Romanos 2

Danu NT (DNV_TWF)

1 ငါ့မိတ်ဆွေ၊ နင်ဟ တခြားသူများဟို တရားစီရင်သလော၊ နင်ဟ စသူဖြစ်နေပါစေ အပစ်စီရင်နိန်လဲ့ အခြေအနေမဆိ။ အကျောန်းမှာ သူတပါးဟို စီရင်ရာတွင် ကိုယ်အပစ်ဆိကျောန်းဟို စီရင်ဆုံးဖြတ်ရာရောက်အယ်။

2 အေးလို့ အကျင့်ဟို ကျင့်ကြသော သူလို့ဟို တရားစီရင်သောအခါ ဘုရားသခင်ဟ မန်ကန်ကျောန်းဟို ငါလို့သိအယ်။

3 အဲလိုလဲ မိတ်ဆွေ၊ သူတပါးဟို စစ်ကြောစီရင်လဲ့ အေးအရာများဟို တတ်တိုင်း ပြုလုပ်လဲ့သူ ဘုရားသခင်ရဲ့ တရားစီရင်ချက်မှ လွတ်နိန်မယ်လို့ နင်ထင်သလော။

4 အဲဟာမဟုတ်ရင် သူရဲ့ ကြီးမားလဲ့ ကြင်နာမှု၊ စိတ်ဆှည်ခြင်းနဲ့ သည်းခံစိတ် ဆိခြင်းလို့ဟို မထီမဲ့မြင်ပြုသလော။ ဘုရားသခင်ဟ နင့်ဟို နောင်တရဖို့ရန် လမ်းပြပို့ဆောင်လျက် ဆိသောကျောန့် ကိုယ်တော်ဟ ကြင်နာကျောန်းဟို နင် အမန်သိအယ်။

5 အဲလိုလဲ နင်ဟ ခေါင်းမာမှုနဲ့ နောင်တမရသော နေလုံးသားဆိသောကျောန့် နင်ဟ အမျက်တော်နေ့ တည်းဟူသော ဘုရားသခင်ရဲ့ ဖြောင့်မတ်လဲ့ တရားစီရင်ခြင်း ထင်ဆှားရာနေ့နှိုက် အမျက်တော်ဟို မိမိဖို့ သိုမှီးလျက် ဆိအယ်။

6 ဘုရားသခင်ဟ လူအယောက်စီတိုင်းဟို မိမိလို့ လုပ်ခဲ့လဲ့အရာအတိုင်း အကျိုးအပစ်ဟို ပေးလိမ့်မယ်။

7 တချို့လူတွေဟ ဆက်ပင်း ကောင်းလဲ့အရာဟို လုပ်လျက် ဘုန်းအသရေနဲ့ ဂုဏ်ပြုခြင်းဟို လည်းကောင်း၊ သေခြင်းနဲ့လွတ်လဲ့ ဖဝါ့ဟို ဆှာသော သူလို့အား ဘုရားသခင်ဟ ထာဝရ အသက် ပေးလိမ့်မယ်။

8 တချို့လူတွေဟ တကိုယ်ကောင်းဆန်လဲ့ သဘောဆိယွေ့၊ အမန်တရားဟို ငြင်းပယ်ပင်း မကောင်းသော အရာများနောက်ဟို လိုက်ကြသူများဟို ဘုရားသခင်ဟ သူရဲ့ ဒေါသနဲ့ အူထော့တာဟို သူလို့ အပေါ်မှာ သွန်းလောင်းလိမ့်မယ်။

9 အရင်ဆုံး ယုဒလူ၊ အဲပင်းရင် လူမျိုးခြားလို့ မကောင်းတာဟို လုပ်သူအပေါင်းလို့ဟ ဆင်းရဲဒုက္ခဝေဒနာနဲ့ နာကျင်မှုဝေဒနာဟို ခံရကြမယ်။

