2 Coríntios 13

rki (RKI)

1 အဂု ငါသည် သင်ရို့ပါးသို့ တတိယအကြိမ် လာလည်အုံးမည်။ “အမှုကိစ္စမှန်သမျှကို သက်သီနှစ်ဦး သို့မဟုတ် သုံးဦး၏ ထွက်ဆိုချက်အရ မှန်ကန်ကြောင်း အတည်ပြု​ရမည်” ဟု ကျမ်းစာ၌ ဖော်ပြထား၏။

2 အယင်က အပြစ်ကျူးလွန်ခသူများနှင့် တခြားသောသူ အားလုံးအား ဒုတိယအကြိမ် ရောက်ခသောအချိန်၌ သတိပီးခသည့်အတိုင်း အဂု တဖန် သင်ရို့နှင့် ဝီးနိန်စဉ် ငါသတိပီးသည်ကား၊ နောက်တစ်ကြိမ် ငါရောက်လာလျှင် သင်ရို့သည် ပြစ်ဒဏ်မှ လွတ်လိမ့်မည် မဟုတ်။

3 ခရစ်တော်သည် ငါ့အားဖြင့် မိန့်တော်မူကြောင်း သက်သီအားလုံးကို သင်ရို့ တောင်းဆိုကြသည့်အတိုင်း ရကြလိမ့်မည်။ ခရစ်တော်သည် သင်ရို့နှင့်အတူ ဟိသောအခါ အားနည်းတော်မမူဘဲ မိမိ၏တန်ခိုးတော်ကို သင်ရို့၌ ထင်ရှားစွာ ပြတော်မူ၏။

4 ကိုယ်တော်သည် လက်ဝါးကပ်တိုင်ထက်တွင် အသီသတ်ခံရစဉ်က အားနည်းသည့် အခြေအနေ ဟိခသော်လည်း ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထို့ကြောင့် ငါရို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်ရို့ရှိ့၌ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။

5 သင်ရို့သည် ယုံကြည်ခြင်း၌ တည်သည်၊ မတည်သည်ကို မိမိကိုယ်ကို ဆန်းစစ် ဆုံးဖြတ်ကြလော့။ သင်ရို့အထဲ၌ ယေသျှု ခရစ်တော်ဟိကြောင်းကို သေချာစွာ သိကြသလော။ သို့မဟုတ်လျှင် သင်ရို့သည် စုံစမ်းစစ်ဆီးခြင်း၌ ယှုံးနိမ့်ကြပြီလော။

6 ငါရို့သည် ယှုံးနိမ့်သောသူတိ မဟုတ်ကြောင်းကို သင်ရို့ သိလိမ့်မည်ဟု ငါ ယုံကြည်၏။

7 သင်ရို့သည် မကောင်းသောအမှု တစ်စုံတစ်ခုကိုမျှ မပြုမည်အကြောင်း ဘုရားသခင်ထံ၌ ငါရို့ ဆုတောင်းကြ၏။ ဤသို့ပြုရခြင်းမှာ ငါရို့သည် အောင်မြင်သော သူတိဖြစ်ကြောင်း ထင်ပေါ်စီချင်၍ မဟုတ်။ ငါရို့သည် ယှုံးနိမ့်သောသူများကဲ့သို့ ဖြစ်သော်ငြားလည်း သင်ရို့သည် ကောင်းမြတ်သည့်အမှုကို ပြုနိုင်စီရန် ဖြစ်၏။

8 အကြောင်းမူကား ငါရို့သည် သမ္မာတရားကို ဆန့်ကျင်၍ ဇာအမှုကိုမျှ မပြုနိုင်ကြသော်လည်း သမ္မာတရားဖက်၌ နီမှသာလျှင် ပြုနိုင်ကြ၏။

9 ငါရို့သည် အားနည်းသော်လည်း သင်ရို့သည် အားကြီးသောအခါ ငါရို့ ဝမ်းမြောက်ကြ၏။ သို့ဖြစ်၍ သင်ရို့သည် ပြည့်ဝစုံလင်သူများ ဖြစ်ကြရန်အတွက်လည်း ငါရို့ ဆုတောင်းကြ၏။

10 သင်ရို့နှင့် ဝီးကွာသည့်ကာလ ဤစာကို ရီးရခြင်းမှာ သခင်ဘုရားက ငါ့အား ပီးတော်မူသည့် အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမချရန်ဖြစ်၏။ ထိုအခွင့်အာဏာသည် သင်ရို့အား ဖြိုဖျက်ရန် အတွက် မဟုတ်ဘဲ တည်ဆောက်ရန် အတွက်ဖြစ်၏။

11 ညီအစ်ကိုမောင်နှမရို့၊ ဝမ်းမြောက်ကြလော့။ ပြည့်စုံစီရန်အတွက် ကြိုးစားအားထုတ်လော့။ ငါ၏ တိုက်တွန်းချက်ကို နားထောင်ကြလော့။ အချင်းချင်း စိတ်သဘောတူညီလျက် သင့်မြတ်စွာ နီထိုင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်၏ မေတ္တာတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့နှင့်အတူ ဟိတော်မူလိမ့်မည်။

12 သင်ရို့သည် တစ်ယောက်ကိုတစ်ယောက် သန့်ယှင်းသော အနမ်းဖြင့် နှုတ်ဆက်ကြလော့။

13 သန့်ယှင်းသူအပေါင်းရို့သည် သင်ရို့အား နှုတ်ဆက်လိုက်ကြ၏။

14 အသျှင်ယေသျှု ခရစ်တော်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့် သန့်ယှင်းသော ဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းသည် သင်ရို့အားလုံးနှင့်အတူ ဟိပါစီသောဝ်။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Coríntios 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.