3 João 1

dnv (DNV)

1 အသက်ကြီးသူ ဖြစ်သော ငါဟ —

2 ချစ်ရသော မိတ်ဆွေ၊ နင့်ရဲ့ စိတ်ဝိညာဉ် ကြီးပွားသလိုမျိုး နင်ဟ အရာရာနှိုက် ကြီးပွားယွေ့ ကျန်းမာပါစေဟု ငါ ဆုတောင်းအယ်။

3 နင်ဟ သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေလဲ့အလျောက် ညီအကို မောင်နှမအချို့လို့ဟ လာယွေ့ နင်နှိုက်ဆိသော သမ္မာတရားအကျောန်းဟို သက်သေခံကြသောအခါ ငါဟ ရမ်းဆာ့ ဝမ်းမြောက်အယ်။

4 ငါ့လူပဲ့သငယ်လို့ဟ သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေကျောန်းဟို ကြားရတာထက် ဝမ်းမြောက်စရာ ကောင်းသော အရာဟ ငါနှိုက် မဆိ။

5 ချစ်လှစွာသော ငါ့မိတ်ဆွေ၊ နင်ဟ ညီအကိုများအပေါ် အထူးသဖြင့် သူစိမ်းဧည့်သည်များအပေါ် လုပ်သမျှသောဝတ်ဟို သစ္စာဆိစွာ လုပ်တတ်အယ်။

6 အေးသူလို့ဟ နင်ရဲ့ ချစ်ခြင်းမေတ္တာအကျောန်းဟို အသင်းတော်ဆေ့နှိုက် သက်သေခံကြအယ်။ နင်ဟ အေးသူလို့ဟို ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ဆက်လက် ပို့ဆောင်ပေးရင် ကောင်းသောအမှုပြုခြင်း ဖြစ်လိမ့်မယ်။

7 အေးသူလို့ဟ မယုံကြည်သော သူလို့ဆေမှ ပစာအရာဟိုမှ မယူဘဲ နာမတော်အတွက် ခရီးပြုကြအယ်။

8 အဲကျောန့် ငါလို့ဟ သမ္မာတရားအတွက် သူလို့နဲ့အတူ အလုပ်လုပ်သောသူ ဖြစ်ကြစေရန် သူလို့ဟို ကူညီထောက်ပံ့သင့်အယ်။

9 ငါဟ အသင်းတော်ဆေဟို စာကတစ်ရေးခဲ့သော်လည်း သူလို့တွင် ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်ဟ ငါလို့ဟို လက်မခံ။

10 အဲလိုမို့ ငါလာသောအခါ သူလုပ်နေသော အမှုဟို ထောက်ပြမယ်။ သူဟ မကောင်းသော စကားအမျိုးမျိုးလို့ဖြင့် ငါလို့ဟို ကဲ့ရဲ့ပစ်တင်ပင်း အေးလောက်တင်မက မကျေနပ်ဘဲ သူတတ်တိုင်းလည်း ညီအကို မောင်နှမလို့ဟို လက်မခံ၊ လက်ခံချင်သော သူများဟိုလည်း တားမြစ်ယွေ့ အသင်းတော်မှ မောင်းထုတ်အယ်။

11 ချစ်လှစွာသော မိတ်ဆွေ၊ မကောင်းသော အမှုဟို အတုမယူဘဲ ကောင်းသော အမှုဟိုသာ အတုယူကြလော့။ ကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်နဲ့ စပ်ဆိုင်အယ်။ မကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်ဟို မသိ မမျော်ဖူးပေ။

12 ဒေမေတရိ အကျောန်းဟို လူအားလုံးလို့မှ စယွေ့ သမ္မာတရားတတ်တိုင်းဟ သက်သေခံအယ်။ ငါလို့ဟလည်း သက်သေခံကြအယ်။ ငါလို့ရဲ့ သက်သေခံချက်ဟ မန်ကန်ကျောန်းဟိုလည်း နင်သိအယ်။

13 နင့်ဆေ ငါ ရေးစရာ ရမ်းဆာ့ဆိသော်လည်း မင်နဲ့ ကလောန်တန်ဖြင့် ငါ ရေးချင်မောင်းလဲ့။

14 နင်နဲ့ အမြန် တွေ့ယွေ့ မျက်နှာချင်းဆိုင် စကားပြောဆိုရန် ငါ မျော်လင့်ထားအယ်။

15 နင်နှိုက် ငြိမ်သက်ခြင်း ဆိပါစေ။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 3 João 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.