2 Coríntios 13

Danu NT (DNV_TWF)

1 အခု တတိယအကြိမ် နင်လို့ဆေဟို ငါလာခဲ့မယ်။ ကျမ်းစာဟ ဖော်ပြသလို “သက်သေနေဦး အဲဟာမဟုတ်ရင် သုံးဦးရဲ့ ထွက်ဆိုချက်အားဖြင့် စကားအားလုံးဟ အတည်ပြုခြင်း ခံရလိမ့်မယ်။”

2 ငါပြောချင်တာ မခင်ဟ အပစ်ကျူးလွန်ခဲ့သူများနဲ့ အခြားသော သူအပေါင်းလို့အား ဒုတိယအကြိမ် ရောက်လာတုန်း ပြောခဲ့ဖူးပေမဲ့ အခု ငါဝေးသွားပီဖြစ်မို့ ငါ ထပ်ပြောဦးမယ်၊ ငါနောက်တကြိမ်လာသောအခါ စသူမျှ ပစ်ဒဏ်မှလွတ်မယ် မဟုတ်။

3 ခရစ်တော်ဟ ငါ့အားဖြင့် မိန့်ကျောန်း သက်သေဟို နင်လို့ အလိုဆိလဲ့အတိုင်း ငါလာသောအခါ ရဆိစေလိမ့်မယ်။ ခရစ်တော်ဟ နင်လို့နဲ့ ဆက်ဆံသောအခါ အားနည်းတော်မမူဘဲ မိမိတန်ခိုးတော်ဟို နင်လို့အား ထင်ဆှားစွာ ပြလေအယ်။

4 အကျောန်းမှာ ကိုယ်တော်ဟ အားနည်းခြင်းထဲတွင် လက်ဝါးကပ်တိုင်ပေါ်နှိုက် တင်ခြင်းခံခဲ့ရသော်လည်း ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့် အသက်ဆှင်အယ်။ အဲတိုင်းတိုင်း ငါလို့ဟလည်း ကိုယ်တော်နဲ့ တလုံးတဝတည်း ဆိသဖြင့် အားနည်းကြပေမဲ့ ငါလို့ဟ ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့် ကိုယ်တော်နဲ့အတူ အသက်ဆှင်လျက် နင်လို့နဲ့ ဆက်ဆံကြမယ်။

5 နင်လို့ဟ ယုံကြည်ခြင်းနှိုက် တည်ကြည်ခြင်း ဆိ၊ မဆိ မိမိတတ်တိုင်း ဆန်းစစ်ကြလော။ နင်လို့အထဲနှိုက် ခရစ်တော် ယေရှုဆိကျောန်း နင်လို့တတ်တိုင်း မသိကြသလော အဲဟာမဟုတ်ရင် နင်လို့ဟ စုံစမ်းစစ်ဆေးခြင်းနှိုက် ကျရှုံးသောသူများ ဖြစ်လေပီလော။

6 ငါလို့ဟ အစစ်ဆေးခြင်းနှိုက် ကျရှုံးသောသူများမဟုတ်ကျောန်း နင်လို့ သိလိမ့်မယ်ဟု ငါ မျော်လင့်အယ်။

7 နင်လို့ဟ မကောင်းသောအမှု တစုံတခုဟိုမျှ မပြုမဲ့အကျောန်း ဘုရားသခင်ဆေ ငါလို့ ဆုတောင်းကြအယ်။ ဟေသို့ဆိုခြင်းဟ စုံစမ်းစစ်ဆေးခြင်းဟို ငါလို့ အောန်မြင်ကျောန်း ထင်ဆှားစေရန်အတွက် မဟုတ်ဘဲ ငါလို့ဟ စစ်ဆေးခြင်းနှိုက် ကျရှုံးသောသူများလို ဖြစ်ကြရင် နင်လို့ဟ ကောင်းသောအမှုဟို ပြုနိန်ရန်အတွက် ဖြစ်အယ်။

8 အကျောန်းမှာ ငါလို့ဟ သမ္မာတရားဟို ဆန့်ကျင်ယွေ့ စလိုအမှုဟိုမျှ မပြုနိန်ကြ၊ အားပေမဲ့ သမ္မာတရားဘက်နှိုက် နေယွေ့ သာလျှင် ပြုနိန်ကြအယ်။

9 ငါလို့ အားနည်းရင်လည်း နင်လို့ အားကြီးသောအခါ ငါလို့ ဝမ်းမြောက်ကြအယ်။ နင်လို့ဟ ပြေ့ဝစုံလင်သောသူ ဖြစ်ကြရန်အတွက်လည်း ငါလို့ ဆုတောင်းကြအယ်။

10 ဟေအကျောန်းကျောန့် ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရား ပေးသောအခွင့်အာဏာဟို ငါရောက်လာသောအခါ ပြင်းထန်စွာ အသုံးမချရန် ငါဟ နင်လို့နဲ့ ကွဲကွာနေစဉ် ဟေအကျောန်းအရာများဟို ငါရေးလိုက်အယ်။

11 နောက်ဆုံးအနေဖြင့်၊ ညီအကိုလို့ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းဟို ရောက်ကြလော့၊ နှစ်သိမ့်ခြင်းဟို ခံစားကြလော့၊ စိတ်တညီတညွတ်တည်း ဆိယွေ့ သင့်မြတ်စွာ နေကြလော့။ ချစ်ခြင်း မေတ္တာနဲ့ ငြိမ်သက်ခြင်းလို့ရဲ့ ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။

12 အချင်းချင်း သန့်ဆှင်းသော အနမ်းဖြင့် နှုတ်ဆက်ကြလော့။

13 သန့်ဆှင်းသူအပေါင်းလို့ဟ နင်လို့ဟို နှုတ်ဆက်ကြအယ်။

14 သခင် ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်၊ ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ မိတ်သဟာယ ဖွဲ့ခြင်းလို့ဟ နင်လို့အားလုံးနဲ့အတူ ဆိပါစေသော။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Coríntios 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.