Apocalipse 22

Rakhine Bible (RKI_TWF)

1 ထို့နောက် ကောင်းကင်တမန်သည် ငါ့အား အသက်ရီစီးရာ မြစ်ကိုလည်း ပြ၏။ ထိုမြစ်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပကာ ဘုရားသခင်နှင့် သိုးသူငယ်တော်၏ပလ္လင်မှ ထွက်၍၊

2 မြို့တော်၏အလယ် လမ်းမတလျှောက် စီးဆင်းလေ၏။ ထိုမြစ်၏တစ်ဖက်စီ၌ အသီး​တစ်ဆယ့်နှစ်​မျိုး​သီး​၍ မိမိ​အသီး​ကို လစဉ်​ပီးတတ်​သည့် အသက်​ပင်ဟိ၏။ ထိုအပင်၏ အရွက်များသည် လူမျိုးတကာရို့၏ အနာရောဂါများကို ပျောက်ကင်းစီရန်အတွက် ဖြစ်၏။

3 ထိုမြို့တွင် ဘုရားသခင်၏ ကျိန်ခြင်းကို ခံရသည့်အရာဟူ၍ မတွိ့ရ။ ဘုရားသခင်နှင့် သိုးသူငယ်တော်၏ ပလ္လင်တော်သည် ထိုမြို့တွင် ဟိ၍ ကိုယ်တော်၏ အစီခံရို့သည် ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။

4 သူရို့သည် ကိုယ်တော်၏ မျက်နှာတော်ကို ဖူးမြင်ရကြလိမ့်မည်။ နာမတော်ကို သူရို့၏ နဖူးတွင် ရီးထားလျက် ဟိလိမ့်မည်။

5 ထိုမြို့တွင် ညမဟိရ။ သူရို့သည် ဆီမီး၏အလင်းရောင်၊ နီ၏အလင်းရောင်ကို လိုအပ်ကြလိမ့်မည် မဟုတ်။ အကြောင်းမူကား အသျှင်ဘုရားသခင်သည် သူရို့အား အလင်းကို ပီးတော်မူမည်ဖြစ်၍၊ သူရို့သည် ထာဝရ အုပ်စိုးရကြလိမ့်မည်။

6 ထို့နောက် ကောင်းကင်တမန်က ငါ့အား “ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ပရောဖက်ရို့အား ဝိညာဉ်တော်နှင့် ပြည့်ဝစီတော်မူသော အသျှင်ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့် အမှုအရာများကို မိမိ၏အခိုင်းအစီရို့အား ဖော်ပြရန် ကောင်းကင်တမန်ကို စီရွှတ်တော်မူယာ” ဟု ပြော၏။

7 ယေသျှုကလည်း “နားထောင်လော့၊ ငါသည် မကြာမီ ကြွလာမည်။ ဤကျမ်းစောင်တွင် ပါဟိသည့် ပရောဖက်ပြုထားသော စကားများကို လိုက်လျှောက်သော သူရို့သည် မင်္ဂလာဟိ၏” ဟု မိန့်တော်မူ၏။

8 ဤအမှုအရာများကို တွိ့မြင်ကြားသိရသောသူကား ငါ ယောဟန်ပင် ဖြစ်၏။ ထိုအရာများကို တွိ့မြင်ကြားသိရပြီးသောအခါ ငါသည် ကောင်းကင်တမန်အား ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်း၌ ပျပ်ဝပ်လိုက်၏။

9 ကောင်းကင်တမန်က “ဤသို့ မလုပ်ကေ့။ ငါသည် သင်နှင့်တကွ သင်၏ညီအစ်ကို ပရောဖက်တိနှင့် ဤကျမ်းစောင်၏ စကားကို လိုက်နာစောင့်ထိန်းသောသူရို့၏ လုပ်ဖော်ဆောင်ဖက် အစီခံတစ်ယောက်သာလျှင် ဖြစ်၏။ ဘုရားသခင်ကိုသာလျှင် ကိုးကွယ်လော့” ဟု ဆို၏။

10 ထို့နောက် ကောင်းကင်တမန်က “ဤအမှုအရာ အားလုံးဖြစ်ပျက်မည့် အချိန်သည် နီးကပ်လာယာ ဖြစ်သောကြောင့် ဤကျမ်းစောင်တွင် ဖော်ပြပါဟိသော ပရောဖက်စကားများကို တံဆိပ်ခတ်၍ မထားကေ့။

