းမရို့သည် သတင်းကောင်းကို ဟောပြောသက်သီခံရာတွင် ငါနှင့်အတူ အထူးကြိုးစားအားထုတ်လုပ် ဆောင်သောသူတိ ဖြစ်ကြ၏။ ထိုသို့ လုပ်ဆောင်ခသောသူများတွင် ကလေမင်နှင့်တကွ ဘုရားသခင်၏ အသက်စာစောင်စာရင်းတွင် အခြားသော ငါ၏ လုပ်ဖော်ဆောင်ဖက်များလည်း ပါဝင်၏။

4 သင်ရို့သည် သခင်ဘုရား၌ ဝမ်းမြောက်ကြလော့။ တဖန် ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။

5 သင်ရို့၏ နူးညံ့သိမ်မွိ့သော စိတ်သဘောကို လူအပေါင်းရို့အား ထင်ရှားစီကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ဟိတော်မူ၏။

6 ဇာအမှုကိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသော အမှု၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းပတ္ထနာပြုလျက် သင်ရို့လိုအပ်သော အရာတိကို ဘုရားသခင်အား လျှောက်ထားကြလော့။

7 ထိုသို့ပြုလျှင် လူ့ဉာဏ်ဖြင့် ကြံစည်၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေသျှုအားဖြင့် သင်ရို့၏ စိတ်နှလုံးနှင့် အကြံအစည်များကို ကွယ်ကာစောင်မလိမ့်မည်။

8 ညီအစ်ကိုမောင်နှမရို့၊ နိဂုံးချုပ်ပြောရလျှင် သင်ရို့သည် မှန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေဟိသော အရာတည်းဟူသော ကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာ ဟိသမျှရို့ကို နှလုံးသွင်းကြလော့။

9 သင်ရို့သည် ငါ့ထံ၌ ကြားခသမျှ၊ မြင်ခသမျှ၊ သင်ယူခသမျှတိကို ကျင့်ကြလော့။ ထိုသို့ပြုလျှင် ငါရို့အား ငြိမ်သက်ခြင်းကို ပီးတော်မူသော ဘုရားသခင်သည် သင်ရို့နှင့်အတူ ဟိတော်မူလိမ့်မည်။

10 ဤမျှ ကာလအချိန်ကြာညောင်းပြီးမှ သင်ရို့သည် ငါ့အား မိမိရို့၏ မေတ္တာစေတနာကို တဖန် ပြသကြသည့်အတွက် ငါသည် သခင်ဘုရား၌ အလွန်ပင် ဝမ်းမြောက်ပါ၏။ အယင်အခါက သင်ရို့သည် ငါ၌ မေတ္တာမထားဘဲ နိန်ခကြသည်ဟု ငါမဆိုလို။ ထိုမေတ္တာစေတနာကို ပြသနိုင်ခွင့် မရခကြောင်းကိုသာ ဆိုလိုပါ၏။

11 သင်ရို့သည် ငါ့အား လျစ်လှူရှုထားကြယာဟု ယူဆသဖြင့် ဤစကားကို ပြောဆိုရခြင်းလည်း မဟုတ်ပေ။ ငါသည် မိမိ၌ ဟိသမျှနှင့် ရောင့်ရဲတတ်ရန် သင်ယူထားပြီးဖြစ်၏။

12 ငါသည် ငတ်မွတ်သည်ဖြစ်စီ၊ ဝစွာစားရသည်ဖြစ်စီ၊ ချို့တဲ့မှုဟိသည်ဖြစ်စီ၊ ပိုလျှံမှုဟိသည်ဖြစ်စီ၊ ဇာပိုင်အခြေအနေ၊ ဇာအရပ်၌မဆို ရောင့်ရဲစွာနီတတ်ရန် သင်ယူထားပြီးဖြစ်၏။

13 ခရစ်တော်ထံမှ ရဟိသည့် စွမ်းရည်အားဖြင့် ငါသည် ဇာအခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။

14 သို့ရာတွင် ငါသည် အခက်အခဲ ကြုံတွိ့ရချိန်၌ သင်ရို့သည် ငါ့အား ကူညီကြသောအားဖြင့် ကောင်းမွန်စွာ ပြုခယာ။

15 အချင်း ဖိလိပ္ပိအသင်းသားရို့၊ ငါသည် မာကေဒေါနိပြည်မှ ထွက်ခွာ၍ သတင်းကောင်းကို ဟောပြောခသောအချိန်က သင်ရို့ အသင်းတော် တစ်ပါးတည်းကသာလျှင် ငါ့အား ကူညီခကြောင်း၊ အမှုတော်ဆောင်လုပ်ငန်းတွင် သင်ရို့ကသာလျှင် ငါနှင့်အတူ အယှုံးအမြတ်ကို ခံယူ၍ လုပ်ဆောင်ခကြကြောင်းကို သင်ရို့ကိုယ်တိုင် ကောင်းစွာသိကြ၏။

16 သက်သာလောနိတ်မြို့တွင် ဟိစဉ်အခါက ငါ လိုအပ်သောအကူအညီကို သင်ရို့သည် တစ်ကြိမ်တစ်ခါမက ပီးခကြ၏။

17 ဤသို့ဆိုသော် ငါသည် အလှူခံလိုသောကြောင့် မဟုတ်။ သင်ရို့၏စာရင်း၌ အမြတ်တိုးလာစီခြင်းငှာ ငါ အလိုဟိ၏။

18 သင်ရို့ ပို့လိုက်သော အလှူပစ္စည်းအားလုံးကို ဧပဖြောဒိတ်သည် ယူလာသဖြင့် ငါလိုသမျှကို ရဟိခ၍ ကြွယ်ဝလျက်ဟိ၏။ ထိုအရာများသည် မွှီးကြိုင်သော ပူဇော်သကာ၊ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်ကဲ့သို့ဖြစ်၏။

19 ငါ၏ဘုရားသခင်သည် မိမိ၏ဘုန်းစည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်ရို့အား ခရစ်တော်ယေသျှုအားဖြင့် သင်ရို့လိုအပ်သမျှသော အရာတိကို ပီးသနားတော်မူပါစီသော်။

20 ငါရို့၏အဖဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းတော် ထွန်းတောက်မူပါစီ သတည်း။ အာမင်။

21 ယေသျှုခရစ်တော်၌ ဘုရားသခင်၏လူအပေါင်းရို့အား နှုတ်ဆက်လိုက်ပါ၏။ ငါနှင့်အတူ ဟိကြသည့် ညီအစ်ကို မောင်နှမများက သင်ရို့အား နှုတ်ဆက်လိုက်ပါ၏။

22 ဘုရားသခင်၏လူအပေါင်းရို့က နှုတ်ဆက်လိုက်ကြပါ၏။ အထူးသဖြင့် ကဲသာဘုရင်၏ နန်းတော်၌ ဟိကြသော ညီအစ်ကိုများက နှုတ်ဆက်လိုက်ကြပါ၏။

23 အသျှင်ယေသျှုခရစ်၏ ကျေးဇူးတော်သည် သင်ရို့၏ စိတ်ဝိညာဉ်နှင့်အတူ ဟိပါစီသောဝ်။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Filipenses 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.