Tito 1

Danu NT (DNV_TWF)

1 ဘုရားသခင်ရဲ့ အစေခံနဲ့ ယေရှု ခရစ်တော်ရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ စာရေးလိုက်ပါအယ်။ ငါဟ ဘုရားသခင် ရွေးကောက်သော သူလို့ရဲ့ ယုံကြည်ခြင်းအတွက် လည်းကောင်း၊ သူလို့အား စလို ဘုရားဝတ်နှိုက် မွေ့လျော်ပင်း အသက်ဆှင် နေထိန်ရန်နဲ့ သမ္မာတရားဟို သိဆိဖို့ သွန်သင်ရန်အတွက် လည်းကောင်း ငါ့ဟို စေလွှတ်ခဲ့အယ်။

2 ဝါခြင်းနဲ့ ကင်းစင်လဲ့ ဘုရားသခင်ဟ အေးထာဝရအသက် မျော်လင့်ခြင်းဟို ဆေ့ကာလများ မတိုင်ခင်ဟပင် ကတိပေးပင်း၊

3 အချိန်တန်သောအခါ ဟောပြောခြင်း အမှုအားဖြင့် မိမိရဲ့ နှုတ်ကပတ်တရားဟို ထင်ဆှားစေယွေ့ ငါလို့ ကယ်တင်ဆှင် ဘုရားသခင်ရဲ့ အမိန့်အတိုင်း အေးအမှုဟို ငါ့အား ယုံကြည်အပ်နှံအယ်။

4 ငါဟ တူညီသော ယုံကြည်ခြင်းအားဖြင့် စစ်မန်လဲ့ ငါ့အောင်နီငယ်ဖြစ်လဲ့ တိတုဆေဟို ဟေစာရေးလိုက်အယ်။ အဖဘုရားသခင်နဲ့ ငါလို့ရဲ့ ကယ်တင်ဆှင် ခရစ်တော် ယေရှုဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။

5 ကရေတေကျွန်းတွင် နင့်ဟို ငါထားခဲ့ခြင်းမှာ နင့်အား ငါမှာထားလဲ့အတိုင်း လိုအပ်လဲ့အရာများဟို စီမံဆောင်ရွက်ရန်နဲ့ မြို့တိုင်းတွင် အသင်းတော် ခေါင်းဆောင်များဟို ခန့်ထားရန်အတွက် ဖြစ်အယ်။

6 အသင်းတော် ခေါင်းဆောင် တယောက်ဟ အပစ်တင်စရာ မဆိသောသူ၊ ပေါင်အိုမ တယောက်တည်း ဆိသောသူ ဖြစ်ရမယ်။သူရဲ့ လူပဲ့သငယ်များဟလည်း ယုံကြည်သူများ ဖြစ်ရမယ်ဖြစ်ပင်း အပျော်ကြူးခြင်းကျောန့် စွပ်စွဲခံရသူများ၊ နားထောင်မှု မဆိသောသူများ မဖြစ်ရ။

7 အကျောန်းမှာ အသင်းတော် ခေါင်းဆောင်ဟ ဘုရားသခင်ရဲ့ ဘဏ္ဍာစိုးဖြစ်သလိုမျိုး အပစ်တင်စရာမဆိသောသူ ဖြစ်ရမယ်။ သူဟ စိတ်ထင်သလိုလုပ်တတ်သောသူ၊ စိတ်တိုသောသူ၊ အရက်သောက်သောသူ၊ ကြမ်းတမ်းသောသူ၊ မသန့်ဆှင်းလဲ့ အကျိုးစီးပွားဟို တပ်မက်သောသူ မဟုတ်ဘဲ။

8 ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းသောအရာဟို နှစ်သက်သောသူ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိန်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ဆှင်းသောသူနဲ့ စည်းကမ်းဆိသောသူ ဖြစ်ရမယ်။

9 သူဟ မန်ကန်သော ဩဝါဒအားဖြင့် တိုက်တွန်းနှိုးဆော်နိန်ရန်နဲ့ ဆန့်ကျင်ပြောဆိုသောသူလို့ရဲ့ အပစ်ဟို ဖော်ပြနိန်ရန် မိမိသင်ယူထားလဲ့ သစ္စာနဲ့ ပြေ့စုံလဲ့ နှုတ်ကပတ်တရားဟို စွဲကိုင်ထားရမယ်။

10 အကျောန်းမှာ ပုန်ကန်သောသူ၊ အကျိုးမဲ့ စကားဟို ပြောဆိုသောသူနဲ့ ဝါသောသူများစွာ ဆိသောကျောန့် ဖြစ်အယ်။ အထူးသဖြင့် အရေဖျားလှီးထားသော သူလို့ထဲတွင် ဆိကြအယ်။

11 အေးသူလို့ဟ တိတ်တိတ်နေရမယ်။ ပစာကို့ သူလို့ဟ မသန့်ဆှင်းသော အကျိုးစီးပွားအတွက် မသွန်သင်သင့်သော အရာများဟို သွန်သင်လျက် မိသားစုများဟို အစုလိုက် ကမောက်ကမ ဖြစ်စေကြသောကျောန့် ဖြစ်အယ်။

12 ကရေတေကျွန်းသားများထဲဟ သူလို့ရဲ့ အမျိုးသားချင်း ပရောဖက်တဦးဟ “ကရေတေကျွန်းသားများဟ အမြဲတမ်း ဝါသောသူများ၊ ဆိုးလဲ့သားရဲနဲ့ ပျင်းရိစားကြူးလဲ့သူ” ဟု စပ်ဆိုထားအယ်။ ဟေသက်သေခံချက်ဟ မန်အယ်။

14 အေးလိုမို့ ယုဒလူမျိုးရဲ့ ဒဏ္ဍာရီများနဲ့ သမ္မာတရားဟို ပယ်သောသူလို့ရဲ့ ပညတ်ချက်များအပေါ် အာရုံမစိုက်ဘဲ ယုံကြည်ခြင်းအရာနှိုက် မန်ကန်ပြေ့စုံမှုဆိရန် သူလို့ဟို ပြင်းထန်စွာ ဆိုဆုံးမလော့။

15 သန့်ဆှင်းသော သူလို့အတွက် ခပ်သိမ်းသောအရာလို့ဟ သန့်ဆှင်းကြအယ်။ အဲလိုလဲ ညစ်ညူးယွေ့ ယုံကြည်ခြင်း မဆိသော သူလို့အတွက်ဟ စလိုအရာမှ မသန့်ဆှင်းတာ သာမက သူလို့ရဲ့ စိတ်နေလုံးနဲ့ အသိစိတ်လို့ဟလည်း ညစ်ညူးကြအယ်။

16 သူလို့ဟ ဘုရားသခင်ဟို သိကြအယ်ဟု ဝန်ခံကြသော်လည်း သူလို့ပြုသော အမှုများအားဖြင့် ဘုရားသခင်ဟို ငြင်းပယ်ကြအယ်။ သူလို့ဟ စက်ဆုပ်ဖွယ်ကောင်းသောသူ၊ နာခံခြင်း မဆိသောသူ၊ ကောင်းသောအမှု ဆိသမျှနဲ့ မထိုက်တန်သောသူများ ဖြစ်ကြအယ်။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Tito 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.