11 မတရားသောအမှုကို ပြုသောသူသည် ပြုမြဲ ပြုပါစီ။ ညစ်ညမ်းသောသူသည် ဆက်လက်၍ ညစ်ညမ်းလျက် နိန်ပါစီ။ ဖြောင့်မတ်သောသူသည် ဆက်လက်၍ ဖြောင့်မတ်ပါစီ။ သန့်ယှင်းသောသူသည် ဆက်လက်၍ သန့်ယှင်းပါစီ” ဟု ငါ့အား ဆို၏။

12 ယေသျှုက “နားထောင်လော့၊ မကြာမီ ငါ ကြွလာမည်။ ငါသည် အကျိုးအပြစ်ကို ယူဆောင်လာသည်ဖြစ်၍ လူအသီးသီးရို့အား မိမိရို့၏ အကျင့်အလျောက် ပီးအပ်ရမည်။

13 ငါသည် အာလဖနှင့် သြမေဃဖြစ်ပြီး အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။

14 မိမိရို့၏အဝတ်ကို သန့်ယှင်းအောင် လျှော်ဖွတ်သော သူရို့သည် မင်္ဂလာဟိကြ၏။ ထိုသူရို့သည် အသက်ပင်၏ အသီးကို စားသုံးနိုင်သောအခွင့်နှင့် မြို့တန်းခါးဖြင့် မြို့တွင်းသို့ ဝင်နိုင်ရသောအခွင့်ကိုလည်း ရကြလိမ့်မည်။

15 သို့ရာတွင် ခွီးတိ၊ပြုစားတတ်သော သူတိ၊ ကာမဂုဏ်လိုက်စားသော သူတိ၊ လူ့အသက်ကို သတ်သောသူတိ၊ ရုပ်တုကိုးကွယ်သော သူတိနှင့် လိမ်လည်ပြောဆို၍ ကျင့်ကြံသော သူရို့သည် မြို့ပြင်တွင် နိန်ရကြလိမ့်မည်။

16 “ငါ ယေသျှုသည် အသင်းတော်များ၌ ဟိကြသော သင်ရို့အား ဤအကြောင်းအရာများကို ကြေညာရန် ငါ၏ကောင်းကင်တမန်ကို စီရွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ တောက်ပသော မိုးသောက်ကြယ်လည်း ဖြစ်၏။”

17 ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက “ကြွလာတော်မူပါ” ဟု ဆိုကြ၏။ ဤရာကို ကြားသောသူမှန်သမျှသည်လည်း “ကြွလာတော်မူပါ” ဟု ဆိုကတ်ပါစီ။ ရီငတ်သောသူသည် လာပါစီ။ အသက်ရီကို အလိုဟိသောသူသည် အခမဲ့ ယူပါစီ။

18 ဤစာစောင်ပါ ဗျာဒိတ်တော်များကို ကြားရသောသူ အပေါင်းရို့အား ငါ ယောဟန်သည် ကြပ်တည်းစွာ သတိပီးလိုက်၏။ ဇာသူမဆို ဤစာအုပ်တွင် တစ်စုံတစ်ရာ ထပ်လောင်း၍ ဖြည့်စွက်ပါက ဘုရားသခင်သည် ထိုသူ၌ ဤစာစောင်တွင် ဖော်ပြသော ဘေးဒဏ်များကို ကျရောက်စီတော်မူလိမ့်မည်။

19 ဇာသူမဆို ဤစာစောင်တွင် ပရောဖက်ပြုထားသော စကားများမှ တစ်စုံတစ်ရာကို နုတ်ပယ်ပါက ဘုရားသခင်သည် ဤစာစောင်၌ ဖော်ပြသော အသက်ပင်၏အသီးကို စားသုံးခွင့်နှင့် မြင့်မြတ်သန့်ယှင်းသော မြို့တော်သို့ ဝင်စားခွင့်ကို ထိုသူပါးမှ နုတ်ပယ်တော်မူလိမ့်မည်။

20 ဤအကြောင်းအရာများကို သက်သီခံတော်မူသော အသျှင်က “မုချ၊ ငါသည် မကြာခင် ကြွလာမည်” ဟု မိန့်တော်မူ၏။ ဤအတိုင်းပင် ဖြစ်ပါစီသောဝ်။ အသျှင်ယေသျှု ကြွလာတော်မူပါ။

21 အသျှင်ယေသျှု၏ ကျေးဇူးတော်ကို လူတိုင်းခံစားရကြပါစီသောဝ်။ အာမင်။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.