Mateus 1

rki (RKI)

1 အာဗြဟံ၏အနွယ် ဒါဝိဒ်၏အမျိုးမှ ဆင်းသက်လာသော ယေသျှု ခရစ်တော်၏ ဆွီစဉ်မျိုးဆက်စာရင်းမှာ ဤသို့ဖြစ်၏။

2 အာဗြဟံသည် ဣဇာက်၏ အဖ ဖြစ်၏၊

3 ယုဒသည် မယားတမာနှင့် မွီးသောသား ဖာရက်နှင့် ဇာရရို့၏ အဖ၊

4 အာရံသည် အမိနဒပ်၏ အဖ၊

5 စာလမုန်သည် မယားရာခပ်နှင့် မွီးသော ဗောဇ၏ အဖ၊

6 ယေသျှဲသည် ဒါဝိဒ်မင်းကြီး၏ အဖ ဖြစ်၏။

7 သျှောလမုန်သည် ရောဗောင်၏ အဖ၊

8 အာသသည် ယောသျှဖတ်၏ အဖ၊

9 ဩဇိသည် ယောသံ၏ အဖ၊

10 ဟေဇကိသည် မနာသျှေ၏ အဖ၊ မနာသျှေသသည် အာမုန်၏အဖ၊

11 ဗာဗုလုန်ပြည်သို့ ဣသရေလအမျိုးသားတိအား ဖမ်းဆီးခေါ်ဆောင်လားချိန်၌ ယောသျှိသည် ယေခေါနိနှင့် သူ၏ညီအစ်ကိုများ၏ အဖ ဖြစ်ကြ၏။

12 ဗာဗုလုန်ပြည်မှ ဣသရေလလူမျိုးတိ ပြန်လာပြီးနောက်၊

13 ဇေရုဗဗေလသည် အာဗျုဒ်၏ အဖ၊

14 အာဇော်သည် ဇာဒုတ်၏ အဖ၊

15 ဧလုဒ်သည် ဧလာဇာ၏ အဖ၊

16 ယာကုပ်သည် မာရိ၏ လင်ယောက်ျား ယောသပ်၏ အဖ၊ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေသျှုကို မွီးသော အမိ ဖြစ်၏။

17 ဤကား အာဗြဟံမှ ဒါဝိဒ်အထိ ဆွီစဉ်မျိုးဆက် တစ်ဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဗာဗုလုန်ပြည်သို့ ဣသရေလလူမျိုးတိကို အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် အချိန်ထိ တစ်ဆယ့်လေးဆက်၊ ဗာဗုလုန်ပြည်မှ ထွက်လားသော အချိန်မှ ခရစ်တော်မွီးဖွားသည့် အချိန်ထိ ဆွီစဉ်မျိုးဆက် တစ်ဆယ့်လေးဆက် ဖြစ်၏။

18 ယေသျှု ခရစ်တော်၏ ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ ယောသပ်နှင့် စိ့စပ်ပြီးနောက် ပေါင်းသင်းနီထိုင်ခြင်း မပြုခင် မယ်တော်မာရိသည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲနိန်၏။

19 ယောသပ်သည် ဖြောင့်မတ်သောသူ ဖြစ်သည်နှင့်အညီ မာရိကို လူပုံအလည်၌ အသရေမပျက်စီလို၍ လူသိသျှင်ကြား စိ့စပ်ထားသည်ကို တိတ်တဆိတ် ဖျက်သိမ်းရန် ကြံစည်နိန်၏။

20 ထိုသို့ ကြံစည်နိန်စဉ်တွင် အိပ်မက်ထဲ၌ သခင်ဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ပေါ်လာ၍ “ဒါဝိဒ်အမျိုး ယောသပ်၊ မာရိကို မယားအဖြစ် ပေါင်းသင်းနီထိုင်ဖို့ရန် မကြောက်ကေ့။ သူမ၏ကိုယ်ဝန်သည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်၏။

21 သူမသည် သားယောက်ျားကို ဖွားမြင်လိမ့်မည် — သူ၏လူတိကို အပြစ်မှ ကယ်တင်မည့်သူဖြစ်သောကြောင့် — သူ့ကို ယေသျှုဟူ၍ အမည်မှည့်ရလိမ့်မည်” ဟု ကောင်းကင်တမန်က ပြောလေ၏။

22 အကြောင်းမူကား၊ ထာဝရဘုရားသည် ပရောဖက်အားဖြင့် မိန့်မှာထားသော ဗျာဒိတ်တော်အားလုံး ပြည့်စုံရန် ဖြစ်လေ၏။

23 ဗျာဒိတ်တော်သည်ကား “အပျိုစင်တစ်ယောက်သည် ပဋိသန္ဓေတည်၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်၊ ထိုသားကို ဧမာနွေလဟူ၍ အမည်မှည့်ရလိမ့်မည်” ဟု လာသတည်း (ဧမာနွေလ၏အဓိပ္ပာယ်ကား “ငါရို့နှင့်အတူဟိသော ဘုရားသခင်” ဖြစ်၏)။

24 ယောသပ်သည် အိပ်ပျော်ရာမှ နိုးလာပြီးလျှင် သခင်ဘုရား၏ ကောင်းကင်တမန် မှာထားသည့်အတိုင်း မာရိကို လက်ထပ်ထိမ်းမြားလေ၏။

25 သို့ရာတွင် သားကို ဖွားမြင်ပြီးသည့်တိုင်အောင် ယောသပ်သည် မာရိနှင့် ယှက်တင်ခြင်းကို မပြုဘဲ နိန်လေ၏။ ထို့နောက် ယောသပ်သည် ထိုသားကို ယေသျှု ဟူ၍ နာမည်မှည့်လေ၏။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.