1 Coríntios 8

rki (RKI)

1 အဂု၊ သင်ရို့စာရီး၍ ပီးလိုက်သည့် ရုပ်တုများအား ပူဇော်ထားသော အစားအစာနှင့်ပတ်သက်၍ ငါပြောရသော စကားမူကား၊ ထိုသူရို့ ပြောသည့်အတိုင်း “ငါရို့အားလုံးသည်ပင် အသိပညာ ဟိကြ၏” ဟု ဆိုသောစကားသည် မှန်ပေ၏။ သို့ရာတွင် အသိပညာသည် လူတိကို မာန်မာနထောင်လွှားစီတတ်၏။ မေတ္တာမူကား တည်ဆောက်ခြင်းကို ပြုတတ်၏။

2 ဇာသူမဆို တစ်စုံတစ်ရာ​ကို သိ​ပြီ​ဟု​ထင်မှတ်​လျှင် ထို​သူ​သည် သိ​သင့်​သည့်​အတိုင်း​ပင် မ​သိ​သိမ့်။

3 သို့ပိုင်သျှောင် ဘုရားသခင်ကို ချစ်မြတ်နိုးသောသူအား ဘုရားသခင်သည် သိတော်မူ၏။

4 ထို့ကြောင့် ရုပ်တုကို ပူဇော်ထားသောအစားအစာကို စားသောက်ခြင်းနှင့်ပတ်သက်၍ ပြောရသော်၊ ရုပ်တုသည် ဘုရားအစစ်အမှန် မဟုတ်သည်ကိုလည်းကောင်း၊ တစ်ဆူတည်းသော ဘုရားသခင်မှတစ်ပါး အခြားသောဘုရား မဟိကြောင်းကိုလည်းကောင်း ငါရို့ သိကြ၏။

5 အကြောင်းမူကား ကောင်းကင်နှင့် မြီကြီးထက်၌ “ဘုရားများ” ဟု ခေါ်ဆိုကြသော “နတ်ဘုရားများ” နှင့် “အသျှင်သခင်များ” ဟိစီကာမူ၊

6 ငါရို့အဖို့ ဘုရားသခင်တစ်ပါးတည်းသာလျှင် ဟိတော်မူ၏။ ထိုအသျှင်သည်ကား ခမည်းတော်ဖြစ်တော်မူ၏။ ထိုအသျှင်သည် ခပ်သိမ်းသောအရာများကို ဖန်ဆင်းတော်မူ၏။ ထိုအသျှင်အဖို့ ငါရို့သည် အသက်ရှင်ကြ၏။ ငါရို့အဖို့ အသျှင်သခင် တစ်ပါးတည်းသာလျှင် ဟိ၏။ ထိုအသျှင်သခင်ကား ယေသျှုခရစ်တော်ပင်ဖြစ်၏။ ထိုအသျှင်အားဖြင့် ခပ်သိမ်းသောအရာများသည် ဖန်ဆင်းခြင်းကို ခံကြရ၏။ ထိုအသျှင်အားဖြင့် ငါရို့သည် အသက်ရှင်ကြ၏။

7 သို့ရာတွင် လူတိုင်း ဤအသိပညာကို ရကြသည် မဟုတ်။ အချို့သောသူရို့သည် ရုပ်တု​ကိုးကွယ်​သည့်​အလေ့အထဟိခ​သည်​ဖြစ်၍ အဂုကာလ၌ပင် ရုပ်တုကို ပူဇော်ထားပြီးသော အစားအစာကို စားသောအခါ ရုပ်တုနှင့်သက်ဆိုင်သော အစားအစာဟု မှတ်ယူလျက် စားနိန်ကြ၏။ ထို့ကြောင့် သူရို့၏ အားနည်းသောအသိစိတ်သည် သူရို့ကို မသိုးမသန့်​ဖြစ်​ရ​၏။

8 အစားအစာသည် ငါရို့အား ဘုရားသခင်နှင့် သာ၍ နီးကပ်စီသည် မဟုတ်။ ထိုအစားအစာကို မစားဘဲနိန်လျှင် ငါရို့၌ ဆုံးယှုံးခြင်းသည် မဟိ၊ စားလျှင်လည်း အကျိုးမဟိ။

9 သို့ရာတွင် ဤသို့ သင်ရို့၏ လွတ်လပ်စွာ စားသောက်ခြင်းသည် ယုံကြည်ခြင်း အားနည်းသောသူများအဖို့ လွဲမှားစရာ မဖြစ်စီခြင်းငှာ သတိပြုကြလော့။

10 အကယ်၍ ဤကိစ္စရပ်၌ အသိစိတ် အားနည်းသောသူသည် အသိပညာ ဟိသောသင်ရို့အား နတ်ကွန်းအတွင်း၌ ထိုင်လျက် စားသောက်နိန်သည်ကို မြင်တွိ့ကြသောအခါ ရုပ်တုအား ဆက်သသည့် ပူဇော်သကာကို စားရဲလာမည် မဟုတ်လော။

11 သို့ဖြစ်၍ အားနည်းသော ညီအစ်ကိုအဖို့ ခရစ်တော်အသီခံတော်မူသော်လည်း သင်၏ အသိပညာကြောင့် ထိုသူသည် ပျက်စီးရလိမ့်မည်။

12 ဤနည်းအားဖြင့် သင်ရို့သည် ညီအစ်ကိုများအား ပြစ်မှား၍ သူရို့၏အသိစိတ်အားနည်းခြင်းကိုလည်း ထိခိုက်စီပြီး ခရစ်တော်ကို ပြစ်မှားရာရောက်၏။

13 ထို့ကြောင့် အစားအသောက်အားဖြင့် ညီအစ်ကိုအား လွဲမှားစီမည်ဆိုပါက ငါသည် ငါ၏ညီအစ်ကိုအား မလွဲမှားစီခြင်းငှာ အသားကို မစားဘဲနိန်မည်။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.