1 João 3

Rakhine Bible (RKI_TWF)

1 ငါရို့သည် ဘုရားသခင်၏ သားသမီးတိဟု အခေါ်ခံရကြသဖြင့် ခမည်းတော်သည် ငါရို့အား မည်မျှလောက် ချစ်တော်မူသည်ကို ဆင်ခြင်ကြလော့။ ငါရို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးတိဖြစ်ကြ၏။ ဤအကြောင်းကြောင့် ဤလောကီသားရို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါရို့ကိုလည်း မသိကတ်။

2 အဆွီရို့၊ အဂုအခါ ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသော်လည်း နောင်အခါ၌ မည်သို့သောသူတိ ဖြစ်လာမည်ကို ယှင်းလင်းစွာ မသိရကတ်သိမ့်။ သို့ရာတွင် ခရစ်တော် ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်၏ ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် တူကြမည်ကို ငါရို့သိကြ၏။

3 ခရစ်တော်သည် သန့်ယှင်းစင်ကြယ်တော်မူသည့် နည်းတူ ခရစ်တော်ကို မျှော်လင့်ကြသော သူတိုင်းသည်လည်း မိမိကိုယ်ကို သန့်ယှင်းစင်ကြယ် စီတတ်၏။

4 အပြစ်တရားသည် ပညတ်တော်ကို ချိုးဖောက်ခြင်း ဖြစ်သောကြောင့် အပြစ်ပြုသော သူတိုင်းသည် ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်ခြင်း ဖြစ်၏။

5 ခရစ်တော်သည် ငါရို့၏ အပြစ်များကို ယူဆောင်လားရန် ပေါ်ထွန်းတော်မူကြောင်းကို သင်ရို့ သိကြ၏။ ကိုယ်တော်၌ကား မည်သည့် အပြစ်မျှမဟိ။

6 ထို့ကြောင့် ခရစ်တော်၌ အသက်ရှင်သော သူတိုင်းသည် အပြစ်ကို မပြုတတ်။ သို့သော်လည်း အပြစ်ပြုတတ်သော သူသည်ကား ကိုယ်တော့်ကို လုံးဝ မသိမမြင်သောသူ ဖြစ်၏။

7 သားသမီးရို့၊ သင်ရို့အား မည်သူမျှ မလှည့်ဖြားစီကေ့။ ခရစ်တော်သည် ဖြောင့်မတ်တော်မူသည့် နည်းတူ ဖြောင့်မတ်ခြင်းတရားကို ကျင့်သော သူတိုင်းသည်လည်း ဖြောင့်မတ်၏။

8 မာရ်နတ်သည် အစကတည်းကပင် အပြစ်ပြုသောသူ ဖြစ်သောကြောင့် အပြစ်ကိုပြုသောသူသည် မာရ်နတ်နှင့် သက်ဆိုင်သောသူ ဖြစ်၏။ ဘုရားသခင်၏သားတော် ပေါ်ထွန်းတော်မူရသည့် အကြောင်းမှာ မာရ်နတ်ပြုခသည့်အမှုကို ဖျက်ဆီးခြင်းငှာ ဖြစ်၏။

9 ဘုရားသခင် ဖြစ်ပွားစီသောသူသည် အပြစ်ကို မပြုတတ်။ အကြောင်းမူကား ဘုရားသခင်၏ ဇာတိသဘောတော်သည် ထိုသူ၌ တည်နိန်သောကြောင့်ဖြစ်၏။ ထိုသူသည် ဘုရားသခင် ဖြစ်ပွားစီသောသူ ဖြစ်သောကြောင့် အပြစ်ကို ဆက်၍ မပြုနိုင်။

10 ဤသို့ဖြင့် ဘုရားသခင်၏ သားသမီးတိနှင့် မာရ်နတ်၏ သားသမီးတိ ကွာခြားပုံကို သိရ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိ၏ ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် ဘုရားသခင်၏ သားသမီး မဟုတ်ပေ။

11 ငါရို့သည် အချင်းချင်းချစ်ရကြမည် ဟူသော ဤတရားစကားကို ရှီးဦးစွာကပင် သင်ရို့ ကြားရပြီး ဖြစ်၏။

12 မာရ်နတ်နှင့်သက်ဆိုင်သောသူဖြစ်၍ မိမိ၏ညီ အာဗေလကို သတ်သောသူ ကာဣနကဲ့သို့ ငါရို့ မဖြစ်စီကတ်ကေ့။ ကာဣနသည် မိမိ၏ညီကို သတ်ရသည့်အကြောင်းမှာ သူ၏အကျင့်သည် ဆိုးညစ်ပြီး သူ့ညီ၏ အကျင့်မူကား ဖြောင့်မတ်သောကြောင့် ဖြစ်၏။