10 အဲလိုလဲ ဦးရင် ယုဒလူ၊ အေးနောက် လူမျိုးခြားလို့တွင် ကောင်းတာလုပ်သူလို့အား ဘုရားသခင်ဟ ဘုန်းတော်ဟို လည်းကောင်း၊ ဂုဏ်အသရေနဲ့ ငြိမ်သက်ခြင်းဟို လည်းကောင်း ပေးလိမ့်မယ်။

11 အကျောန်းမှာ ဘုရားသခင်ဟ လူတိုင်းဟို မျက်နှာမလိုက်ဘဲ တရားစီရင်အယ်။

12 ပညတ်တရား မဆိဘဲ အပစ်လုပ်ကြသောသူ စသူမဆို ပညတ်တရား မပါဘဲ ပျက်စီးရကြမယ် ဖြစ်အယ်၊ ပညတ်တရားဆိလဲ့ ယုဒအမျိုးနှိုက် အပစ်ကျူးလွန်လဲ့အခါ သူလို့ဟ ပညတ်တရားရဲ့ စီရင်ခြင်းဟို ခံရလိမ့်မယ်။

13 အကျောန်းမှာ ပညတ်တရားဟို ကြားနာသောသူလို့ဟ ဘုရားသခင် ဆေ့တော်နှိုက် ဖြောင့်မတ်ကြတာ မဟုတ်၊ ပညတ်တရားဟို လိုက်နာသော သူလို့သာလျှင် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်းဟို ခံရကြအယ်။

14 ပညတ်တရား မဆိသော လူမျိုးခြားလို့ဟ ပညတ်တရားရဲ့ ပြဋ္ဌာန်းချက်များဟို အလိုအလျောက် လိုက်နာကျင့်သုံးကြသောအခါ သူလို့နှိုက် ပညတ်တရား မဆိသော်လည်း သူလို့တတ်တိုင်းဟ မိမိလို့အတွက် ပညတ်တရား ဖြစ်လာကြအယ်။

15 သူလို့ရဲ့ အမူအကျင့်ဟ ပညတ်တရားဟို သူလို့ရဲ့ နေလုံးသားနှိုက် ရေးထားတယ်ဟို ပြအယ်။ သူလို့ရဲ့ အတွေးအမြင်များဟလည်း အေးအရာဟ မန်ကန်ကျောန်း ပြအယ်၊ သူလို့ရဲ့ အကြံအစည်များဟ တခါတရံ စွပ်စွဲလေ့ဆိပင်း တခါတလေ သူလို့ဟို ကာကွယ်ပေးသောကျောန့် ဖြစ်အယ်။

16 အားပင်း ငါဟောပြောလဲ့ သတင်းကောင်းအရ လူအားလုံးလို့ရဲ့ လျှို့ဝှက်ကြံစည်ချက်များဟို ယေရှု ခရစ်အားဖြင့် ဘုရားသခင် စစ်ဆေးစီရင်သောနေ့နှိုက် ဖြစ်လိမ့်မယ်။

17 နင်ဟ စလိုလဲ၊ နင်ဟ နင့်ကိုယ်နင် ယုဒအမျိုးသားလို့ခေါ်ပင်း ပညတ်တရားဟို အမှီပြုပင်း ဘုရားသခင်အကျောန်း ဝါကြွားလျက်

18 အလိုတော်ဟို သိသောသူ၊ ပညတ်တရားရဲ့ သင်ကြားချက်အားဖြင့် ဖယ်ဟာဟ အမန်လဲဆိုတာဟို ပိုင်းခြားတတ်သောသူ ဖြစ်တာနဲ့၊

19 မျက်စေ့ကန်းလဲ့လူလို့အား လမ်းပြလဲ့သောသူ၊ မိုက်နှိုက် နေသောသူလို့ဟို လင်းစေသောသူ၊

