2 Coríntios 3

Danu NT (DNV_TWF)

1 ငါလို့ဟ မိမိတတ်တိုင်း ထောက်ခံချီးမွန်း နေကြသလော၊ အဲဟာမဟုတ်ရင် ငါလို့ဟ အခြားသောသူများလို သူတပါး ထောက်ခံပေးသောစာ အဲဟာမဟုတ်ရင် နင်လို့ ထောက်ခံပေးသော စာဟို လိုအပ်သလော။

2 နင်လို့တတ်တိုင်းဟ ငါလို့ စိတ်နေလုံးထဲနှိုက် ရေးထားလဲ့ လူတိုင်း ဖတ်ရှုလျက် သိဆိသော ငါလို့ရဲ့စာ ဖြစ်ကြအယ်။

3 ခရစ်တော်တတ်တိုင်း ဟေစာဟို ရေးပင်း ငါလို့ဆေ ပေးပို့ကျောန်း ထင်ဆှားပါအယ်။ ဟေစာဟို မင်ဖြင့် မဟုတ်ဘဲ အသက်ဆှင်သော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဖြင့် ရေးထားအယ်။ ကျောက်ပြားပေါ်တွင် သာမက လူသားများရဲ့ နေလုံးသားပေါ်တွင်ပါ ရေးသားထားအယ်။

4 ငါလို့ဟ ခရစ်တော်အားဖြင့် ဘုရားသခင် ဆေ့နှိုက် အဲလို့သော ယုံကြည်စိတ်ချမှုဟို ရဆိကြအယ်။

5 ငါလို့ဟ မိမိအတွက် စလိုအရာဟို မဆို တောင်းဆိုရန် မိမိတတ်တိုင်း အရည်အချင်းဆိခြင်း မဟုတ်ဘဲ ငါလို့ရဲ့ အရည်အချင်းဟ ဘုရားသခင်ဆေမှ လာအယ်။

6 ဘုရားသခင်ဟ ပဋိညာဉ်သစ်ရဲ့ အမှုတော်ဆောင်များအဖြစ် ငါလို့အား အရည်ချင်း ပြေ့မီစေခြင်းငှာ ပေးအယ်၊ အဲပဋိညာဉ်သစ်ဟ ကျမ်းဟောင်းတရားနဲ့ မဆိုင် ဝိညာဉ်တော်နဲ့သာ ဆိုင်အယ်။ ကျမ်းဟောင်းတရားဟ အသက်ဟို သေစေတတ်အယ်၊ အားပေမဲ့ ဝိညာဉ်တော်ဟ အသက်ဆှင် စေတတ်အယ်။

7 ပညတ်တော်ဟို ကျောက်ပြားများပေါ်တွင် စာလုံးများဖြင့် ထွင်းထုထားပင်း ပေးအပ်စဉ်တွင် ဘုရားသခင်ရဲ့ ဘုန်းတော် ထင်ဆှားအယ်။ မောရှေရဲ့ မျက်နှာပေါ်ဆိ တောက်ပမှု ပြန်ဖျော့သွားသော်လည်း ဣသရေလအမျိုးသားလို့ဟ သူ့အား စိုက်ကျေ့မနေနိန်လောက်အောန် ပြင်းထန်လှအယ်။ ပညတ်တရားဟ အသက်ဝင်သောအခါနှိုက် သေခြင်းသို့ ရောက်စေသောတရားဟ ဟေမျှသော ဘုန်းအသရေနဲ့ ပြေ့စုံရင်၊

8 ဝိညာဉ်တော်ရဲ့ အလုပ်ဟ စမလောက် သာယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံလိမ့်မလုန်း။

9 အပစ်စီရင်ခြင်းဆိုင်ရာ တရားဟ ဘုန်းအသရေနဲ့ ပြေ့စုံရင် ဖြောင့်မတ်ခြင်းဆိုင်ရာ အလုပ်ဟ စလောက် သာယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံလိမ့်မလုန်း။

10 အခု ရမ်းဆာ့တောက်ပသော ဘုန်းအသရေကျောန့် မခင်ဟ ရမ်းဆာ့တောက်ပသော ဘုန်းအသရေဟ ပျောက်ကွယ်သွားအယ်ဟု ဆိုနိန်အယ်။

11 အကျောန်းမှာ ခဏမျှသာ တည်သောအမှုနှိုက် ဘုန်းအသရေဆိရင်၊ ထာဝစဉ် တည်သောအမှုနှိုက် စလောက်ပိုယွေ့ ဘုန်းအသရေ ဆိလိမ့်မလုန်း။

12 ငါလို့ဟ ဟေသို့သော မျော်လင့်ခြင်း ဆိသောကျောန့်၊ ရမ်းဆာ့ ရဲရင့်ကြအယ်။

13 ငါလို့ဟ မောရှေလို မဟုတ်၊ သူဟ မိမိရဲ့ မျက်နှာမှ တောက်ပသောအရောင် မှေးမှိန်ပျောက်ကွယ်သွားတာဟို ဣသရေလအမျိုးသားလို့ မမျော်နိန်စေရန် မျက်နှာဟို မျက်နှာလွှားဖြင့် ဖုံးအုပ်ထားအယ်။

14 အဲသူလို့ရဲ့ စိတ်နေလုံးဟ မာကျောလျက် ဆိယွေ့၊ အခုနေ့တိုင်အောန် ပဋိညာဉ်ဟောင်းဟို ဖယ်ဆှားခြင်း မခံရဘဲ ဆိနေသေးအယ်။ ပစာကို့ ခရစ်တော်အားဖြင့်သာ အဲဖုံးအုပ်ခြင်းအရာဟို ဖယ်ဆှားနိန်အယ်။

15 ခုနေ့တိုင်အောန် မောရှေရဲ့ ပညတ္တိကျမ်းဟို ဖတ်ရှုသောအခါနှိုက် သူလို့ရဲ့ စိတ်နေလုံးဟို မျက်နှာလွှားဟ ဖုံးအုပ်လျက် ဆိအယ်။

16 အားပေမဲ့ သခင်ဘုရားဆေဟို ပြန်လှည့်လာသောအခါ အဲမျက်နှာလွှားဟ ဖယ်ဆှားခြင်း ခံရအယ်။

17 အကျောန်းမှာ “သခင်ဘုရား” ဟု ဆိုရာတွင် ဝိညာဉ်တော်ဟို ဆိုလိုအယ်၊ သခင်ဘုရားရဲ့ ဝိညာဉ်တော်ဆိရာ အရပ်နှိုက် လွတ်လပ်မှု ဆိအယ်။

18 အဲလိုမို့ ငါလို့ဆိသမျှဟ မျက်နှာဖုံး မဆိတော့ဘဲ သခင်ဘုရားရဲ့ ဘုန်းအသရေဟို ရောင်ပြန်ဟပ်လျက် ဆိကြအယ်၊ ဝိညာဉ်တော်တည်းဟူသော သခင်ဘုရားမှ လွှတ်သော ဘုန်းအသရေဟ ငါလို့အား အစဉ်အမြဲ ဘုန်းအသရေ တိုးပွားစေယွေ့ ကိုယ်တော်ရဲ့ ပုံသဏ္ဌာန်တော်သို့ ပြောင်းလဲစေလျက် ဆိအယ်။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Coríntios 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.