13 ထို့ကြောင့် ညီအစ်ကိုမောင်နှမရို့၊ လောကီသားရို့သည် သင်ရို့ကို မုန်းကြလျှင် မအံ့သြ ကတ်ကေ့။

14 ငါရို့၏ ညီအစ်ကိုမောင်နှမတိကို ချစ်သည့်အတွက်ကြောင့် သီခြင်းတရားမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းပြီး ဖြစ်ကြောင်းကို ငါရို့ သိကြ၏။ မိမိ၏ ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် သီခြင်းတရား၏ တန်ခိုးအောက်၌သာ ဟိနိန်သိမ့်၏။

15 မိမိ၏ညီအစ်ကို မောင်နှမကို မုန်းသောသူသည် လူ့အသက်ကို သတ်သောသူ ဖြစ်၏။ ထိုလူ့အသက်ကို သတ်သောသူသည် ထာဝရအသက်ကို မရနိုင်ကြောင်း သင်ရို့ သိကြ၏။

16 ခရစ်တော်သည် ငါရို့အတွက် မိမိ၏အသက်ကို စွန့်တော်မူသည်ကို ထောက်၍ ငါရို့သည် မေတ္တာအကြောင်းကို သိရကြ၏။ ငါရို့သည်လည်း မိမိရို့၏ ညီအစ်ကို မောင်နှမတိအတွက် အသက်ကို စွန့်သင့်ပေ၏။

17 တစ်စုံတစ်ယောက်သောသူသည် ကြွယ်ဝချမ်းသာသောသူ ဖြစ်ပါလျက် မိမိ၏ ညီအစ်ကိုမောင်နှမ ဆင်းရဲသည်ကို မြင်သောအခါ သနားကရုဏာစိတ်ကို ချုပ်တည်းလျှင် ဘုရားသခင်၏ မေတ္တာတော်သည် ထိုသူ၌ မတည်နိုင်။

18 သားသမီးရို့၊ ငါရို့၏ မေတ္တာသည် အပြော၌သာ မတည်ဘဲ လက်တွိ့လုပ်ဆောင်ခြင်းအားဖြင့် စစ်မှန်သောမေတ္တာကို ဖော်ပြကြကုန်အံ့။

19 ဤသို့ဖြင့် ငါရို့သည် သမ္မာတရားနှင့် သက်ဆိုင်သောသူတိဖြစ်ကြောင်းကို သိကြ၍ ဘုရားသခင်၏ မျက်မှောက်တော်၌ စိတ်ချမှုကို ရဟိကြလိမ့်မည်။

20 ငါရို့၏ စိတ်နှလုံးသည် ငါရို့ကို အပြစ်တင်လျှင် ဘုရားသခင်သည် ငါရို့၏ စိတ်နှလုံးထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အရာခပ်သိမ်းကို သိတော်မူကြောင်း ငါရို့ သိကြ၏။

21 သို့ဖြစ်၍ အဆွီရို့၊ ငါရို့၏ စိတ်နှလုံးက ငါရို့ကို အပြစ်တင်ခြင်း မဟိလျှင် ငါရို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ ရဲရင့်ခြင်း ဟိကြ၏။

22 ငါရို့သည် ကိုယ်တော်ထံ၌ တောင်းလျှောက်သမျှကို ရကြ၏။ အကြောင်းမူကား ငါရို့သည် ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းသောသူတိ၊ ကိုယ်တော်နှစ်သက်တော်မူသော အရာများကို ပြုကြသောသူတိ ဖြစ်သောကြောင့် ဖြစ်၏။

23 ကိုယ်တော်၏ ပညတ်တော်ဟူမူကား ငါရို့သည် မိမိ၏သားတော် ယေသျှု ခရစ်တော်ကို ယုံကြည်၍ ခရစ်တော်သည် ငါရို့အား ပညတ်ထားသည့်အတိုင်း အချင်းချင်း ချစ်ရကြမည် ဟူ၍ ဖြစ်၏။

24 ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။ ထိုသို့ ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူကြောင်းကို ဘုရားသခင် ပီးသနားတော်မူသော ဝိညာဉ်တော်အားဖြင့် ငါရို့ သိရကြ၏။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 João 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.