20 မိုက်မဲသောသူအတွက် သင်ကြားသောသူ၊ မသိနားမလည်သူလို့ရဲ့ ဆရာဖြစ်သောသူ၊ ပညတ်ကျမ်းနှိုက် နင်လို့ဟ အသိပညာနဲ့ အမန်တရားလို့ အပြေ့အဝပါဆိကျောန်း နင်လို့ ယုံကြည်စိတ်ချအယ်။

21 သူများဟို သင်ကြားပေးလဲ့သူ ပစာကျောန့် နင်လို့တတ်တိုင်း မသင်ကြသလော၊ နင်ဟ “မခိုးရ” ဟု ဟောပြောထားသော်လည်း နင်လို့တတ်တိုင်း ခိုးယူရသလော။

22 နင်ဟ “အိုင်ထောင်ရေး မဖောက်ပြန်ရ” လို့ ပြောပေမဲ့လည်း နင်တတ်တိုင်း ပစ်မားသလော၊ နင်ဟ ရုပ်တုဟို စက်ဆုပ်လျက်ပင် ဗိမာန်တော်ဟို နင်လုယူဖျက်ဆီးသလော။

23 နင်ဟ ဘုရားသခင်ရဲ့ ပညတ်တရားဟို အမှီပြုပင်း ဝါကြွားပေမဲ့လည်း အေးပညတ်တရားဟို ချိုးဖောက်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ အသရေဟို ရှုတ်ချသလော။

24 ကျမ်းစာပြောချက်အရ “ယုဒလူမျိုးလို့ကျောန့် လူမျိုးခြားလို့ဟ ဘုရားသခင်ဟို မကောင်းတာ ပြောကြအယ်။”

25 နင်ဟ ပညတ်တရားဟို ကျင့်သုံးရင် နင်ရဲ့ အရေဖျားလှီးခြင်းဟ တန်ဖိုးဆိအယ်။ အဲလိုလဲ နင်ဟ ပညတ်တရားဟို မကျင့်သုံးရင် နင့်ရဲ့ အရေဖျားလှီးဟ အရေဖျားမလှီးသလိုမျိုး ဖြစ်အယ်။

26 အရေဖျားလှီးခြင်း မခံလဲ့ လူမျိုးခြားဖြစ်ရင် ပညတ်တရားရဲ့ လိုအပ်ချက်အတိုင်း လိုက်နာအယ်ဆိုရင် အေးသူဟို ဘုရားသခင်ဟ အရေဖျားလှီးခြင်း ခံသူလိုမျိုး မှတ်ယူမယ် မဟုတ်လော။

27 နင်ဟ ရေးသားထားလဲ့ ပညတ်တရားနဲ့ အရေဖျားလှီးခြင်းဟို ခံယူရဆိသူ ဖြစ်ပါလျက် ပညတ်တရားဟို ချိုးဖောက်သောကျောန့် ရုပ်ပိုင်းဆိုင်ရာ အရေဖျားလှီးခြင်းဟို မခံရသော်လည်း ပညတ်တရားဟို နာခံကြသော လူမျိုးခြားလို့ဟ နင်လို့ ယုဒလူလို့အား အပစ်ဒဏ်စီရင် ကြလိမ့်မယ်။

28 နောက်မှာ အမန်တကယ် အရေဖျားလှီးခြင်းဟို ခံသော တကယ့် ယုဒလူမျိုးဟ စသူလုန်း၊ အပြင်အားဖြင့်သာ အရေဖျားလှီးခြင်း ခံရသော ယုဒလူမျိုးဟာ ယုဒလူမျိုး အစစ်မဟုတ်။

29 အတွင်းသဘောအားဖြင့် ယုဒလူမျိုးဖြစ်သောသူသာလျှင် ယုဒလူမျိုး အစစ်အမန်ဖြစ်ပင်း အက္ခရာတင်ထားသော တရားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် ဖြစ်သော စိတ်နေလုံးရဲ့ အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်း အစစ်အမန် ဖြစ်အယ်။ အေးလို့သော သူဟ လူလို့ဆေမှ မဟုတ်ဘဲ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရအယ်။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.