Apocalipse 4

dnv (DNV)

1 အဲပင်းရင် ငါကျေ့လိုက်ရာ ခေါန်းခင်နှိုက် ဖွင့်ထားလဲ့ ထင်ခါးတခု ဆိအယ်။ အဲအခါ ဆေ့ဦးစွာ ငါ့အား မိန့်တာဟို ငါကြားရလဲ့ တံပိုးခရာသံလို အသံဟ

2 ငါဟ ခုတုံးပင် ဝိညာဉ်တော်နှိုက် ဆိလေရာ ကျေ့လော့။ ခေါန်းခင်နှိုက် ပလ္လင်တော် တခုတည်ဆိယွေ့ အဲပလ္လင်တော်ပေါ်တွင် ထိန်နေသော အဆှင်တပါး ဆိအယ်။

3 ထိန်နေသော အဲအဆှင်ဟ နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်လို အဆင်းအရောင်ဆိယွေ့ ပလ္လင်ရဲ့ ပတ်လည်နှိုက် မြကျောက် အဆင်းအရောင်နဲ့တူသော သက်တံ့ ဆိအယ်။

4 အဲပလ္လင်ရဲ့ ပတ်ဝန်းကျင်နှိုက် အခြားသော ပလ္လင်နေဆယ်လေး ပလ္လင် ဆိအယ်။ အဲပလ္လင်လို့အပေါ်နှိုက် အသက်ကြီးသူ နေဆယ်လေးပါးလို့ဟ ဖြူသောအဝတ်ဟို ဝတ်ဆင်လျက် ခေါင်းပေါ်နှိုက် ဆွေသရဖူဟို ဆောင်းလျက် ထိန်နေကြအယ်။

5 ပလ္လင်တော်ထဲမှ ဆတ်ပျက်ထိုးခြင်း၊ အသံမြည်ဟည်းခြင်းနဲ့ မိုးချုန်းခြင်းများ ဖြစ်ပေါ်လေအယ်။ ဘုရားသခင်ရဲ့ ဝိညာဉ် ခုနေပါးဖြစ်သော မီးဖူး ခုနေလုံးဟလည်း ပလ္လင်ဆေ့နှိုက် ထွန်းလင်းလျက် ဆိအယ်။

6 အဲပြင် ပလ္လင်တော်ဆေ့နှိုက် ကျောက်သလင်းနဲ့တူလဲ့ ဖန်ပင်လယ် ဆိအယ်။

7 ပထမသတ္တဝါဟ ခြင်္သေ့နဲ့ တူယွေ့ ဒုတိယသတ္တဝါဟ နွားသငယ်နဲ့ တူအယ်။ တတိယသတ္တဝါဟ လူနဲ့ တူသော မျက်နှာဆိယွေ့ စတုတ္ထသတ္တဝါဟ ပျံသန်းနေသော လင်းယုန်နဲ့ တူအယ်။

8 အဲသတ္တဝါလေးပါး အသီးသီးလို့တွင် တောင်ပံခြောက်ခုစီ ဆိယွေ့ ပတ်ပတ်လည်နဲ့ အတွင်းဘက်နှိုက် မျက်စေ့များဖြင့် ပြေ့လျက် ဆိကြအယ်။ သူလို့ဟ နေ့ရောညပါ ရပ်နားခြင်း မဆိဘဲ၊

9 အဲလို ပလ္လင်တော်ပေါ်တွင် ထိန်လျက် ကမ္ဘာအဆက်ဆက် အသက်ဆှင်သော သူရဲ့ ဘုန်းတော်၊ ဂုဏ်တော်နဲ့ ကျေးဇူးတော်လို့ဟို သတ္တဝါလေးပါးလို့ဟ ချီးမွန်းကြသောအခါ၊

10 အသက်ကြီးသူ နေဆယ်လေးပါးလို့ဟ ပလ္လင်တော်ပေါ်မှာ ထိန်သောသူဆေ့နှိုက် ပျပ်ဝပ်လျက်၊ ကမ္ဘာအဆက်ဆက် အသက်ဆှင်သောသူဟို ကိုးကွယ်ကာ မိမိလို့ရဲ့ သရဖူများဟို ပလ္လင်တော်ဆေ့တွင် ချထားပင်း၊

11 “ငါလို့ရဲ့ အဆှင် ဘုရားသခင်၊ ကိုယ်တော်ဟ ခပ်သိမ်းသောအရာလို့ဟို ဖန်ဆင်းသဖြင့်

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.